|
|
Tuesday, 07 September 2010 |
 လိမ်ညာဦးမယ့် ဒုတိယ ရွေးကောက်ပွဲ … (ဆွေးနွေးခန်း) မောင်သြစက်တင်ဘာ ၈၊ ၂၀၁၀
ဘကြီးမိုးထံ မရောက်တာကြာပြီဖြစ်၍ နံနက်တိုင်း လမ်းလျှောက်ရာမှ စကားပြောရန် ဝင်ရောက်ခဲ့သည်။ အဆင်သင့်ပင် ခြံထဲတွင် ထိုင်နေသော ဘကြီးမိုးကို တွေ့လိုက်ရသည်။
ဘကြီးမိုး။ ။ လာဟေ့ … မောင်စိုး မင်းလည်း မလာတာ ကြာပြီ အတော်ပဲ၊ ၂၉.၇.၁၀ နေ့က ထုတ်တဲ့ နအဖ သတင်းစာက ကျော်မြင့်နိုင်ဆိုတဲ့ လိပ်ဖားရှင်တဦးရဲ့ဆောင်းပါး ဖတ်ပြီးရောပေါ့ကွာ။ ဆွေးနွေးကြရအောင် …။
မောင်စိုး။ ။ အား … ဘကြီးမိုးပြောတဲ့ ဆောင်းပါးကို မဆွေးနွေးမီ လိပ်ဖား ဆိုတဲ့အဓိပ္ပာယ်ကို ရှင်းစမ်းပါဦး ဘကြီးမိုးရဲ့။ |
|
အပြည့်အစုံသို့ ...
|
|
|
Saturday, 28 August 2010 |
|
စစ်အစိုးရ ခေါင်းဆောင် တပ်မှ အနားယူပြီးနောက် သန်းစိုးလှိုင်၊ ရန်ကုန် သြဂုတ် ၂၉ ၊ ၂၀၁၀ သောကြာနေ့ ညနေက ထွက်ပေါ်ခဲ့တဲ့ နအဖရဲ့ ထိပ်ဆုံး ခေါင်းဆောင်၃ ဦး တပ်ရာထူးတွေမှ အနားယူခဲ့တယ် ဆိုတာကို ကြားသိရတော့ ရန်ကုန် နိုင်ငံရေး စိတ်ဝင်စားသူ၊ စီးပွားရေးနယ်ပယ်၊ သတင်းစာလောက အသီးသီးမှာ အံ့သြခဲ့ကြတာပါ။ ရန်ကုန်က သာမန်လူတွေ အကြားမှာတော့ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေတာ မကြားရသေးပါဘူး၊ ဈေးတွေထဲ လမ်းတွေထဲမှာ ဒီသတင်းကို သိပ်မပြောဆိုကြတာပါ။ ပြည်ပရေဒီယို အစီအစဉ် ပုံမှန်နားထောင်သူတွေကြားထဲမှာသာ သိရှိကြတဲ့ သဘောဖြစ်ပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
Friday, 06 August 2010 |
 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (နိဂုံးပိုင်း) ဘီဘီစီ သြဂုတ် ၇၊ ၂၀၁၀
အပိုင်း (၅) နိဂုံးပိုင်း
၂၀၀၈ အခြေခံဥပဒေမှာ ချို့ယွင်းချက်တွေရှိလို့ ကန့်ကွက်တဲ့သူတွေရှိနေသလိုပဲ၊ နောက်ကျမှ တဖြည်းဖြည်း ပြင်ယူမယ် ဆိုတဲ့သူတွေလည်းရှိပါတယ်။ တကယ်တမ်း ပြင်ဆင်ခွင့်ရှိမလား၊ ဒီအကြောင်းတွေကို ဆွေးနွေးထား ပါတယ်။ မသီတာနွယ် စီစဉ်တင်ဆက်ထားပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး မပါဝင်ရေး၊ တပ်မတော်ကနေပြီးတော့ တပ်မတော်ကိုယ်စားလှယ် ၂၅% ကို ပါဝင်ရေး မပါဝင်ရေး အဲဒီလို အငြင်းပွားနေမယ့်အစား ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဆင့်ကဲဆင့်ကဲ ပြောင်းလဲလို့ရတဲ့ အခြေအနေ တခုအပေါ်မှာ ဒီဖွဲ့စည်းပုံကို ထောက်ခံလိုက်မယ်၊ ထောက်ခံပြီး ဒီမိုကရေစီစံတွေ တိုးသထက်တိုးလာအောင် ဆက်လက်ပြီးတော့ ကြိုးစားလုပ်ဆောင်သွားလို့ရှိရင် ဖြစ်နိုင်တယ်လို့ ကျနော်တို့က သုံးသပ်တယ်” |
|
အပြည့်အစုံသို့ ...
|
|
|
Thursday, 29 July 2010 |
|
အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ ဦးဦးထက်သာ ဇူလိုင် ၃၀၊ ၂၀၁၀ (ပြည်တွင်းက ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အာဘော်အဖြစ် တင်ဆက်ခဲ့တဲ့၊ မတ်လ ၁၁၊ ၂၀၁၀ စာတမ်း၊ ရဲရင့်ငယ်ဘလောဂ့်က ကူးယူတယ်) အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ…… ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၁/၂၀၁၀) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြတုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ ထွက်လာပါသည်။ ၁၉၉၀ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံး အသေသတ်၊ အမြစ်ဖြတ်လိုက်သည့် အမိန့်ဖြစ်သည်။ သို့သော်… … … |
|
အပြည့်အစုံသို့ ...
|
|
|
Friday, 23 July 2010 |
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၄) ဘီဘီစီ ဇူလိုင် ၂၃၊ ၂၀၁၀
အပိုင်း (၄) မှာတော့ ပြည်ထောင်စုစနစ်နဲ့ တိုင်းရင်းသားအခွင့်အရေးတွေအကြောင်းကို ဆွေးနွေးထားပါတယ်။ ဦးမောင်မောင်သန်း စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါခင်ဗျာ။
သောတရှင်များရှင်၊
အခြေခံဥပဒေနဲ့ အနာဂတ်ရေး အစီအစဉ် စတုတ္ထပိုင်းအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ ပြည်ထောင်စုစနစ်နဲ့ ဒီအခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဘယ်လောက် အာမခံမလဲဆိုတဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ အမြင်ကို တင်ပြမှာဖြစ်ပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
Tuesday, 29 June 2010 |
|
ဆိုက်ကားတစ်စီး ညီမျှခြင်း ဆိုင်ကယ် နှစ်စီး ဝင်းမြတ်၊ ရန်ကုန် ဇွန် ၃၀၊ ၂ဝ၁ဝ ခရီးသည် စောင့်နေသော ဆိုက်ကားဆရာများ (photos: moemaka) ဆိုက်ကားတစ်စီး တန်ဖိုးဟာ မော်တော်ဆိုင်ကယ်နှစ်စီးရဲ့ တန်ဖိုးနဲ့ ညီမျှတယ် ဆိုရင် အဲဒီနေရာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန် လို့ပဲ မှတ်ယူလိုက်ပါတော့။ |
|
အပြည့်အစုံသို့ ...
|
|
|
Monday, 28 June 2010 |
ကစားပွဲ အသစ် ဖန်တီးကြဖို့အောင်ဒင် ဇွန် ၂၉၊ ၂၀၁၀ အခုတလော ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တချို့ ကြည့်ဖြစ်ပါတယ်။ အပြည့်အစုံတော့မဟုတ်၊ တဝက်တပျက်ပါ၊ ကြည့်ရင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ဘောလုံးပွဲနဲ့ နှိုင်းယှဉ် ပြီး ဟောဒီလို တွေးမိပါတယ်။
၁ - ၁၉၉၀ ရွေးကောက်ပွဲ နဲ့ ၁၉၉၃ အမျိုးသားညီလာခံ ကစားပွဲ များ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မဟာမိတ်တိုင်းရင်းသားများ နဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများက တဖက်၊ စစ်အုပ်စုနဲ့ အလိုတော်ရိများက တဖက် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြတာ ၁၉၈၈ ကစလို့ အနှစ် ၂၀ကျော်ခဲ့ပါပြီ်။ မျှတတဲ့ ကစားပွဲတော့မဟုတ်ပါ။ |
|
အပြည့်အစုံသို့ ...
|
|
|
Tuesday, 22 June 2010 |
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၃) ဘီဘီစီ ဇွန် ၂၃၊ ၂၀၁၀
ဒီတပတ်မှာတော့ မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လေ့လာ သုံးသပ်သွားမှာပါ။ ကိုသိန်းမြတ် စီစဉ်ထုတ်လုပ်ပြီး မသီတာနွယ်က တင်ဆက်ပေးထားပါတယ်။
စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ဒီအခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းအပွားကြဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေဟာ စစ်တပ်ကို ဦးဆောင်မှုနေရာမှာထားမယ်ဆိုတာကို ပုဒ်မ ၆ (စ) မှာ အခုလို အတိအလင်း ဖော်ပြထားပါတယ်။
“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” |
|
အပြည့်အစုံသို့ ...
|
|
|
Friday, 11 June 2010 |
|
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် (၂) ဘီဘီစီ
ဇွန် ၁၂၊ ၂၀၁၀
အပိုင်း (၂) မြန်မာနိုင်ငံရေးမှာ အဓိက အငြင်းပွားစရာ ပြဿနာတခုဖြစ်နေတဲ့ ၂၀၀၈ ခု အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ BBC က အထူးသုံးသပ်ချက် အစီအစဉ်တွေကို အပိုင်း ၅ ပိုင်းခွဲပြီးတော့ တင်ဆက်ပေးနေပါတယ်။ ဒီတပတ် ဒုတိယပိုင်းမှာတော့ အခြေခံဥပဒေမှာ ပါဝင်တဲ့ သမ္မတ နဲ့ ဒုတိယ သမ္မတ တို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ လေ့လာသုံးသပ်ထားပါတယ်။ ဦးနေမျိုးသူရိန်စီစဉ်ပြီးတော့ ဒေါ်သီတာနွယ်က တင်ဆက်ပေးမှာပါ။ |
|
အပြည့်အစုံသို့ ...
|
|
|
Sunday, 06 June 2010 |
|
 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးလို့ ဝေဖန်ကြမှုတွေ အတော် ပေါ်ထွက်ခဲ့ပါတယ်။ အခု အစိုးရက ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကိစ္စမှာလည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ ဒီရွေးကောက်ပွဲကို လက်မခံကြတာတွေလည်း ဖြစ်နေပါတယ်။ ဒီတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း အပိုင်း ၅ ပိုင်းခွဲ ထုတ်လွှင်ခဲ့တာကို ပြန်လည်ထုတ်လွှင့်ဖို့ အစီအစဉ်ရှိပြီးတော့ ဒီအပတ်မှာ အပိုင်း ၁ ကို ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဦးကိုကိုအောင်က စီစဉ်ထုတ်လုပ်ပြီး ဒေါ်သီတာနွယ်က တင်ဆက်ထားပါတယ်။ |
|
အပြည့်အစုံသို့ ...
|
|
|
Saturday, 05 June 2010 |
|
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနာဂတ် ဘီဘီစီ ဇွန် ၅၊ ၂၀၁၀ “ဟုတ်ကဲ့ … ကျမတို့ အဲဒါတွေ နားမလည်ဘူး။ ဖွဲ့စည်းအုပ်ချုပ်မှုဆိုတာကို မသိဘူး။ အင်း … အရေးတော့ ပါတာပေါ့၊ ဘယ်လိုမျိုး အရေးပါလဲဆိုတော့ အဲလိုကျတော့ ဘယ်လိုပြောရမှန်းကို မသိဘူး၊ နားမလည်ဘူး” |
|
အပြည့်အစုံသို့ ...
|
|
|
<< Start < Prev 1 2 3 4 5 6 Next > End >>
|
| Results 1 - 11 of 62 |