ဓာတ်ပုံသတင်း

Tayar Waiyan – အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံဟောပြောပွဲ

May 15, 2012
Tayar Waiyan – အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံဟောပြောပွဲ

ရန်ကုန်၊ တာရာဝေယံ။  မေ ၁၄၊ ၂၀၁၂။ နိုင်ငံရေးအကျဉ်းသားဟောင်းများ (နိုင်/ကျဉ်း )ကဦးစီးကျင်းပတဲ့ အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်မြန်မာနိုင်ငံ ဟောပြောဆွေးနွေး ပွဲကို ဒီနေ့နံနက် ၉း၀၀ နာရီက ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင် သီရိခန်းမမှာကျင်းပခဲ့ပါတယ်။ အခမ်း အနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ရခိုင်တိုင်းရင်းသားအဖွဲ့မှ ဦးအေးသာအောင်၊ ဆရာမောင်ဝံသ၊ သံဃာ တော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

Read more »

Kyaw Home – ဆီယက်တဲလ်မှာ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများ

May 15, 2012
Kyaw Home – ဆီယက်တဲလ်မှာ ကိုကျော်သူ၊ မရွှေဇီးကွက်နဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားများ

ရဲ့ယှက်ဖြာမေတ္တာတွေ့ဆုံပွဲ ကျော်ဟုန်း မေ ၁၄၊ ၂၀၁၂ ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဆုရှင် အကယ်ဒမီရုပ်ရှင်မင်းသား ဒါရိုက်တာ ကိုကျော်သူနဲ့ ဇနီးဖြစ်သူ မရွှေဇီးကွက် (ခေါ်) (မမြင့်မြင့်ခင်ဖေ) တို့ ဟာ အမေရိးကားပြည်တွင်းခရီးစဉ် တတိယမြောက်နေရာဖြစ်တဲ့ ဆီယက်တဲလ်မြို့ ဝါရှင်တန်ပြည်နယ်သို့  (၀၅၊ ၁၁၊ ၂၀၁၂) နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ကျော်မှာ ရောက်ရှိခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်မှ ကိုမူးသာမိသားစု၊ ကိုဇေယျာကျော်၊ ထွေးကိုကို၊ မမာလာသိန်း၊ ကိုထက်ကြံနဲ့ ဇနီး၊ ကိုဇင်မောင်နဲ့  မြို့ခံများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ (၅) နှစ်ကျော်ဝေးကွာနေရတဲ့ သားဖြစ်သူ ကိုပြည်သိန်းကျော်လည်း မိ ဘနှစ်ပါးကို လာရောက်ကြိုနေတာတွေ့ရပါတယ်။

Read more »

ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ

May 13, 2012
ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲ

ရန်ကုန်၊ တာရာဝေယံ မေ ၁၃၊ ၂၀၁၂။ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ဒီနေ့ နေ့လည် ၂း ၀၀ နာရီက ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာကျင်းပခဲ့ပြီး ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ အလှူငွေပေးအပ်ခြင်းခံရသူများ၊ နိုင်ငံရေးနဲ့စာပေနယ်မှ ပုဂ္ဂိုလ် များ၊ စာနယ်ဇင်းသမားများ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် ဦးကျော်အောင် (စာရေးဆရာ ကျော်ထက်အောင်) က ဆောင်ရွက်ပါတယ်။ အသင်းနာယကကြီး ဖစ်တဲ့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်က အဖွင့်အမှာစကားပြောကြားရာမှာ နိုင်ငံရေးအကျဉ်းသားတွေထောင်တွေထဲမှာ များစွာကျန်ရှိနေ သေးပြီး ၎င်းတို့လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအတွက် ထောက်ပံ့ကူညီမှုကို ဒီ့ထက်မကပိုမိုလုပ်ဆောင်ဖို့လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့ပါတယ်။ အဖွဲ့ရဲ့ဖွဲ့စည်းမှုနဲ့ အလှူငွေပေးအပ်မှုအခြေအနေများကိုတော့ ရှေ့နေဦးအောင်သိန်းက ရှင်းလင်းတင်ပြသွားခဲ့ပါတယ်။ အလှူငွေပေးအပ် ခံရသူစာရင်းနဲ့...

Read more »

U Win Tin Foundation – ဦးဝင်တင် ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ကူညီ

May 13, 2012
U Win Tin Foundation – ဦးဝင်တင် ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ကူညီ

မိုးမခ အထောက်တော်၊ ရန်ကုန် မေလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ် ဦးဝင်းတင်ဖောင်ဒေးရှင်းမှ   နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအား ကူညီမှုပေးလျှက်ရှိရာ ဒုတိယအကြိမ် ကူညီငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည်။  ဦးမောင်မောင်ကြီး၊ နိုင်ကျဉ်း ကိုအေးအောင်၏ ဖခင်ကိုတွေ့ရစဉ် ယခုတကြိမ် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၇ ဦးနှင့် အခြားသီးခြား အကူအညီတဦး စုစုပေါင်း ၁၀ ဦးအား အလှူငွေ ၃၄ သိန်းပေးအပ်လိုက်သည်။ လက်ရှိအကျဉ်းကျနေသူ ၂ ဦးမှာ ကိုမင်းအောင် နှင့် ထောင်သက် ၁၄ နှစ်ရှိနေပြီဖြစ်သည့် ကိုအေးအောင်တို့ဖြစ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများထဲမှ ဦကြည်သန်း (ဟင်္သာတ) ၊ ဦးမောင်မောင်ကြီး ခေါ် အန်ကယ်ကြီး၊ ဦးနန်းမောင်၊ ဦးသိန်းထွန်း...

Read more »

ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ

May 9, 2012
ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ

တာရာဝေယံ၊ ရန်ကုန် မေလ ၉၊ ၂၀၁၂ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို ဒီနေ့နံနက် ၉း ၀၀ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI (စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာတော် ရှင်ဉာဏိဿရ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်မှ မသန်မစွမ်းသူများ၊ အလှူရှင်များ ပရိသတ်စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့ ယုံကြည်အားထား ရွှေမင်းသားသီချင်းကို မသန်မစွမ်းညီအစ်ကိုမောင်နှများက သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်ကုန်တိုင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး...

Read more »

ကင်တက်ကီပြည်နယ် ဗုဒ္ဓေါ၀ါဒကျောင်း ဘာသာပေါင်းစုံစုံတဲ့ ဗုဒ္ဓနေ့ပွဲတော်ကျင်းပ

May 9, 2012
ကင်တက်ကီပြည်နယ် ဗုဒ္ဓေါ၀ါဒကျောင်း ဘာသာပေါင်းစုံစုံတဲ့ ဗုဒ္ဓနေ့ပွဲတော်ကျင်းပ

မိုးမခမိတ်ဆွေ (ကင်တက်ကီပြည်နယ်) မေ ၉၊ ၂၀၁၂ ကင်တက်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့ ဗုဒ္ဓေါဝါဒကျောင်း စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးနှင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ မေလ (၅) ရက် ၂၀၁၂ စနေနေ့တွင် ကင်တက်ကီပြည်နယ်နှင့် ထင်နက်စီပြည်နယ်ရှိ ဒကာဒကာမများစုပေါင်း၍ ဗုဒ္ဓေါဝါဒကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်၊၊ မနက်ပိုင်း (၉) နာရီတွင် သံဃာတော်များက ဘုရားအနေကဇာတင်ခြင်းနှင့် ဒကာ ဒကာမများကလည်း ဆင်းတုတော်များအား ရေသပ္ပါယ် ပူဇော်ကြပါတယ်၊၊ အထူးအစီအစဉ်အနေနဲ့ မြန်မာ့ပိုက်ကျော်ခြင်းလုံး အသင်း (၆) သင်းပြိုင်ကြရာ ပထမဆုရရှိသောအသင်းအား ဆရာတော်မှဆုများချီးမြင့်ခဲ့ ပါတယ်။ ပိုက်ကျော်ခြင်းနှင့် နှစ်သစ်ကူးသင်္ကြန်ကပွဲ ကျောင်းတိုက်အတွင်းမှာ ဆူဆူညံညံ ဖြစ်နေမို့ ဒီတခါတော့ ကျောင်းနားက အိမ်တွေက နားလည်မှုယူထားတော့ အဆင်ပြေပါတယ်။ ပျော်ပွဲရွင်ပွဲအချိန်ဆိုရင်တော့ ခရစ်ယာန်ရော မူစလင်ပါမကျန် အားလုံးလာကြပါတယ်။ ဘာ...

Read more »

ငြိမ်းချမ်းရေး ကဗျာဆရာကြီးဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ အောင်ပန်းမြို့မှာကျင်းပ

May 8, 2012
ငြိမ်းချမ်းရေး ကဗျာဆရာကြီးဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ အောင်ပန်းမြို့မှာကျင်းပ

တာရာဝေယံ ရန်ကုန်၊ မေ ၈၊ ၂၀၁၂ ငြိမ်းချမ်းရေးကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့ပွဲကို ရှမ်းပြည်နယ် အောင်ပန်းမြို့ (သာမိုင်းခမ်း)၊ မဟာဂန္ဓာ ရုံကျောင်းတိုက်၊ ဓမ္မသာယာဗိမာန်မှာ မေလ ၆ ရက် ၂၀၁၂ ခုနှစ် နံနက် ၈ နာရီမှ ၁၁ နာရီထိ ကျင်းပခဲ့ပါတယ်။ ဒဂုန်တာရာပန်ကြားလွှာနှင့် ရုပ်ထု ဆရာ့ရဲ့ ၉၃ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်၊ ပျဉ်းမနား၊ မန္တလေး၊ မုံရွာ၊ အင်းဝ စတဲ့ ဒေသအသီးသီးက စာပေအနုပညာရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဆရာ ဦးအံ့မောင်၊ ဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာမောင်သာနိုး၊ ထက်မြက်၊ မောင်လင်းခိုင်၊ မောင်နွေ ထက်၊ မောင်သင်းပန်...

Read more »

Thangyat Pwe – မောင်မောင်ဆိုလေထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေ

May 8, 2012
Thangyat Pwe –  မောင်မောင်ဆိုလေထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေ

 မောင်မောင်ဆိုလေထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေ တာရာဝေယံ၊ ရန်ကုန်၊ မေ ၈၊  ၂၀၁၂ မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့ရဲ့ ဂုဏ်ပြုဖျော်ဖြေပွဲကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ သီရိခန်းမမှာ ယမန်နေ့နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁း၀၀ နာရီအချိန်ထိအောင် ကျင်းပပြုလုပ်ခဲ့ပါတယ်။  ပွဲစီစဉ်သူတွေကတော့ မောင်မောင်ဒီမိုအောင်ထွန်း နဲ့ မောင်မောင်ဝင်းကျော့မှူး တို့ဖြစ်ပြီး မြောက်ဥက္ကလာမှ လူငယ်များက အင်အားဖြည့်ထားကြပါတယ်။ ဒီပွဲမှာ ခေတ်စနစ်ကို ထင်ဟပ်သရော်တဲ့ သံချပ်များ၊ သီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များနဲ့ ဖျော်ဖြေခဲ့ပြီး ပရိသတ်အပေါင်းရဲ့ လက်ခုပ်သံနဲ့အတူ ဆုတော်ငွေများချီးမြှင့်ခဲ့ရတဲ့ အောင်မြင်တဲ့ တင်ဆက်မှုတစ်ခုဖြစ်ကြောင်း သတင်းရရှိပါတယ်။

Read more »

Oakland – ဥက္ကလံ ဓမ္မအေးရိပ် စာရေးတံမဲကုသိုလ်ပွဲ စည်ကားစွာ ကျင်းပ

May 8, 2012
Oakland –  ဥက္ကလံ ဓမ္မအေးရိပ် စာရေးတံမဲကုသိုလ်ပွဲ စည်ကားစွာ ကျင်းပ

 ဥက္ကလံ ဓမ္မအေးရိပ် စာရေးတံမဲကုသိုလ်ပွဲ စည်ကားစွာ ကျင်းပ ကျော်နိုင်၊ မေ ၇၊ ၂၀၁၂ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုဘေးဧရိယာရှိ ဥက္ကလံမြို့ ဓမ္မအေးရိပ်ကျောင်း၊ မြန်မာသက္ကရာဇ် ၁၃၇၄ ကဆုန်လပြည့် ဗုဒ္ဓနေ့  မေ၊ ၅၊ ၂၀၁၂ စနေနေ့မှာ ကျောင်းထိုင်ဆရာတော်က ဦးစီးကြီးမှူးကျင်းပသော သံဃိကဒါန မဟာဒုဂ် စာရေးတံမဲပွဲကို စည်ကားအောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ နံနက်ခင်းမှာ စတင်ပြီးတော့ ၈း ၃၀ နာရီ – ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ၉း ၀၀ နာရီ – အခမ်းအနားဖွင့်ပွဲ၊ မြန်မာပြည်က ကြွရောက်လာတဲ့ မဟာစည်သြ၀ါဒါစရိယဆရာတော် ဘဒ္ဒနဇ္တဋိလ မဟာထေရ်အရှင်သူမြတ်မှ ငါးပါးသီလပေး တရားတော် ချီးမြင့်တော်မူခြင်း၊ မဟာဒုဂ် စာရေးတံမဲပွဲနှင့် ပတ်သက်တဲ့ အကြောင်းအရာများ...

Read more »

ကချင်ဒေသအရေးအတွက် လက်ဘက်ရည်ဆိုင်များတွင် သီဆိုဖျော်ဖြေ – Musicians for Kachin State

May 7, 2012
ကချင်ဒေသအရေးအတွက် လက်ဘက်ရည်ဆိုင်များတွင် သီဆိုဖျော်ဖြေ  – Musicians for Kachin State

  ဓာတ်ပုံသတင်းဧပြီ ၇၊ ၂၀၁၂ဓာတ်ပုံများ-Thiri Su ဖေ့စ်ဘုတ်အချက်အလက် -Lay Pyay Aung ဖေ့စ်ဘုတ် 6.5.212 ( တန၈င်္နွေ ) မနက် 8 နာရီအချိန်လောက်ကနေ စပြီးတော့ ဦးရဲလွင် ဦးဆောင်တဲ့ ” လွတ်ငြိမ်းချမ်းပန်းရဲ့လမ်း ” အဖွဲ့သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအမြန်ဆုံး ရပ်တန့်ရေး ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ

Read more »

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ