ကဗျာ

မိုးစက်အောက်က ဇွန်ပန်းပွင့်များ

May 17, 2012
မိုးစက်အောက်က ဇွန်ပန်းပွင့်များ

ချိုစိမ့် မေ ၁၇၊ ၂၀၁၂ ရှေ့မှာ ရေဆိုင်ဝဲရှိတယ် မိုးကလေးကလည်း တဖြောက်ဖြောက် အောက်ရေကလည်းတိုးလို့ ဒီထရက်ပေကိုး မိုးမလင်းခင်ကူးခဲ့ရ ဌက်ကလေးက စိတ်ချရပါ့မလား အတွေးစ ပွားမိ ရင်ထဲမှာရှိနေတာ ကန်သင်း ကန်မ ဖြတ်ခဲ့ရတဲ့ ကလေးတွေ ကဗျာလေးတွေ ရွတ်ကြဖို့  စာလေးတွေ အံကြဖို့  မိုးတောထဲပြေးလာကြတော့မယ် မစိုးရိမ်ကြပါနဲ့ကွယ် ဒီတနယ် ဒီမြစ်ကူးမှာ လှိုင်းလူးလည်း ဒို့လာမှာပ ချိုမြမြ တောအုပ်စီ…။ ဆရာမကြီး မေခိုင်နှင့် ဆရာ၊ ဆရာမများသို့  ….

Read more »

စီးချင်းထိုးအိမ်မက်စစ်

May 15, 2012
စီးချင်းထိုးအိမ်မက်စစ်

နိုင်ဦးညို (ဖိုးဇီးရိုး) မေ ၁၅၊ ၂၀၁၂ တရားတယ် မတရားတယ် မသိဘူး စစ်ပွဲတွေတော့ တန်းစီနေတာဘဲ …။ တစ်ပွဲပြီးတစ်ပွဲ ပြီးတယ်ကို မရှိနိုင်ဘူး ကမ္ဘာဦးကစ တိုက်လာတဲ့စစ်ပွဲတွေ ရှုံးသူကခံစတမ်း ချုပ်လိုက်ကြတဲ့စာချုပ် စစ်ပြေငြိမ်းဖို့ ရန္တပိုကနေ ဗားဆိုင်း ဒါပေမဲ့ ဒါပြီးရင် နောက်တစ်ပွဲအတွက် အသင့်ပြင်ထားသလို သာစဉ်မြေးဆက် လျှော်ကြေးပေးဖို့ ရက်စက်ဖို့အမွေဆိုး လက်ဆင့်ကမ်း လက်စားချေဖို့ မှာထားခဲ့သလိုဘဲ …။ ဘာသာရေးအကြောင်းပြ လူမျိုးရေးအကြောင်းပြ နိုင်ငံရေးအကြောင်းပြ နယ်မြေလုကြရင်း တကယ်တမ်းတော့ အတ္တအကြောင်းပြု ဂဲနဲ့ထုတာကအစ မင်းကဘာကောင်မို့လဲ ချကြတဲ့စိတ်တွေ ဘယ်တရားဟောတာကိုမှ လက်မခံချင်ဘူး …။ မြှောက်တဲ့သူကမြှောက်ပေး ရောင်းတဲ့သူက ဂျင်ကလိရော တိုက်ချင်းပစ်ဒုံးပျံရော ဓာတုလက်နက်ရော နျူကလီးယားရော ရရာတီထွင်ပြီး ဈေးကွက်ရှာရောင်း စီးပွာပျက်ကပ် ဆိုက်ချင်ဆိုက်...

Read more »

လူသွားလမ်း

May 10, 2012
လူသွားလမ်း

နိုင်ဦးညို (ဖိုးဇီးရိုး)၊ မေ ၁၀၊ ၂၀၁၂ လူတချို့တွေက လမ်းတခြမ်းခင်းဖို့ကို စကားလုံးစစ်တွေ ထိုးနေကြတယ် ဘယ်လမ်းမဆို တခြမ်းဘဲခင်းခင်း အကြမ်းဘဲခင်းခင်း လူသွားမှလမ်းဖြစ်တာလေ ….။ လမ်းဆိုတာ လျှောက်မဲ့သူမရှိဘဲ လမ်းဖောက်တဲ့သူက သူ့သဘောသူဆောင် ရောက်ချင်တဲ့နေရာရောက် ဖောက်ချင်တိုင်းဖောက်နေလို့ ပေါက်နိုင်ပါ့မလား ရောက်နိုင်ပါ့မလား …။ သွားတဲ့လမ်းတစ်လမ်းဟာ အနှေးယဉ်များအတွက်သာဘဲဖြစ်ဖြစ် သုံးတန်အထက်ယဉ်များမဝင်ရဘဲဖြစ်ဖြစ် ရှစ်လမ်းသွားအမြန်လမ်းမကြီးဘဲဖြစ်ဖြစ် လူတယောက်စာလျှောက်သာရုံဘဲဘဲဖြစ်ဖြစ် ၊ မူရင်းအကြောင်းကတော့ လားရာအရပ်ကိုရောက်ဖို့ အချိန်ကုန်သက်သာစေဖို့ အင်အားတွေမပြုန်းတီးစေဖို့ ကမ္ဘာဦးခေတ်ကာလကစ လူတွေကိုယ်တိုင်ဖြတ်သန်းခဲ့လို့ လမ်းဆိုတာဖြစ်ခဲ့တာပါ …။ လူမသွားဘဲ လမ်းဘယ်လိုဖြစ်မလဲ ….။

Read more »

နေအလင်းနဲ့ အမှောင်ခွင်းသူ

May 9, 2012
နေအလင်းနဲ့ အမှောင်ခွင်းသူ

ကျော်ဟုန်း မေလ ၉၊ ၂၀၁၂ တကယ်ပါ မသိဘူးလား (မျက်သားလွှာရဲ့ဆေး ဦးနှောက်ရဲ့တေး အသည်းနှလုံးရဲ့သွေး) ဟာ “စာနယ်ဇင်း” ပါ …။ စာနယ်ဇင်းဆိုတာ လူ့သမိုင်းတိုးတက်ဖို့ လူ့အရိုင်း ယဉ်ပါးဖို့ လူ့အနှိုင်း စံထားဖို့ လူ့လောကအတွက် ပန်းတခင်း စမ်းတစင်းပမာ သဘောထားနိုင်သူတွေရှိသလို မြှားတစင်း ငရဲမီးတခွက်ပမာထား သဘောရိုင်းသူတွေလဲရှိတော့ ကလောင်သွေးသူတချို့ စေတနာအလျှောက် ဒုက္ခရောက်ရရှာ။ ဒုက္ခတွေ ဘယ်လိုရောက်ရောက် စာနယ်ဇင်းသမားမှန်ရင် အာဏာရှင် ဇီဝိန်ခြွေမယ်ဆိုလဲ မမှု ကလောင်တလက်ဟာ မိုးကြိုးသွားပမာခွင်း အာဏာရူးကို ဒူးမထောက် ထိုးဖောက် အများအတွက် အမြဲသစ္စာစောင့်တယ်။ သမိုင်းရိုင်းတွေကို ယဉ်ကျေးမှုသင်တန်းပေးခဲ့တာ ပန်းရိုင်းတွေကို မွှေးရနံ့သွင်းပေးတာ လမ်းရိုင်းတွေကို ခုတ်ထွင်ရှင်းချဲ့တာ စာနယ်ဇင်းရဲ့ သမာဓိအရင်းပါ။ စာနယ်ဇင်းဆိုတာ လူတွေအားလုံးရဲ့ မျက်စိအပိုတစုံ လူတွေအားလုံးရဲ့...

Read more »

လိုက်ကာ အဖွင့်

May 4, 2012
လိုက်ကာ အဖွင့်

ကျော်ဟုန်း မေ ၄၊ ၂၀၁၂ ဒီဝိညာဉ်တွေမှာ ဒေဝဒတ်နဲ့စေတန် ရောစပ်နေသလား သင်္ကန်းခြုံထားတဲ့ သောနုတ္ထိုရ်တွေ၊ ဗေထိသံကြားရင် ကွေးနေအောင် ‘က’ ချင်တာလဲ သူတို့ … မင်းသား၊ မင်းသမီးများ မလုပ်ရရင် ပတ်မကြီးထိုးဖောက်ချင်တာလဲ သူတို့ … မင်းသား၊ မင်းသမီးတင်ပြန်ရင်လဲ ချိုမိုင်မိုင် ‘က’ နေတာလဲ သူတို့ … ရန်သူ့ဘက် ပစ်ခွင်းမယ့်မြှားတွေဟာ ပစ်မှတ်ဆီမရောက်ဘဲ ကိုယ့်ခေါင်းပေါ် ပြန်ကျနေပေါ့ ဒါလားဟေ့ မြားဘုရင် … ရန်သူကို ကိုယ့်ဘက်ပါအောင် မစွမ်း ကိုယ်လူကိုယ့်ဘက်ထဲ မလှမ်းချင်အောင် သင်းကွဲ … ဒါတွေ ဘာ့ကြောင့်ဖြစ်တာလဲ စဉ်းစား မသူတော်တွေ သူတော်ယောင်ဆောင် ဂိုဏ်းကွဲနေသမျှ အလှမ်းဝေးမယ် ပန်းတိုင် … ဒီကမ္ဘာမှာ အာရုဏ်ဦးတွေ...

Read more »

ကိုကိုမောင်တို့ခေတ် မဟုတ်တော့ဘူး

May 2, 2012
ကိုကိုမောင်တို့ခေတ် မဟုတ်တော့ဘူး

နိုင်ဦးညို (ဖိုးဇီးရိုး) မေ ၂၊ ၂၀၁၂ ဒီကနေ့ နှစ်ထောင်တစ်ဆယ့်နှစ် ကိုကိုမောင်တို့ခေတ် မဟုတ်တော့ဘူး …။ ကိုကိုမောင်တို့ခေတ်ကပြောစကား ကိုကိုမောင်တို့ဆရာ နားမထောင်တော့ဘူး …။ ကိုကိုမောင် အပြောကောင်းပေမဲ့ ကိုကိုမောင်တို့ခေတ်က တောပြောင်းခဲ့တဲ့ ကိုကိုမောင်အသိဆုံး ကျားဆိုးတွေ ကောင်းမကောင်း …။ အနှစ်လေးဆယ်ကျော်က ဒဿဂီရီရဲ့လွမ်းချင်းတွေ မိုးပေါ်ထောင်ပစ်ခဲ့ပေမဲ့ ဘယ်သူမှမသက်သာခဲ့ပါဘူး …။ ဒီနေ့ထိရင်ဘတ်ချင်း ချိတ်ဆက်လို့ ရင်ဘတ်အငှားနဲ့ ခံစားနေရစဲ ရင်ဘတ်အစစ်က ရင်ဘတ်အငှားကို တန်ဖိုးထားမှု လျှော့ကျနေတဲ့ခေတ်မှာ ရင်ဘတ်အစစ်တွေ ကျပျောက်ပေမဲ့ ရင်ဘတ်အငှားကတော့ ရင်ဘတ်အငှားပါဘဲ …။ ဒီလိုငှားထာတဲ့ရင်ဘတ် ဘယ်သူ့ရင်ဘတ်လည်းလို့ ကိုကိုမောင်တို့ မေးရဲလို့လား ကိုကိုမောင်တို့ မေးရဲတဲ့နေ့ ကိုကိုမောင်တို့မေးခွန်း ကမ္ဘာတည်မဲ့နေ့ အဲဒီနေ့ ကမ္ဘာမှာ မြန်မာတည်မဲ့နေ့ ဖြစ်ကောင်းဖြစ်လိမ့်မယ် …။

Read more »

အာဏာသစ်

May 1, 2012
အာဏာသစ်

နိုင်ဦးညို (ဖိုးဇီးရိုး) မေလ ၁၊ ၂၀၁၂ အာဏာပလ္လင်ပေါ်ထိုင်မိလို့ အာဏာရလာသူတွေ အာဏာရှင်တွေဖြစ်ပြီး အာဏာမက်လာလို့ အာဏာရူးတာ မနေ့က ကမ္ဘာ။ အာဏာရှင်တွေ အာဏာရှိတာကို ဓနရှိသူတွေ အားကျလာလို့ ဓနရှင်က ဓနနဲ့ပေါက် ဓနရှင်က ပညာနဲ့ပေါင်း အာဏာရှင်ရဲ့အာဏာကို အကြမ်းမဖက် အနုနည်းနဲ့ အာဏာသိမ်းနေတာ ဒီနေ့ကမ္ဘာ။

Read more »

ဒီလှိုင်းသံ

April 27, 2012
ဒီလှိုင်းသံ

မောင်စွမ်းရည် ဧပြီ ၂၇၊ ၂၀၁၂ “ဒီလှိုင်း” ဆိုတဲ့ ဒီလှိုင်း ဘာလှိုင်းလဲများ ဒီမိုကရေစီ ဒီရေလှိုင်းမို့ ဒီ – လှိုင်းတဲ့လား။ ဒီလှိုင်းရဲ့ကြွေးကြော်သံ ခြိမ့်ညံလို့ ကြွေး ဒီမိုကရေစီ ဒီရေမြင့် မြှင့်ကြပါလေး။ ဒီလှိုင်းရဲ့ ဆင့်ခေါ်သံ နာခံစို့ မောင်တို့မယ်တို့။ သွေးစည်းညီညီနဲ့ ဒီမိုကရေစီ ဒီရေလမ်း လှမ်းကြပါစို့။ ဒီလှိုင်းတွေ အဆက်ဆက် တက်လိုလာပြီ ဗမာပြည်ရဲ့ ဒီသောင်ကမ်း အမှိုက်တွေ သောင်ခြေရင်းမှာ ရှင်းလိုက်ကြစမ်း။ လူငယ်နဲ့ လူကြီး တူစီးတဲ့ ဒီလှေ တက်စုံ ရွက်စုံနဲ့ လက်ကုန်အောင် အတူလှော်လို့ ရည်မျှော်ရာ ပန်းတိုင်းဆိုက်အောင် အားစိုက်ကြဟေ့ လှော်လေတဲ့ လှော်လေ ပျော်စေဖို့ တူညီရုန်း ညီညာရန် ပြည်သာတုန်းပေးမို့ ဒီတခါညီညာကြုံးလို့ရယ် ရုန်းလိုက်ကြအုံး။...

Read more »

ဧကရီမသို့ ….ပေးစာ

April 26, 2012
ဧကရီမသို့ ….ပေးစာ

ကမာပုလဲ ဧပြီ ၂၆၊ ၂၀၁၂ ပလ္လင်မရှိ နန်းမရှိလည်း စည်းသုံးတန်ဖြင့် သင်ဟာ … ပြည့်ဧကရီ ဖြစ်ခဲ့တယ် ….။ ရိုးသားမှုကို အခြေခံသော သင်၏ ခံယူ ယုံကြည် ဘ၀စည်း တရားဓမ္မနှင့် မစေ့စပ်စတမ်း တိုက်မည်ဟူသော သင်၏ ပိုင်းဖြတ်ချက် သန္နိဌာန်စည်း ပြည့်မျက်ရည်ကို သင့်လက်ဖြင့် သုတ်ပေး နှစ်သိမ့်စေသောအခါ သင့်ရှေ့မှာ မားမားမတ်မတ် ရပ်၍နေသော ပြည်သူ့စည်း …။ ပျော့ပျောင်းကွေးညွှတ်လာတဲ့ လေးကိုင်းမှာ မေတ္တာတရားအတွက် နေရာမရှိနိုင်ပါဘူး ဧကရီအတွက် ရွှေအတိပြီးတဲ့ပလ္လင်ဟာ အကျဉ်းအိမ်ပဲ ပြည့်နှလုံးသား စစ်စစ်တွေသာ ထာဝရငြိမ်းချမ်းရာ။ ။

Read more »

ဘဝမှာ…

April 22, 2012
ဘဝမှာ…

ဆောင်းယွန်းလ ဧပြီ ၂၂၊ ၂၀၁၂ ဘဝမှာ … အထိမ်းအမှတ်တွေကို ခပ်များများသိမ်းမထားချင်သလို အမှတ်တရတွေကိုလည်း ခပ်ပါးပါးပဲထားချင်တယ်…. ဘဝမှာ.. လူထူထူအရပ်ထဲ စကားပူပူတွေ နားဆူအောင် မပြောချင်ဘူး တကိုယ်ရည်ရူးသွပ်မှုသံစဉ်ခပ်ပါးပါနဲ့ပဲ နားအေးချင်တယ်…. ဘဝမှာ.. တစုံတရာကို ဦးညွှတ်ချင်တဲ့အခါတိုင်း သမိုင်းစာအုပ်ကိုပြန်လှန်ဖတ်ပြီး အတိတ်လှေခါးထစ်တွေကို တဆစ်ဆစ်အိပ်မက်မက်ချင်တယ်… ဘဝမှာ.. အတိတ်ခေတ်ရဲ့ အမျိုးသားတယောက်ကို လေးစားချစ် ချစ်ခဲ့ရပြီး လက်ရှိခေတ်ရဲ့ အမျိုးသမီးတယောက်ကို အလေးထားချစ် ချစ်နေမိတယ်… ဘဝမှာ… မကြာမကြာရစ်တတ်တယ်လို့ ပြောတတ်သူတယောက်အကြောင်းကို တခါတရံပေါင်းများစွာ အထပ်ထပ်ပြန်တွေးနေချင်မိတယ်… ဘဝမှာ.. သတိတရလှုပ်နှိုးတတ်တဲ့ ကိုယ့်ရဲ့အသံသီချင်းနဲ့ တယောက်သောသူရဲ့ အိပ်ပျော်နေတဲ့နံနက်ခင်းတွေကို လင်းစေချင်တယ်… ဘဝမှာ… တစုံတယောက်ကို သတိရမိတဲ့ ညနေခင်းတွေတိုင်း သက်မဲ့ဓာတ်ပုံတချို့ထဲက အလှအပြုံးတွေထဲမှာ ကဗျာစပ်ချင်တယ်…. ဘဝမှာ ကိုယ့်ကိုကိုယ် သတိရမိတဲ့အခါတိုင်း စိတ်ဒဏ်ရာတွေကို...

Read more »