Posts Tagged ‘ အေးကျော်ကျော် ’

အေးကျော်ကျော် ● တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ်

January 10, 2017
အေးကျော်ကျော် ● တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ်

အေးကျော်ကျော် ● တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ် (မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇ တိုင်းပြည်တစ်ခု၏ လျှပ်စစ်ဓာတ်အားပေးရေးစနစ်၏ လုပ်ငန်းစဉ်ကို လေ့လာကြည့်ပါက ပုံမှပြထားသည့်အတိုင်း အကြမ်း အားဖြင့်၊ အကျဉ်းအားဖြင့် ရှိပါသည်။ တိုင်းပြည်ရဲ့ Energy Policy စွမ်းအင်မူဝါဒလမ်းစဉ်ကို အယင်ချကြပါတယ်။ လမ်း စဉ်ရှင်းပြီးမှ စီမံချက်တွေကို ကောင်းကောင်းချမှတ်နိုင်တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဤ Plan တွေအတိုင်း ဒီဇိုင်းလုပ်၊ ဒီဇိုင်းတွေပြတ်မှ Implementation လို့ခေါ်တယ့် အပိုင်းတွေကို စနစ်တကျ ဆက်လုပ်သွားနိုင်မှာဖြစ်ပါတယ်။ Plan ချ က တည်းက ပါလာရမယ့် O&M လို့ခေါ်တယ့် ကိုင်တွယ်ထိမ်းသိမ်းခြင်းတွေကိုလည်း စနစ်တကျ လုပ်နိုင်မယ်ဖြစ်သလို၊ Data Analysis အရ ရရှိလာတဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာပြီး မူဝါဒချမှတ်ရမှာ၊...

Read more »

အေးကျော်ကျော် ● လျှပ်စစ်ပညာရှင် (သို့) ဆူးကြားမှ ဘူးခါး

January 5, 2017
အေးကျော်ကျော် ● လျှပ်စစ်ပညာရှင် (သို့) ဆူးကြားမှ ဘူးခါး

 အေးကျော်ကျော် ● လျှပ်စစ်ပညာရှင် (သို့) ဆူးကြားမှ ဘူးခါး (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇ လျှပ်စစ်ပညာရှင်တစ်ယောက်အနေနဲ့ တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် (၁) နိုင်ငံတော်အစိုးရ (၂) ပြည်သူလူထု (၃) လျှပ်စစ်ဓာတ်အားပေးနေသော အဖွဲ့အစည်းများ ၃ ဦး ၃ ဖလှယ်နှင့်ဆက်စပ် လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ (၁) ပြည်သူလူထုအတွက် တိုင်းပြည်ကို ဦးဆောင်စီမံခန့်ခွဲနေရတဲ့ အစိုးရမင်းများကို လျှပ်စစ်နှင့်ပါတ်သက်ပြီး မှန်ကန်သော လမ်းစဉ်များ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင် အတတ်ပညာအားဖြင့်၏လည်းကောင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရသော်လည်းကောင်း အကြံပေးတင်ပြရပါတယ်။ (၂) ပြည်သူတွေကိုလည်း လျှပ်စစ်မီးနှင့်ပတ်သက်၍ မှန်ကန်သောအသိ၊ ဗဟုသုတရအောင် ပညာပေးခြင်း စည်းရုံးခြင်းများ ဖျောင်းဖျပြောဆိုခြင်းများ ပြုလုပ်ဖို့ တာဝန်ရှိပါတယ်။ (၃) လျှပ်စစ်ဓာတ်အားပေးနေသော အဖွဲ့အစည်းများနှင့်လည်း ပြည်သူလူထု လျှပ်စစ်မီးကို...

Read more »

အေးကျော်ကျော် – ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ

July 27, 2016
အေးကျော်ကျော် – ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ

အေးကျော်ကျော် – ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ (မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၆ (သူ့ဖေ့စ်ဘွတ်က ကူးပါတယ်) ကျွန်တော် ထိုင်းမှာအလုပ်လုပ်တုန်းက လျှပ်စစ်လုပ်ငန်းနယ်ပယ်မှာ နည်းပညာအပြင် ဝါသနာအလျောက် သူတို့တိုင်းပြည်ရဲ့ လျှပ်စစ်လုပ်ငန်းကြီးတစ်ခုလုံးကို ခြုံငုံလေ့လာမိအောင် တတ်နိုင်သမျှကြိုးစားခဲ့တယ်။ အဲဒီအထဲက သူတို့တိုင်းပြည်ရဲ့ အစိုးရဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြတာကို ဗဟုသုတအဖြစ် တင်ပြပါရစေ။ ဒီဇာတ်လမ်းမှာ မင်းသားတွေကတော့ (၁) အစိုးရ (၂) လျှပ်စစ်ဌာန (၃) စက်မှုဝန်ကြီးဌာန (၄) အကောက်ခွန်ဌာန (၅) ပြည်တွင်းလျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများ တို့ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်လို့ (၁) အစိုးရရဲ့တာဝန်ကတော့ လျှပ်စစ်မီးလုံလောက်ဖို့၊ ပြည်တွင်းလုပ်ငန်းရှင်များကို စနစ်တကျ အားပေးဖို့၊ ထိုက်သင့်တဲ့ အခွန်အခများ ရရှိဖို့ဖြစ်တယ်။ (၂) လျှပ်စစ်ဌာနကတော့ မီးမပျက်ဖို့၊ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်စနစ်ဖြစ်ဖို့၊ လုပ်ငန်းမှ...

Read more »

အေးကျော်ကျော် – မီးလိုချင်သော စက်မှုဇုံမှ သူငယ်ချင်းဖတ်ဖို့

May 30, 2016
အေးကျော်ကျော် – မီးလိုချင်သော စက်မှုဇုံမှ သူငယ်ချင်းဖတ်ဖို့

Aye Kyaw Kyaw အေးကျော်ကျော် – မီးလိုချင်သော စက်မှုဇုံမှ သူငယ်ချင်းဖတ်ဖို့ (မိုးမခ) မေ ၃၁၊ ၂၀၁၆ စက်မှုဇုံ လုပ်ငန်းရှင်တွေ မီးမမှန်တော့ စိတ်တွေပျက်ကာ အစိုးရအဆက်ဆက်လက်ထက် တင်ပြခဲ့ကြပါတယ်။ အားလုံးက “နိုဝင်ဘာမှာ လာမှာလား၊ ဒီဇင်ဘာမှာ လာမှာလား” ပုံတွေပြောကာ မျှော်လင့်ချက်တွေ ပေးခဲ့ကြတယ်။ အခုလည်း အစိုးရသစ်ကို ထုံးစံအတိုင်း တင်ပြကြပါတယ်။ အစိုးရသစ်ကလည်း အစိုးရဟောင်း လုပ်ခဲ့သည့်နည်းအတိုင်း လျှပ်စစ်လုပ်ငန်း လုပ်သူများနှင့် စက်ရုံပိုင်ရှင်များ စုပေါင်းပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှပ်စစ်ထုတ်နိုင်ကြယင် ထုတ်ပြီးသုံးကြ။ ဒီအတွက် Proposal တွေ တင်ကြ။ ပြဿနာတွေ ပြောနေမယ့်အစား အဖြေတွေ တင်ပြကြပါဟု ဆိုပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက် လျှပ်စစ်အကြောင်း ကျွမ်းကျင်သူ ကိုအေးကျော်ဆီ ရောက်လာပါတယ်။...

Read more »

အေးကျော်ကျော် – ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း

May 13, 2016
အေးကျော်ကျော် – ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း

  အေးကျော်ကျော် – ကိုဖြိုး တက်တဲ့ ဓာတ်အားပေးစက်ရုံ မည်သည့်ဂက်စ်နှင့် လည်မည်နည်း (မိုးမခ) မေ ၁၃၊ ၂၀၁၆ ကိုယ်တိုင် အားပေး၊ ကိုယ်တိုင်တင်မြှေုာက်ခဲ့တဲ့ ကိုယ်ချစ်တဲ့ အစိုးရမို့လို့ တတ်သိနားလည်သူ ပညာရှင်တစ်ယောက်အနေနှင့် မေးပါရစေ၊ ပြောပါရစေ။ ၁။ ဒီနေ့အုတ်မြစ်ချတယ်ဆိုတဲ့ ဓာတ်အားပေးစက်ရုံအတွက် ပေးစရာ ဂက်စ်မရှိပါ။ မည်သည့်ဂက်စ်နှင့် လည် မည်နည်း။ ၂။ လက်ရှိရှိနေတဲ့ စက်တွေ အပြည့်အဝမောင်းနိုင်အောင်တောင် ဂက်စ်လောက်ငှအောင် မပေးနိုင်ပါ။ ၃။ သီလဝါမှာ JICA ချေးငွေနှင့်တည်ဆောက်သည့် ပြီးစီးခါနီး /ပြီးစီးခါစ 50 MW စက်ရုံသည်ပင် 25 MW စက်တစ်လုံးစာအတွက်သာ ဂက်စ်ပေးနိုင်ပါသည်။ ၄။ ကမ္ဘာ့ဘဏ်၏ ချေးငွေနှင့်တည်ဆောက်မည့် သထုံဓာတ်အားပေးစက်ရုံသည်လည်း ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်သည်။ သူ့အတွက်ကလည်း...

Read more »

အေးကျော်ကျော် – သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ

May 12, 2016
အေးကျော်ကျော် – သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ

အေးကျော်ကျော် – သင့်တိုင်းပြည် လျှပ်စစ်မီးအတွက် သင်ဘာလုပ်ပေးနိုင်မလဲ (သူ့ဖေစ့်ဘွတ်) မိုးမခ၊ မေ ၁၂၊ ၂၀၁၆ မီးတွေလဲအထွက်ကျ၊ ဂတ်စ်တွေလဲခမ်းတော့မယ့် ဆင်းရဲမွဲတေ သင့်တိုင်းပြည်ငယ်လေးအတွက် သင်တစ်ခုခုတော့ လုပ်နိုင်ပါတယ်။ သင့်ဓနအင်အားနဲ့ သင့်စေတနာအပေါ်မူတည်ပြီး အဆင့်လိုက် လုပ်လို့ရကြောင်း ကိုယ်တိုင်လုပ်နေသူ တစ်ယောက်အနေနဲ့ သတင်းစကားပါးလိုက်တယ်။ ၁။ LED မီးလုံး၊ မီးချောင်းတွေသုံးပါ။ ကျွန်တော့်အိမ်နဲ့ ရုံးမှာ မီးချောင်းမှန်သမျှ LED ပါ။ ၃ နှစ်ခွဲမှ ၄ နှစ်ရှိပါပြီ။ တစ်ခုမှ မလဲရပါ။ Osram တို့ Philip တို့လို နာမည်ကြီး LED ၄ ပေမီးချောင်း တစ်ချောင်းကို ကျပ် ၁၈,ဝဝဝ ပေးရတယ် ပုံမှန်ထက် 19 W သက်သာတယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်