Posts Tagged ‘ ၀ိသေသ ’

ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့ မြန်မာရဲ့ ရေအလှူ

October 19, 2015
ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့  မြန်မာရဲ့ ရေအလှူ

  ဝိသေသ – စင်္ကာပူရဲ့ အိမ်သာအလှူ နဲ့  မြန်မာရဲ့ ရေအလှူ (မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅   စင်္ကာပူနိုင်ငံမှာ မှတ်မှတ်သားသားအဖြစ်ရဆုံးကတော့ ‘ အိမ်သာ’ အလှူပါပဲ။ လူထွေးက အိမ်သာနှင့် ပတ်သက်ပြီး ခံစားချက်က တော်တော် ရှိခဲ့သူမို့ ပို၍သတိပြုမိခြင်းလည်း ဖြစ်နိုင်သည်။ လူထွေးတို့က တောသားတွေဖြစ်တော့ တောထိုင်တယ်ဆိုတာ ရိုးဟိုးဟိုးနေပါပြီ။ လူထွေးငယ်စဉ်က ဖြစ်၏။ မြို့ပေါ်နေ ကျန်းမာရေးဝန်ထမ်းတွေ လာပြီး စစ်မယ်၊ ဆေးမယ်ဆိုတော့မှ တွင်းတူးအိမ်သာကို ရွာလူကြီးတွေက ကမန်းကတန်းဆောက်ကြသည်။ အများစုကတော့ ရွာဝန်းကျင်ရှိ ခြုံပုတ် တောစပ်တွေမှာပဲ အလေးသွားကြသည်။ ဒါကို တောထိုင်တယ်ဟု ဆိုပါသည်။   ကာတွန်းဆွေမင်း (ဓနုဖြူ) ၏ မြိုင်ရာဇာတွတ်ပီ ကာတွန်းကို...

Read more »

ဝိသေသ – ကိုချစ်၏ ကျဆုံးခန်း

September 17, 2014
ဝိသေသ – ကိုချစ်၏ ကျဆုံးခန်း

ဝိသေသ – ကိုချစ်၏ ကျဆုံးခန်း (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၄ ၂၀၀၀ ပြည့်လောက်တွင် ကိုချစ် မလေးရှားမှ ပြန်ရောက်လာသည်။ ၃ နှစ်ကျော် ၄ နှစ်နီးပါး လုပ်ကိုင်ရာမှ စုဆောင်းခဲ့သောငွေ ကျပ် ၁၀ သိန်းလောက် ပါလာ၏။ သူ့မိတ်ဆွေများက ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများ၌ တိုက်ခန်းတစ်ခန်းဝယ်လျှင် ၅ လွှာ သို့မဟုတ် ၄ လွှာကို ကျပ်ငွေ ၁၀ သိန်းဖြင့် ရနိုင်ကြောင်း၊ တိုက်ခန်းဝယ်ထားစေလိုကြောင်း ပြောကြသည်။ ကိုချစ် လက်မခံပါ။ အသားစား ကြက်များကို မွေးမည် ဟု ဆိုသည်။ ထိုကာလလောက်တွင် အရှေ့တောင်အာရှ စီးပွားပျက်ကပ်က ဂယက်ရိုက် နေ၏။ ဆောက်ပြီးလက်စ တိုက်ခန်းများ အတော်များသဖြင့်၊ တိုက်ခန်းဈေးကွက်မှာ...

Read more »

ဝိသေသ – တစ်ဦးတည်းသောသားကို ပြန်ရွေးဖို့

September 16, 2014
ဝိသေသ – တစ်ဦးတည်းသောသားကို ပြန်ရွေးဖို့

ဝိသေသ – တစ်ဦးတည်းသောသားကို ပြန်ရွေးဖို့ (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၄ ကျွန်ုပ်စာရေးဆရာသည် ၂၉-၃-၂၀၁၃နေ့တွင် ၃၄ ကြိမ်ထိ သွေးလှူဒါန်းခဲ့ပါသည်။ သွေးလှူရာ၌ အလှူခံပုဂ္ဂိုလ်ကို မရွေးပဲ လှူခြင်းနှင့် အလှူခံပုဂ္ဂိုလ်ကို ရွေးပြီးလှူခြင်းဟု ယေဘုယျအားဖြင့် ၂ မျိုးရှိပါသည်။ သွေးအရေးပေါ် လိုအပ်နေသူအတွက် လှူဒါန်းခြင်းမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးပြီးလှူဒါန်းခြင်းပင်ဖြစ်၏။ ကျွန်ုပ်သည် အကြိမ် ၂၀ လောက်အထိ အလှူခံပုဂ္ဂိုလ်ကို မရွေးပဲ လှူဒါန်းခဲ့ဖူးပါသည်။ ၁၉၉၃ တွင် တစ်နေ့သ၌ ကျွန်ုပ်၏မိတ်ဆွေ ချင်းဗုဒ္ဓဘာသာဝင် ကိုထန်းငါးသည် ကင်ဆာတစ်မျိုး ခံစားရပြီး၊ သွေးများ အရေးပေါ်လိုအပ်လျက်ရှိရာ ကျွန်ုပ်လဲ လှူဒါန်း၏။ အောင်မင်္ဂလာစာသင်တိုက်မှ သံဃာများ သွားရောက်လှူဒါန်းနိုင်ရန်လည်း စီစဉ်ပေးခဲ့ပါသည်။ လိုအပ်သူကို တိုက်ရိုက်လှူရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ဖွယ်ပင်ဟု ဆိုထိုက်ပါသည်။...

Read more »

ဝိသေသ – လောကတွင် ညံ့ဖျင်းသူဟူ၍ မရှိ

September 10, 2014
ဝိသေသ – လောကတွင် ညံ့ဖျင်းသူဟူ၍ မရှိ

ဝိသေသ – လောကတွင် ညံ့ဖျင်းသူဟူ၍ မရှိ (မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၄ စာရေးသူ၏ အစ်ကိုသည် အသက် ၄၆ နှစ်အရွယ် ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သွားပါသည်။ သူ၏ သမီး (အလတ်မ) လေးသည် တောင်ပေါ်ကျေးလက်ဒေသမှ နေ၍ ၁၀ တန်းစာမေးပွဲကို ဖြေဆိုရာ နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပါသည်။ ကွယ်လွန်သူ အစ်ကို၏ ကျေးဇူးကို အထူးသတိရသဖြင့် သူ၏သမီးလတ်ကို စာရေးသူရှိရာ ရန်ကုန်သို့ ခေါ်လိုက်ပါသည်။ မူလအစီအစဉ်အရ အတတ်ပညာတစ်ခုခုကို ပေါက်ပေါက်မြောက်မြောက် သင်ယူစေပြီး ဘ၀အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဆောင်ရွက်စေရန်ဖြစ်ပါသည်။ သို့သော် ဆယ်တန်းကို ဖြေဆိုအောင်မြင်လိုကြောင်းသာ တဂျီဂျီလုပ်နေသဖြင့် ပြန်ဖြေစေဖို့ သဘောတူလိုက်ပါသည်။ သူ၏ အခြေခံအရည်အချင်းကို သတိပြုနိုင်စေရန် ကျရှုံးခဲ့သောနှစ်က ၁၀...

Read more »

ဝိသေသ – စေတီရုပ်ပွား ဦးမချသူ ၅ မျိုးအကြောင်း

July 7, 2014
ဝိသေသ – စေတီရုပ်ပွား ဦးမချသူ ၅ မျိုးအကြောင်း

စေတီရုပ်ပွား ဦးမချသူ ၅ မျိုးအကြောင်း ၀ိသေသ ဇူလိုင် ၇၊ ၂၀၁၄     အလွန့်အလွန် ထင်ရှားကျော်ကြားသော စေတီတော်မြတ်ကြီးသို့ လူထွေး ရောက်ရှိဖူးမြော်နေပါသည်။ ရုံးပိတ်ရက်နှင့် အခါကြီးနေ့ကြီး ရက်များတွင် စည်ကားလွန်းလှသဖြင့် မျက်စိရှုပ်၊ နားရှုပ် မခံနိုင်သော လူထွေးသည် လူအလာနည်းသော ကြားရက်တစ်ရက်တွင် ရောက်ရှိခဲ့ကာ၊ စေတီကို လကျာင်္ရစ် လှည့်ပတ်ဖူးမြော်သည်။ ငယ်စဉ်ကတော့ စည်ကားရှုပ်ထွေးကြပ်ညှပ်နေသော ပွဲဈေးတန်းများ၊ ဗုဒ္ဓပူဇနိယပွဲများကို အလွန်သဘောကျခဲ့သည်။ ယခုကား ထိုသို့ မဟုတ်လေပြီ။ လူကျဲ၍ ဆိတ်ငြိမ်သော တန်ဆောင်းတစ်ခုသို့ ၀င်ရောက်ပြီးလျှင် ဘုရားဝတ်ပြုသည်။ ထို့နောက် အတွေးနယ် ချဲ့နေမိ၏။ စေတီတော်များ၊ ရုပ်ပွားတော်များကို ဦးချရှိခိုးခြင်းမပြုသောသူတို့အကြောင်း ဖြစ်သည်။ အမျိုးအစား ၅ မျိုးရှိသည်။ ပထမအမျိုးအစားမှာ ဗုဒ္ဓဘာသာကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်