|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Thursday, 09 September 2010 |
 နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ ကျော်သူ စက်တင်ဘာ ၁၀၊ ၂၀၁၀
ဘဘ ဦးတင်ဦး၏ အကိုကြီး ကွယ်လွန်ရှာပြီ
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာ မရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အဝဝတို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ အကိုအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Wednesday, 08 September 2010 |
|
ကြောက်ရွံ့ခြင်းနဲ့ ကျမ … ဘ၀ စာမျက်နှာများ ဟေမန်သဇင် စက်တင်ဘာ ၉၊ ၂၀၁၀ အခုတလော ကျမအတွေးအာရုံထဲမှာ “ကြောက်တယ်” ဆိုတဲ့ စကားလုံးတလုံးဟာ နေရာယူနေလွန်းနေတယ်။ “ဘယ်လုပ်ချင်ပါ့မလဲ၊ ကြောက်လွန်းလို့သာပေါ့” “မလုပ်လို့ မရဘူးလေ၊ ငြင်းကြည့်ပါလား၊ တခါတည်း တဆွေလုံး တမျိုးလုံး ထိသွားမယ်” ဆိုတဲ့ စကားတွေ အလျှံပယ် ကြားနေရတယ်။ မလုပ်ချင်ဘဲ လုပ်ရ၊ မပြောချင်ပေမယ့် ပြောနေရတာတွေဟာ ကြောက်လွန်းလို့ပါ ဆိုတဲ့ နောက်ကွယ်က မောင်းနှင်တံကို ညွှန်ပြနေတဲ့ စကားတွေပေါ့။ အဲဒီအတွေးတွေကြောင့်ပဲ ကျမလည်း ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်မိတယ်။ ကျမကော ဘယ်လောက်ကြောက်တတ်သလဲ လို့။ ကြာကြာတောင် ပြန်စဉ်းစားစရာ မလိုဘဲ ကျမရဲ့ ကြောက်စိတ်နဲ့ တွဲပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေ တခုပြီး တခု အစီအရီ ပေါ်လာတော့တာပါပဲ။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Wednesday, 01 September 2010 |
 အနုပညာသမားများ … ပွေ့ဖက်ထား ကျော်သူ စက်တင်ဘာ ၂၊ ၂၀၁၀
၁.၉.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပင်အိုရွက်နု ပန်းချီသင်တန်းအပြီး ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အဓိပတိ ပန်းချီပြခန်းတွင် 3 Artist’s Show အမည်ဖြင့် ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီ ဦးမိုးသူ၊ ကဗျာဆရာ ပန်းချီ ကိုစောဝေနှင့် ကိုစောဝေ၏ သမီး Ewi တို့ ရေးဆွဲထားသည့် ပန်းချီလက်ရာ ကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့သည် 3 Artist’s Show ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ သွားရောက်အားပေး လေ့လာကြည့်ရှုကြသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Wednesday, 01 September 2010 |
 ပင်အိုရွက်နု သင်တန်း ကျော်သူ စက်တင်ဘာ ၂၊ ၂၀၁၀
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား ပေးပြီးသည့်နောက် မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီပညာရပ်များဖြင့် မိဘမဲ့ HIV ကလေးငယ်များ အတွက် ရန်ပုံငွေရှာဖွေပေးရန်အတွက် မျိုးဆက်သစ်ကလေးငယ်များအား မိမိတို့ စိတ်ကြိုက် ရေးချယ်လိုသည့် ပုံရိပ်လွှာများအား စိတ်ကြိုက်ရေးချက်တို့ဖြင့် ကုသိုလ်ဖြစ် ရေးဆွဲကြရန် မှာကြားပြီး ဖြစ်ပါသည်။ ယနေ့ ၁.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ၏ ရေဆေးပန်းချီ လက်ရာများကို နှစ်သက်ကျေနပ် အားရ အားကျမှုများ ဖြစ်ပေါ်လာသော လူလတ်ပိုင်း၊ လူကြီးပိုင်းတို့၏ တောင်းဆိုချက်ကြောင့် ပန်းချီသင်တန်း ၂/၂၀၁၀ ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Tuesday, 31 August 2010 |
မောင်တထမ်း + မယ်တရွက် = ၂၉ကျော်သူ စက်တင်ဘာ ၁၊ ၂၀၁၀ ၃၁.၈.၂၀၁၀ (အင်္ဂါ) နေ့ရက်သည် မြတ်ဗုဒ္ဓအလိုကျ ဗြဟ္မစိုရ်နှလုံးသားနှင့် လူမှုခရီးသွားနေကြသော နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာခရီး ၂၉ နှစ်မြောက် အချိန်ကာလဖြစ်သည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Monday, 30 August 2010 |
|
နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်းမှတ်စု လှုပ်ရှားမှုများ မိုးမခ [နာရေးကူညီမှုအသင်း (ရန်ကုန်) မှတဆင့်] သြဂုတ် ၃၁၊ ၂၀၁၀ ငြိမ်းချမ်းမှုအတွက် ပျံသန်းခြင်း “ငါနေထိုင်ရာဘဝမှာ ကံကြမ္မာရဲ့ ပြောင်းလဲခြင်းနောက် xxx လိုက်ပါလွင့်မျှောရင်း ငါကိုယ်တိုင် ဖန်တီးဘဝ xxx အရာထင်ခြင်းများလဲမရှိတော့ ငါကျရှုံးနေ … အတိတ်တွေခြောက်လှန့်နေ ညတွေ ရူးသွပ်နေဆဲလား xxx မနေ့က အတိုင်းပဲလား စိုးရွံ့ခြင်းများစွာနောက်နေ့” |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Thursday, 26 August 2010 |
|
ပျံသန်းကြမည့် ဂီတသူရဲကောင်းများ ကျော်သူ သြဂုတ် ၂၇၊ ၂၀၁၀ “ လူဆိုသည်မှာ ထင်းပုံကို တည် မီးလိုက်လို့ စား အကြွင်းက ပြာပဲ xxx ခွဲချိန်တန် ခွဲကြရမယ် ဒို့လိုလူတိုင်းပဲ xxx နှုတ်ဆက်ခြင်းရဲ့အစ . . . နှုတ်ဆက်ခြင်းရဲ့အဆုံး xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ ” အထက်ပါ သီချင်းစာသားကတော့ တေးရေး - ကိုနေ၀င်း (မောင့်လပြည့်ဝန်း) ၏ နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “အိုးထိန်းစက် သံသရာ” အမည်ရှိ တေးသီချင်းဖြစ်သည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Thursday, 19 August 2010 |
|
မျက်ရည်သုတ်မည့်လက်များ ကျော်သူ သြဂုတ် ၂၀၊ ၂၀၁၀ အနိစ္စ ဒုက္ခ အနတ္တ တရားများကို သိရှိ နားလည်လာသည်နှင့်အမျှ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အခမဲ့ နာရေးကူညီမှု၊ အခမဲ့ ဆေးဝါးကုသပေးမှု၊ အခမဲ့ ပညာဒါန ဖွင့်လှစ်သင်ကြားပေးမှု တို့အပြင် ရန်သူမျိုး (၅) ပါးကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို အများပြည်သူအတွက် ဖေးမကူညီ ပံ့ပိုးပေးမှုများ မြင့်မားလာတော့သည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Thursday, 12 August 2010 |
အရောင်တွေအားလုံးနဲ့ စုစည်းထားတဲ့ အဖြူထည်တို့ရဲ့ အောင်ပွဲ ကျော်သူ သြဂုတ် ၁၂၊ ၂၀၁၀ (ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတွေရဲ့ လက်ဆောင် "အများအကျိုး၊ အများကောင်းမှု" တီရှပ်နဲ့ ကိုကျော်သူ) နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များ ရေဆေးပန်းချီ ရေးဆွဲ ထားသော ပန်းချီကားချပ် (၄၉) ချပ် တို့အပြင် ပြိုင်ပွဲဝင် ဆုရပန်းချီကားချပ် (၅) ချပ် တို့ကိုလည်း “အဖြူထည်တို့ရဲ့ပွဲ” ခေါင်းစီးဖြင့် ပြခန်းတစ်ရပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့် “သုခအဟာရ” စားသောက်ဆိုင် (Canteen) နေရာ၌ နံနက် (၈း၀၀) နာရီ အချိန်တွင် မျိုးဆက်သစ် ကလေးငယ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများနှင့် ဖိတ်ကြားထားသော ပန်းချီပညာရှင်ကြီးများ၊ စာနယ်ဇင်း သမားများ၊ ကလေးမိဘများနှင့် ဧည့်သည်တော်များဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ ခဲ့ပါသည်။ သို့သော် စာနယ်ဇင်းသမား ပြည်တွင်း မီဒီယာအုပ်စုမှာ ပြည်တွင်းဂျာနယ်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဦးကျော်သူတို့၏ သတင်းဓါတ်ပုံများကို ထည့်ခွင့် ဖော်ပြခွင့် မရသည့်အတွက် ကြောင့် လာရောက်သတင်းယူသူ နည်းပါးသည်ကို တွေ့ရသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Tuesday, 10 August 2010 |
အပြုအမူတွေ ပြောင်းလဲသွားတဲ့ မောင်ဇော် နဲ့ ကိုစန်း ဖြူဖြူသင်း သြဂုတ် ၁၁၊ ၂ဝ၁ဝ (မဖြူဖြူသင်းက သူ ကူညီခဲ့သူတွေထဲက ကိုရဲကျော်၊ ကိုသာပေါင်း တို့ အကြောင်းကို အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး ဆိုတဲ့ အမည်နဲ့ ဧရာဝတီ မှာ ရေးခဲ့ဖူးပါတယ်။ သူ့ဘလော့မှာလည်း ဖတ်နိုင်ပါတယ်။ ဒီတခါတော့ မောင်ဇော်၊ ကိုစန်း ဆိုတဲ့ ထူးခြားသူ ၂ ဦးအကြောင်းကို မဖြူဖြူသင်းက ပြောပြထားပါတယ်။) |
|
အပြည့်အစုံသို့ ...
|
|
|
ခေတ်ပြိုင်အတွေ့အကြုံ
|
|
Friday, 06 August 2010 |
|
မိုးနတ်သားနှင့် အပြိုင် ကျော်သူ သြဂုတ် ၇၊ ၂၀၁၀ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သောက်သုံးရေ လိုအပ်နေသော ကျေးရွာ၊ မြို့နယ် ဒေသ အသီးသီးသို့ ပြည်တွင်း/ပြည်ပမှ အများပြည်သူတို့ လှူဒါန်းထားသော လှူဒါန်းငွေတို့ဖြင့် အများပြည် သူအတွက် လိုက်လံလှူဒါန်း တူးဖော်ပေးထားသော စက်ရေတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက် များ၊ မီးစက်များ ဖွင့်ပွဲအခမ်းအနားနှင့် ရေစက်သွန်းချ အပ်နှံပွဲများကို ပြုလုပ်ပေးဆပ်လျှက်ရှိရာ သြဂုတ် ၄၊ ၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် ပဲခူးတိုင်း က၀မြို့နယ်ရှိ စက်ကုန်းကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ဇွဲကိုက်ကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာတို့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သား (၂၀) ဦးနှင့် ပဲခူးမြို့ ပရဟိတလူမှုရေးသမား ကိုသူရိန် ဦးဆောင်သော အဖွဲ့သားများ သွားရောက်ပြီး အခမ်းအနား ကျင်းပပေးခဲ့ပါသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 Next > End >>
|
| Results 1 - 11 of 89 |