Posts Tagged ‘ ၂၁ ရာစု ပင်လုံ ’

ဆွေမျိုးပေါက်ဖော် အနာဂတ် နှင့် ဘကြီးမိုး

May 19, 2017
ဆွေမျိုးပေါက်ဖော် အနာဂတ် နှင့် ဘကြီးမိုး

ဆွေမျိုးပေါက်ဖော် အနာဂတ် နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ မေ ၁၉၊ ၂၀၁၇ ဘကြီးမိုးတို့ မြန်မာနိုင်ငံဟာ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အရှေ့ဘက်မှာ တရုတ်၊ တောင်ဘက်မှာ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားတို့နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့အကြားမှာ ရှိပြီး နယ်နိမိတ်ဆက်စပ်မှုအရှည်လျား ဆုံး နိုင်ငံဟာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ရှေးကပင် မြန်မာမင်းများနဲ့ တရုတ်မင်းတို့ အဆက်အသွယ်ရှိခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် နှစ်နိုင်ငံကူးသ န်းဆက်သွယ်မှုများ ပြုလုပ်ခဲ့တဲ့ နိုင်ငံနှစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုလက်ထက်က ဦးနု ၊ ချူအင် လိုင်း၊ နေရူး၊ ဆူကာနိုတို့ဟာ ထင်ရှားတဲ့ အာရှခေါင်းဆောင်များဖြစ်ပြီး...

Read more »

ထွန်းဝင်းငြိမ်း-လူထုနည်းနဲ့ ပြည်တွင်းစစ်ကို ရပ်ပစ်ဖို့လိုပြီ

March 30, 2017
ထွန်းဝင်းငြိမ်း-လူထုနည်းနဲ့ ပြည်တွင်းစစ်ကို ရပ်ပစ်ဖို့လိုပြီ

လူထုနည်းနဲ့ ပြည်တွင်းစစ်ကို ရပ်ပစ်ဖို့လိုပြီ ထွန်းဝင်းငြိမ်း (မိုးမခ) ၊ မတ်၃၀၊ ၂၀၁၇ “‘ပြည်သူတို့ ‘ဒီမိုကရေစီ’ တို့ ဆိုတဲ့စကားလုံးတွေကို ရေလဲနဲ့သုံးနေကြတယ်။ ဒါပေမဲ့ အမြဲပဲ အရိုးခံစိတ်နဲ့ သုံးတာတော့ မဟုတ်ဘူး။ ဒါတွေဟာ လူတွေကိုဖမ်းစားဖို့ စကားလုံးတွေပဲဖြစ်ပြီး ပြည်သူလူထုအကျိုးအတွက် အာဏာကိုအသုံးချမယ်လို့ ထင်ရသူတွေလက်ထဲ အာဏာရောက်အောင် လှည့်စားတာသာဖြစ်တယ်၊ ဒါပေမဲ့ ဒီလူတွေဟာ နောက်ဆုံးမှာတော့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆန့်ကျင်ပြီး အာဏာရလူတန်းစားအကျိုးအတွက်ပဲ ဒါတွေကို အသုံးချကြတယ်” (ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ) အစိုးရပေါ်လစီ မြန်မာပြည်ရဲ့လက်ရှိငြိမ်းချမ်းရေးအနေအထားက တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။ စစ်ပွဲတွေ မရပ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းမှုတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ခွင့်မရရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။ တနိုင်ငံလုံး...

Read more »

ဇင်လင်း ● ငြိမ်းချမ်းရေး စကားဝိုင်း အုံ့မှိုင်း မှုံရီနေဆဲလား …

March 3, 2017
ဇင်လင်း ● ငြိမ်းချမ်းရေး စကားဝိုင်း အုံ့မှိုင်း မှုံရီနေဆဲလား …

ဇင်လင်း ● ငြိမ်းချမ်းရေး စကားဝိုင်း အုံ့မှိုင်း မှုံရီနေဆဲလား … (မိုးမခ) မတ် ၃၊ ၂ဝ၁၇ မကြာမီ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကျင်းပရန် အစိုးရက တာစူနေပြီ ဖြစ်သည်။ သို့သော်လည်း လက်ငင်း ပေါ်ပေါက်လာသည့် အကြောင်းချင်းရာများကို လေ့လာကြည့်သည့်အခါ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ စိန်ခေါ်မှုအသစ်များ ထပ်မံကြုံတွေ့နေရကြောင်း မြင်နေရသည်။ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်း၌ ပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုး မထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ သုံးရက်ကြာအစည်းအဝေးအပြီး ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် အချက် ၉ ချက်ပါ သဘောတူဆုံးဖြတ်ချက်တစ်ရပ် ထွက်လာခဲ့သည်။ မတ်လအတွင်း ကျင်းပမည့် ဒုတိယ အကြိမ် ၂၁...

Read more »

ထွန်းဝင်းငြိမ်း ● လက်မှတ်ထိုးခြင်း၊ ယုံကြည်ချက်နဲ့ ငြိမ်းချမ်းရေးအတွက်သတ္တိ

February 21, 2017
ထွန်းဝင်းငြိမ်း ● လက်မှတ်ထိုးခြင်း၊ ယုံကြည်ချက်နဲ့ ငြိမ်းချမ်းရေးအတွက်သတ္တိ

ထွန်းဝင်းငြိမ်း ● လက်မှတ်ထိုးခြင်း၊ ယုံကြည်ချက်နဲ့ ငြိမ်းချမ်းရေးအတွက်သတ္တိ (မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇ ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် ၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ ချင်းပြည် နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စောင့်ဆိုင်းဖို့နဲ့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းအဖွဲ့ တွေ တွေ့ဆုံဖို့ရှိနေတာအတွက် ညီလာခံကျင်းပမယ့်ရက်ကို လာမယ့် မတ်လထဲ ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပထမအကြိမ်၂၁ရာစုပင်လုံညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ဩဂုတ်လကုန်ပိုင်းက ကျင်းပခဲ့တာပါ။ ဒုတိယအကြိမ် ညီလာခံကို ဒီလ ၂၈ရက် နေ့မှာ ကျင်းပဖို့ ပြီးခဲ့တဲ့ ၆ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေး မှာ သဘောတူခဲ့တာ ဖြစ်ပါတယ်။...

Read more »

ဇင်လင်း – ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့

February 19, 2017
ဇင်လင်း – ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့

ဇင်လင်း – ပြည်သူ့ စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့ (မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၇ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ရယူဖို့ကြိုးစားတဲ့အခါ အဓိကအင်အားဟာ ပြည်သူရဲ့နှလုံးများနဲ့ ပြည်သူရဲ့စွမ်းအား ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် စစ်အင်အားနဲ့ ဗိုလ်ကျ ဖိနှိပ်စိုးမိုးထားလိုတဲ့ သဘောထားဟာ ဒီနေ့ခေတ်နဲ့ မဆီလျော်တော့ပါဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းမှန်သမျှ လက်နက်အားကိုးတန်ခိုးပြလိုတဲ့ သဘောထား အယူအဆများကို ခ၀ါချကြပါ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယုံကြည်မှုရှိရှိ သတ္တိရှိရှိနဲ့ NCA မှာ လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်...

Read more »

ဇင်လင်း – နှစ်ပေါင်း ၇၀ ပြည့်သည့်တိုင် ပင်လုံကတိ မတည်နိုင်တာ ဘာကြောင့်လဲ?

February 14, 2017
ဇင်လင်း – နှစ်ပေါင်း ၇၀ ပြည့်သည့်တိုင် ပင်လုံကတိ မတည်နိုင်တာ ဘာကြောင့်လဲ?

ဇင်လင်း – နှစ်ပေါင်း ၇၀ ပြည့်သည့်တိုင် ပင်လုံကတိ မတည်နိုင်တာ ဘာကြောင့်လဲ? (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ထူထောင်နိုင်ရေးအတွက် ရှမ်းပြည်နယ် ပင်လုံမြို့၌တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည့် သမိုင်းကြောင်းကို မြန်မာပြည်သူလူထု သိရှိကြပြီးဖြစ်သည်။ ပင်လုံညီလာခံဆွေးနွေးပွဲ ရလဒ်အရ မြန်မာ တစ်နိုင်ငံလုံး ပြည်နယ်ပြည်မ မခွဲခြားဘဲ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍ အသီးသီးတွင် တန်းတူညီမျှခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအ၀င် ဒီမိုကရေစီ ပိုင်ခွင့်များကို အပြည့်အ၀ အာမခံမည့် ပြည်ထောင်စုတစ်ခု ထူထောင်ရန် သဘောတူခဲ့ကြသည်။ ထို...

Read more »

ဇင်လင်း ● လက်နက်ကိုင် ပဋိပက္ခအားလုံး အဆုံးသတ်ပါ၊ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပါ

January 11, 2017
ဇင်လင်း ● လက်နက်ကိုင် ပဋိပက္ခအားလုံး အဆုံးသတ်ပါ၊ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပါ

ဇင်လင်း ● လက်နက်ကိုင် ပဋိပက္ခအားလုံး အဆုံးသတ်ပါ၊ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပါ (မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၇ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ယခုလက်ရှိ အခြေအနေအထိ မရေရာ မသေချာသေးသည့် လက္ခဏာများဖြင့် စိတ်မအေးဖွယ် ဖြစ်နေသည်။  အစိုးရက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် စီစဉ်လျှက်ရှိသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ ‘နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့’ (DPN) တို့တွေ့ဆုံနိုင်ရန်အတွက် ညှိနှိုင်းမှုများ သဘောတူညီမှု မရသေးဟု ကြားသိနေရသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်’ (NCA) လက်မှတ် မထိုးရသေးသည့် ‘ညီညွတ်သော...

Read more »

ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေး၊ သမိုင်းတရားခံနဲ့ တရားသောစစ်

December 25, 2016
ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေး၊ သမိုင်းတရားခံနဲ့ တရားသောစစ်

ထွန်းဝင်းငြိမ်း ● ငြိမ်းချမ်းရေး၊ သမိုင်းတရားခံနဲ့ တရားသောစစ် (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆ ● အရေးမကြီးဘူးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်လက်မှတ် ရေးထိုးနိုင် ဖို့အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အလျင် အမြန်လုပ်ဆောင်ပေးဖို့တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ဒီဇင်ဘာ ၁၇ ရက်မှာ ပြည်ထောင်စုလွှတ်တော်က ပယ်ချလိုက် တာကို သတင်းစာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အဲဒီအရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စတွေကို အစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်ဆဲ လုပ်ငန်းဖြစ်ပြီး အရေးကြီးလုပ်ငန်းလည်းမဟုတ်လို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်မပြုဘဲ ပယ်ချခဲ့တာဖြစ်တယ်လို့ အဆိုတင်သွင်းသူ နမ့်ဆန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထူးဝင်းက...

Read more »

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သော လမ်းများ (၃) (နိဂုံး)

December 15, 2016
နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သော လမ်းများ (၃) (နိဂုံး)

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သော လမ်းများ (၃) (နိဂုံး) (မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၆ ၄။    ဆွေးနွေးဖက်အပြောင်းအလဲများ     (က)    အစိုးရနဲ့လက်ဝဲအင်အားစု     (ခ)    အစိုးရ၊ တိုင်းရင်းသားအင်အားစုများနဲ့ လက်ဝဲပါတီ     (ဂ)    အစိုးရနှင့် ဖက်ဒရယ်မူအတွက် ဆွေးနွေးပွဲများ ၅။    လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲမှာလဲ ၆။    ခြုံငုံသုံးသပ်ချက် –    နိဂုံး –    နိဂုံးအညွှန်း — အပိုင်း (၁) နှင့် (၂)...

Read more »

ဇင်လင်း ● ငြိမ်းချမ်းရေးမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေးသို့…

December 7, 2016
ဇင်လင်း ● ငြိမ်းချမ်းရေးမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေးသို့…

ဇင်လင်း ● ငြိမ်းချမ်းရေးမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဒီမိုကရေစီအမြစ်တွယ်ရေးသို့… (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆ မကြာသေးမီက မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေ ထောင်ဂဏန်းချီ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့မှုကြောင့် နယ်စပ်ဒေသခံ တရုတ်ပြည်သူတွေ ရဲ့ နေ့စဉ်လူမှုရေးဘဝကို ကြီးစွာ ထိခိုက်ခဲ့တယ်လို့နိုဝင်္ဘာလ ၂၄ ရက်နေ့ရက်ထုတ် တရုတ်အစိုးရပိုင် Global Times အင်္ဂလိပ်ဘာသာ သတင်းစာမှာ ဖေါ်ပြခဲ့ပါတယ်။ အဲဒီ “China’s role needed for truce in Myanmar” ဆိုတဲ့ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးမှာ  မြန်မာ့တပ်မတော် အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် NLD အစိုးရနဲ့ ပြေပြေလည်လည်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်