မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 101 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Watercress by Ei Kyar Kway Print E-mail
User Rating: / 0
PoorBest 
သောင်းပြောင်းထွေလာ - သရော်စာ
Sunday, 13 July 2008

ကန်စွန်းရွက်ကို ဘာထင်လဲ

အီကြာကွေး
ဇူလိုင် ၁၃၊ ၂၀၀၈

နွေ၏သဘာဝအတိုင်း သင်္ကြန်အပြီးမှာ အပူရှိန်လွန်ကဲလာသည်။ တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် ဆိုသည့်အတိုင်း ဆွေ့ဆွေ့ခုန်ရမတတ် ပူသည်။ အိမ်အပြင်ထွက်လျှင် ဦးထုပ်လောက်ဖြင့် မရတော့၊  ထီးပါ ထပ်ဆောင်းရသည်။

“ဟိုက် ရှာလပတ်ရည်၊ ပူလှချည့်လား။ အပူသက်သာအောင် ကန်စွန်းရွက်ကြော် စားဦးမှပါပဲ။ ကန်စွန်းရွက်တွင် ရေဓာတ်ပါသည်။ အပူရှိန်ကြောင့် ခန္ဓာကိုယ်ထဲတွင် နည်းသွားသော ရေဓာတ်များကို ကန်စွန်းရွက်စားပေးခြင်းဖြင့် ပြန်ဖြည့်ပေးရမည်။

“ကန်စွန်းရွက်တစ်စည်း ဘယ်လောက်လဲ …”

ကန်စွန်းရွက်မစားဖြစ်တာ ကြာပြီ၊ အလှူအတန်းတွေ ဆက်နေသဖြင့် ကြက်သား၊ ၀က်သားတွေ အုပ်နေရ၍ ကန်စွန်းရွက်ဘက် မလှည့်ဖြစ်…။

“တစ်စည်း (… …)ပါ ဂုရုကြီး”

ဈေးသည်က ဘာဖြေလိုက်မှန်းမသိ၊ နားထဲတွင် အူဆင်းသွားသည်။ ကျန်းမာရေးအတွက် မစားမဖြစ်၊ စားကိုစားရတော့မည်ဖြစ်၍ သူပြောသော ဈေးအတိုင်း သုံးစည်း ၀ယ်ခဲ့ရသည်။ ကြော်လိုက်လျှင် ကျုံ့သွားမည်ဖြစ်၍ သုံးစည်းဝယ်မှ ည၊ မနက် လောက်မည်။

“သြော် … ကန်စွန်းရွက်၊ ကန်စွန်းရွက် …”

ဂုရုကွေးမှာ သြော် … လောက၊ လောက ဟု ညည်းရမည့်အစား၊ သြော် … ကန်စွန်းရွက်၊ ကန်စွန်းရွက်ဟု ပြောင်းညည်းကာ (၁၀)ရက်ကွက်ဈေးထဲမှ ပြန်ထွက်လာခဲ့သည်။

ယောအတွင်းဝန် ဦးဖိုးလှိုင်က သူ၏ နာမည်ကျော် “ဥတုဘောဇနသင်္ဂဟကျမ်း”တွင် (ကန်စွန်းရွက်သည် ချို၏၊ နို့ရည်၊ သုတ်တို့ကို ပွားများစေတတ်၏)ဟု ချီးကျူးရေးသားခဲ့သည်။ ဦးဘိုးလှိုင်ကိုယ်တိုင် ယနေ့ကန်စွန်းရွက်ဈေးကို သိလျှင် ဘာဆက်ရေးမည်မသိ။

ဆရာဇေယျသည် (ကန်စွန်းနွယ်) ဆိုသော ဆောင်းပါးတွင် ကန်စွန်းနွယ်ကလေး၏ ချစ်စရာကောင်းပုံကို မျက်စိထဲတွင် ပြက်ပြက်ထင်ထင် မြင်လာအောင် စာပန်းချီ ခြယ်သခဲ့သည်။ ကန်စွန်းရွက်နှင့် ပတ်သက်ရတိုင်း ဆရာဇေယျ၏ ကန်စွန်းနွယ်ဆောင်းပါးကို သတိရမိသည်။ ဆရာဇေယျကိုယ်တိုင် ယနေ့ ကန်စွန်းရွက်ကို သိရလျှင် ဘာထပ်ရေးမည်မသိ။

ဦးဘိုးလှိုင်ရော၊ ဆရာဇေယျပါ ကွယ်လွန်ခဲ့သည်မှာ ကြာပါပြီ။ ထိုဆရာနှစ်ပါးသာ ယနေ့ရှိသေးလျှင် တို့ရေးလိုက်တာ စောသွားတယ်ဟု စုတ်တသပ်သပ် ဖြစ်ကောင်းဖြစ်ကြမည်။

“ဂုရုကြီး…၊ ဂုရုကြီး…”

စာကလေးသား အကြီးဆုံးကောင်ကလည်း တစ်မျိုး။ လူပျိုပီပီ ပိုးတတ်ပန်းတတ်နေပြီ။ သူပိုးပန်းတတ်တာက အကြောင်းမဟုတ်၊ ဂုရုကွေးကို စာရေးဆရာကြီး ဆိုပြီး အချစ်အကြောင်း လာလာမေးတတ်တာက ဒုက္ခ။

“မုန့်ဟင်းခါးရောင်းတဲ့အချစ်ပဲ ငါသိတယ်။ မည်းမည်း၀၀ အပျိုကြီးလေ။ ဒေါ်ချစ်ဆိုတဲ့ နာမည်ကို အားလုံးက အဖျားဆွတ်ပြီး အချစ်၊ အချစ်လို့ ခေါ်ကြတဲ့ အပျိုကြီး …။”

“ဟာ … ဒါကြီးတော့ ကျွန်တော်လည်း သိသားပဲ၊ ကွန်တော်မေးတဲ့အချစ်က နှလုံးသားထဲက လာတဲ့အချစ်”

ဘာပြန်ဖြေရမှန်းမသိ၍ ဂုရုကွေး အသာငြိမ်နေလိုက်ရသည်။ ယခု ထိုအကောင်ငယ်ကလေးက နှလုံးသားရေးရာ ပြဿနာအသစ်တစ်ခု ယူဆောင်လာပြန်ပြီ။”

“ဂုရုကြီး… ဟို … ဘတ်စ်ကားသုံးစီးရှိတဲ့အိမ်က ကောင်မလေး သိတယ်မဟုတ်လား။”

“သိတယ် … သူ့လည်း သိတယ်၊ သူ့အဖေလည်းသိတယ်။ ဘာဖြစ်လို့လဲ …”

“သူ ဈေးသွားတုန်း ကျွန်တော် ဒုတိယအကြိမ်မြောက် ရည်းစားစကားပြောတော့ လူကို ဟင်းရွက်ကန်စွန်းမှတ်လို့လား လို့ ပြန်ဟောက်တယ် …”

“ပထမအကြိမ် ပြောတုန်းကရော…”

“ဟင်းရွက်ကန်စွန်းမှတ်လို့လားပဲ ဟောက်တာပဲ”

“ဒါဆို … မနက်ဖြန် ကောင်မလေးဈေးသွားရင် တတိယအကြိမ်မြောက် ထပ်ပြော၊ ဟင်းရွက်ကန်စွန်းမှတ်လို့လား မေးရင် မှတ်ပါတယ် ဖြေ။ ကန်စွန်းရွက်တစ်စည်း ဘယ်လောက်ဆိုတာ သေသေချာချာ ရှင်းပြ၊ ကောင်မလေး ဘယ်လိုတုံ့ပြန်တယ်ဆိုတာ ငါ့ပြန်အမြန်သတင်းပို့၊ တောက် … အသက်ကြီးနေလို့ဟေ့၊ ငပျော့အရွယ်သာဆို ငါပါအဖော်လိုက်တယ်။”

နောက်နေ့မနက် ရှစ်နာရီခွဲလောက်တွင် စာကလေးသား စပ်ဖြဲဖြဲမျက်နှာဖြင့် ရောက်လာသည်။

“ဘယ်လိုလဲကွ …”

“ကျွန်တော်က ဂုရုကြီးသင်ပေးတဲ့အတိုင်း ကန်စွန်းရွက်တစ်စည်း ဘယ်လောက် ဆိုတာ ရှင်းပြလိုက်တော့ ကောင်မလေးက အဟီး တဲ့”

“အဟီး ဆိုရင် ခရီးတိုပြီ၊ ဆက်လုပ် …”

ဂုရုကွေး ကဗျာအယ်ဒီတာလုပ်ခဲ့စဉ်က စင်တင်ပေးခဲ့ရသော စာပေတပည့်တစ်ယောက် ရှိတည်။ သူက ကဗျာရေးကောင်းရုံမက စကားပြေလည်း အရေးကောင်းသည်။ လုံးချင်းတွေ အဆက်မပြတ်ရေးရင်း စူပါတန်းဝင်သွားကာ တိုက်နှင့်ကားနှင့် ကြီးပွားအောင်မြင်နေသည်။

“ဂုရုကြီးကို အကူအညီတောင်းရဦးမယ်”

တစ်နေ့ သူ၏အဖိုးတန်ကားကြီးဖြင့် အိမ်ရောက်လာပြီး အထက်ပါအတိုင်း ပြောသဖြင့်…

“ဖွတ်ကလိဒင်္ဂါး အကူအညီကလွဲရင် ကျန်တာ ကူညီနိုင်တယ်၊ ဘာကူညီရမလဲ၊ ပြော”

တပည့်ကျော် စူပါစာရေးဆရာက သက်ပြင်းမျှင်းမျှင်းချ၍…

“ကျွန်တော်အခုရေးနေတဲ့ အုပ်ကိုးဆယ်မြောက် လုံးချင်းဝတ္ထုမှာ အခက်အခဲတစ်ခု တွေ့နေတယ်။ မင်းသမီးက ချမ်းသာပြီး မင်းသားက ဆင်းရဲလွန်းနေတယ်။ ဒီအတိုင်းဆက်ရေးသွားရင် ဇာတ်သိမ်းပိုင်းမျာ သူတို့နှစ်ယောက် ဘယ်လိုမှ ညားဖို့ မလွယ်ဘူး။ ကျွန်တော့်ပရိသတ်ကလည်း ညားမှကြိုက်တယ်။ ကွဲရင် မကြိုက်ဘူး”

“ငါက ဘာအကြံ ပေးရမှာလဲ…”

“ဆင်းရဲလွန်းတဲ့ မင်းသားကို လူနေမှုအဆင့် နည်းနည်းမြှင့်ပေးချင်တယ်။ သိပ်အဆင်းရဲကြီး မဟုတ်ဘူး။ မရှိမရှားပေါ့ ဂုရုကြီးရာ”

“သူ့မိဘက ဘာလုပ်သလဲ”

“အဖေမရှိဘူး။ အမေပဲ ရှိတယ်။ သူ့အမေက လမ်းထိပ်မှာ မုန့်ဟင်းခါးရောင်းတယ်။ ဆိုင်ကလေးမဟုတ်ဘူး။ ရောင်းကောင်းတဲ့ဆိုင်ကြီး။”

“လွယ်ပါတယ်။ သူတို့အိမ်မှာ ဟင်းချက်ရင် နေ့စဉ် ကန်စွန်းရွက်ကြော်တစ်ပွဲ အမြဲပါတယ်လို့ ရေး။ ကန်စွန်းရွက်ကို ကြိုက်လည်းကြိုက်၊ နေ့တိုင်းလည်း စားနိုင်တယ်လို့ရေး … ဒါဆို မင်းဇာတ်လိုက်မင်းသား လူနေမှုအဆင့်အတန်း မြင့်သွားလိမ့်မယ်”

ကန်စွန်းရွက်ဈေးကို ရှင်းပြလိုက်တော့ တပည့်စူပါ ဘ၀င်ကျစွာဖြင့် ပြုံးပြီး ပြန်သွားသည်။ သူပြန်သွားပြီး တအောင့်အကြာတွင် ဟာကြူလီငပျော့ မဲ့ပြီး ရောက်လာသည်။

“စိတ်ပိန်စရာပဲ ဂုရုကြီး … မနှစ်က တစ်စည်းတစ်ကျပ် ကန်စွန်းရွက်ဟာ ဒီနှစ် တစ်စည်းငါးကျပ် တဲ့”

တလောလေးက သုံးစည်း ၀ယ်ကြော်စားမိထားသော ဂုရုကွေးက ငပျော့ကို သုံးကြိမ်တိတိ မေးလိုက်ရသည်။

“ကန်စွန်းရွက်ကို ဘာထင်သလဲ”၊ “ကန်စွန်းရွက်ကို ဘာထင်သလဲ”၊ “ကန်စွန်းရွက်ကို ဘာထင်သလဲ”

 

(မှတ်ချက် - ၁၉၉၇ ဇွန် ၁၁ ရက်နေ့ထုတ် မော်ကွန်းဂျာနယ်၊ တွတ်ပီစာအုပ်တိုက်ထုတ် အီကြာကွေး၏ တွေ့ရကြုံရ ရှတတလေးတွေ စာအုပ် တို့တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

 

 

စာရေးဆရာအီကြာကွေးအကြောင်း

အီကြာကွေးသတင်း (စာ - ၁)
အီကြာကွေးသတင်း (စာ - ၂)

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Welcome to MOE Gift Shop

မိုး အမှတ်တရဈေးဆိုင်

အယ်လ်အေက မြန်မာများနဲ့ ဒေသခံများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ

ဈေးနှုန်းချိုသာစွာရရှိနိုင်ပါပြီ။ နွေးထွေးခင်မင်စွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်။

ရပ်နီး ရပ်ဝေးက အားပေးလိုသူများအတွက် အင်တာနက်ဈေးဆိုင် မကြာမီ လာမည်။

10933 Valley Mall # D-9 (lower level), El Monte, CA 91731

Phone – 626-373-5848, 626 – 478 - 7717

 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!