Posts Tagged ‘ အေးငြိမ်း ’

အေးငြိမ်း – ကျွန်ုပ် အလွန်ခေတ်နောက်ကျနေသေးသည် ဆိုခြင်းအကြောင်း

August 16, 2018
အေးငြိမ်း – ကျွန်ုပ် အလွန်ခေတ်နောက်ကျနေသေးသည် ဆိုခြင်းအကြောင်း

အေးငြိမ်း – ကျွန်ုပ် အလွန်ခေတ်နောက်ကျနေသေးသည် ဆိုခြင်းအကြောင်း (မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၈ စင်ကာပူသည် မိမိတို့စနစ်ကို အမြဲဆန်းစစ်နေကာ အမြဲ update လုပ်နေ၏။ Update လုပ်ရာတွင် နည်းပညာပိုင်းရော အပေါ်ထပ်၊ အောက်ထပ် အဆောက်အအုံပိုင်းများကိုပါ (Superstructure, Infrastructure) ဆန်းသစ်တာဖြစ်၏။ နေရာတစ်နေရာသို့ သုံးလေးနှစ်မျှ မရောက်လျှင် သည်အနားမှာရှိနေသည့် အဆောက်အအုံကြီးသည် ဘယ်ရောက်သွားမှန်းမသိတော့ဘဲ နောက်ထပ် အဆောက်အအုံအသစ်ကြီးရောက်နေသဖြင့် မျက်စိလည်သွားမည်။မနှစ်က သည်အနားမှာ သည်ဘဏ်ရှိနေသည်ဆိုသော်လည်း နောက်နှစ်ကျ ဘယ်နားရောက်သွားမှန်းမသိတော့၍ မနည်း လိုက်ရှာရမည်။ ပုံသေမှတ်မထားပါနှင့်။ တော်ကြာ ဟော သည်နားမှာ ရထားဘူတာအသစ်ကြီး ရောက်နေတာ တွေ့ရမည်။ လွန်ခဲ့သော နှစ်ပတ်လောက်က ကျွန်ုပ်တွင်ရှိသော အင်တာနက်ဘဏ်တိုကင် လေးခုအနက် (POSB, UOB, OCBC,...

Read more »

အေးငြိမ်း – စနစ်သစ်ပညာရေးနှင့် ကျွန်ုပ်အကြောင်း

May 4, 2018
အေးငြိမ်း – စနစ်သစ်ပညာရေးနှင့် ကျွန်ုပ်အကြောင်း

အေးငြိမ်း – စနစ်သစ်ပညာရေးနှင့် ကျွန်ုပ်အကြောင်း (မိုးမခ) မေ ၄၊ ၂၀၁၈ မိတ်ဆွေတစ်ယောက်ပို့လာ၍ ပညာရေးဝန်ကြီးဌာန၊ အထက်အရာရှိဆိုသူများက ပေါက်တတ်ကရ အမိန့်တွေထုတ်ကာ ပညာရေး စနစ်ကို ဖျက်ဆီးနေပါကြောင်း၊ ထို့ကြောင့် ပညာရေးပိုင်းကို စီစစ်ကြပ်မတ်ပေးပါရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ရေးထားသော ပညာရေး ဝန်ထမ်းတစ်ဦး၏ စာကို ဖတ်လိုက်ရပါသည်။ ထိုစာဖတ်မိပြီး ခေါင်းထဲသို့ အတွေးတစ်စ ဝင်လာသဖြင့် ရေးလိုက်ရပြန်ပါကြောင်း။ (ကျုပ်က အမှန်တွေ ရေးပြတာ။ တရားစွဲတာတွေ ဘာတွေ မလုပ်နဲ့နော။ ကျုပ်က ကြောက်တတ်တယ်။) Ref: link: https://www.facebook.com/451408591693369/photos/a.523713597796201.1073741829.451408591693369/786163011551257/?type=3 မြန်မာနိုင်ငံမှ ပညာရေးစနစ်ကြီးအကြောင်း အများပြည်သူသိပြီးဖြစ်၍ မပြောလိုတော့ပါ။ ကျွန်တော် ပြောချင်သည်မှာ စနစ်သစ်ပညာရေး ဆိုတာကြီးအကြောင်း ဖြစ်ပါသည်။ ကျွန်တော်လူမှန်းသိတတ်စ အရွယ်ကတည်းက စနစ်သစ်ပညာရေး...

Read more »

အေးငြိမ်း – သန်းခေါင်ထက် နက်သောညဥ့်များ

April 28, 2018
အေးငြိမ်း – သန်းခေါင်ထက် နက်သောညဥ့်များ

အေးငြိမ်း – သန်းခေါင်ထက် နက်သောညဥ့်များ (မိုးမခ) ဧပြီ ၂၈၊ ၂၀၁၈ (၁) ဤဒွန္နယာကြီးတွင် သန်းခေါင်ထက် နက်သောညဥ့်များသည် ရှိ၏။ ထိုညဥ့်နက်များဖြစ်အောင် ဖန်တီးနေသည့် ဆိုးညစ်ယုတ်မာသူ များသည် ရှိ၏။ ထို့အတူ ကောင်းသူများသည်လည်း ရှိပါ၏။ ထုံးစံအားဖြင့်တော့ မကောင်းသူများမှာ အများစုဖြစ်ပြီး ကောင်းသူများမှာ လူနည်းစုမျှ ဖြစ်၏။ ဤနေရာတွင် ကျွန်တော်ဆိုလိုသည့် ကောင်းသူ ဟူသည်မှာ အမှန်စင်စစ် ကောင်းသူများ ကိုသာ ဆိုလိုပြီး ကောင်းချင်သယောင် ဆောင်နေသည့် ကြောင်သူတော် ကြွက်သူခိုးများ မပါပါ။ ကောင်းသယောင်ထင်ရသည့် ကြောင်သူတော် ကြွက်သူခိုးများသည်လည်း မကောင်းသူများနည်းတူ အန္တရာယ်များသူများသာ ဖြစ်လေသည်။ ယုတ်မာသူများသည် ၎င်းတို့၏အလုပ်ဖြစ်သော ယုတ်မာသည့်အလုပ်များကို တစိုက်မတ်မတ် လုပ်ကြ၏။ ၎င်းတို့ ဆိုးညစ်ယုတ်မာ သမျှ...

Read more »

အေးငြိမ်း – ကျွန်တော်မရေးချင်သည့် ကိစ္စတစ်ခု

April 27, 2018
အေးငြိမ်း – ကျွန်တော်မရေးချင်သည့် ကိစ္စတစ်ခု

ဓာတ်ပုံ – ဒေါက်တာအောင်မြင့်မော် ဖေ့စ်ဘွတ်ကနေ ယူပါတယ် အေးငြိမ်း – ကျွန်တော်မရေးချင်သည့် ကိစ္စတစ်ခု (မိုးမခ) ဧပြီ ၂၇၊ ၂၀၁၈ လှိုင်သာယာမှ မီးခိုးများသည် အပြင်မှာထက် ဖေ့စ်ဘုတ်၌ ပိုမွှန်သည်ထင်၏။ သည်အကြောင်း ကျွန်တော်ရေးလိုက်ချင်သည်မှာ လက်ကို ယားနေပါသည်။ သို့သော် ရေးလဲမရေးချင်ပါ။ အဘယ်ကြောင့်ဆိုသော် အကြောင်းအချက်များကို ခိုင်ခိုင်လုံလုံ၊ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ မသိရ၍ ဖြစ်ပါသည်။ ကျွန်တော်သိချင်သည်များကို သိရလျှင် သည့်ထက်ပိုရေးနိုင်ပါလိမ့်မည်။ ကျွန်တော်ကလည်း ရေးလျှင် ပိဿာလေးနှင့် ဘေးပစ်သလိုရေးတတ်လေတော့ မသိဘဲ ရမ်းရေးလိုက်ပါက တရားစွဲခံရမှာလည်း ကြောက်ရသေးသည်။ ဖတ်ရသည့်သတင်းများအရတော့ တာဝန်ယူမှု၊ လူအများအတွက် စဉ်းစားကာ စီမံပေးမှု၊ မီးသတ်ရဲဘော်များ၏ ကျန်းမာရေး အတွက် စီစဉ်ထားမှုများမှာ အားရစရာ မရှိပါ။ သူတို့ဘယ်လိုတွေ၊...

Read more »

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၅ (နိဂုံး)

April 17, 2018
အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၅ (နိဂုံး)

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၅ (နိဂုံး) အခန်း (၅) – စိတ်ဖိစီးမှုများကို ကုစားခြင်း (မိုးမခ) ဧပြီ ၁၇၊ ၂၀၁၈ စင်ကာပူသို့ ယခုမှ သင်ရောက်လာရခြင်း ဖြစ်သည့်အတွက် အရာအားလုံး အသစ်အဆန်း ဖြစ်နေပါလိမ့်မည်။  သင်မသိသေးသည်းအရာများ အများအပြား ရှိနေပါလိမ့်မည်။  သင်မသိသေးသည့် အရာများကို လေ့လာ သင်ယူပါ။  စင်ကာပူမှ ယဉ်ကျေးမှုအမျိုးမျိုးကို လေ့လာပါ။ သူတို့နှင့် အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားပါ။  သင့်အလုပ်ရှင်နှင့် သူ့မိသားစု၏ နေထိုင်မှုပုံစံကို လေ့လာပါ။ နားလည်အောင် ကြိုးစားပါ။  ဘာသာရေးအရ ရှောင်ကြဉ်သည်များရှိပါက ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ (ဥပမာ –...

Read more »

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၎

April 14, 2018
အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၎

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၄ အခန်း (၄) – အခြားနယ်ပယ်များတွင် အန္တရာယ်ကင်းရေး (မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈ နေအိမ်တွင်း အန္တရာယ်ကင်းရှင်းရေး ၁။ ချက်ပြုတ်နေစဉ် ဖုန်းလာပါက မီးပိတ်ပြီးမှ ဖုံးပြောပါ။ ၂။ ကလေးငယ်များအား ပြုစုနေစဉ်၊ လူကြီးသူမများအား စောင့်ရှောက်နေစဉ် ဖုံးမသုံးပါနှင့်။ မီးအန္တရာယ်ကင်းဝေးရေး ၁။ ထမင်းဟင်းချက်ပြုတ်နေစဉ်၊ မီးပူတိုက်နေစဉ် တခြားမသွားပါနှင့်။ ၂။ မီးလောင်နိုင်သည့် စက္ကူ၊ အဝတ်စသည်တို့ကို မီးဖိုအနီး မထားပါနှင့်။ ၃။ မီးပူတိုက်နေစဉ် ဖုန်းလာပါက မီးပူခလုတ်ကိုပိတ်၊ မီးပူထောင်ရမည့် သံစင်ပေါ်တွင် ထောင်ထားခဲ့ပါ။ ၄။ အပြင်ထွက်တော့မည်ဆိုပါက လျှပ်စစ်သုံးပစ္စည်းများကို ပိတ်ခဲ့ပါ။ ၅။ ထမင်းဟင်းချက်ပြုတ်ပြီးသည့်အခါ ဓာတ်ငွေ့မီးဖိုခလုတ်ကို ကောင်းစွာပိတ်ခဲ့ပါ။...

Read more »

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၃

April 11, 2018
အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၃

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း – ၃ အခန်း (၃) – အိမ်၌ အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း (မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈ အလုပ်သမားတိုင်းသည် မိမိ၏အန္တရာယ်ကင်းရေးအတွက် မိမိကိုယ်တိုင်တွင် တာဝန်ရှိသည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ အလုပ်ရှင်သည်လည်း အန္တရာယ်များသည့်အလုပ်များကို အလုပ်သမားအား မခိုင်းရဟု ဥပဒေရှိ၏။ သင်သည် အိမ်အကူလုပ်သားအနေနှင့် အထပ်မြင့်အဆောက်အဦများ၌ ပြတင်းပေါက် သန့်ရှင်းရေး လုပ်ရမည်။ အဝတ်လှမ်းရမည်။အထပ်မြင့်အဆောက်အဦများတွင် ပြတင်းပေါက်သန့်ရှင်းရေးလုပ်ခြင်းနှင့် အဝတ်လှမ်းခြင်းတို့သည် အန္တရာယ်များ၏။ အကယ်၍ သင် သည် ပြတင်းပေါက် အပြင်ဘက်ကို သန့်ရှင်းရေးလုပ်ပါက အသက်ကြီးသူတစ်ဦးဦး၏ အနီးကပ် ကြီးကြပ်မှုဖြင့်သာ လုပ်ရမည်။ အေးဂျင့်သည် MOM မှ ချမှတ်ထားသော အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို အလုပ်စတင်...

Read more »

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (၂)

April 5, 2018
အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (၂)

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (၂) (မိုးမခ) ဧပြီ ၅၊ ၂၀၁၈ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်) အခန်း (၂) လိုက်နာရမည့် စည်းကမ်းများ၊ တာဝန် ဝတ္တရားများ နှင့် ရပိုင်ခွင့်များ =========================================== သင် စင်ကာပူသို့မလာမီ MOM က ထုတ်ပေးသည့် ခွင့်ပြုမိန့် (IPA – In-Principal Approval) စာရွက် ရပါလိမ့်မည်။ ထိုစာရွက်ထဲတွင် အလုပ်ရှင်နာမည်၊ အလုပ်လုပ်ရမည့် အိမ်လိပ်စာ၊ လခ၊ တစ်လအတွက် နားရက် အရေအတွက်၊ အေးဂျင့်ရှိလျှင် အေးဂျင့်နာမည်၊ အေးဂျင့်ကိုပေးရမည့် အကျိုးဆောင်ခ၊ အလုပ်ခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ စသည်တို့ ပါပါလိမ့်မည်။ ဤစာကို သေချာစွာ နားလည်သဘောပေါက်အောင် ဖတ်ပါ။ အင်္ဂလိပ်လိုမတတ်လျှင် တတ်သိနားလည်သူများကို...

Read more »

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း

March 31, 2018
အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း

အေးငြိမ်း – မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း (မိုးမခ) မတ် ၃၀၊ ၂၀၁၈  (သူ့ဖေ့စ်ဘွတ်က ယူပါတယ်) လာမည့် ဧပြီလ ၂ ရက်နေ့မှစကာ ကျွန်တော် “မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း” ကို NTUC Learning Hub ၌ မြန်မာလို သင်ကြားပို့ချရပါမည်။စင်ကာပူသို့ ယခုမှ စတင်ရောက်လာသည့် အိမ်အကူလုပ်သား (FDW – Foreign Domestic Worker) များသည် ဤသင်တန်းသို့ မဖြစ်မနေတက်ရသည်။ ဤသင်တန်းမှ FDW တစ်ဦး သိသင့်သိထိုက်သည်များအားလုံးကို ရှင်းလင်းသင်ကြားပေးသည်။ သည်သင်တန်းပါ အချက်အလက်များကို ကိုးကား၍ မြန်မာအိမ်အကူများသိသင့်သိထိုက်သည်များကို ရေးလိုက်ပါသည်။ ယခင်ကလည်း သည်အကြောင်း ကျွန်တော် ရေးဖူးပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ထားသည်များရှိသဖြင့် ယခုထပ်မံ၍ ပြည့်ပြည့်စုံစုံ ရေးသားလိုက်ရခြင်းဖြစ်ပါကြောင်း...

Read more »

မိုက်ခဲစိန် – အေးငြိမ်း၏ ‘စိတ်ပျက်စရာ မြန်မာစာရေးပုံ၊ ဘာသာပြန်ပုံနှင့် ကွန်ပြူတာ စာရိုက်ပုံများ’ ပို့စ် ပျောက်ဆုံးမှု ရှာပုံတော်

March 24, 2018
မိုက်ခဲစိန် – အေးငြိမ်း၏ ‘စိတ်ပျက်စရာ မြန်မာစာရေးပုံ၊ ဘာသာပြန်ပုံနှင့် ကွန်ပြူတာ စာရိုက်ပုံများ’ ပို့စ် ပျောက်ဆုံးမှု ရှာပုံတော်

မိုက်ခဲစိန် – အေးငြိမ်း၏ ‘စိတ်ပျက်စရာ မြန်မာစာရေးပုံ၊ ဘာသာပြန်ပုံနှင့် ကွန်ပြူတာ စာရိုက်ပုံများ’ ပို့စ် ပျောက်ဆုံးမှု ရှာပုံတော် (မိုးမခ) မတ်လ ၂၄၊ ၂၀၁၈ မိုက်ခဲစိန်လည်း စာရေးနေရင်းကနေ ရှာပုံတော်ဖွင့်ရပြန်ပါတယ်။ သာဂိက ဥာဏ်တိမ်လှတဲ့ ဖေ့စ်ဘွတ်လူပြိန်းပရိသတ်ကြီးကို အဆင့်မြှင့်တင်ရေး လုပ်ကြဖို့ စာရေးနေချိန်မှာ အေးငြိမ်း(လေးမျက်နှာ)ကလည်း ဖေ့စ်ဘွတ်ပေါ်ကနေ ပို့စ်တခု တင်ပါတယ်။ မြန်မာစာရေးပုံ ဘာသာပြန်ပုံနှင့် စာရိုက်ပုံများ စိတ်ပျက်စရာအကြောင်းတွေ ဖြစ်ပါတယ်။ မိုးမခကလည်း ပြန်လည် ကူးယူ ဖော်ပြထားပါတယ်။ စာရေးသူတွေက ဘာလုပ်လုပ် တာဝန်ယူမှုရှိရန်ရေးထားတာပါ။ ဖတ်နေတုန်း ရှိသေးတယ် အဲသည်ပို့စ်က အွန်လိုင်းကနေ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ မိုးမခမှာလည်း မရှိတော့၊ အေးငြိမ်းစာမျက်နှာမှာလည်း မတွေ့ရတော့ပါ။ ဒါဟာ ပို့စ်တခု ပျောက်ဆုံးမှုပါ။ ဒါနဲ့...

Read more »

အေးငြိမ်း – Third Party နှင့် ရခိုင်ကော်မတီ အကြောင်း

September 8, 2016
အေးငြိမ်း – Third Party နှင့် ရခိုင်ကော်မတီ အကြောင်း

ကိုဖီအာနန် (မော်ဂင်ဖရီးမင်းမဟုတ်) နှင့် ဒေါ်အောင်ဆန်းစုကြည် (သတင်းစဉ်) အေးငြိမ်း – Third Party နှင့် ရခိုင်ကော်မတီ အကြောင်း (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၆ ကျွန်တော်ပြောပြမည့် Third Party အကြောင်းကို ကြိုက်လျှင်လည်း ယူပါ။ မကြိုက်လျှင်လည်း အားမနာပါးမနာ လွှင့်ပစ်လိုက်ပါ။ ဘာမှ အားနာစရာမရှိ။ သို့သော် ဟုတ်၊ မဟုတ် ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန် စဉ်းစားစေလိုပါသည်။ (၁) ကျွန်တော်တို့ဆီမှလူများမှာ Third Party နှင့် လုပ်တာ အလေ့အကျင့်မရှိသေးပါ။ မရှိသေးဟု ထင်ပါသည်။ ထို့ကြောင့် ကျွန်တော် Third Party အကြောင်း နည်းနည်းပြောပါရစေ။ သိပြီးသူများ သည်းခံခွင့်လွှတ် နားဆင်ကြပါ။ အမေရိကန်ပြန်ကြားရေးဌာနက ဘာသာပြန်စာအုပ်တွေ...

Read more »

အေးငြိမ်း – ခေါင်းဆောင်

June 29, 2016
အေးငြိမ်း – ခေါင်းဆောင်

အေးငြိမ်း – ခေါင်းဆောင် (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇွန် ၂၉၊ ၂၀၁၆ (၁) နိုင်ငံတစ်နိုင်ငံ၏ သမ္မတ (သို့မဟုတ်) သက်ဦးဆံပိုင်ဘုရင် ဖြစ်နေရုံမျှနှင့် လူထုကချစ်ခင်အားကိုးသော လူထုခေါင်းဆောင် ဖြစ်မလာနိုင်။ သို့ဆိုလျှင် အဘယ်ကို လူထုခေါင်းဆောင် ခေါ်သနည်း။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပါလေ။ (၂) သူမနှင့်ပတ်သက်လာတိုင်း ကျွန်ုပ်မှာ ထိထိခိုက်ခိုက် ခံစားရသည်ချည်း ဖြစ်၏။ သို့သော် အခြေအနေကိုလိုက်၍ ခံစားရတာ ခြင်း မတူ။ တခါတလေ ပီတိဖြစ်သည်။ တခါတလေ ၀မ်းသာသည်။ တခါတလေ ၀မ်းနည်းပြီး တခါတလေကျတော့ ဒေါသ ထွက်သည်။ တခါတခါ ချစ်ခင်နှစ်သက်သည်။ တခါတလေ သနားသည် – စသည့် ခံစားချက်ပေါင်းများစွာ။ တခါတလေ ကျတော့ ၀မ်းနည်းဝမ်းသာ တပြိုင်နက်...

Read more »

အေးငြိမ်း – ကျွန်တော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ

February 13, 2016
အေးငြိမ်း – ကျွန်တော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ

အေးငြိမ်း – ကျွန်တော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေ (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆ (၁) သည်အကြောင်း ကျွန်တော်မရေးချင်ပါ။ တခြားအင်ဂျင်နီယာများရေးထား၍သော်လည်းကောင်း၊ ရေးထားသည့်အပေါ် ကွန်မင့်များ ပေးထား၍သော်လည်းကောင်း အင်ဂျင်နီယာကောင်စီဥပဒေမှာ ချေးသပတ်လိုက်နေပြီ ဖြစ်ပါသည်။ ဆိုရလျှင် ဖေ့စ်ဘုတ် တံတွေးခွက်တွင် ပက်လက်တစ်ခါ မှောက်ချီတစ်လှည့်၊ ပေါလောပေါလော မျောနေလေ၏။ ကျွန်တော်တွေ့ရသလောက် သည်ဥပဒေကို ၀ိုင်းဝန်းထောက်ခံကာ အားပေးအားမြှောက်ပြုသူ မတွေ့ရသလောက် နည်းလှ၏။ အများအားဖြင့်တော့ မကြိုက်သည့်လေသံ၊ မထောက်ခံသည့်စကားသံ၊ ရှုတ်ချသံများသာ များလေသည်။ ပြည်တွင်းမှ အင်ဂျင်နီယာများရော ပြည်ပတွင်ရောက်နေသူများပါ တစ်သံတည်း ထွက်၏။ ယခုမှ ကျောင်းဆင်းစ အင်ဂျင်နီယာ ပေါက်စန များမှအစ ဟိုးယခင်က ကျောင်းပြီးထားသည့် ၀ါရင့်အင်ဂျင်နီယာများထိ တစ်လေသံတည်းသာဖြစ်၏။ သာယာညင်းပြောင်း ထောက်ပြ...

Read more »

အေးငြိမ်း – ပြည်သူ့မျက်ရည်ဖြင့် ခြေဆေးအံ့

January 28, 2016
အေးငြိမ်း – ပြည်သူ့မျက်ရည်ဖြင့် ခြေဆေးအံ့

အေးငြိမ်း – ပြည်သူ့မျက်ရည်ဖြင့် ခြေဆေးအံ့ (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၂၈၊ ၂၀၁၆ (၁) ယနေ့ သတင်းနှစ်ပုဒ်ကိုဖတ်မိပြီး ၀မ်းသာဝမ်းနည်းဖြစ်ရသည်။ ၀မ်းသာရသည့်သတင်းမှာ ဆရာဦးရန်လင်းတို့ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ နေပြည်တော်သို့ အိတ်စ်ပရက်စ် ကားကြီးများဖြင့် ထွက်ခွာသွားသည့်သတင်းဖြစ်ပြီး – ၀မ်းနည်း၊ စိတ်မကောင်းဖြစ်ရသည်မှာ ကျူးကျော်ဆိုသူများ၏ နေအိမ်များကို ဘူဒိုဇာများဖြင့် ဖြိုဖျက်ပစ်နေသော ဗီဒီယို သတင်းကို ကြည့်ရ၍ဖြစ်၏။ (၂) ကျွန်ုပ်တို့တိုင်းပြည်ကြီးကို အူအသည်းပြောင်းပြန်လှန်ကာ လုပ်ချင်တိုင်းလုပ်နေသော၊ ချေးကို ခွေးနိုင်သည့်ပမာ ကျွန်ုပ်တို့ တိုင်းသူပြည်သားများကို ၎င်းတို့၏ လက်အောက် ငယ်သားများပမာ နိုင်ချင်တိုင်းနိုင်နေသော၊ တိုင်းသူပြည်သားများအား အေးအေးချမ်းချမ်းနေရစေရန် မကောင်းသူ၊ လူဆိုးသူခိုးတို့ရန်မှ ကာကွယ်ပေးရမည့်အစား၊ လူဆိုးသူခိုးများကို မြေတောင်မြှောက်ပေးကာ တိုင်းသူပြည်သားများကို ရမယ်မျိုးစုံရှာကာ ဒုက္ခပေးနေသော၊ ရမည်ဆိုလျှင် ဘနဖူးကိုပင်...

Read more »

အေးငြိမ်း – AEIS (Admissions Exercise For International Students) အကြောင်း သိကောင်းစရာ

January 15, 2016
အေးငြိမ်း – AEIS (Admissions Exercise For International Students) အကြောင်း သိကောင်းစရာ

အေးငြိမ်း – AEIS (Admissions Exercise For International Students) အကြောင်း သိကောင်းစရာ (အေးငြိမ်း၏ ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၆ (၁) အဘယ်ကြောင့် စင်ကာပူတွင်ကျောင်းထားရန် ကြိုးပမ်းကြရသနည်း OECD (Organisation of Economic Co-operation and Development) ၏ လေ့လာမှုများအရ ၇၆ နိုင်ငံတွင် စင်ကာပူ သည် သင်္ချာနှင့်သိပ္ပံတွင် ထိပ်ဆုံး၌ ရှိနေ၏။ ၎င်းမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားများကို Programme for International Student Assessment စာမေးပွဲဖြေခိုင်းပြီး ရလာသောရလဒ်များနှင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသား ကလေးများကို ပြုလုပ်သော...

Read more »

အေးငြိမ်း – ဝေါဟာရကိစ္စ နှင့် ဓာတ် အကြောင်း

January 12, 2016
အေးငြိမ်း – ဝေါဟာရကိစ္စ နှင့် ဓာတ် အကြောင်း

Photo – Than Htay Maung အေးငြိမ်း – ဝေါဟာရကိစ္စ နှင့် ဓာတ် အကြောင်း (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၆ ကျွန်တော် စာများ၊ စာအုပ်များရေးသောအခါ များစွာသောအင်္ဂလိပ်စာလုံးများကို ဘာသာပြန်ရန် အခက်အခဲ ဖြစ်ရသည်။ ဥပမာ – အင်္ဂလိပ်စာလုံး structure မှာ ဘာကိုဆိုလိုမှန်း သိ၏။ သို့သော် မြန်မာဘာသာပြန်သည့်အခါ မည်ကဲ့သို့ ဆီလျော် အောင် ဘာသာပြန်ရမည်ကို အတော်ခေါင်းခဲရသည်။ structure ကို မြန်မာလို အဆောက်အအုံဟု အဘိဓာန်များက ဖွင့်ဆို၏။ သို့သော် အင်္ဂလိပ်လို structure က အတော်အသုံးကျယ်ပြန့်သည်။ နေရာကိုလိုက်၍ အဓိပ္ပာယ်ကွဲသွား၏။ structure ဆိုတိုင်း အဆောက်အအုံဟု ဘာသာပြန်လို့မရ။...

Read more »

အေးငြိမ်း(လေးမျက်နှာ) – မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပြည်ပရောက်မြန်မာတတ်သိတို့ ရွက်ဆောင်ရန် စည်းဝေးကြခြင်း

December 9, 2015
အေးငြိမ်း(လေးမျက်နှာ) – မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပြည်ပရောက်မြန်မာတတ်သိတို့ ရွက်ဆောင်ရန် စည်းဝေးကြခြင်း

  အေးငြိမ်း(လေးမျက်နှာ) – မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ပြည်ပရောက်မြန်မာတတ်သိတို့ ရွက်ဆောင်ရန် စည်းဝေးကြခြင်း (မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၅ (၁) ယခုအခါ မြန်မာနိုင်ငံသားတို့သည် မိမိတို့အလိုရှိသော အစိုးရကို ရွေးချယ်ပေးခဲ့ပြီဖြစ်၏။ မဝေးကွာလှသော ကာလ တွင် ထိုအစိုးရ ဖြစ်ထွန်းပေါ်ပေါက်လာပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်တော့မည်ဖြစ်ပေသည်။ အစိုးရ တစ်ရပ်ထူထောင်ခါစတွင် အလွန်အလုပ်ရှုပ်မည်မှာ ယုံမှားသံသယရှိစရာမလို။ ချမှတ်ရမည့် ပေါ်လစီများ၊ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် အလုပ်များနေပါလိမ့်မည်။ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးတွင် မြန်မာပြည်သူ ပြည်သားအပေါင်းတို့သည် မိမိတို့စွမ်းနိုင်သမျှ ၀ိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်၏။ ဤသို့ကြိုးပမ်းကြရာတွင် မြန်မာပြည်တွင်းမှ အဖွဲ့များသာမက ပြည်ပရောက် မြန်မာများကလည်း တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း ဘက်စုံထောင့်စုံမှ ကိုယ်အား၊...

Read more »

အေးငြိမ်း – အပျော်ဆုံးနေ့

November 13, 2015
အေးငြိမ်း – အပျော်ဆုံးနေ့

Than Htay Maung အေးငြိမ်း – အပျော်ဆုံးနေ့ (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၅ ၈ – ၁၁ – ၂၀၁၅ ရက်နေ့။  မြန်မာပြည်သား လူအများတို့နည်းတူ ကျွန်ုပ်မှာလည်း အလွန် စိတ်လှုပ်ရှား၊ ရင်ခုန်လျက်ရှိသတည်း။ ဘယ်နေရာမှာ ဘာတွေများဖြစ်လိမ့်မလဲဟု ရင်တမမဖြင့် မဲဆန္ဒပေးသည့် သတင်းများကို နားစွင့်နေမိသည်။ ဘယ်လိုညစ်လုံးပတ်လုံး၊ ယုတ်လုံးတွေများ ထုတ်သုံးလိုက်လေမလဲဟု စိတ်တထင့်ထင့် ဖြစ်နေ၏။ ဘယ်မဲရုံမှာ စီကနဲဖြစ်လေမလဲဟု စိုးရိမ်ပူပန်နေမိလေသည်။ (ယခုမူ မဲလက်မှတ်ညစ်လုံးလောက်က လွဲလို့ ကျန်တာအားလုံး အဆင်ပြေ ချောမွေ့စွာ ပြီးဆုံးသွားခြင်းအတွက် ထိုလူကြီးများအား အထူးကျေးဇူးတင်ပါသည်။ သို့မို့ကြောင့်လည်း အသင်တို့ပြောခဲ့သမျှအားလုံး သင်ပုန်းချေပစ်လိုက်ပါပြီ။) ၉ – ၁၁ – ၂၀၁၅...

Read more »

အေးငြိမ်း – သမ္မတအထက်က အဖွားအို

November 7, 2015
အေးငြိမ်း – သမ္မတအထက်က အဖွားအို

ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ အေးငြိမ်း – သမ္မတအထက်က အဖွားအို (အေးငြိမ်းဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၇၊ ၂၀၁၅ ကျွန်ုပ် သည်လိုပြောလို့ မုန်းချင်မုန်းကြပါစေ။ ဆိုရေးရှိက ဆိုအပ်စွတည့် ဆိုသကဲ့သို့ ပြောကိုပြောရဦးမည်။ (ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ သေမှခင် ဆိုသည့် လူလေးမျိုးအတွက်လည်း ပါသည်ပေါ့။) သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဒဲ့ပင် I will be above the president. ဟု ပြောချလိုက်သည့်အခါ အရှေ့တိုင်းအနောက်တိုင်းမှ သတင်းစာများ ဟယ်၊ ဟင်၊ အို၊ ဟာ နှင့် အလန့်တကြား ဖြစ်သွားကြ၏။ နောက်ပြီး ဝေဖန်သံတွေ ဆူညံပွက်လောရိုက် ထွက်လာသည်။ အမေရိကန်က ဟိုလူကြီးက “သူပဲ...

Read more »

အေးငြိမ်း – စင်ကာပူတွင် မဲပေးခြင်း

October 20, 2015
အေးငြိမ်း – စင်ကာပူတွင် မဲပေးခြင်း

  အေးငြိမ်း – စင်ကာပူတွင် မဲပေးခြင်း (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၀၊ ၂၀၁၅ (၁) လုပ်ငန်းကျွမ်းကျင်မှု အရေးကြီးခြင်း မည်သည့်အရာကိုလုပ်သည်ဖြစ်စေ တတ်မြောက်ကျွမ်းကျင်သူများက စေတနာပါပါဖြင့် လုပ်ပေးမှ အလုပ်ကောင်းဖြစ်မည်။ သပ်ယပ်လှပသော အလုပ်တစ်ခု ပြီးမြောက်မည်။ လုပ်ကိုင်သူများသည် မိမိတို့လုပ်မည့်အလုပ်ကို သေသေချာချာ နားလည်ဘို့၊ လုပ်တတ်ကိုင်တတ်ဖို့လိုသည်။ ထို့ထက် ထိုအလုပ်ကို ဦးစီးဦးဆောင်လုပ်မည့်သူ၏ စီမံခန့်ခွဲမှုက ပိုလို့ အရေးကြီးသေးသည်။ တတ်မြောက်ကျွမ်းကျင်မှုမရှိသော လုပ်သားများနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းသော ဦးဆောင်သူများလုပ်သည့် အလုပ်တိုင်းသည် အမှားမှား အယွင်းယွင်း၊ အလွဲလွဲ အချော်ချော်များနှင့် ပြည့်နှက်နေမည်။ ညံ့ဖျင်းသော ခေါင်းဆောင်သည် တာဝန်ယူမှုမရှိ။ မိမိအမှားကိုမိမိ ၀န်မခံ။ မိမိကြောင့် မှားသည့်အမှားကို အခြားသူများအား လွှဲချသည်။ အခြားသူများအား အပြစ်ဖို့သည်။ ပြဿနာတစ်ခုတွေ့ပါက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်