|
ဒေါ်အောင်ဆန်းစုကြည်
|
|
Friday, 14 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချသည့် တရားသူကြီးများကို ဥရောပသမဂ္ဂ ဒဏ်ခတ် မိုးမခအထောက်တော် ဝဝ၆ သြဂုတ် ၁၄၊ ၂ဝဝ၉ ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက် ချခဲ့ကြသည့် တရားသူကြီး ၂ ဦး နှင့် တရားလို ရှေ့နေတို့သည် ဥရောပ သမဂ္ဂက အရေးယူ ဒဏ်ခတ်လိုက်သော စစ်အစိုးရဘက်တော်သားများ စာရင်းတွင် ပါဝင်သွားသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Thursday, 13 August 2009 |
|
၃နှစ် အမိန့်ချပြီးသည့်နောက်ဝယ် သန်းစိုးလှိုင် သြဂုတ် ၁၄၊ ၂၀၀၉ လူထုအားလုံး စောင့်နေတဲ့နေ့ မြန်မာနိုင်ငံသားအများနဲ့ ကမ္ဘာ့က မြန်မာအရေး ကိုစိတ်ဝင်စားသူတွေ စောင့်ကြည့်နေခဲ့ကြတဲ့ သြဂုတ်လ ၁၁ရက်နေ့။ အင်းစိန်ထောင်ရှေ့လမ်းမှာ သွားစောင့်ပြီး အားပေးတဲ့သူ၊ အမိန့်ချမှတ်တာကို ချက်ခြင်း သိချင်ပြီး ပြည်တွင်းမှာ ရေးလို့မရမှန်းသိလျက်နဲ့ သွားစောင့်တဲ့ ပြည်တွင်း သတင်းထောက်များ၊ ရန်ကုန်မြို့ရဲ့လမ်းများပေါ်မှာ တနေ့တာ ၀မ်းစာအတွက် ကားမောင်းရင်းနဲ့ ဒေါ်စုကို ဘယ်လို အမိန့်ချမလဲဆိုတာ ငံလင့်နေတဲ့ တက္ကစီမောင်းသမားများ၊ ...
|
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Thursday, 13 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ရန် ကုလ လုံခြုံရေးကောင်စီ တောင်းဆို AP သတင်းဌာန သြဂုတ် ၁၄၊ ၂ဝဝ၉ ၂ ရက်ကြာ ဆွေးနွေးပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုသည့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။ “ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချလိုက်ခြင်း နှင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအရ သက်ရောက်မှုတို့မှာ အကြီးအကျယ် စိုးရိမ်ဖွယ်ဖြစ်သည်” ဟု အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေး ကောင်စီက ဆိုသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Wednesday, 12 August 2009 |
|
တရုတ်ပြည်က စစ်အစိုးရ၏ တရားစီရင်ချက်ကို ထောက်ခံ ဓာတ်ပုံသတင်း သြဂုတ် ၁၂၊ ၂ဝဝ၉ ရန်ကုန်မြို့ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံသည့် သတင်းကို စိတ်ဝင်တစား ဖတ်ရှုနေသူတဦး။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Wednesday, 12 August 2009 |
|
မမြင်ရတဲ့ အောင်မြင်မှု အောင်သာငယ် သြဂုတ် ၁၂၊ ၂၀၀၉ ကျနော် ပြောချင်တာကတော့ အချက် ၂ ခုထဲပါ။ ၁။ နအဖစစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့နေတဲ့ လူတစုသာ ဖြစ်တယ်။ နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကိုတောင် ရန်ရှာခဲ့ပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းက သည်အချက်ကို သက်သေပြခဲ့ပြီးပါပြီ။ ရဲရင့်တဲ့ ပြည်သူလူထုကြောင့် ကံကောင်းထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ သည်အချက်ကို ကြည့်ရင် နအဖဆိုတာ စဉ်းစား ချင့်ချိန်မှုအသိ ဘယ်လောက်အထိ နုံနဲ့နေတဲ့ လူတစုလည်း ဆိုတာ ကောင်းကောင်း သဘောပေါက်နိုင်ကြမှာပါ။ အဲသည်တော့ လူတယောက်ကို သတ်ဖို့ အထိ ကြိုးစားနေတဲ့ လူတစုဟာ အဲသည် လူတယောက်ကို ထောင်ချဖို့ ဆိုတာကတော့ ဘယ်လိုမှ ၀န်လေးမှာ မဟုတ်တာ အသေအချာပါပဲ။ သည်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားတယ် ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချတယ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။ သည်အတွက် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့လို ၀မ်းနည်း ကြေကွဲနေစရာ မလိုပါ။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Tuesday, 11 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချတဲ့နေ့ ဓာတ်ပုံသတင်း သြဂုတ် ၁၁၊ ၂၀၀၉ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ဗြိတိသျှ သံရုံးတွင် ဗြိတိသျှ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နောက်ခံဖြင့် ယနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဆွီဒင်နိုင်ငံ ၀န်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချလိုက်သည်။ ဆွီဒင်သည် ဥရောပသမဂ္ဂ၏ အလှည့်ကျ ဥက္ကဌတာဝန်ကို ယူထားသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Tuesday, 11 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈လ အမိန့်ချချိန် မြင်ကွင်း မိုးမခအထောက်တော်၊ ရန်ကုန် သြဂုတ် ၁၁၊ ၂၀၀၉ နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ပထမအကြိမ်ချိန်းဆိုထားရာက ရွှေ့ဆိုင်းခဲ့ပြီး ဒုတိယမြောက် ချိန်းဆိုတဲ့ယနေ့မှာတော့ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ ပြုလုပ်တဲ့ တရားရုံးမှာ ယနေ့ပြုလုပ်တဲ့ တရားရုံးမှ ယခုလို စီရင်ချက်ချမှတ်ခဲ့တာ ဖြစ်ပြီး ပြင်ပမှာ စောင့်ဆိုင်းနေတဲ့ အန်အယ်လ်ဒီ ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများမှာ ၁၂နာရီခွဲဝန်းကျင်မှ ထိုသတင်းကို ကြားသိရပြီး ၁နာရီမထိုးမီမှာ အင်းစိန်ထောင်ရှေ့မှ ပြန်လည် ထွက်ခွါလာကြတာကိုတွေ့ရပါတယ်။
|
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Tuesday, 11 August 2009 |
#fullpost {display:none;} 
ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာများနှင့် ထောက်ခံသူများက ဒေါ်စုအတွက် စုဝေးကြ မိုးမခဓာတ်ပုံသတင်း၊ (ဓာတ်ပုံ ထွန်းမြတ်ယူ) သြဂုတ် ၁၁၊ ၂၀၀၉ မြန်မာပြည်၊ ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရခုံရုံးက စီရင်ချက်ချမည့်အချိန် နာရီပိုင်းအလို၊ ဆန်ဖရန်အချိန် သြဂုတ်လ ၁၀ ရက် ညနေ ၆ နာရီက ၈ နာရီအထိ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာများ၊ ဒီမိုကရေစီရေး ထောက်ခံသူ နိုင်ငံတကာမိသားစုများ ၁၀၀ ကျော် စုဝေးကြပြီး အင်န်အယ်ဒီပါတီများ လွှင့်ထူဝှေ့ယမ်းကြလျက် မြို့ထဲရှိ စီဗစ်စင်တာ ရင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတကွ ၎င်းတို့ရပ်တည်ကြောင်း၊ ဒေါ်စုနှင့်တကွ မြန်မာပြည်အရေးကို တစိတ်တ၀မ်းတည်းရှိကြောင်း၊ စစ်အုပ်စုကို ဆန့်ကျင်ရှုပ်ချကြကြောင်း ထုတ်ဖော် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 10 August 2009 |
|
သြဂုတ် ၁၁၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချ နိုင်ငံတကာ သတင်းအေဂျင်စီများ သြဂုတ် ၁၁၊ ၂၀၀၉ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ထိပါးစေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း စစ်အစိုးရတရားရုံးက ဆုံးဖြတ်ပြီး ဒေါ်စုကို ထောင်ဒဏ် ၃ နှစ် ချလိုက်သည်။ သို့သော် စစ်ခေါင်းဆောင်များ၏ အမိန့်အရ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် ချက်ခြင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အမိန့်ချသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်ခဲ့သူ အမေရိကန်သားယက်တောကို စွဲဆိုထားချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။ ဒေါ်စုနှင့် အနီးကပ်မိတ်ဆွေ ၂ ဦးကိုလည်း ဒေါ်စုနှင့်အတူ ပြစ်ဒဏ်ချမှတ်လိုက်သောကြောင့် ၎င်းတို့လည်း အကျယ်ချုပ်ဖြင့် ၁၈ လ နေအိမ်တွင် ကျခံရမည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူးအမိန့်ကြောင့် ထောင်ဒဏ် ၃နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်းဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ရှိနေမည်ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။ |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 10 August 2009 |
|
သြဂုတ်လ ၁၁၊ ၂၀၀၉ - ဒေါ်စု တရားရုံးချိန်း မနက်ခင်း သတင်းရသမျှ မိုးမခ သြဂုတ် ၁၁၊ ၂၀၀၉ ၁ - မြန်မာပြည်တွင်းနဲ့ ပြည်ပက သတင်းထောက်များ တရားခွင်သို့ ၀င်ရောက်နားထောင်ခွင့်ရမယ်လို့ ဆိုပါတယ်။ ၂ - ဆေးရုံကြီးကို တင်ပြီးဆေးကုသထားတဲ့ ဒေါ်စုနေအိမ်အတွင်း ၀င်ရောက်ခဲ့သူ အမေရိကန်သား ယက်တောကို တရားရုံးချိန်မတိုင်မီ ဆေးရုံကြီးကနေ အင်းစိန်အကျဉ်းထောင်သို့ ပြန်လည် ပို့ဆောင်ထားပြီလို့ သိရပါတယ်။ ၃ - တရားရုံးချိန်းသို့ နိုင်ငံခြားသံတမန်များလည်း ၀င်ရောက်နားထောင်ခွင့်ရတယ်လို့ ဆိုပါတယ်။ ၄ - နံနက်လင်းအားကြီးခန့်က မြန်မာပြည်ကမ်းလွန်ပင်လယ်ပြင်၊ ကပ္ပလီပင်လယ်မှာ ၇.၆ မဂ္ဂနီကျုရှိတဲ့ ရေအောက်မြေငလျင် လှုပ်ခဲ့ရာမှာ ဆူနာမီ လှိုင်းကြီးများ မြန်မာပြည်ကန်းရိုးတန်းကို တိုက်ခိုက်လိမ့်မည်ဟူသော သတိပေးချက် ထွက်ပေါ်ခဲ့သော်လည်း ယခု စိုးရိမ်စရာမဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ကြောင်း ကြားသိရပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Wednesday, 05 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆူးကြိုးအကာအရံ များပြန်လည်ချ မိုးမခ အထောက်တော်၊ ရန်ကုန် သြဂုတ် ၅၊ ၂၀၀၉ ယနေ့နံနက် ပိုင်းတွင် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် လမ်းပိတ်သည့် ဆူးကြိုးအကာအရံ များသယ်ဆောင်လာပြီး ပြန်လည်ချထားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးကပြောဆိုသည်။ ထိုမျက်မြင်သက်သေက “ ကားလမ်းပိတ်ရာမှာ သုံးတဲ့ သံဆူးကြိုးတပ် သစ်သားဘောင်တွေကို ဒီနေ့မနက်ပိုင်းမှာ ယူလာပြီး ဒေါ်စုအိမ်ရှေ့နားက လမ်းဘေးမှာ ချထားတာ တွေ့ခဲ့တယ်။ ဒေါ်စုကို အင်းစိန်ခေါ်သွားပြီးနောက်မှာ အိမ်ရှေ့မှာ ဘာအတားအဆီးမှ မထားပဲ ရဲတယောက်နှစ်ယောက်ပဲ ထိုင်ခုံနဲ့စောင့်နေတာ၊ အခုလမ်းပိတ်တာတော့ မဟုတ်သေးဘူး၊ ဆူးကြိုးအတားအဆီးကို လိုတာနဲ့ အဆင်သင့် သုံးနိုင်အောင်ထားတဲ့ သဘောလို့ ထင်တယ်” ဟုပြောဆိုသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 03 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စု၏ တရားဥပဒေကို မေးခွန်းထုတ် - အင်န်အယ်ဒီကြေငြာချက် မိုးမခဓာတ်ပုံသတင်း သြဂုတ် ၄၊ ၂၀၀၉ ယမန်နေ့က အင်န်အယ်ဒီပါတီက ကြေငြာချက်ထုတ်ပြန်ရာတွင် အင်းစိန်ထောင်အတွင်း စစ်အုပ်စု၏ တရားစွဲဆိုခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အများပြည်သူတို့သိရှိစေရန် ရှင်းလင်းထုတ်ပြန်ထားသည်။ ဒေါ်စုက နေအိမ်အကျယ်ချုပ် ၅ နှစ်ကို တရားနည်းလမ်းကျမကျ ဆိုသည့် အခြေခံက အစပြုပြီး မစဉ်းစားခြင်း၊ အခြေခံဥပဒေဟူသော ပြဌာန်းချက်များကို လိုသလို ဆွဲသုံးနေခြင်း၊ စစ်အုပ်စုကိုယ်တိုင်က အစိုးရဟူသော တရားဝင်ဖြစ်မှု လိုအပ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုသည်၏ ကောင်းမြတ်သော စိတ်စေတနာနှင့် အသိဉာဏ်ပညာ လိုအပ်ခြင်း စသည်တို့ကို မေးခွန်းထုတ်ထားသည်။ ဒီနေရာမှာ ကြည့်နိုင်ပါသည်။ http://www.scribd.com/doc/18075125/NLD-Statement-230709 |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Sunday, 02 August 2009 |
|
ဒေါ်အောင်ဆန်းစုကြည်၏ ခြံရောင်းချမည့်ကိစ္စကို လုပ်ကြံမှု တခုဟုဆို မိုးမခအထောက်တော်၊ ရန်ကုန် သြဂုတ် ၂၊ ၂၀၀၉ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ မှမြေကွက်တစိတ်တပိုင်းကို ရောင်းချမည့် ကိစ္စကို ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်လောကအနေဖြင့် အစိုးရ၏ လံကြုတ် (လုပ်ကြံ) အရောင်းအ၀ယ် တခုဟု ရှုမြင်လျက်ရှိကြပြီး ၀ယ်လက်ဖြစ်သူသည်လည်း အိမ်ခြံမြေလောကမှ မည်သူကမျှ မသိရှိကြဟု ပြောသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Friday, 31 July 2009 |
|
ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ ထောင်ရှေ့သို့သွား ဓာတ်ပုံသတင်း ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အင်းစိန်ထောင်တွင်း စီရင်ချက်ချမည့် သတင်းကြောင့် ထောင်ရှေ့သို့ ရောက်လာသော ဦးဝင်းတင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတချို့ကို ယနေ့ နံနက်က တွေ့ရပုံ။ လုံထိန်းများကလည်း ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပေါ်လာပါက နှိမ်နင်းရန် အသင့်ပြင်ထားကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံများ - AP & Reuters ) |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Friday, 31 July 2009 |
|
ဇူလိုင် ၃၁ - တရားရုံးချိန်းမတိုင်မီ အဖမ်းခံရသူ ၂၃ ဦး စာရင်းရသည့်အနက်မှ ၂ ဦး ပြန်လွတ်လာဟု ဆို မိုးမခအထောက်တော် ၀၀၉ ဇူလိုင် ၃၁၊ ၂၀၀၉ ပြည်တွင်းက ပေးပို့သော သတင်းအရ ဒီမိုကရေစီရေးအတွက် ရပ်တည်လှုပ်ရှားသူများ ယမန်နေ့ညက အများအပြား မြန်မာပြည်အနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ဟု သိရသည်။ ယမန်နေ့ညက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်သူ ၂ဦးမှာ - မြောက်ဥက္ကလာ မှ ဒေါ်နော်အုန်းလှ နှင့် စမ်းချောင်း မှ ဦးညွှန့်လှိုင် (အောင်လံအမတ်) ဟု ဆိုသည်။ ဆက်လက်ရရှိသော အဖမ်းအဆီးစာရင်းများကို တင်ပြပေးသွားမည်ဟု သတင်းပေးပို့သူက အကြောင်းကြားထားသည်။ ယခုလတ်တလော စာရင်းလက်ခံရသည့် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ၂၁ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Thursday, 30 July 2009 |
|
ဇူလိုင် ၃၁ သို့မဟုတ် ... သန်းစိုးလှိုင် ဇူလိုင် ၃၁၊ ၂၀၀၉ နံနက် ၈နာရီ ခွဲ ရန်ကုန်၏ နံနက်ခင်းမှာ ပုံမှန်နေ့ တနေ့ဟု ထင်ရသော်လည်း အချို့သူများကတော့ ယနေ့ကို တစုံတရာ ဖြစ်ပျက်နိုင်သည့် နေ့တနေ့ အဖြစ်ထင်မှတ် လျက်ရှိသည်။ မနေ့ညနေမှ စပြီး သည်းသည်းမဲမဲ ရွာသည့် ရန်ကုန်မိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်မည့် နံနက်တွင် တိတ်ဆိတ်နေပြီး အုံ့အုံ့ဆိုင်းဆိုင်းနှင့် တချက်တချက် နေရောင်ပင် မြင်နေရသည်။ လမ်းပေါ်တွင် သွားလာနေသည့် လူအများ၏ စိတ်ထဲတွင် ဒီနေ့တော့ ဒေါ်စုကို အမိန့်ချလိမ့်မယ်၊ ဘာများဖြစ်ဦးမလဲ စသည့်အတွေးများလည်း တွေးမိနေကြသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Thursday, 30 July 2009 |
|
ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း သြဂုတ်လ ၁၁ သို့ ထပ်မံရွှေ့ဆိုင်း အေပီသတင်း ဇူလိုင် ၃၁၊ ၂၀၀၉ တရားရုံးက ၀န်ထမ်းတဦး၏ အဆိုအရ ဒေါ်စုရုံးချိန်းကို သြဂုတ်လ ၁၁ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။ ၎င်းသည် တရားရုံးအတွင်းသို့ ၀င်ရောက်ခွင့်ရသူ မဟုတ်သဖြင့် တရားရုံး၏ အသေးစိတ်အဖြစ်အပျက်ကို မပြောနိုင်ပေ။ အင်းစိန်ထောင်တရားရုံး ပြင်ပတွင် လုံခြုံရေးထူထပ်စွာ ချထားပြီး အတိုက်အခံများ၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံရေးစိတ်ဝင်စားသူ လူထုတို့ကလည်း ရောက်ရှိနေသည်ဟု သိရသည်။ |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Thursday, 30 July 2009 |
|
ရေကြည်နောက်သတဲ့ … မေစုရေ မိုးသော်သိန်း ဇူလိုင် ၃၁၊ ၂ဝဝ၉ ဝံပုလွေက အပြစ်မဲ့သူ သိုးငယ်ကို ရေကြည်နှောက်သည်ဟု အပြစ်ရှာသည်။ သိုး ငယ် ကပြန်၍ ပြောသည်။ ‘ရေကြည်နှောက်ဖို့ နေနေသာသာ- ရေထဲသို့ပင် မဆင်းရသေး’ ဝံပုလွေကအပြစ် ရှာကြံ ညစ်တွန်း တွန်းပြီးသားပေမို့ ‘မင်းမနှောက်လည်း မင်းအမေက နှောက်မှပဲ’ ဟု မရှိသောအပြစ် အတည်သဘော ဖြစ်အောင် ရှာကြံလီဆယ်သည်။ ဝံပုလွေ၏ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက် (psycho-logical propensity) မှ ပြဌာန်းချက် အရ သိုးငယ်မှာ အပြစ်ရှိလေပြီ။ မောဟအမှောင်ကို အားကိုးလို့ ဥပဒေပြု စီရင်သည်ကား ‘ လှုပ်လှုပ် - မလှုပ်လှုပ် မင်းမှာ အပြစ် ရှိသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Wednesday, 29 July 2009 |
|
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နယူးယောက်ကမြန်မာတို့ ဆန္ဒပြမည် မိုးမခရွာဆော်ကြီး ဇူလိုင် ၃၀၊ ၂၀၀၉ လာမည့်သောကြာတွင် တရားရုံးက စီရင်ချက်ချမည့် ဒေါ်အောင်ဆန်းစုကြည်အမှုကို မတရားကြောင်း၊ ကန့်ကွက်ကြောင်းနှင့် ချက်ချင်းလွှတ်ပေးရန် ဆန္ဒပြပွဲကို နယူးယောက်ရှိ မြန်မာ စစ်မစ်ရှင်ရုံးရှေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ဘားမားပွိုင့်အဖွဲ့က နှိုးဆော်ထားသည်။ မနက်ဖြန် ညနေ ၄ နာရီခွဲတွင် 10 East, 77th St. NY 10021 ရှေ့တွင် စုဝေးကြမည်ဟု ဖိတ်ကြားစာတွင် ဖော်ပြထားသည်။ ထိုအချိန်သည် မြန်မာစံတော်ချိန် သောကြာ မနက်ခင်းဖြစ်ရာ တရားရုံးက အမိန့်ချမည့် အချိန် ၁၀ နာရီနှင့် အနီးကပ်ဆုံး ရွေးချယ်ခြင်း ဖြစ်သည်။ ပြည်ပရောက် မြန်မာမိသားစုများ၊ အသိုင်းအ၀ိုင်းများက ထိုသို့ ကန့်ကွက်ဆန္ဒပြပွဲများ ယခုရက်သတ္တ၌ လုပ်ကြလိမ့်မည်ဟု အများက ခန့်မှန်းကြသည် ဆို၏။ http://moemaka.com/index.php?option=com_content&task=view&id=4542&Itemid=99999999 |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Wednesday, 29 July 2009 |
|
အင်န်အယ်ဒီ ကြေညာချက် ၂၁။၀၇။၀၉ - ဇူလိုင် ၃၁၊ နံနက် ၁၀ နာရီ တရားရုံးဆုံးဖြတ်ချက်ချမည်ဟု မှတ်တမ်းတင်ထား မိုးမခဓာတ်ပုံသတင်း ဇူလိုင် ၃၀၊ ၂၀၀၉ ယနေ့လက်ခံရရှိသော အင်န်အယ်ဒီကြေညာချက် ၂၁ ကို တွေ့နိုင်ပါသည်။ ဇူလိုင် ၂၄ မှ စ၍ နှစ်ဘက် အပြီးသတ် လျောက်လဲခြင်း၊ ဇူလိုင် ၂၈ တွင် နောက်ဆုံး လျှောက်လဲချက်ပေးခြင်းနှင့် ဇူလိုင် ၃၁ ၊ နံနက် ၁၀ နာရီတွင် တရားရုံး စီရင်ချက်ချမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စုတို့၏ တရားရင်ဆိုင်နေမှုကို မှတ်တမ်းတင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Wednesday, 29 July 2009 |
|
ထောင်တန်တဲ့ စကား၊ ရယ် … ပေါ့ မိုးမခစာဖတ်သူတဦး (ရန်ကုန်) ဇူလိုင် ၂၉၊ ၂၀၀၉ အခု ရန်ကုန်က ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အမှုစီရင်မှုကို အတော်ကို အဆိုးမြင်နေကြပါတယ်။ စစ်အစိုးရက အစွမ်းကုန် ယုတ်မာပြီး လုပ်ကြံဇာတ်ခင်းကြဦးမယ်လို့လဲ ယုံကြည်နေကြပါတယ်။ အမေရိကန်ပြည်က မစ္စတာယက်တောကိုလည်း ဘယ်လိုလုပ်ပြီး နားလည်ပေးရမယ်ဆိုတာကို မမှန်းနိုင်ကြပါဘူး တဲ့။ သူတို့တွေ ယေဘူယျ မှန်းချက်ပေးတာက ဒီလိုပါ။ (၁) ယက်တောကို ဒဏ်ငွေချပြီး လွှတ်ပေးလိမ့်မည် (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်မိတ်ဆွေတွေကို ထောင်ဒဏ် ၃ လ ကနေ ၆ လ ချမည် (၃) ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်က ၅ နှစ် ချပြီး အရေးယူရန်၊ ပြီးနောက် သက်ညှာသောအားဖြင့်ဆိုပြီး အင်းစိန်ထောင် အထူးတိုက်မှာ (သို့မဟုတ်) နေအိမ်သို့ ထောင်ဒဏ်အစား အကျယ်ချုပ်အဖြစ် သတ်မှတ်ရန် တို့ကို ပြောနေကြပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Tuesday, 28 July 2009 |
|
ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းကို ခွဲစိတ်ရောင်းချပြီးဖြစ်ကြောင်း မြန်မာသတင်းစာများတွင် ကြော်ငြာချက်ထုတ်ပြန် အသိပေး မိုးမခ အထောက်တော် ၀၀၃ ဇူလိုင် ၂၈၊ ၂၀၀၉ တက္ကသိုလ်ရိပ်သာလမ်း (အမှတ် ၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ ၄၄ စီ နှင့် ၆၄ စီ) ဟု သတ်မှတ်ထားသည့် ခြံဝင်းထဲမှ ပေ ၁၀၀×၇၀ ကို ခွဲစိတ်ရောင်းချပြီးဖြစ်၍ ဥပဒေအရ ကန့်ကွက်လိုက ၇ ရက်အတွင်း လာရောက်ကန့်ကွက်ကြရန် ကြော်ငြာတခု ဇူလိုင်လ ၂၄၊ ကြေးမုံသတင်းစာတွင် ပါရှိခဲ့သည်။ ထိုခြံမြေကို ဒေါ်အောင်ဆန်းစုကြည်လက်ရှိနေထိုင်သော အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း ခြံဝင်းအဖြစ် ယူဆထားကြရာ စစ်အုပ်စုနှင့် မတရားအမှု စီရင်ခြင်းကို အင်းစိန်ထောင်အတွင်းမှ ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုနှင့် အပေါင်းအပါးများက ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်နေသည့် ခြေလှမ်းသစ်တခုအဖြစ် မြန်မာလူထုက မခံမရပ်နိုင်ဖြစ်ကြရသည်ဟု ဆိုသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Tuesday, 28 July 2009 |

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ၃၁ ဇူလိုင်ကို နောက်ဆုံးအဖြစ် ထပ်ရွှေ့၊ ကြိုတင်မှန်းဆနိုင်သည့် အကျည်းတန်သော တရားရုံးဆုံးဖြတ်ချက် ဖြစ်လိမ့်မည်ဟု ဒေါ်စုက မှတ်ချက်ပေးဟု ဆို မိုးမခဓာတ်ပုံသတင်း ဇူလိုင် ၂၈၊ ၂၀၀၉ (ဦးဉာဏ်ဝင်းကို လမ်းပေါ်က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်) |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 27 July 2009 |
|
ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု လာမည့်သောကြာ - ၃၁ ဇူလိုင်သို့ ထပ်မံချိန်းဆိုပြန် အေပီသတင်း ဇူလိုင် ၂၈၊ ၂၀၀၉ တရားရုံး၏ ဆုံးဖြတ်ချက်ကို သောကြာနေ့တွင် ချမှတ်မည်ဟု အင်းစိန်ထောင် တရားသူကြီး သောင်းညွန့်က ကြေငြာလိုက်ကြောင်း ယနေ့ရုံးချိန်းတွင် ပြောဆိုသည်ဟု အမည်မဖော်လိုဝန်ထမ်းက ဆိုသည်။ |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 27 July 2009 |
|
ဇူလိုင် ၂၈ - ဒေါ်အောင်ဆန်းစုကြည် တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် အားလုံးက စောင့်ကြည် မိုးမခ အထောက်တော် ၀၀၃ ဇူလိုင် ၂၈၊ ၂၀၀၉ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖောက်ဖျက်မှုအဖြစ် စစ်အုပ်စု၏ တရားစွဲဆိုခြင်း၏ တရားစီရင်မှု နောက်ဆုံးနေ့အဖြစ် ပြည်တွင်း ပြည်ပမှ အထူးစိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။ ယမန်နေ့က နောက်ဆုံးလျောက်လဲချက်များ တင်သွင်းသည့်နေ့ ဖြစ်သည်။ အင်န်အယ်ဒီပြောခွင့်ရ ပုဂ္ဂိုလ်ဦးဉာဏ်ဝင်းက မိမိတို့ဖက်က အနိုင်ရမည်ဟု ပြောဆိုခဲ့သော်လည်း သတင်းများတွင် မြန်မာအများစုမှာ စစ်အုပ်စုကို အယုံအကြည်မရှိခြင်းကြောင့် ဒေါ်စုကို မတရားထောင်ချမည်ဟု ထင်မြင်ကြသည်။ နိုင်ငံတကာ၏ ဖိအားများသာမက မြန်မာပြည်သူတို့ကလည်း ယခုဒေါ်စုအား စစ်အုပ်စု၏မတရားအရေးယူမှုကို တိတ်ဆိတ်ငြိမ်သက် တင်းမာစွာ စောင့်ကြည့်နေသည်ဟု ပြည်တွင်းကလာသော သတင်းများက ဆိုသည်။ |
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 27 July 2009 |
|
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အင်းစိန်ထောင်အနီးတွင် အင်အားပြ ဓာတ်ပုံသတင်း ဇူလိုင် ၂၇၊ ၂၀၀၉ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထောင်ရှေ့တွင် သွားရောက် စုဝေးကြသူများ။ လုံထိန်း၊ ရဲ၊ စွမ်းအားရှင် စသည့် တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့ကို စောင့်ကြည့် ဟန့်တားလျက်ရှိသည်။ (ဓာတ်ပုံများ - AP) |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Monday, 13 July 2009 |
|
သတင်းထဲက ဂဏန်းများ ဇူလိုင် ၁၃၊ ၂၀၀၉ ၅ နှစ် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အမှုကို မကြာမီ စီရင်ချက် ချရာတွင် ချမှတ်နိုင်သည့် အမြင့်ဆုံး ထောင်ဒဏ် သက်တမ်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်တွင်း တရားရုံးတွင် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် စစ်ဆေးခံနေရသည်။ ဤအမှုတွင် စီရင်ချက်မှာ ၄ မျိုး ဖြစ်နိုင်ဖွယ် ရှိသည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Tuesday, 23 June 2009 |
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ မောင်စွမ်းရည် ဇွန် ၂၃၊ ၂၀၀၉ နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်းသမား” တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Saturday, 20 June 2009 |
|
ဒေါ်အောင်ဆန်းစုကြည် ၆၄ အတွက် တေးသံရှင် (ဒေါ်) မာမာအေးက မြင့်မိုရ်ထက်မြင့်သော သီချင်းဖြင့် ဂုဏ်ပြု သီဆို မိုးမခ ဇွန် ၂၀၊ ၂၀၀၉ ယနေ့ ဖို့ဝိန်းတွင် ကျင်းပသော မြန်မာမိသားစုများအားလုံး၏ စုပေါင်းမွေးနေ့ဂုဏ်ပြုပွဲနှင့် အင်ဒီယာနားတက္ကသိုလ် အိုင်ပီအက်ဖ်ဒဗြူနှင့် ဖို့ဝိန်းမြို့ အဖွဲ့အစည်းများ စုပေါင်းကျင်းပသော ၅ ကြိမ်မြောက် ဒေါ်စုမွေးနေ့အထိမ်းအမှတ်ပွဲတို့တွင် မြန်မာပြည်၏ မြန်မာဂီတပညာရှင်၊ တေးသံရှင် (ဒေါ်) မာမာအေးက စန္ဒယား လှထွဋ် ရဲ့ သီချင်း “မြင့်မိုရ်ထက် မြင့်သော” သီချင်းကို ပြန်လည်သီဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုလိုက်သည်။ |
|
အပြည့်အစုံသို့ ...
|
|
|
ဒေါ်အောင်ဆန်းစုကြည်
|
|
Saturday, 20 June 2009 |
|
ဦးဝင်းတင်ပြောတဲ့ ဒေါ်စုအတွက် ၆၄ မွေးနေ့စကား ကိုဇော်မိုးအောင် (ကိုရီးယား)က ပို့ပေးပါတယ် ဇွန် ၂၀၊ ၂၀၀၉ ဒေါ်စုမွေးနေ့မှာ ဒေါ်စုအကြောင်း အထူးသဖြင့်ကတော့ ဒေါ်စုရဲ့အရည်အချင်း သို့မဟုတ်လည်း ဂုဏ်သတ္တိ သို့မဟုတ်လည်း စိတ်ဓာတ်ကို ကျွန်တော်ပြောချင်ပါတယ်။ ဒ်ါစုရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ ဆိုတာကတော့ ကမ္ဘာသိ ဖြစ်နေတဲ့အတွက် ကျွန်တော် မပြောတော့ဘူး။ ဒေါ်စုရဲ့စိတ်ဓာတ်အရည်အချင်းလေး ပြောချင်တယ်။ |
|
အပြည့်အစုံသို့ ...
|
|