ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

၂၀၁၂ သောက်သုံးရေအလှူ

May 7, 2012
၂၀၁၂ သောက်သုံးရေအလှူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) မေ ၇၊ ၂၀၁၂ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ နွေရာသီ၌ ထူးခြားလာသည်မှာ ရေရှားပါးခြင်းဖြစ်တော့သည်။ အထူးသဖြင့် သောက်ရေရှားပါးခြင်းဖြစ်သည်။ သောက်ရေမရှိတော့မှ လူ့ခန္ဓာကိုယ်ကြီး ဒုက္ခရောက်တော့မည်ဖြစ်သည်။ လူ့ခန္ဓာကိုယ်ကြီးထဲတွင် ရေဓါတ် ၇ဝ ရာခိုင်နှုန်းမျှပါဝင်သည်။ လူ့ခန္ဓာကိုယ်ကြီးအား ရေနှင့်တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အသက်ရှင်သန်ခြင်းသည် ရေကြောင့်ဖြစ်သည်။ သောက်သုံးရေကန်များခန်းခြောက်ပြီး သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အ တွင်းတွင် သောက်သုံးရေများ လုံလောက်စွာရရှိရန်အတွက် ၄.၅.၂၀၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ အလုပ်အမှုဆောင် ဦးတင်မောင်အေးတို့ဦးဆောင်၍ အသင်းသားများတို့သည် ရွှေပြည် သာမြို့နယ်ရှိ Tun Linn Group...

Read more »

FFSS Yangon – နာရေးကူညီမှုအသင်း၏ ပညာဒါန နှိုးဆော်ချက်

April 30, 2012
FFSS Yangon – နာရေးကူညီမှုအသင်း၏ ပညာဒါန နှိုးဆော်ချက်

နာရေးကူညီမှုအသင်း၏ ပညာဒါန နှိုးဆော်ချက် မိုးမခရွာဆော်ကြီး၊ ဧပြီင်္ ၃၀၊ ၂၀၁၂ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဇွန်လ ပထမအပတ်မှ စတင်၍ တက္ကသိုလ်ဝင်တန်း (၁၀) တန်း ကျောင်းသား/သူများအတွက် ပညာဒါန စာသင် စာကျက်ဝိုင်း ဖွင့်လှစ်မည်ဖြစ်ပါသဖြင့်  စိတ်ပါဝင်စား ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သော စေတနာ့ဝန်ထမ်း ဆရာ/မများနှင့် စာသင်စာကျက် ဝိုင်း တက်ရောက်လိုသော ကျောင်းသား/သူများ မေလကုန် နောက်ဆုံးထား၍ နာရေးကူညီမှုအသင်း (ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၅၈၀၁၃၃၊ ဒေါ်ဧရာမောင်မောင် – ၀၉ ၇၃၀ ၃၁၁၈၂ သို့အား ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အများ ပြည်သူသို့ အသိပေး နှိုးဆော်အပ်ပါသည်။

Read more »

အနာဂတ်အတွက် ပရဟိတဆေးပညာရှင်များ

April 30, 2012
အနာဂတ်အတွက် ပရဟိတဆေးပညာရှင်များ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၃၀၊ ၂၀၁၂ “ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်အံ့” ဟူသည့်ဆောင်ပုဒ်အား ပညာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထား သည်နှင့်အညီ ပညာရေးကဏ္ဍသည် အရေးပါသော အဓိကကျသောကဏ္ဍတစ်ရပ်ဖြစ်သည်။ အောင်မြင်တိုးတက်ပြီး ဖွံ့ဖြိုးသည့်နိုင်ငံဖြစ်ဖို့ ပညာရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျှက်ရှိပေသည်။ ထို့အပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှလည်း လွှတ်တော်အစည်းအဝေးတွင် ပြည်သူ/သားအားလုံးတို့အား “သေနတ်အစား တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ကြပါစေ” ဟူ၍ ပညာရေးကဏ္ဍအား ပညာရေးအသုံးစာရိတ်များတိုးမြင့်မည်ဟု တရားဝင်ပြောကြားခဲ့သည်။ ပညာသင်ကြားမှု အခန်းကဏ္ဍများတွင် ဆေးပညာရပ်သည် အရေးပါသောအခန်းကဏ္ဍတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆို နိုင်ငံတော် သစ်ထူထောင်ရာတွင် အများပြည်သူတို့၏ လူ့စွမ်းအားအရင်းအမြစ်အား တိုးမြှင့်နိုင်ရန်အတွက် လူသားတို့သည် ကျန်းမာသန်စွမ်းဖို့ အဓိက ဖြစ်သည်။ ကျန်းမာသန်စွမ်းပါမှ မိမိတတ်မြောက်ထားသော အင်ဂျင်နီယာပညာရပ်၊ ဗိသုကာပညာရပ်၊...

Read more »

အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ

April 28, 2012
အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၂၈၊ ၂၀၁၂ သင်္ကြန်ဆိုသည်နှင့်သံချပ်ဆိုသည် ခွဲလို့ရသည့်အရာမဟုတ်ချေ။ သင်္ကြန်ချိန်ခါရောက်တိုင်း စိတ်ဝင်တစား အားပေးနားဆင်ခဲ့ရသည့် သ င်္ကြန်သံချပ်များ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့သည့်အတွက် အသက် (၂၀) ဝန်းကျင်လူငယ်များအဖို့ သံချပ်ဆိုတာ ရေရေ လည်လည်သိမြင်နိုင်ဖို့မှာ ခဲယဉ်းသည့် အရာပင်ပေသည်။ ယခုနှစ် (၁၃၇၃ ခုနှစ်) သင်္ကြန်တွင်တော့ တခေတ်တခါက ထင်ရှားသော သံချပ် အဖွဲ့များပါဝင်သလို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့သည် ဟိုယခင်ကနာမည်ရခဲ့သည့် “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့” နှင့် ပူးပေါင်းကာ သင်္ကြန်ပထမအကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပွဲဦးထွက်စတင်ဖျော်ဖြေခဲ့ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များသို့ သွားရောက်လှည့် လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။ (၈၈) မျိုးဆက်ကျောင်းသားများထိုးသည့်သံချပ်များသည် အကျဉ်းထောင်ထဲ၌ရေးစပ်ခဲ့ သည့်သီချင်းများနှင့်အတူ...

Read more »

အာဟာရဒါနကုသိုလ်နှင့် ဆေးကုသိုလ်

April 26, 2012
အာဟာရဒါနကုသိုလ်နှင့် ဆေးကုသိုလ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၂၆၊ ၂၀၁၂ • မျိုးဆက်သစ်တို့အတွက် အင်အား ၂၃.၄.၂၀၁၂ (တနင်္လာ) နေ့ နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ အသင်းသား/သူများတို့သည် ဘုရင့် နောင်ပွဲရုံရှိ ရွှေစင်စင်္ကြာ ဆန်ရောင်းဝယ်ရေးသို့သွားရောက်ကာ အလှူရှင် ဦးလှမိုးလှိုင်+ဒေါ်ဝေဝေခိုင် (ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားပို့ ဆောင်ရေးမိသားစု) တို့မှ လှူဒါန်းသော (၄) ပြည်ဝင်ဆန်အိတ် (၂၀၀၀) အိတ်တို့အား ဆယ်ဘီးကားကြီ (၂) စီးဖြင့်တင်ဆောင်၍ ရွှေစင် စင်္ကြာ ခရီးသွားပို့ဆောင်ရေးအဖွဲ့သားများ၏လှူဒါန်းမှုများအား နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့်ပူးပေါင်း၍ ကော့မှူး မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့လိုက်ပါ၍ လုပ်အားဒါနပြု လှူဒါန်းမှုများပြုလုပ်ခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည်...

Read more »

မျှဝေမှုနှင့် ပေးဆပ်မှု

April 24, 2012
မျှဝေမှုနှင့် ပေးဆပ်မှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၂၄၊ ၂၀၁၂ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဝန်ထမ်းများ၊ လုပ်အားပေး အ သင်းသား/သူများတို့သည် နေ့တဓူဝ ပေးဆပ်လုပ်ကိုင်ဆောင်ရွက်ပေးလျှက်ရှိသလို အခါအားလျော်စွာဖြစ်ပေါ်သည့် သဘာဝဘေး အန္တ ရာယ် (မီးဘေး၊ ရေဘေး၊ လေဘေး) အရေးပေါ် ကူညီကယ်ဆယ်ရေးများကိုလည်း တတ်စွမ်းသရွေ့ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျှက် ရှိပေသည်။ ၎င်းအပြင် မြန်မာနိုင်ငံတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ၊ နာရေးကူညီမှုအသင်းအဖွဲ့များ၊ ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်းများ အစရှိသည့် အများပြည်သူတို့အား လုပ်ကိုင်ပေးဆပ်နေကြသည့် ကိုယ်ထူကိုယ်ထအသင်းအဖွဲ့များ၏ လိုအပ်သည့် အလှူ ငွေများနှင့် အထောက်အကူပြုပစ္စည်းများအားလည်း အခါအားလျော်စွာ ထောက်ပံ့ကူညီ လှူဒါန်းမျှဝေမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။ ၂၂.၄.၂၀၁၂ နံနက်...

Read more »

သာဓု .. သာဓု .. သာဓုပါဗျာ

April 21, 2012
သာဓု .. သာဓု .. သာဓုပါဗျာ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၂၁၊ ၂၀၁၂ ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် “သာဓုပါဗျာ” သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေတင်ဆက်ခဲ့ရာ အလှူငွေများရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့ များသို့ မိမိတို့ ဖျော်ဖြေရေးမှရရှိသောအလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။ ၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ “သာဓု ပါဗျာ” သံချပ်အဖွဲ့ (ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း) တို့မှ အလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု) မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သား...

Read more »

ဘက်စုံပေးဆပ်မှုများ

April 21, 2012
ဘက်စုံပေးဆပ်မှုများ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၂၁၊ ၂၀၁၂ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ထပ်မံ၍ တိုးချဲ့ပေးဆပ်မည်ဖြစ်သော အရေးပေါ်ကူညီ ကယ်ဆယ်ရေးတည်းဟူသော မီးလောင်ကျွမ်းမှု၊ မော်တော်ယာဉ်တိုက်မှု စသည့်မှုခင်းများတွင် အသက်အန္တရာယ်စိုးရိမ်ရသောလူနာများအား အချိန်မီအသက်ကယ်တင်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဆေးရုံကြီးများသို့ ပို့ဆောင်ကယ်တင်နိုင်ရန်ရည်ရွယ်ကာ

Read more »

မကောင်းမှုဒုစရိုက်များကို ရိုက်ချိုးခဲ့သောနှစ်

April 19, 2012
မကောင်းမှုဒုစရိုက်များကို ရိုက်ချိုးခဲ့သောနှစ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၁၉၊ ၂၀၁၂ ၂၀၁၂ သင်္ကြန်ကာလအတွင်း သင်္ကြန်အတက်နေ့၏ နာရေးကူညီမှုလုပ်ငန်းများသည် ယခင်သင်္ကြန်အကြို၊ အကျ၊ အကြတ်(ပ)၊ အကြတ် (ဒု)၊ အတက်နေ့ရက်များနည်းတူ ညနေ (၅း၀၀) နာရီအချိန်တွင် မပြီးဆုံးသေးပေ။ မြန်မာ့ရှေး၁ထုံးတမ်းတစ်ခုဖြစ်သော ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော ခန္ဓာကိုယ်တို့အား နောက်တစ်နှစ်သို့ မကူးပြောင်းစေလိုခြင်းကြောင့် ည (၁၂း၀၀) အချိန်အထိ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသား/သူနှင့် ၀န်ထမ်းတို့သည် ဆက်လက်ကူညီဖေးမပေးဆပ်မှုများပြုလုပ်ခဲ့ရာ ယခုနှစ်သင်္ကြန်အတက်နေ့ည၌ နာရေး ကူညီမှုလမ်းကြောင်း (၄) ကြောင်းသာ ကူညီဖေးမပေးခဲ့ရသည်။ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး-ဒေါ်ရွှေဇီးကွက်တို့ဦးဆောင်ပြီး ည (၈း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ (၃၁) လမ်းရှိဒေါ်အုန်းမြင့် အသက်...

Read more »

ခေါင်းဆေးမင်္ဂလာနှင့်အတူ

April 17, 2012
ခေါင်းဆေးမင်္ဂလာနှင့်အတူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) ဧပြီ ၁၇၊ ၂၀၁၂ ၁၆၊ ၄၊ ၂၀၁၂ သင်္ကြန်အတက်နေ့သည် မင်္ဂလာတရားနှင့်အညီ ငြိမ်းချမ်းမှုအတိတ်နိမိတ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် နံနက် (၇း၂၀) အချိန်၌ ဖော်ဆောင်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ ဒေါ်ခိုင်ခိုင်ဝင်းသည် ၁၅၊ ၄၊ ၂၀၁၂ ရက်နေ့တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်) ၌ ၁၆၊ ၄၊ ၂၀၁၂ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် စတုဒီတာအဟာရဒါနအဖြစ် နန်းကြီးသုပ် ကျွေးမွေး ချက်ပြုတ်ရန်အတွက် ညအိပ်လာရောက်ခဲ့ရာ စာကလေးငှက်ငယ်ပေါင်း (၅၀) ခန့်ကို ၀ယ်ယူလာခဲ့သည်။ ထိုငှက်ငယ်များအား ညဘက်တွင် အစာကျွေး၊ ရေတိုက်ခဲ့ကာ ၁၆၊ ၄၊ ၂၀၁၂ နံနက်...

Read more »

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ