Posts Tagged ‘ Myanmar Now ’

ရခိုင်ကော်မရှင်ပြန်ဖွဲ့ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်

September 8, 2016
ရခိုင်ကော်မရှင်ပြန်ဖွဲ့ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်

ရခိုင်ကော်မရှင်ပြန်ဖွဲ့ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့် (အေးအေးသန်း/Myanmar Now) မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၆ ရန်ကုန် (Myanmar Now) – နိုင်ငံခြားသားများ ပါဝင်နေသော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် အင်္ဂါနေ့က အကြိတ်အနယ် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၄၈ မဲ၊ ထောက်ခံမဲ ၂၅ဝ ဖြင့် ရှုံးနိမ့်သွားသည်။ ရခိုင်အမျိုးသားပါတီအမတ်တစ်ဦးတင်သွင်းသည့် အဆိုဘက်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ ရပ်တည်ဆွေးနွေးကြပြီး ပြည်တွင်းရေးတွင် နိုင်ငံခြားသား ပါဝင်နေခြင်းသည် နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစေကြောင်း၊ ပြည်တွင်း ပညာရှင်များဖြင့်သာ ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးကြသည်။ ဝင်ရောက်ဆွေးနွေးသည့်...

Read more »

Myanmar Now ● ဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေဖြစ်နေတယ် (အင်တာဗျူး)

July 14, 2016
Myanmar Now ● ဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေဖြစ်နေတယ် (အင်တာဗျူး)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ဓာတ်ပုံ -ဖြိုးသီဟချို/Myanmar Now) Myanmar Now ● ဖျက်ဆီးလို့ အလွယ်ဆုံးက လူငယ်တွေဖြစ်နေတယ် (အင်တာဗျူး) (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆   ကလေးမြို့တွင် မူးယစ်ဆေးအန္တရာယ် ကြီးမားလွန်းသဖြင့် အစိုးရက စီမံကိန်းချပြီး တိုက်ဖျက်ရန် ချင်းတိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးက အစိုးရကို တိုက်တွန်းလိုက်သည်။ (Myanmar Now) – စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက မြို့နယ် အတွင်း မူးယစ်ဆေးဝါး အလွယ်တကူရရှိနေမှု ပြဿနာကို အရေးယူဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းလိုက်သည်။ ချင်းတောင်တန်းနှင့်ထိစပ်နေသည့် ထိုမြို့တွင်  လူငယ်အများအပြား ဆေးစွဲနေကြသည်အထိ ဖြစ်နေပြီး ဒေသတွင်း မူးယစ် ရာဇာများကို နှိမ်နင်းနိုင်ခြင်း မရှိသေးကြောင်းလည်း သူက...

Read more »

“အရောင်နဲ့ပတ်သက်ပြီး တော်တော်လေး ဖန်တီးမှုများတဲ့ခေတ် ဖြစ်နေတယ်”

July 12, 2016
“အရောင်နဲ့ပတ်သက်ပြီး တော်တော်လေး ဖန်တီးမှုများတဲ့ခေတ် ဖြစ်နေတယ်”

“အရောင်နဲ့ပတ်သက်ပြီး တော်တော်လေး ဖန်တီးမှုများတဲ့ခေတ် ဖြစ်နေတယ်” သန့်သန့်သူ/ Myanmar Now  – တင်မိုးလွင် အင်တာဗျူး (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆ ယနေ့ခေတ် ဝတ်စားဆင်ယင်မှုဆိုင်ရာ အပြောင်းအလဲ၊ ဖြစ်ထွန်းမှုများအကြောင်း ဒေါ်တင်မိုးလွင်က ပြောပြထားသည်။ မြို့ပြဒေသမှ အမျိုးသမီးများ ဘောင်းဘီ၊ စကတ် ဝတ်ဆင်မှု များသော်လည်း ယခုအခါ မြန်မာဝတ်စုံကို ခုံမင်လာကြသည်ဟု ရန်ကုန်အခြေစိုက် Talents & Models Agency တည်ထောင်သူ ဒေါ်တင်မိုးလွင်က ပြောသည်။ မော်ဒယ်၊ အစီအစဉ် တင်ဆက်သူ၊ လုပ်ငန်းခွင်ဝင်နေသူတို့ကို သင်တန်းပေးခြင်း ပြည်တွင်းပြည်ပခရီးများ၊ ပရဟိတလုပ်ငန်း စသည်တို့ကို အချိန်လုပြီး လုပ်ကိုင်နေရသည့် မတင်မိုးလွင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူ၏ရန်ကုန်မြို့ရုံးခန်းသို့ရောက်လာသည့် Myanmar Now အလုပ်သင်သတင်းထောက် သန့်သန့်သူကို...

Read more »

Myanmar Now ● ကလေးမြို့တွင်တွေ့ရသော မူးယစ်ဆေးတိုက်ဖျက်မှု စစ်ဆင်ရေး

July 10, 2016
Myanmar Now ● ကလေးမြို့တွင်တွေ့ရသော မူးယစ်ဆေးတိုက်ဖျက်မှု စစ်ဆင်ရေး

Myanmar Now ● ကလေးမြို့တွင်တွေ့ရသော မူးယစ်ဆေးတိုက်ဖျက်မှု စစ်ဆင်ရေး  (ဓာတ်ပုံ အက်ဆေး) (မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆    မူးယစ်ဆေး အလွယ်တကူ ဝယ်ယူနိုင်သော မြို့ကြီးများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်လည်း ပါဝင်သည်။ ဒေသခံ ရဲတပ်ဖွဲ့ဝင်တို့က မူးယစ်ဆေး သုံးစွဲ၊ ရောင်းဝယ်သည်ဟု သံသယရှိသူတို့ကို တခြားသော ဌာနဆိုင်ရာများ၏ အကူအညီဖြင့် စစ်ဆေး၊ အရေးယူနေသည်ကို မကြာသေးခင်က တွေ့ခဲ့ရသည်။ (ဓာတ်ပုံများ – ဆွေဝင်း/Myanmar Now) ဇွန် ၂၆၊ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့က ကလေးမြို့ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်နေသော ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်စီးလာသူနှစ်ဦးကို တားဆီးစစ်ဆေးကြသည်။ စောင့်ဆိုင်းနေသူများက ထိုနှစ်ဦးကို ဝိုင်းလိုက်ပြီး လက်ထိပ်ခတ်ချုပ်နှောင်...

Read more »

Myanmar Now ● ကျာက်စိမ်းမှော်ရဲ့ဘိန်းဖြူနွံထဲက လွတ်မြောက်ချင်နေတဲ့ ကိုဆံရှည်

June 5, 2016
Myanmar Now ● ကျာက်စိမ်းမှော်ရဲ့ဘိန်းဖြူနွံထဲက လွတ်မြောက်ချင်နေတဲ့ ကိုဆံရှည်

ဒေါက်တာတန်းရဲ့ အစွန်ဆုံးတဲဘေးမှာ ရပ်နေတာကတော့ ကိုဆံရှည် ဖြစ်ပါတယ် (ဓာတ်ပုံ – ထက်ခေါင်လင်း/Myanmar Now) Myanmar Now ● ကျာက်စိမ်းမှော်ရဲ့ဘိန်းဖြူနွံထဲက လွတ်မြောက်ချင်နေတဲ့ ကိုဆံရှည် (မိုးမခ) ဇွန် ၅၊ ၂၀၁၆ ယခုသတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။   ဖားကန့် (Myanmar Now)  – ဖားကန့်မြို့၊ ဆိုင်းတောင်ရွာ အထက်ဘက် တောင်ကုန်းလေးပေါ်က တာလပတ်မိုးတဲလေးတွေမှာ စတည်းချနေသူတွေက  မူးယစ်ဆေးကို လွတ်လွတ်လပ်လပ် သုံးစွဲနေကြပါတယ်။   အဲဒီနားရောက်တဲ့အခါ မူးယစ်ဆေးတရား မဝင်သုံးမှုနဲ့ အဖမ်းခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဒီတောင်ကုန်းလေးပတ်ဝန်းကျင်နဲ့ ဒီတောင်ကုန်းလေးကို တက်လာတဲ့လမ်းတလျှောက် ပြန့်ကျဲနေတဲ့ သုံးပြီးသား ဆေးထိုးအပ်တွေကို မနင်းမိအောင်တော့ အထူးဂရုစိုက်ရပါလိမ့်မယ်။ ဧပြီလကတော့...

Read more »

ဖြိုးသီဟချို (Myanmar NOW) – “မတရား သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ လိုပါတယ်”

May 8, 2016
ဖြိုးသီဟချို (Myanmar NOW) – “မတရား သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ လိုပါတယ်”

  ဖြိုးသီဟချို (Myanmar NOW) – “မတရား သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ လိုပါတယ်” (Myanmar NOW) မိုးမခ၊ မေ ၈၊ ၂၀၁၆ မတရားသိမ်းဆည်းထားသည့်မြေယာကို မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံရန် ပြည်သူ့လွှတ်တော် လယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌက တိုက်တွန်းလိုက်သည် မအူပင် (Myanmar Now) – စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ တိုးတက်မည်မဟုတ်ဟု ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌက ပြောသည်။ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် မတရား သိမ်းဆည်းထားသည့် လယ်ယာမြေကို မူလပိုင်ရှင်တို့ထံ ပြန်လည် ပေးအပ်ရန် လိုအပ်ကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ဆိုသည်။ ဦးစိန်ဝင်းသည် အမျိုးသား...

Read more »

သင်းလဲ့ဝင်း၊ ထက်ခေါင်လင်း – “လွှတ်တော်မှာ မျှော်လင့်ချက်တွေရှိလာတယ်”

April 8, 2016
သင်းလဲ့ဝင်း၊ ထက်ခေါင်လင်း – “လွှတ်တော်မှာ မျှော်လင့်ချက်တွေရှိလာတယ်”

သင်းလဲ့ဝင်း၊ ထက်ခေါင်လင်း – “လွှတ်တော်မှာ မျှော်လင့်ချက်တွေရှိလာတယ်” Myanmar NOW မှ ကူးယူဖော်ပြသည်။ (မိုးမခ) ဧပြီ ၈၊ ၂၀၁၆ ပြည်သူ့လွှတ်တော်တွင် NLD အင်အားကောင်းလာသဖြင့် စိတ်ဝင်စားစရာ အခင်းအကျင်း ဖြစ်လာသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမတ် ဦးစိုင်းသီဟကျော်က ပြောသည် နေပြည်တော် (Myanmar Now) – ပြန်လည်စတင်သည့် လွှတ်တော်တွင် မျှော်လင့်ချက်များ ရှိလာသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံထားရသူ ဦးစိုင်းသီဟကျော်က ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ခန့်အပ်သည့် မူဝါဒတို့နှင့် ပတ်သက်၍မူ မေးခွန်းထုတ်လိုသည်ဟု သူက ဆိုသည်။ မကြာသေးမီက...

Read more »

Myanmar Now – အပြောင်းအလဲအတွက် ရင်ခုန်သူများနဲ့ ပိုမိုရုန်းကန်ကြရမယ့်အချိန်

March 31, 2016
Myanmar Now – အပြောင်းအလဲအတွက် ရင်ခုန်သူများနဲ့ ပိုမိုရုန်းကန်ကြရမယ့်အချိန်

နေပြည်တော်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့သစ် ခေါင်းဆောင်များ ကျမ်းသစ္စာကျိန်ဆိုပွဲရောက် လာသူ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတသစ် ဦးထင်ကျော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ ဝန်းရံထားကြပါတယ် (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now) Myanmar Now – အပြောင်းအလဲအတွက် ရင်ခုန်သူများနဲ့ ပိုမိုရုန်းကန်ကြရမယ့်အချိန် (မိုးမခ) မတ် ၃၁၊ ၂၀၁၆ ယခုဆောင်းပါးအား Myanmar Now မှ ပြန်လည်ကူးယူပါသည်။ နေပြည်တော်၊ ရန်ကုန် (Myanmar Now) – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်တွေ စတင်ထမ်းဆောင်တဲ့နေ့မှာ ဝမ်းသာအားရဖြစ်ကြသူတွေ အများအပြားကို တွေ့ရပါတယ်။ အချို့က နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားရှိတဲ့နေရာအထိ အရောက်သွား အားပေးကြချိန်မှာ...

Read more »

Myanmar Now – သမ္မတဦးထင်ကျော်နှင့် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

March 31, 2016
Myanmar Now – သမ္မတဦးထင်ကျော်နှင့် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

Myanmar Now – သမ္မတဦးထင်ကျော်နှင့် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို  (Myanmar Now) မိုးမခ၊ မတ် ၃၁၊ ၂၀၁၆  ၂ဝ၁၆ မတ်လ ၃ဝ ရက်နေ့က သမ္မတအိမ်တော်တွင် သမ္မတဦးသိန်းစိန်က သမ္မတသစ် ဦးထင်ကျော်ထံသို့ အာဏာလွှဲပြောင်းပေးအပ်သည့် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန) Myanmar Now နေပြည်တော် (Myanmar Now) – စစ်အုပ်ချုပ်ရေး စနစ်အောက် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြီး ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းဖြင့် တက်လာသော အရပ်သား သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၈ ဦးတို့ ကျမ်းသစ္စာကျိန်ဆိုလိုက်ကြသည်။...

Read more »

Myanmar Now – ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတကို လွှတ်တော်က ရွေးချယ်

March 16, 2016
Myanmar Now – ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတကို လွှတ်တော်က ရွေးချယ်

မတ်လ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရတဲ့ ဦးထင်ကျော် နဲ့ ဇနီး ဒေါ်စုစုလွင် (ဓာတ်ပုံ – NLD) Myanmar Now – ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတကို လွှတ်တော်က ရွေးချယ် (မိုးမခ) မတ် ၁၆၊ ၂၀၁၆ ယခုဆောင်းပါးအား Myanmar Now မှ ကူးယူပါသည်။ ရန်ကုန် (Myanmar Now) – ပြည်ထောင်စုလွှတ်တော်ဟာ စစ်တပ် ကျောထောက်နောက်ခံ မဟုတ်တဲ့ အရပ်သားစစ်စစ် သမ္မတတစ်ဦးကို အင်္ဂါနေ့မှာ ရွေးချယ်လိုက်ပါပြီ။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရလက်ထဲကနေ အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်ငါးခုကျော် အကြာမှာ ဒီမိုကရေစီနည်းကျစွာနဲ့ အရပ်သားသမ္မတတစ်ဦးကို ပထမဆုံးအကြိမ် တင်မြှောက်လိုက်ခြင်းပဲဖြစ်ပါတယ်။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်