အန်ဂျီအိုတွေနေတဲ့ တိုင်းပြည် - မြန်မာပြည်
သန်းစိုးလှိုင်
ဖေဖေါ်ဝါရီ ၁၂၊ ၂၀၀၉
နာဂစ်နဲ့ စခဲ့တယ်
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ၂ ပတ် အကြာ ကာလ။ လပွတ္တာမြို့၏ လမ်းများပေါ်တွင် ရွာကြီးရွာငယ်များမှ ပြေးလာကြသည့် လေဘေး ရေဘေး ဒုက္ခသည်များ ဖြင့် ပျားပန်းခတ်မျှ စည်ကားနေသည်။ ဦးခေါင်းတွင် ထိခိုက်ရှထားသည့် ကလေးငယ် ကိုချီထားသည့် မိခင်က အခမဲ့ဖွင့်ထားသည့် အန်ဂျီအို ဆေးခန်းသို့သွားဖို့ တည်းခိုရာနေရာမှ ဆုတောင်းပြည့် ဘုရားတန်ဆောင်းဘက်သို့ သွားနေသည်ကို တွေ့ရသည်။

၂၀၀၈ နာဂစ်အရေးအခင်း 















