| Burmese in Japan allowed to vote infront of Japanese Help |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Sunday, 27 April 2008 | |
|
မဲပေးရန် ဖိတ်စာရ ကျောင်းသား ကျောင်းသူများ၊ အလုပ်သင်ဗီဇာနှင့် ရောက်ရှိနေသူများသာမက တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသော ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအပါအ၀င် ဆန္ဒမဲပေးပိုင်ခွင့်ကို ဂျပန်အဖွဲ့အစည်းများရှေ့မှောက်တွင် ယနေ့ (ဧပြီလ ၂၇ ရက်၊ တနင်္ဂနွေနေ့) နံနက် ၉ နာရီမှ နေ့လယ် ၁၂း၃၀ အထိ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ခံများ၊ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာမတဦးနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ခံတဦးတို့ကဦးဆောင်ပြီး ပြုလုပ်ပေးတာကိုတွေ့ရပါတယ်။ မြန်မာသံရုံးက ဂျပန်ရောက် မြန်မာများအားလုံး မဲပေးခွင့် ရရှိစေရေးအတွက် အချိန်မီ၊ ပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မိမိတို့က ထိုသို့ ကျင်းပပေးရတယ်လို့ တာဝန်ခံ ဂျပန်အမျိုးသားများက သတင်းထောက်များ၊ လုံခြုံရေးရဲများနှင့် ဂျပန်တီဗွီသတင်းဌာနများရှေ့မှာ ရှင်းလင်းပြောကြားပါတယ်။ လူများစုရှေ့မှောက်မှာ ပြုလုပ်တဲ့ ရလဒ်ကတော့ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတွက် ထောက်ခံမဲ ၆ မဲ၊ ကန့်ကွက်မဲ ၂၂၄ မဲ နှင့် ပယ်မဲ ၂ မဲတို့ ရရှိခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့က ဂျပန်ရဲများက မြန်မာလူမျိုးများကို အကြမ်းဖက် လူစုခွဲခဲ့ရတာဟာ အထင်အမြင်မှားပြီး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ သံရုံးကို ဆန္ဒပြသူမြန်မာများ ပိတ်ဆို့နှောက်ယှက်နေလို့ အရေးယူပေးရန် မြန်မာသံရုံးတာဝန်ခံများက တိုင်ကြားခဲ့လို့ လုံခြုံရေးရဲများက လူစုခွဲရာမှာ သံရုံးရှေ့ရောက် မြန်မာများနဲ့ အဓိကရုဏ်းသဖွယ် ဖြစ်ခဲ့ရတာ့ဖြစ်ကြောင်း၊ ထိုကိစ္စအတွက်လည်း တောင်းပန်ပါကြောင်း ထုတ်ဖော်ပြောဆိုတယ်လို့ သိရပါတယ်။ |
|
| < Prev | Next > |
|---|


































