ဥက္ကာကိုကို ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂ (၁) အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)” အမည်ရှိ လက်ဖက်ရည် ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှု ကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။ (၂) ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု” ဆိုသော ယဉ်ကျေး မှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။ ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊ မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြား ရစဉ်က အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။ “အချိန်သည်ငွေ”ဟူ၍ သူတို့အနောက်ပိုင်းရွာသားများ အားသွန်ခွန်စိုက် ကြိုးစားလှုပ်ရှား၍ ငွေရရှိအောင် အချိန်ကိုပေးဆပ်နေကြရသည့် ကာလတွင် မြန်မာလူညိုများမှာကား ငွေများပစ်ပေး၍ပင် အချိန်ကို...

>စစ်အစိုးရိံငြ့်မပူးပေၝင်းရန် မဵြိးဆက်သစ်လူငယ် တိုက်တနြ်း
>nyi nyut yay neh a thet shay shay : Yan Win (Taung Da Gar)
>Gyaw Dee on 15-Minute Parliament
>Min Han - Jack London
>Maung Maung One Article for Daw Su - 3
>3rd Day of Trial on DASSK
>Maung Wuntha on Education
>Maung Phi La's poem 01



စာဖတ်သူတွေရဲ့အသံ