ကဗျာ

မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

မရှိခြင်းကို မျှော်လင့်ပါ၏ ငါတို့ရွာ

နိုင်ဦးညို ဖေဖော်ဝါရီ ၂၁၊ ၂၀၁၂ အမှောင် မရှိ …။ ဧည့်စာရင်း မရှိ …။ ရာအိမ်မှူး မရှိ …။ ကြက်ဆူပင် မရှိ …။ စွမ်အားရှင် မရှိ …။ ဆက်ကြေး မရှိ …။ ပေါ်တာ မရှိ …။ မြှုပ်မိုင်း မရှိ …။ ဓါတ်ပေါင်းဖို မရှိ …။ ရွှေ့ပြောင်းအလုပ်သမား မရှိ …။ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် မရှိ …။ ညညခဏလိုက်ခဲ့ပါ မရှိ …။ စစ်ခုံရုံး မရှိ …။ ငါးည မရှိ …။ နိုင်ကျဉ်း မရှိ …။ အာဏာရှင် မရှိ …။ ထလရ မရှိ...

Read more »

Cho Tu Zaw – လှိုင်သာယာမှာ . . . နိုင်ငံရေး မရှိဘူး

Cho Tu Zaw – လှိုင်သာယာမှာ . . . နိုင်ငံရေး မရှိဘူး

လှိုင်သာယာမှာ . . . နိုင်ငံရေး မရှိဘူး ချိုတူးဇော်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂  ကျမတို့မှာ ရေ မရှိဘူး ကျမတို့မှာ ရေမရှိဘူး ကျမတို့မှာ ရေမရှိဘူး။  (တကယ်တော့ ရေမရှိတာ မဟုတ်ဘူး                   တရားမရှိတာ. .                   တရားမဲ့နေတာ. .)  ရေဝေမယ့် သူမရှိဘူး ထမင်းထုပ်ကမ်းမယ့် သူမရှိဘူး အားပေးမယ့် သူမရှိဘူး ဦးဆောင်မယ့် သူမရှိဘူး။ ဖျာပုံက လူတချို့ကို ခေါ်ပေးပါ။ ထားဝယ်က လူတချို့ကို မှာပေးပါ။  ဖွင့်ပွဲတွေနဲ့ အခမ်းအနားအစီအစဉ်တချို့ ရွှေ့ပေးပါ။ နိုင်ငံရေးဆိုတာ နိုင်ငံမှာ ခါးသီးနေတဲ့ ဘ၀တွေရဲ့ ခါးသီးနေတဲ့ ပြဿနာတွေကို  ဖြေရှင်းပေးတာမှ မဟုတ်ရင်  နိုင်ငံရေး ဆိုတာ မရှိဘူး။           ...

Read more »

Min Ko Naing – Poem

Min Ko Naing – Poem

x x x မင်းကိုနိုင်၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ခဲတံချွန်ပြီးပြီ ကျောင်းသင်္ခန်းပုံ ဆွဲချင်ဆွဲ ၀စ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ သဘောပဲလေ ဒီမြေမှာ ဓါးလှံတွေ ကြဲချင်ကြဲ ချိုးငှက်တွေ ၀ဲလိုဝဲ သဘောပဲလေ စိတ်ချ ကလေးရေ စစ်တိုက်ခန်းတွေ မကြိုက်လို့ ထိုးကြိတ်ခန်းတွေ မကြည့်လို့ သူရဲဘောကြောင်တယ် မစွပ်စွဲဘူး ဒါပေမယ့် ကလေးရေ ကိုယ်ဆွဲရာ ကိုယ့်ကားချပ် ကိုယ့်လက်မှတ်တော့ ထိုးရမယ် (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂) Ref – http://www.facebook.com/photo.php?fbid=301146083272786&set=a.125771214143608.32841.100001321914808&type=3&theater

Read more »

Maung Gyi Nyein Chan – အညတရများ

Maung Gyi Nyein Chan – အညတရများ

“အညတရများ” မောင်ကြီးငြိမ်းချမ်း။ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂ မမ ၀င်းမော်ဦး ဘယ်ဘ၀မှာလည်း ကျနော် မမေးရက်ပါဘူး မမ မိဘတွေ အမျှဝေတာ မရှိသေးပေမယ့် တချို့တွေကတော့ ရေစက်တောင်ချပြီးပြီ။ ရန် ငါ စည်းပြတ်တဲ့ မျိုးဆက်သစ်တွေ အတက်မှာ တွေဝေနေတဲ့ လင်းတအိုတွေ ကောင်းကင်မှာ ၀ဲသလိုမျိုး တိုင်းပြည်က ချောက်ထဲ နက်သည်ထက် နက်တော့မှာ မမ ရေ။ ၀မ်းနည်းခြင်းဆိုတဲ့ အမှတ်တရနေ့တွေမှာ နာကျည်းခြင်းဆိုတဲ့ နှလုံးသားကို လတ်တလော သေသွားတဲ့သူရဲ့နှလုံးသားနဲ့ သူတို့ အစားထိုးပြီး ပျော်ဖို့ကြံနေတာ ကျနော်သိတယ် မမ ရေ။ အညတရဆိုတဲ့ ကျနော်တို့ဟာ ပေးဆပ်ခြင်း သက်သက်ဆိုပေမယ့် သိသင့်သလောက်တော့ သိပါတယ် ကျောင်းသားတွေ အမေမှ ငိုတတ်တယ်ဆိုရင် ကျနော်တို့အညတရတွေက ဥက...

Read more »

အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

အချိန်မြစ်ကြီးက ခင်ဗျားနဲ့ကျနော့်ဆီ ပြိုဆင်းလာနေတယ်

ဆောင်းယွန်းလ ဖေဖော်ဝါရီ ၉၊ ၂၀၁၂ ခင်ဗျားက နေသာလို့ နေသာသလို နေမယ်ဆို ကျနော်က ခင်ဗျားထက်တောင် နေသာသေးတယ်…. ဒီလိုသာ နေသာကြကြေးဆို တကမ္ဘာလုံး နေသာပြီး ကမ္ဘာကြီး ပြာကျပျက်စီးသွားတာ ကြာပေါ့… ခင်ဗျားက မိုးခါးရေကို ခင်ဗျားဝါကျနဲ့ ချိုချင်သလို ချိုမယ်ဆို ကျနော့် မိုးခါးရေက ကျနော့်ဝေါဟာရနဲ့ ပိုလို့တောင်ချိုသေးတယ်…. ဒီလိုသာ မိုးခါးရေချိုကြကြေးဆို တကမ္ဘာလုံး မိုးခါးပြိုပြီး ကမ္ဘာကြီး ရေလွှမ်းပျက်စီးသွားတာ ကြာပေါ့…. အချိန်ဆိုတဲ့ မြစ်ကြီးထဲမှာ ခင်ဗျားရော ကျနော်ပါ စီးဆင်းမျောပါလာခဲ့ကြတာ ဘယ်လောက်ကြာခဲ့ပြီလဲ အဲဒီသတ္တဝါက ခင်ဗျားနဲ့ရော ကျနော်နဲ့ပါ အမျိုးတော်စပ်တာမဟုတ်ဘူး….. ပြောရင်းဆိုရင်း နေသာတဲ့အထဲမှာ မိုးတွေကရွာနေပြန်ပါပြီ…. ခင်ဗျားရောကျနော်ပါ အရက်တပုလင်းနဲ့ လက်ကမြင်းနေတဲ့ ဖျက်မြင်းတွေမဖြစ်မိဖို့ ထမင်းတစေ့နဲ့ အပင်းငြိနေတဲ့ သတိတွေကိုရွှေ့ဖို့...

Read more »

မိုးမခ စာအုပ်များ မှာကြားပါ

သင့်ကြော်ငြာကို သည်နေရာမှာ ရယူပါ

Find us on Facebook !!!

Twitter: moemaka

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 23 other subscribers

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

စာဖတ်သူတွေရဲ့အသံ

မိုးမခ လစဉ် စာမူများ