ပင်တိုင်ကဏ္ဍ

နှလုံးသားတွေလှူတဲ့နေ့

နှလုံးသားတွေလှူတဲ့နေ့

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂ ၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတဖျော်ဖြေပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှု အသင်း (ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည်ဖြစ်သော်ငြားလည်း ယင်းည ဖျာ်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့်မပြုခြင်း၊ အသင်း၏ယူနီဖောင်းဖြစ်သော အဖြူ အနက်ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့်...

Read more »

Than Win Hlaing – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)

Than Win Hlaing – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)

သန်းဝင်းလှိုင် ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် မက်ဇင်ဂျာနယ်သို့ ချီးမြှင့်ခဲ့သည့် ကိုမင်းကိုနိုင်၏ သရက်ထောင်တွင်းလက်ရာ ● ဘီဒီအေ ဖွဲ့စည်းသည့်နေ့စွဲအမှား ဘီဒီအေဆိုသည်မှာ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်ကို အင်္ဂလိပ်ဘာသာဖြင့် Burma Defence Army ဟု ခေါ်သောကြောင့် အတိုကောက်အားဖြင့် B.D.A (ဘီဒီအေ) ဟု ခေါ်နေကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်နှင့်ဘီအိုင်အေတို့က မြန်မာနိုင်ငံကိုသိမ်းမိပြီးသောအခါ မြန်မာနိုင်ငံတွင် အင်္ဂလိပ်တပ်များထွက်ခွာသွားပြီးဖြစ်၍ အင်္ဂလိပ်တပ်များပြန်ဝင်မလာနိုင်စေရန် ကာကွယ်ရန်သာလိုသည့်အတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဗမာ့ကာကွယ်ရေး တပ် မတော် (ဘီဒီအေ) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းသည့်ရက်စွဲမှာ ၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ရက် ဖြစ်သည်။ မြဒေါင်းညိုကလောင်အမည်ခံ ဒေါက်တာအောင်သိန်းပြုစုသည့် `ရဲဘော်သုံးကျိပ်´ ပထမတွဲစာအုပ် စာမျက်နှာ...

Read more »

သံသရာခရီးသည် – Mar Mar Aye – 411

သံသရာခရီးသည် – Mar Mar Aye – 411

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၁) မာမာအေး ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂

Read more »

အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ ၁၃.၂.၂၀၁၂ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည်နှင့်အညီ ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်အရေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ခြင်း အခမ်းအနားကို အမှတ် ၁၀၁ (ဘီ)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ရုပ်ရှင်အနုပညာသမားများ၊ စာပေအနုပညာရှင်များနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့အပြင် အလှူရှင်များ၊ စာနယ်ဇင်းဆရာများတက်ရောက်ခဲ့ကြသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့မှ လူကြီးများ၊ လူငယ်များတက်ရောက် အားပေးခဲ့ကြသည်။ ဦးစွာ ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲ ကောင်းများ အားရည်စူး၍ (၁) မိနစ်ခန့် ငြိမ်သက်စွာ...

Read more »

Interview with U Win Tin – အင်တာဗျူး အပိုင်း ၃၊ ရွေးကောက်ပွဲသို့ သွားရာလမ်း

Interview with U Win Tin – အင်တာဗျူး အပိုင်း ၃၊ ရွေးကောက်ပွဲသို့ သွားရာလမ်း

ဦးဝင်းတင်နဲ့ မေးခွန်းများ -  ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း မိုးမခ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂ အင်တာဗျူး အပိုင်း ၃၊ ရွေးကောက်ပွဲသို့ သွားရာလမ်း  နောက်ဆက်ပြီး မေးချင်တဲ့မေးခွန်းက ကြားဖြတ်ရွေးကောက်ပွဲပေါ့ဆရာ။ ပါတီ မှတ်ပုံတင်လိုက်ပြီ။ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း ၄၈ ဦး စာရင်းတင်လိုက်ပြီ။ ပါတီကိုယ်တိုင်ကလည်း ဦးဆောင်မှုအဖွဲ့အသစ်ကို ထူထောင်လိုက်ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်းရုံးရေးခရီးစဉ်တွေ ထွက်နေပြီ။ ၂၀၁၁ နှစ်မကုန်မီကနေ အခု ၂၀၁၂ နှစ်ဆန်း ၂လပိုင်းမှာတင် အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းတွေဟာ အရှိန်အဟုန်နဲ့ ဖြစ်လာတယ်။ ကြားထဲမှာ မတ်လ တလပဲ ရှိတယ်။ သိပ်မကြာခင် ဧပြီလဆန်းမှာ လက်ရှိအစိုးရ စီစဉ်ပေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကို ဖြတ်သန်းကြရတော့မယ်။...

Read more »

Interview with U Win Tin – လူထုရဲ့ နိုင်ငံရေး ရေချိန်

Interview with U Win Tin – လူထုရဲ့ နိုင်ငံရေး ရေချိန်

ဦးဝင်းတင်နဲ့ မေးခွန်းများ – ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း မိုးမခ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၂ အင်တာဗျူး အပိုင်း ၂၊ လူထုရဲ့ နိုင်ငံရေး ရေချိန်  ပြည်ထောင်စုနေ့ နှစ်ပတ်လည်နဲ့တဆက်တည်း မေးချင်တာကတော့ တိုင်းရင်းသားမြန်မာပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးနိုးကြားမှု ရေချိန်ဟာ တက်ကြွအားကောင်းနေပြီလို့ ပြောကြတယ်။ မြင့်မားလာတယ်။ အဆိုးမြင်စိတ်တွေထက် အကောင်းမြင်တဲ့စိတ်တွေနဲ့ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေကို မြင်တွေ့နေရတယ်လို့ ပြောနိုင်ပါသလား ခင်ဗျာ။ ကျနော် အရင်တပတ်က မန္တလေးကို ခရီးသွားခဲ့တယ်။ အယင်ကဆို တလျောက်လုံးမှာ ကျနော်က ရန်ကုန်နိုင်ငံရေးမှာ နစ်နေတယ်။ အဖွဲ့ချုပ်နိုင်ငံရေးလှုပ်ရှားမှုထဲမှာ နစ်နေတယ်လို့ ပြောရမယ်ဗျာ။ အခုနောက်ပိုင်းမှာမှ အဖွဲ့ချုပ်ရဲ့အာဘော် ပါတီစာစောင်လေး ထုတ်ဝေတဲ့ဆီမှာ ပြန်ကြားရေးအဖွဲ့သားတွေနဲ့ ၀ိုင်းပြီးလုပ်ကို်င်ဖြစ်တဲ့ဆီမှာမှ ပြည်သူတွေရဲ့...

Read more »

Interview with U Win Tin – ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း

Interview with U Win Tin – ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း

ဦးဝင်းတင်နဲ့ မေးခွန်းများ – ပြည်ထောင်စု၊ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ ရွေးကောက်ပွဲသို့ သွားရာလမ်း မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂ အင်တာဗျူး အပိုင်း ၁၊ ပြည်ထောင်စု ပြည်ထောင်စုနေ့  ၆၅ နှစ်မြောက် နှစ်ပတ်လည်မှာ တိုင်းရင်းသားတွေနဲ့ အားလုံးအတူတကွ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး အခြေအနေ၊ အလားအလာကို ဘယ်လို ပြောချင်သလဲ ဆရာ။ အရင်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရတွေကြားမှာ အပစ်အခတ်ရပ်စဲရေးတွေပဲ လုပ်ခဲ့ကြတယ်။ အပစ်အခတ်ရပ်စဲရေး ကာလတွေကို ကျော်ဖြတ်ခဲ့တယ်။ ဒါဟာ တိုင်းရင်းသားနယ်မြေတွေမှာ သေနတ်သံတွေ တိတ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးဆိုတာဟာ တိုင်းရင်းသားတွေနဲ့တကွ ပြည်ထောင်စုကြီးတခုလုံးက လိုလားတဲ့ ငြိမ်းချမ်းရေး၊ နို်င်ငံရေးအရ အဖြေရှာရေးဆိုတာတွေအတွက် အဖြေမဟုတ်သေးဘူး။ တိုင်းရင်းသားတွေနဲ့အတူတူ ကျနော်တို့ အင်န်အယ်ဒီပါတီအပါအ၀င်...

Read more »

စေတနာ (၈) နှစ်ပြည့် ခရီးလမ်း

စေတနာ (၈) နှစ်ပြည့် ခရီးလမ်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂ ၁၁.၂.၂၀၁၂ (စနေနေ့) နံနက် (၆း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌနှင့် အသင်းသား/သူများတို့သည် ရန်ကုန် တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ “စေတနာ” နာရေးကူညီမှုအသင်း (၈) နှစ်ပြည့် နှစ်ပတ်လည်အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ သွား ရောက်ခဲ့ကြသည်။ ဝါးတန်းဆိပ်ကမ်း၌ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ “စေတနာ” နာရေးကူညီမှုအသင်းအဖွဲ့ဝင်များ စက်လှေ (၂) စီးဖြင့် ရောက်ရှိနေကြကာ ကြိုဆိုစောင့်ဆိုင်းနေတော့သည်။ ဆိပ်ကြီးခနောင်တို “စေတနာ” နာရေးကူညီမှုအသင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ၁၂.၄.၂၀၀၃ ခုနှစ်မှစ၍ ယနေ့အထိ နာရေးကူညီမှု စုစုပေါင်း (၆၄၇) ဦးအား ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်သည်။ “စေတနာ” နာရေးကူညီမှုအသင်း စတင်ဖွင့်လှစ်ခဲ့သော...

Read more »

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၀) – Mar Mar Aye – 410

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၀) – Mar Mar Aye – 410

မာမာအေး ဖေဖော်ဝါရီ ၉၊ ၂၀၁၂ သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ

Read more »

အလယ်ရွာမီးဘေးသို့ အလှူ

အလယ်ရွာမီးဘေးသို့ အလှူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဖေဖော်ဝါရီ ၉၊ ၂၀၁၂ ၆၊ ၂၊ ၂၀၁၂ (တနင်္လာနေ့) မွန်းလွဲ ၁၂း ၀၀ နာရီခန့်အချိန်၌ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အလယ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး ထရံကာ အိမ်ခြေ (၃၀၀) ခန့်နှင့် ပျဉ်ထောင်အိမ် (၃၇) လုံး စုစုပေါင်းအိမ်ခြေ (၃၄၅)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီဒီယာများ၏ဖော်ပြချက်များအရ သိရှိခဲ့ရသည်။ ၇၊ ၂၊ ၂၀၁၂ ရက်နေ့သည် မြန်မာရုပ်ရှင်လောကသားများအတွက် မှတ်တိုင်ထူရမည့် အကယ်ဒမီ ရွှေစင်ရုပ်ဆု ချီးမြှင့်ပွဲနေ့ရက်လည်း ဖြစ်ပေသည်။ ယင်းနေ့နံနက် (၉း ၀၀) နာရီအချိန်တွင် ဥက္ကဋ္ဌ ဦးကျော်သူမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက်...

Read more »

မိုးမခ စာအုပ်များ မှာကြားပါ

သင့်ကြော်ငြာကို သည်နေရာမှာ ရယူပါ

Find us on Facebook !!!

Twitter: moemaka

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 23 other subscribers

မိုးမခလမ်းညွှန် အင်တာနက်စာမျက်နှာများ

စာဖတ်သူတွေရဲ့အသံ

မိုးမခ လစဉ် စာမူများ