သမိုင်းနဲ့ အစဉ်အလာ

Than Win Hlaing – သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း (အပိုင်း ၁)

May 14, 2012
Than Win Hlaing – သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း (အပိုင်း ၁)

သန်းဝင်းလှိုင် ။ မေ ၁၄၊ ၂၀၁၂ မြန်မာပြည်တွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် ကွယ်လွန်သူ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမ္မ တဟောင်းနှင့်စစ်အာဏာရှင် အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်းသည် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးမှ အဖွဲ့ဝင် ဖြစ်ပြီး၊ ဂျပန်စစ်ပညာသင် စတုတ္ထအသုတ်အဖွဲ့ဝင်လည်း ဖြစ်သည်။ အငြိမ်းစားဗိုလ်ချုပ်ကြီးနေဝင်း၏ အမည်အရင်းမှာ ကိုရှုမောင်ဖြစ်သည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်လာသောအခါ သခင်ရှုမောင်ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ တကာစုဂိစုစုမု (Takasugi Susumu) ဖြစ်သည်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့၌ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်နေဝင်းဖြစ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖျက်သိမ်း​၍ နိုင်ငံတော်ကောင်စီစတင်ဖွဲ့စည်းချိန်တွင် ဦးနေဝင်းဖြစ်လာသည်။ ဦးနေဝင်းကို ၁၉၁၀ ပြည့်နှစ်...

Read more »

U Kyi Maung – ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း

April 21, 2012
U Kyi Maung – ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း

၉၀ ရွေးကောက်ပွဲရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ကွယ်လွန်သူ ဦးကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း ပြည်သူ့ခေတ်ဂျာနယ်အခမ်းဆက် ပြန်လည်ကောက်နုတ်ချက်၊ ဧပြီ ၂၁၊ ၂၀၁၂ ( ဧပြီလထဲမှာ ပြည်သူ့ခေတ်ဂျာနယ်မှာ ဦင်္းကြည်မောင်ရဲ့ နိုင်ငံရေးစာတမ်း ၁ခု အခမ်းဆက်ပါလာတယ်။ ဦးကြည်မောင်ကို ပြန်လည်မိတ်ဆက်ရရင် အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင်တဦး၊ ၉၀ ရွေးကောက်ပွဲမှာ ပါတီကို အနိုင်ရပါတီအဖြစ် ဦးဆောင်ခဲ့သူ၊ တပ်မတော်ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၂၀၀၄ မှာ ဆရာကွယ်လွန်တယ်။ ပါတီထူထောင်ချိန်က စတင်ပြီး သုတေသနဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်လို့ သူ့ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားတာကြောင့် ကိုလိုနီခေတ် ကျောင်းသားသပိတ်အရေးတော်ပုံတပ်သားတဦးအဖြစ်ကနေ အမျိုးသားရေးအတွက် စွမ်းစွံတမန်ဆောင်ရွက်ခဲ့သူ ဒီမိုကရေစီခေါင်းဆောင်တဦးရဲ့ မာန်မာနမရှိမှုကို ဖော်ကျုးထားသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။ ၂၀၀၃ ခုနှစ် တနှစ်လုံး လူငယ်တွေအတွက် စာမျက်နှာ ၆၀ လောက်ရှိတဲ့ နိုင်ငံရေးစာတမ်းတွေ ရေးနေခဲ့ပါတယ်။...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ (၁၇) ဦးဃောသိတ

April 19, 2012
အညတရအကျဉ်းသားရဟန်းတော်များ (၁၇) ဦးဃောသိတ

အရှင်ပညာနန္ဒ ဧပြီ ၁၉၊ ၂၀၁၂ ၂၀၀၈ ခုနှစ်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်သွားပြီးတဲ့နောက်ပိုင်း လူဦးရေနှစ်သန်းနီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး အစားအသောက် ကျန်းမာရေး နေထိုင်ရေး စတဲ့ကိစ္စတွေ အတော်လေးဒုက္ခရောက်ခဲ့ကြတာ လူတိုင်းအသိပါ။

Read more »

ရန်ကုန်မှ အပြန်

April 16, 2012
ရန်ကုန်မှ အပြန်

အရှင်ဝီရသူ ဧပြီ ၁၆၊ ၂၀၁၂ စာရေးသူအတွက်မူ တခါမျှ ရန်ကုန်ပရိသတ်နှင့် ထိတွေ့ဖူးခြင်းမရှိလေသောကြောင့် ရန်ကုန်ပရိသတ်နှင့် ထိတွေ့ခွင့်ရသည်ကိုပင် ကျေးဇူး တင်ရမည် ဖြစ်ပေသည်။ တရားပွဲများ ဆက်လက်ပင့်ကြရာ အချိန်မရ၍သာ လက်မခံနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အာဖဂန်သံစဉ်မှ မြန်မာသံစဉ်သို့ ပြောင်းသွားသော်လည်း အားပေးမြဲဖြစ်သော ရန်ကုန်ပရိသတ်ကို အထူးကျေးဇူးတင်ရမည် ဖြစ်ပေ၏။ အပြန် လေယာဉ်ပေါ်တွင် တိပိဋကဓရ တိပိဋကကောဝိဒ (အာဂုံပြန်ဆိုရော၊ ရေးဖြေပါ) အောင်မြင်ခဲ့သူ တိပိဋက အသစ်စက်စက် တိပိဋက ပူပူနွေးနွေးဖြစ်သော တေရသမတိပိဋကဓရ ဆရာတော် ဦးဣန္ဒာစရိယနှင့် ထိုင်ခုံမှာ အတူဆုံဖြစ်ကြပေသည်။ စာရေးသူက ယာအစွန်၊ တိပိ ဋကဆရာတော်က အလယ်ကောင်၊ စီးပွားရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဝဲအစွန်တွင် အတူထိုင်ကြရလေသည်။ တိပိဋကဆရာတော် ဦးဣန္ဒာစရိယကမိတ်ဆက်ပေး၍ ဝန်ကြီးနှင့်စကား...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ (၁၆) – အရှင်ဥက္ကံသ (မွန်)

April 7, 2012
အညတရအကျဉ်းသားရဟန်းတော်များ (၁၆) – အရှင်ဥက္ကံသ (မွန်)

အရှင်ပညာနန္ဒ ဧပြီ ၇၊ ၂၀၁၂ ဘွဲ့ အမည် – အရှင်ဥက္ကံသ မွေးသက္ကရာဇ် – ၁၉၈၀ နေရပ် – မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာ အဖမ်းခံရသည့်နေ့ - ဇူလိုင် ၁၊ ၂၀၁၀ ပုဒ်မ – ၅၀၅ (ခ)၊ ၁၇/၂၀၊ ၃၃ (က)/၃၈ ချမှတ်ခံရသည်ထောင်ဒဏ် – ၁၅ နှစ်။ နေခဲ့ရသည့်ထောင် – အင်းစိန်ထောင်၊ ပုသိမ်ထောင် လွတ်ရက် – ဇန်ဝါရီ ၁၃၊ ၂၀၁၂ • အမျိုးသားရေးလှုပ်ရှားမှုများ (၁) မွန်အမျိုးသားကျောင်းတွင် (၁၉၉၉ မှ၂၀၀၁) အထိ ကျောင်းဆရာလုပ်ခဲ့။ (၂) Save the children...

Read more »

၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတစ်ယောက်၏မိသားစုဘဝ

March 27, 2012
၁၉၉၂ မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှ လူတစ်ယောက်၏မိသားစုဘဝ

 စိန်စိန်သူ မတ်လ ၂၇၊ ၂၀၁၂ ကျမဖေဖေ၏သေဆုံးမှုတွင် ရက်စက်စွာပါဝင်ဆင်နွှဲခဲ့ကြသောသူများသည်လည်း မိဘ၊ မိသားစုဘ၀ မျှော်လင့်ချက်၊ အနာဂတ်ဘ၀ဆိုတာ ရှိကြမှာပင်။ သို့သော် လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ဖေဖေအပါအ၀င် လူပေါင်းများစွာ၏အသက်၊ မိသားစုဘ၀၊ အနာ ဂတ်ပေါင်းများစွာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပါသောလူတစ်စုသည် အမှန်တကယ်ရှိခဲ့ပါတယ်။ ထိုလူတစု၏ လုပ်ကြံစွပ်စွဲမှုကို ခံခဲ့ရ သော အမှန်တကယ်နစ်နာသူများစွာထဲကတဦးဖြစ်သည့် ကျမဖေဖေ၏ဘ၀အကြောင်းကို ပြောပြလိုပါတယ်။ ဖေဖေဦးစိန်ကို ၁၉၄၄ ခု၊ မတ်လ ၂၈ ရက်နေ့မှာ ပဲခူးတိုင်း၊ စစ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ ဦးသန်း၊ ဒေါ်စောညွှန့်တို့၏ သားသမီး (၆) ယောက်တွင် အငယ်ဆုံးသားပါ။ ကျမအဖွား မေမေကြီးဒေါ်စောညွှန့် ကျမကိုပြောခဲ့သော စကားတစ်ခွန်းရှိပါတယ်။ “ငါ အချစ်ဆုံးနဲ့ အမုန်း ဆုံးက တယောက်တည်း” ဟုပါ။...

Read more »

ဆရာနော်မိန်း

March 25, 2012
ဆရာနော်မိန်း

ဇော်သစ် (Kachinland News သတင်းဌာန – တာဝန်ခံအယ်ဒီတာ) မတ်လ ၂၅၊ ၂၀၁၂ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း၊ နှစ်လိုဖွယ်ရာအပြုံးနှင့် ကင်မရာတခုခုကို အမြဲကိုင်ဆောင်ထားတတ်သူ၊ ဇာတ်ညွှန်း၊ ဇာတ်ဖွဲ့ တခုခုကို အမြဲတွေးတောစဉ်းစားနေတတ်သူ၊ ဇာတ်ကားရိုက်ခြင်းကို ဝါသနာထုံသူ ဆရာနော်မိန်းအား ၂ဝဝဝ ခုနှစ်၊ မတ်လ၌ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရုံးတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ လူငယ်ဌာနမှကြီးမှူးကျင်းပသော လူငယ်ခေါင်းဆောင်အမြင်ဖွင့်သင်တန်း တစ်ခုတွင် စတင်သိကျွမ်းခင်မင်ရင်းနှီးခဲ့ပါသည်။ ဆရာနော်မိန်းအား လူချင်းမရင်းနှီးခင်ကတည်းကပင်၊ ဆရာရေးသားသောဆောင်းပါးများကို ဖတ်ရှုလေ့လာ၍ လေးစားခင်မင်မိခဲ့ပါသည်။ အထူးသဖြင့် ဆရာနော်မိန်းသည် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်ကျောင်းတော်ကြီး၌ရယူရန် ကျောင်းသူ/သားတိုင်း မက်မောသော ဦးချစ်မောင် ဆုကိုရရှိသူ အဖြစ်လည်း လေးစားအားကျမိခဲ့ပါသည်။ ဆရာနော်မိန်းသည် ရရှိသောမိမိအခွင့်အရေးထက် လူ့အတိုင်းအဝိုင်းအတွက် ပေးဆပ်မှုကို ပို၍အလေးတစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၌ ဓမ္မပညာကို ထူးချွန်စွာအောင်မြင်ခဲ့သောကြောင့်...

Read more »

မှော်ရုံဟေဝန် … တောမြိုင်စွန်

March 24, 2012
မှော်ရုံဟေဝန် … တောမြိုင်စွန်

သိန်းသန်းဦး (၁၉၇၄၊ ၇၅၊ ၇၆၊ တိုက်ပွဲဝင်ရဲဘော်ဟောင်း) မတ်လ ၂၄၊ ၂၀၁၂ ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလားမသိ မှောင်မှောင်မဲမဲ။ အရင်း တုန်းကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ်ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုးကောင်းကင်မှ နှင်းစက်လား မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့တင်းမာနေသော ကျနော့်နှုတ် ခမ်းထက်သို့ ကျလာသည်။ ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့်မနောအာရုံထဲ ထိုးဖောက်ဝင်လာသည်။ ရေစီးသံသဲ့သဲ့က ခေါ်သံအဖြစ် တဖြေးဖြေးပီပြင် ကျယ်လောင်လာသည်။ ညီလေး . . . ညီလေး...

Read more »

ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း

March 23, 2012
ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း

မွန်ဦးမြေ မတ်လ ၂၃၊ ၂၀၁၂ အထက်ပါကျွန်းများအကြောင်းနှင့် ပိုင်ဆိုင်မှုများအကြောင်းကို ဆရာငြိမ်းချမ်းအေးက – စိန့်မာတင်၊ ရှင်မဖြူနဲ့  အင်္ဂလိပ်-မြန်မာ ပထမစစ် – အကြောင်းကို အများစိတ်ဝင်စားပြီး မှတ်သားဘွယ်ကောင်းတဲ့စာစောင်ကို ဖတ်ရပါတယ်။ ယခုစာစီနေတဲ့အချိန်အထိ မှတ်ချက်ပေါင်း ၃၇ ခုအထိဆွေးနွေးကြတာကိုကြည့်ပြီး အများစိတ်ဝင်စားတာရယ်၊ ဆရာကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြထားတာတွေကို အထူးကျေးဇူး တင်မိပါတယ်။ ကျနော်ကိုယ်တိုင်က သမိုင်းဆရာလည်းမဟုတ် စာရေးဆရာလည်းမဟုတ်ပေမဲ့၊ ရှေးမြေပုံတစ်ချပ်နှင့် စာအုပ်တစ်အုပ် ကြောင့် အထက်ပါကျွန်းများအကြောင်းကို ကျတော်နားလည်သလို အားဖြည့်ကူညီလိုပါသည်။ ပထမဦးဆုံး ကျနော့်မှာရှိသော မြေပုံအညွှန်းမှာ အောက်ပါအတိုင်းရေးထားပါသည်။ အထက်ပါစာအရ ၁၈၅၇ လန်ဒန်မြို့မှထုပ်ဝေခဲ့ပါသည်။ ဌင်းမြေပုံမှ စိန့်မာတင်ကျွန်းနေရာကိုကွက်ပြီးကူးယူ ဖေါ်ပြပါသည်။ အောက်ပါပုံ ကိုကြည့်ပါ၊ စက်ဝိုင်းအနီပြထားသောနေရာတွင်းမှာ St. Martin Is. ဆိုသောကျွန်းမှာ (မြစ်ကို...

Read more »

အညတရအကျဉ်းသားရဟန်းတော်များ (၁၅) ရွှေဝါရောင် ဦးကောဝိဒ

March 21, 2012
အညတရအကျဉ်းသားရဟန်းတော်များ (၁၅) ရွှေဝါရောင် ဦးကောဝိဒ

အရှင်ပညာနန္ဒ မတ်လ ၂၁၊ ၂၀၁၂ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလတုန်းက စစ်အဏာရှင်တွေရဲ့ လူမဆန်စွာဖမ်းဆီးခြင်းခံခဲ့ရတဲ့ မြို့ နယ်သံဃနာယက ဥက္ကဋ္ဌဟောင်းဆရာတော်ဦးကောဝိဒဟာ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သရက်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဆရာတော် ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာခဲ့ပေမဲ့လည်း အာဏာပိုင်တွေရဲ့ အနီးကပ်စောင့်ကြည့်တာကို

Read more »

မိုးမခမှာ ကြော်ငြာပါ

U Win Tin - Journalist Articles

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Yes, I want to become a member of the mailing list .
Please remove me from mailing list .
Enter your e-mail address:

Please confirm your e-mail address:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 174 other subscribers

Please help & support MoeMaKa

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Find us on Facebook !!!

*

Twitter: moemaka

မိုးမခ လစဉ် စာမူများ