လူမှုရှုခင်း

KIC – နွားကျောင်းသားလေး ကျနော် “တာဘုခလီး” (ဆောင်းပါး)

May 17, 2012
KIC – နွားကျောင်းသားလေး ကျနော် “တာဘုခလီး” (ဆောင်းပါး)

စောခါးစူးညား (ကေအိုင်စီ)  ကေအိုင်စီအင်တာနက်မှာ ကူးယူဖော်ပြပါတယ်။ မြန်မာပြည်ရဲ့ ကျေးလက်တောရွာတွေမှာ ကျောင်းနေချင်လျက် အနေခက်ပြီး ကျောင်းထားလျက်နဲ့ ကျောင်းမနေချင်တဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ ခုချိန်မှာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာဆို လူကြီးတွေနဲ့အတူ လယ်ထဲဝင်ကူနေရသလို၊ နွားကျောင်းနေရသူတွေ၊ မောင်ညီမအငယ်လေးတွေ ထိန်းပြီး အိမ်မှာချက်ပြုတ်နေရတဲ့ ကလေးတွေအထဲမှာ “တာဘုခလီး”ဆိုတဲ့ ကရင်ကလေးငယ်တစ်ဦးလည်း အပါအ၀င် ဖြစ်ပါတယ်။ ကျွဲ၊ နွားတွေစားဖို့ မြက်ရှားပါးတဲ့ နွေကာလမှာ နီညိုရောင် နွားထီးတစ်ရှဉ်း(နှစ်ကောင်)ကို ရှေ့က တစ်ကောင်မောင်းပြီး နောက်က တစ်ကောင်ကို ဆွဲလာနေတဲ့ ကလေးငယ်လေးကတော့ ဗမာလို “ကုသိုလ်မျိုးစေ့”လို့ အနက်အဓိပ္ပါယ်ရတဲ့ “တာဘုခလီး”ဆိုတဲ့ အမည်နဲ့ ကရင်ကလေးငယ်လေးတစ်ဦးဖြစ်ပါတယ်။ အသားလေးညိုညိုနဲ့ မျက်နှာမှာ သောကကင်းမှုဟာ ပူပြင်းတဲ့ နွေနေဒဏ်ကို အံတုနေပါတယ်။ သူဟာ...

Read more »

Zawari – မယ်ရီလန်း ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ ညစာစားပွဲ – မင်္ဂလာ သောကြာနေ့ ~ Good Friday

May 17, 2012
Zawari – မယ်ရီလန်း ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ ညစာစားပွဲ – မင်္ဂလာ သောကြာနေ့ ~ Good Friday

ဇာဝါရီ။ မေ ၁၇၊ ၂၀၁၂ အမေရိကန်အရှေ့ ဖက်ခြမ်း မဟာဝါရှင်တန်မြို့ တော်ကို အနောက်ဖက်ခြမ်း အာရီဇိုးနားပြည်နယ်၊ ဖီနစ်မြို့ မှ ယူအက်စ်အေ လေကြောင်းလိုင်းနဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ဂုဏ်ထူးဆောင် ဧည်သည်တော် ကိုကျော်သူ နဲ့ ချစ်ဇနီး မရွှေဇီးကွက် (နာရေး ကူညီမှုအသင်း – ရန်ကုန်) တို့ မေလ (၁၅) ရက် အင်္ဂါနေ့ ညပိုင်း (၁၁) နာရီမှာ မယ်ရီလန်းပြည်နယ် ဘောလ်တီမိုးလေဆိပ်ကို ချောချောမောမော ရောက်ရှိလာခဲ့တယ်။ ပြည်သူ့ဂုဏ်ရည် (သုံးပြည်နယ်၊ Tri-states: DC, MD, VA) အဖွဲ့ဝင်များက ဧည်သည်တော် ချစ်ဇနီးမောင်နှံကို ဝမ်းပန်တသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ ယနေ့ နဲ့ မနက်ဖြန် ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ခံ ကိုနေလင်း နဲ့ မတင်မိုးအေး တို့ စံအိမ်တော်မှာ ဧည်သည်များ...

Read more »

Baudhaw Wada Sayadaw – အပြန်လမ်းပေါ်က ဒုက္ခသည် နှစ်ထပ်ကွမ်း

May 16, 2012
Baudhaw Wada Sayadaw – အပြန်လမ်းပေါ်က ဒုက္ခသည် နှစ်ထပ်ကွမ်း

ဗုဒ္ဓေါဝါဒဆရာတော်၊ မေ ၁၆၊ ၂၀၁ ပြည်ပရောက်နေသည့် မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှမအားလုံး ကိုယ်မြေ ကိုယ်နေရာ ကိုယ်ရဲ့မြို့၊ ရွာကို သတိရကြသလို ပြန်ချင်စိတ်တွေ ရှိကြပါတယ်၊ပြည်ပရောက်နေတဲ့သူများ အမိမြေကို လွမ်းနေချိန် သမ္မတကြီး ဦးသိန်းစိန်က ပညာရှင်များ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးရေးများ ပြန်လည်လုပ်ကိုင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်တာဟာ ငိုချင်တဲ့သူကို လက်တို့သလိုမျိုး ဖြစ်သွားမယ် ထင်ပါတယ်၊ ဒါနဲ့ ကျောင်းကို ရောက်လာတဲ့ ကရင်မိသားစုတွေကို ပြန်မလားမေးတော့ … “ရွာကိုတော့ ပြန်ချင်တယ်၊ လေယာဉ်စရိတ် ပိုက်ဆံက တစ်မိသားစုလုံးဆိုရင် အများကြီးကုန်မယ်၊ ပြောလို့သာ ပြောရတယ်ဘုရား … ကလေးတွေ ပညာရေးက ဒီမှာကောင်းတယ်၊ ကလေးတွေထားပြီး ရွာပြန်လို့လဲ မဖြစ်ပြန်ဘူး” တဲ့။ ကယားမိသားစု မေးတော့ ရွာမှာ မြေယာတွေ...

Read more »

Mate Hti Lar – ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူကျေးရွာသားများအပေါ် အနိုင်ထက်ပြုကျင့်နေမှု တိုင်ကြားချက်

May 15, 2012
Mate Hti Lar – ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူကျေးရွာသားများအပေါ် အနိုင်ထက်ပြုကျင့်နေမှု တိုင်ကြားချက်

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက် (၂၀၁၂ ခုနှစ်၊ မေလ (၁၄) ရက်) မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးအောင်မြသည် မိမိရဲ့ ကျေးရွာသူကျေးရွာသားများအပေါ်မှာ မတရားဖိနှိပ်အုပ်ချုပ်ခြင်းကို ပြုလုပ်နေပါသည်။ ယခင် ဝမ်းတွင်းမယကဥက္ကဌ ဦးကျော်သူလက်ထက်ကတည်းက ရပ်ကျေးဥက္ကဌရာထူးကို မယက ဥက္ကဌနှင့် ပူးပေါင်းရယူခဲ့ပြီး ယခုအုပ်ချုပ်ရေးမှူး ရာထူးအထိ ၆ နှစ်တာသက်တမ်းတွင် အထက်ကိုဖား အောက်ကိုဖိနှိပ်သည့်ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ရွာ ပင်းတလဲတွင် (နာဂသိန်) အမည်ရှိကျေးရွာစာကြည့်တိုက် တစ်ခုကို ကျေးရွာသူကျေးရွာသားများ စုပေါင်း ထည့်ဝင်ငွေများ နှင့်အခြားသော အလှူရှင်များ၏ငွေများဖြင့် ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့နေအငြိမ်းစားမြန်မာစာပါမောက္ခ ဦးလှထွန်းက ငွေကျပ်သိန်း ၂၀ဘိုးရှိ စာအုပ်များပီနံအိတ် ၁၂ လုံးထုတ်ပေးပို့လှူဒါန်းခဲ့ပါသည်။ ၈.၁၂.၂၀၁၀ (ဒီဇင်ဘာ ၈၊ ၂၀၁၀)  နေ့တွင်စာကြည့်တိုက်ဖွင့်ပွဲကျင်းပခဲ့ပြီး ငွေစာရင်းမရှင်းချင်၍ စာကြည့်တိုက်ကို တစ်ရက်တည်းသာဖွင့်ပြီး ပိတ်ထားခဲ့ပါသည်။ ကျေးရွာလူထုမှအထက်အာဏာပိုင် ကိုတိုင်ကြားခဲ့သဖြင့် တစ်နှစ်ကျော်ကြာအောင်ပိတ်ထားသောစာကြည့်တိုက်ကို ၁၄.၁.၂၀၁၂ (ဇန်န၀ါရီ ၁၄၊ ၂၀၁၂) ရက်နေ့တွင် ပြန်ဖွင့်ပေးသောအခါ စာအုပ်ထုတ်မှာ...

Read more »

Yarzar – အင်န်အယ်ဒီ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ

May 15, 2012
Yarzar – အင်န်အယ်ဒီ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ

ရာဇာ၊ မေ ၁၅၊ ၂၀၁၂ ၂၀၀၂ကနေ စပြီးလုပ်ကိုင်လာတဲ့ NLD HIV/AIDS section ဟာ ခုဆို ဆယ်နှစ်ပြည့်လွန်လာပြီဖြစ်တယ်ဗျာ။ ဒီ တော့ သမင်လည်ပြန်ခေါ်ခေါ် ခြင်္သေ့လည်ပြန် ပြောပြော အတိတ်ကိုတူးဆွတယ် ဆိုဆို ဖြစ်ပျက်ခဲ့သမျှကို အခြားလူများသိထားစေချင်လို့ ဒီစာကို ရေးပါတယ်။ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေကိုရေးမှာပါ။ ဒီတော့လူပုဂ္ဂိုလ်အချို့ကြောင်းလည်း ပါကောင်း ပါနိုင်တယ်ပေါ့ဗျာ။ သို့သော် ဖြစ်ရပ်မှန်ရေးမှာဆိုတော့ အမှန်တိုင်းပဲ ရေးသင့်တယ်ထင်လို့ မခြွင်းမချန် ရေးလိုက်ပါတယ်။ ဒီကိစ္စကို ဒေါ်ဖြူဖြူသင်းရေးဖို့ကောင်းတာကို မင်းက ဘာဝင်ရှုပ်သလဲတော့ မမေးလေနဲ့ဗျို့။ သူ့မယ် အချိန်မရှိဘူး ခင်ဗျ။ ကျနော်ကလည်း အစ အဆုံးဆိုသလိုလည်းသိ၊ တောင်ကလိ မြောက်ကလိကလည်း ၀ါသနာဆိုသလို ပါနေတော့ မောင်ရာဇာရေးတာကိုသာ သည်းညည်းခံ ဖတ်ပေတော့ပေါ့ဗျာ။ ဒီလိုဗျ။ ဒီအကြောင်းရေးတော့မယ်ဆိုတော့...

Read more »

သူမသာ ကိုယ်မသာ (မိုးမခပေးစာ)

May 14, 2012
သူမသာ ကိုယ်မသာ (မိုးမခပေးစာ)

ဒီးဒိုး မေ ၁၄၊ ၂၀၁၂ • သူပုန် ….။ စွယ်စုံကျမ်းလက်ဝယ်မရှိတော့ သူပုန်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဂဂဏဏ မသိဘူး။ စွယ်စုံကျမ်းထဲမှရော သူပုန်ဆိုတဲ့အဓိပ္ပါယ် ပါ မပါ မသိပါဘူး။ (တတ်သိသူများ ဝေငှပေးပါ ရန်လည်း တောင်းဆိုချင်ပါတယ်။) လက်လှမ်းမှီသလောက် ကိုယ့်ထက်ကြီးသူ၊ ငယ်သူနဲ့ ပညာ တတ်သူတွေကို မေးမြန်းကြည့်တော့သူပုန်ဆိုတာ ရည်ရွယ်ချက်တခုကိုဆွဲကိုင်ပြီး အစိုးရကို တော်လှန်ပုန်ကန်ခြားနားသူလို့ အဖြေရတဲ့ အဓိပ္ပါယ် ကို ပေးကြတယ်။ • သောင်းကျန်းသူ….။ ထို့အတူပါဘဲ စွယ်စုံကျမ်းထဲမှာ ရှာမဖြစ်ခဲ့ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း ပညာတတ်ဆိုတဲ့သူတွေကို မေးမြန်းကြည့်တော့ အများပြည် သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် အရာအားလုံးကို ဖျက်လိုဖျက်ဆီးလုပ်တယ်၊ သိမ်းဆည်းတယ်ဆိုရင်တော့ သောင်းကျန်း သူပါဘဲတဲ့…။ ဒီလိုနဲ့...

Read more »

Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ

May 12, 2012
Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်   ဘယ်လဲ ဘာလဲ

မိုးမခစာဖတ်သူတဦး (ကမာရွတ်) (မူရင်းဆောင်းပါး – ခိုင်လင်း(မေဃ၀တီ)ကို ဖတ်ရှုပြီး ပြန်လည်ကောက်နုတ်ကိုးကား ရေးသားသည်) မေ ၁၂၊ ၂၀၁၂  (ကိုးသောင်းဘုရား၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်) (ထုပ်ခံသိမ်၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်) ၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ် ။ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို...

Read more »

ပြည်တွင်းက Sky Net Myanmar ကို ပြည်ပမှာ အင်တာနက်ကနေ ကြည့်ဖို့ – weblink

May 11, 2012
ပြည်တွင်းက Sky Net Myanmar ကို ပြည်ပမှာ အင်တာနက်ကနေ ကြည့်ဖို့ – weblink

  မိုးမခပေးစာ၊ မေ ၁၁၊ ၂၀၁၂ ဒီလင့်ကနေ (http://mhuthaw.blogspot.com/2012/04/sky-net-myanmar-online-channel.html)  ကောက်နုတ်ကူးယူ ဖော်ပြပါတယ်။ ” xxx xxx xxx အွန်လိုင်းကနေတဆင့် ကြည့်ရှူနိုင်ဖို့ ဒီလင့်လေးကို ပြန်ရှယ်လိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  ဒီလိုင်းက တိုက်ရိုက်တော့ မဟုတ်ပါဘူး နာရီအနည်းငယ်နောက်ကျပါတယ်။ ကျွန်တော်ကြည့်ပြီးပါပြီ။ သင်္ကြန်အလွမ်းပြေ နေ့တိုင်း Skynet ကိုပဲ ကြည့်ဖြစ်တယ်။ ကျွန်တော်လိုပဲ အတာသင်္ကြန်ကို အလွမ်းပြေကြည့်ဖို့အတွက်ပါ။  အရင်ဆုံး  ဒီလင့် လေးကိုသွားပြီး ဒေါင်းလော့ချပါ။  ပြီးရင် run ပါ။ run ပီးတဲ့အခါမှာ  Search channel ဆိုတဲ့နေရာလေးမှာ 99221 ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ကြည့်လို့ရပါပြီ။ နက်ကောင်းရင် ကောင်းသလောက် ကြည့်ရတာ အဆင်ပြေပါတယ်။ ဒီ Channel လေးက နေ့တိုင်းထုတ်လွင့်ပေးပါတယ်။ သတင်းတွေကိုလည်း ကြေငြာပေးပါတယ်။ xxx “

Read more »

မြန်မာပြည်မှာ လွတ်လပ်မှုမရှိဘူးလို့ ဘယ်သူပြောသလဲ (ပေးစာ)

May 8, 2012
မြန်မာပြည်မှာ လွတ်လပ်မှုမရှိဘူးလို့ ဘယ်သူပြောသလဲ (ပေးစာ)

ကိုသင့်မြတ် မေ ၈၊ ၂၀၁၂ ပြောရရင်တော့ ဒီအကြောင်းကို မပြောချင် မရေးချင်ဘူးဗျ။ သူတပါးစီးပွားရေးကို တုတ်နဲ့ ထိုးသလို (အဲ) ကလောင်နဲ့ထိုးသလို ဖြစ်နေ တာကိုး။ ဘယ်သူများ ပြောမလဲ ရေးမလဲဆိုပြီး စောင့်ကြည့်နေတာကြာပြီ။ သူတပါး ထိခိုက်တာထက် သူအများ ထိခိုက်နေတာကို အမြင်မ တော်လွန်းလို့သာ ရေးလိုက်ရတာ..။ ဖြစ်ပုံက ဒီလိုဗျ။ ကိုယ်လူတို့ ရောက်ဖူးမလားတော့ မသိဘူး။ ထိုင်းမြန်မာနယ်စပ်။ နာမည်ကျော် သောင်ရင်းမြစ်လေ။ မြစ်ဆိုပေမယ့် တိမ်ကောတာတွေများ လေတော့ ချောင်းသာသာ မြောင်းသာသာရယ်ပါ။ နို့ပေမယ့် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအကျဆုံး အရေးအကြီးဆုံး ကုန်သွယ်မှုနေရာကြီးကိုဗျ။ (ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကြီးက ကြံ့ခိုင်မှုသိပ်မရှိတော့လို့ဆိုလား လူနဲ့ လူစီးကားတွေလောက် သာ ဖြတ်သန်းတာ)...

Read more »

မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ သတင်းထုတ်ပြန်ခဲ့သည့် ကောင်းကင်ကုမ္ပဏီ၏ အနိုင်ကျင့်ဗိုလ်ကျမှုအကြောင်း (ပေးစာ)

May 7, 2012
မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ သတင်းထုတ်ပြန်ခဲ့သည့် ကောင်းကင်ကုမ္ပဏီ၏ အနိုင်ကျင့်ဗိုလ်ကျမှုအကြောင်း (ပေးစာ)

မေ ၇၊ ၂၀၁၂ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ကြေငြာချက် ၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့ (၂၀၁၂ ခုနှစ်၊ မေလ ၃ရက်) ……………………… လူသားချင်းစာနာမှုကင်းမဲ့စွာ အနိုင်ကျင့်ဗိုလ်ကျနေသော ကောင်းကင်ကုမ္ပဏီ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း ဆုံ (၃) ဆုံဒေသအတွင်းရှိ (၃၈ ၁၊ ၃၈၂) ကွင်းအမှတ်ရှိ မြေ (၂၆၈) ဧကကို အစိုးရအဖွဲ့၏လုပ်ကိုင်ခွင့်အာဏာကိုရရှိထားသော ကောင်းကင်ကုမ္ပဏီ (ဦးခင်မောင်ဌေး + ဒေါ်ခင်မာကြူ) မှ အဓမ္မသိမ်းယူခဲ့ပါသည်။ လယ်ယာမြေကိုအမှီပြု၍ နိုင်ငံ၏စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရန်အတွက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း ၊ နေကြာစိုက်ပျိုးနေသော တောင်သူလယ်သမားများမှာ လယ်မဲ့၊ ယာမဲ့၊ အလုပ်အကိုင်မဲ့ဘ၀ကိုရောက်ရှိနေရပါသည်။ ဒေသခံတောင်သူများမှ မန္တလေးဒေသကြီး ၀န်ကြီးချုပ်...

Read more »

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

မိုးမခ လစဉ် စာမူများ