မိုးမခကို ပေးတဲ့စာ

Mate Hti Lar – ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူကျေးရွာသားများအပေါ် အနိုင်ထက်ပြုကျင့်နေမှု တိုင်ကြားချက်

May 15, 2012
Mate Hti Lar – ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာသူကျေးရွာသားများအပေါ် အနိုင်ထက်ပြုကျင့်နေမှု တိုင်ကြားချက်

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက် (၂၀၁၂ ခုနှစ်၊ မေလ (၁၄) ရက်) မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးအောင်မြသည် မိမိရဲ့ ကျေးရွာသူကျေးရွာသားများအပေါ်မှာ မတရားဖိနှိပ်အုပ်ချုပ်ခြင်းကို ပြုလုပ်နေပါသည်။ ယခင် ဝမ်းတွင်းမယကဥက္ကဌ ဦးကျော်သူလက်ထက်ကတည်းက ရပ်ကျေးဥက္ကဌရာထူးကို မယက ဥက္ကဌနှင့် ပူးပေါင်းရယူခဲ့ပြီး ယခုအုပ်ချုပ်ရေးမှူး ရာထူးအထိ ၆ နှစ်တာသက်တမ်းတွင် အထက်ကိုဖား အောက်ကိုဖိနှိပ်သည့်ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ရွာ ပင်းတလဲတွင် (နာဂသိန်) အမည်ရှိကျေးရွာစာကြည့်တိုက် တစ်ခုကို ကျေးရွာသူကျေးရွာသားများ စုပေါင်း ထည့်ဝင်ငွေများ နှင့်အခြားသော အလှူရှင်များ၏ငွေများဖြင့် ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့နေအငြိမ်းစားမြန်မာစာပါမောက္ခ ဦးလှထွန်းက ငွေကျပ်သိန်း ၂၀ဘိုးရှိ စာအုပ်များပီနံအိတ် ၁၂ လုံးထုတ်ပေးပို့လှူဒါန်းခဲ့ပါသည်။ ၈.၁၂.၂၀၁၀ (ဒီဇင်ဘာ ၈၊ ၂၀၁၀)  နေ့တွင်စာကြည့်တိုက်ဖွင့်ပွဲကျင်းပခဲ့ပြီး ငွေစာရင်းမရှင်းချင်၍ စာကြည့်တိုက်ကို တစ်ရက်တည်းသာဖွင့်ပြီး ပိတ်ထားခဲ့ပါသည်။ ကျေးရွာလူထုမှအထက်အာဏာပိုင် ကိုတိုင်ကြားခဲ့သဖြင့် တစ်နှစ်ကျော်ကြာအောင်ပိတ်ထားသောစာကြည့်တိုက်ကို ၁၄.၁.၂၀၁၂ (ဇန်န၀ါရီ ၁၄၊ ၂၀၁၂) ရက်နေ့တွင် ပြန်ဖွင့်ပေးသောအခါ စာအုပ်ထုတ်မှာ...

Read more »

သူမသာ ကိုယ်မသာ (မိုးမခပေးစာ)

May 14, 2012
သူမသာ ကိုယ်မသာ (မိုးမခပေးစာ)

ဒီးဒိုး မေ ၁၄၊ ၂၀၁၂ • သူပုန် ….။ စွယ်စုံကျမ်းလက်ဝယ်မရှိတော့ သူပုန်ဆိုတဲ့ အဓိပ္ပါယ်ကို သေသေချာချာ ဂဂဏဏ မသိဘူး။ စွယ်စုံကျမ်းထဲမှရော သူပုန်ဆိုတဲ့အဓိပ္ပါယ် ပါ မပါ မသိပါဘူး။ (တတ်သိသူများ ဝေငှပေးပါ ရန်လည်း တောင်းဆိုချင်ပါတယ်။) လက်လှမ်းမှီသလောက် ကိုယ့်ထက်ကြီးသူ၊ ငယ်သူနဲ့ ပညာ တတ်သူတွေကို မေးမြန်းကြည့်တော့သူပုန်ဆိုတာ ရည်ရွယ်ချက်တခုကိုဆွဲကိုင်ပြီး အစိုးရကို တော်လှန်ပုန်ကန်ခြားနားသူလို့ အဖြေရတဲ့ အဓိပ္ပါယ် ကို ပေးကြတယ်။ • သောင်းကျန်းသူ….။ ထို့အတူပါဘဲ စွယ်စုံကျမ်းထဲမှာ ရှာမဖြစ်ခဲ့ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း ပညာတတ်ဆိုတဲ့သူတွေကို မေးမြန်းကြည့်တော့ အများပြည် သူဆိုင်ရာ၊ ယုံကြည်ရာ၊ ကိုးကွယ်ရာ စသည်ဖြင့် အရာအားလုံးကို ဖျက်လိုဖျက်ဆီးလုပ်တယ်၊ သိမ်းဆည်းတယ်ဆိုရင်တော့ သောင်းကျန်း သူပါဘဲတဲ့…။ ဒီလိုနဲ့...

Read more »

Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ

May 12, 2012
Maurk U – အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်   ဘယ်လဲ ဘာလဲ

မိုးမခစာဖတ်သူတဦး (ကမာရွတ်) (မူရင်းဆောင်းပါး – ခိုင်လင်း(မေဃ၀တီ)ကို ဖတ်ရှုပြီး ပြန်လည်ကောက်နုတ်ကိုးကား ရေးသားသည်) မေ ၁၂၊ ၂၀၁၂  (ကိုးသောင်းဘုရား၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်) (ထုပ်ခံသိမ်၊ မြောက်ဦး၊ ဓာတ်ပုံ – အင်တာနက်) ၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ် ။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ် ။ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို...

Read more »

ပြည်တွင်းက Sky Net Myanmar ကို ပြည်ပမှာ အင်တာနက်ကနေ ကြည့်ဖို့ – weblink

May 11, 2012
ပြည်တွင်းက Sky Net Myanmar ကို ပြည်ပမှာ အင်တာနက်ကနေ ကြည့်ဖို့ – weblink

  မိုးမခပေးစာ၊ မေ ၁၁၊ ၂၀၁၂ ဒီလင့်ကနေ (http://mhuthaw.blogspot.com/2012/04/sky-net-myanmar-online-channel.html)  ကောက်နုတ်ကူးယူ ဖော်ပြပါတယ်။ ” xxx xxx xxx အွန်လိုင်းကနေတဆင့် ကြည့်ရှူနိုင်ဖို့ ဒီလင့်လေးကို ပြန်ရှယ်လိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  ဒီလိုင်းက တိုက်ရိုက်တော့ မဟုတ်ပါဘူး နာရီအနည်းငယ်နောက်ကျပါတယ်။ ကျွန်တော်ကြည့်ပြီးပါပြီ။ သင်္ကြန်အလွမ်းပြေ နေ့တိုင်း Skynet ကိုပဲ ကြည့်ဖြစ်တယ်။ ကျွန်တော်လိုပဲ အတာသင်္ကြန်ကို အလွမ်းပြေကြည့်ဖို့အတွက်ပါ။  အရင်ဆုံး  ဒီလင့် လေးကိုသွားပြီး ဒေါင်းလော့ချပါ။  ပြီးရင် run ပါ။ run ပီးတဲ့အခါမှာ  Search channel ဆိုတဲ့နေရာလေးမှာ 99221 ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ကြည့်လို့ရပါပြီ။ နက်ကောင်းရင် ကောင်းသလောက် ကြည့်ရတာ အဆင်ပြေပါတယ်။ ဒီ Channel လေးက နေ့တိုင်းထုတ်လွင့်ပေးပါတယ်။ သတင်းတွေကိုလည်း ကြေငြာပေးပါတယ်။ xxx “

Read more »

မြန်မာပြည်မှာ လွတ်လပ်မှုမရှိဘူးလို့ ဘယ်သူပြောသလဲ (ပေးစာ)

May 8, 2012
မြန်မာပြည်မှာ လွတ်လပ်မှုမရှိဘူးလို့ ဘယ်သူပြောသလဲ (ပေးစာ)

ကိုသင့်မြတ် မေ ၈၊ ၂၀၁၂ ပြောရရင်တော့ ဒီအကြောင်းကို မပြောချင် မရေးချင်ဘူးဗျ။ သူတပါးစီးပွားရေးကို တုတ်နဲ့ ထိုးသလို (အဲ) ကလောင်နဲ့ထိုးသလို ဖြစ်နေ တာကိုး။ ဘယ်သူများ ပြောမလဲ ရေးမလဲဆိုပြီး စောင့်ကြည့်နေတာကြာပြီ။ သူတပါး ထိခိုက်တာထက် သူအများ ထိခိုက်နေတာကို အမြင်မ တော်လွန်းလို့သာ ရေးလိုက်ရတာ..။ ဖြစ်ပုံက ဒီလိုဗျ။ ကိုယ်လူတို့ ရောက်ဖူးမလားတော့ မသိဘူး။ ထိုင်းမြန်မာနယ်စပ်။ နာမည်ကျော် သောင်ရင်းမြစ်လေ။ မြစ်ဆိုပေမယ့် တိမ်ကောတာတွေများ လေတော့ ချောင်းသာသာ မြောင်းသာသာရယ်ပါ။ နို့ပေမယ့် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအကျဆုံး အရေးအကြီးဆုံး ကုန်သွယ်မှုနေရာကြီးကိုဗျ။ (ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကြီးက ကြံ့ခိုင်မှုသိပ်မရှိတော့လို့ဆိုလား လူနဲ့ လူစီးကားတွေလောက် သာ ဖြတ်သန်းတာ)...

Read more »

မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ သတင်းထုတ်ပြန်ခဲ့သည့် ကောင်းကင်ကုမ္ပဏီ၏ အနိုင်ကျင့်ဗိုလ်ကျမှုအကြောင်း (ပေးစာ)

May 7, 2012
မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ သတင်းထုတ်ပြန်ခဲ့သည့် ကောင်းကင်ကုမ္ပဏီ၏ အနိုင်ကျင့်ဗိုလ်ကျမှုအကြောင်း (ပေးစာ)

မေ ၇၊ ၂၀၁၂ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ကြေငြာချက် ၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့ (၂၀၁၂ ခုနှစ်၊ မေလ ၃ရက်) ……………………… လူသားချင်းစာနာမှုကင်းမဲ့စွာ အနိုင်ကျင့်ဗိုလ်ကျနေသော ကောင်းကင်ကုမ္ပဏီ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း ဆုံ (၃) ဆုံဒေသအတွင်းရှိ (၃၈ ၁၊ ၃၈၂) ကွင်းအမှတ်ရှိ မြေ (၂၆၈) ဧကကို အစိုးရအဖွဲ့၏လုပ်ကိုင်ခွင့်အာဏာကိုရရှိထားသော ကောင်းကင်ကုမ္ပဏီ (ဦးခင်မောင်ဌေး + ဒေါ်ခင်မာကြူ) မှ အဓမ္မသိမ်းယူခဲ့ပါသည်။ လယ်ယာမြေကိုအမှီပြု၍ နိုင်ငံ၏စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရန်အတွက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း ၊ နေကြာစိုက်ပျိုးနေသော တောင်သူလယ်သမားများမှာ လယ်မဲ့၊ ယာမဲ့၊ အလုပ်အကိုင်မဲ့ဘ၀ကိုရောက်ရှိနေရပါသည်။ ဒေသခံတောင်သူများမှ မန္တလေးဒေသကြီး ၀န်ကြီးချုပ်...

Read more »

Ashin Zagara – ရွှေဝါရောင်ဆရာတော်တပါးဖြစ်တဲ့ အရှင်ဇာဂရရဲ့ မှတ်တန်းဓာတ်ပုံများ

May 6, 2012
Ashin Zagara – ရွှေဝါရောင်ဆရာတော်တပါးဖြစ်တဲ့ အရှင်ဇာဂရရဲ့ မှတ်တန်းဓာတ်ပုံများ

ရွှေဝါရောင်ဆရာတော်တပါးဖြစ်တဲ့ အရှင်ဇာဂရရဲ့ မှတ်တန်းဓာတ်ပုံများ မိုးမခစာဖတ်သူ (၂၀၁၁)၊ မေ ၆၊ ၂၀၁၂ ဆရာတော်ရဲ့ အတွေ့အကြုံ ရုပ်သံမှတ်တမ်းကို တင်ဆက်ပေးလို့  ကျေူးဇူးတင်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့စည်းကမ်းထိမ်းသိမ်းရေးဆရာတော် ရဲ့ မှတ်တမ်းဓာတ်ပုံများ မရှိဘူးဆိုလို့ ဆရာတော်ရဲ့ အရေးတော်ပုံကာလမှတ်တမ်းပုံများ ပေးပို့လိုက်ပါတယ်။ ဆရာတော်တို့ထံ လက်ဆင့်ကမ်းပေးပါ။    

Read more »

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ

May 6, 2012
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်မှာ ဆယ့်နှစ်ရာသီဝပ်နေသော စွန့်ပစ်ရေဆိုးပြဿနာ

မိုးမခပေးစာ မေ ၆၊ ၂၀၁၂ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းရှိ (၁၃) ရပ်ကွက်၊ မဟာဆွေလမ်းမကြီးအနောက်ဘက်ခြမ်းနှင့် လမ်းသွယ်များတွင် စက်ရုံများမှ ဓာတု ဗေဒဆေးများပါဝင်သည့် အမည်းရောင်စွန့်ပစ်ရေဆိုးရေညစ်များကြောင့် နွေရောမိုးပါရေ၀ပ်နေသဖြင့် ရပ်ကွက်နေပြည်သူများ၏ ကျန်းမာ ရေးကို ဆိုးရွားစွာထိခိုက်လျက်ရှိပြီး၊ ယင်းဓာတုစွန့်ပစ်ရေ၏ အငွေ့များကြောင့် နေအိမ်သွပ်မိုးများပျက်စီးလွယ်ခြင်း၊ အီလက်ထရွးန်းနစ်ပစ္စည်း များ ပျက်စီးလွယ်ခြင်းတို့ကို ကြုံတွေ့နေရပါသည်။ ရပ်ကွက်နှင့်မျက်နှာချင်းဆိုင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံမှ (၂၄) နာရီမပြတ်စွန့်ထုတ်သော ဓာတုရေဆိုးများ၊သီရိမြိုင်လမ်းမကြီးနှင့် အုတ်ကျင်းဘူတာရုံလမ်းထောင့်ရှိ ရေသန့်စက်ရုံမှ စွန့်ထုတ်သောရေဆိုးများကို ပိတောက်ချောင်းအတွင်းသို့ စနစ်တကျစွန့်ထုတ်မှုမရှိ ခြင်း၊ ရပ်ကွက်အတွင်း စနစ်ကျသောရေထုတ်ရေနုတ်မြောင်းများမရှိခြင်း၊ ကွန်ကရစ်လမ်းများခင်းထားသောကြောင့် ရေထွက်ပေါက်များပိတ် ဆို့သွားခြင်း စသည်အကြောင်းတို့ကြောင့် စွန့်ပစ်ရေဆိုးများသည် အနိမ့်ပိုင်းလမ်းသွယ်များအတွင်းသို့ ပျံ့နှံ့ဝင်ရောက်ပြီး ဆယ်နှစ်ရာသီရေ ၀ပ်သည့်အပြင် လမ်းမအနိမ့်ပိုင်းနေရာအချို့ကိုပါ ရေလွှမ်းမိုးလျက်ရှိနေပါသည်။ ရပ်ကွက်ပြည်သူများသည် နေအိမ်များအောက်တွင် အမြဲဝပ်နေသောရေဆိုးများ၏ ဓာတုဆေးအနံ့ဆိုးများကို...

Read more »

ရွှေပြည်သာမြို့နယ် ၀န်ထမ်းကြီးများရပ်ကွက်က ပြဿနာ (ပေးစာ)

May 3, 2012
ရွှေပြည်သာမြို့နယ် ၀န်ထမ်းကြီးများရပ်ကွက်က ပြဿနာ (ပေးစာ)

မေ ၃၊ ၂၀၁၂ …………….. သို့ ဦးသိန်းစိန် သမ္မတ ပြည်ထောင်စုမြန်မာနိုင်ငံ။ အကြောင်းအရာ။ ။ မြေကွက်များရိုက်ပြီး မြေကြီးများဖို့နေခြင်းအား ကန့်ကွက်ခြင်း။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်းရှိ ၀န်ထမ်းကြီးများရပ်ကွက်၊ ရွှေပြည်သာ ကွေ့အနီး၊ အမှတ် (၄) လမ်းမကြီးနှင့် မြို့ပတ်လမ်းအကြားတွင်ရှိသော မြေကွက်လပ်အပေါ်တွင် အကွက်များရိုက်၍ မြေကြီးများဖို့နေကြ ပါသည်။ အမှတ် (၄) အဝေးပြေးလမ်းသည် ယခုအခါ (၂) လမ်းသွားအဆင့်သာတည်ရှိနေပါသည်။ နေ့စဉ်ကုန်တင်ကားကြီးများ၊ သစ်လုံးတင်ကား ကြီးများ၊ ရွှေပြည်သာမြို့အတွင်းမှ လိုင်းကားများ၊ လှော်ကားမှလိုင်းကားများ၊ ကွန်ပြူတာကျောင်းကြိုပို့ကားများ၊ မှော်ဘီကျောင်းကြိုပို့ ကားများ၊ ကိုယ်ပိုင်ကားများ နေ့စဉ်အသုံး ပြုနေရသောလမ်း ဖြစ်သောကြောင့် မကြာခဏ လမ်းပိတ်ဆို့နေခြင်းများဖြစ်ပေါ်နေပါသဖြင့် နောင်တချိန်တွင် လမ်းတိုးချဲ့ရန် မလွဲမသွေလို အပ်သောလမ်းမကြီးလည်းဖြစ်ပါသည်။ အမှတ် (၄)...

Read more »

MoeMaKa Reader – ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်

May 3, 2012
MoeMaKa Reader – ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ်

ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်သာသိရင် ၀မ်းသာရှာမယ် မိုးမခစာဖတ်သူတဦး (မြက်ခင်းစိမ်း)။ မေ ၃၊ ၂၀၁၂ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီအမတ်များ ရွေးကောက်ပွဲကိုဖြတ်ပြီး လွှတ်တော်ထဲ ၀င်ရောက်သွားပြီ။ ၂၀၀၈ အခြေခံဥပဒေကို ပဏာမအားဖြင့် လက်ခံပြီး လွှတ်တော်တွင်းမှာ ပြုပြင်ပြင်ဆင်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတွေ ဆောင်ရွက်တော့မယ့် လမ်းကို စတင် လျှောက်လမ်းလိုက်ပြီ။ ဒီမြင်ကွင်းကို ကြည့်ရှုရင်းနဲ့ ၂၀၁၂ နှစ်သစ်ကူးမှာ အကြွေစောခဲ့ရှာတဲ့ မြန်မာအီးဂရက်စ် ထူထောင်သူ၊ ဒေါက်တာနေ၀င်းမောင်သာ သက်ရှိထင်ရှားသာ ရှိနေသေးရင် သူမျှော်မှန်းခဲ့သလို အိပ်မက်မက်ခဲ့တဲ့မြင်ကွင်းကို ကြည့်ပြီး ၀မ်းသားအားရဖြစ်ရှာမယ်လို့ တွေးနေမိတယ်ဗျာ။ အခု မိုးမခက အမြင်ချင်း မတူသူတွေ၊ အခြားတဖက်က တွေးသူတွေ၊ ခင်ဗျားတို့တတွေ ပြန်ကြည့်ချင်ကြည့်ဖို့ ဆိုပြီး ကိုနေ၀င်းမောင်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ဟောပြောခဲ့တဲ့...

Read more »