မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 90 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Burmese Regime cover up health situation of Political Prisoners Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Monday, 27 April 2009

နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေများကို စစ်အစိုးရက ဖုံးကွယ်ထား

မိုးမခအထောက်တော် ၀၀၄

ဧပြီ ၂၈၊ ၂၀၀၉

          ၈၈ မျိုးဆက်ကျောင်းသားများကို မြန်မာပြည် အကျဉ်းထောင်အနှံ့သို့ ရွှေ့ပြောင်းချုပ်နှောင်ထားခဲ့ပြီး ယခုအချိန်တွင် ၎င်းတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး၏ ကျန်းမာရေးအခြေအနေများ၊ ထောင်တွင်း တကိုယ်ရေသန့်ရှင်းမှုများ၊ စားသောက်နေထိုင်မှုကိစ္စများနှင့် ပတ်သက်ပြီး ဖုံးကွယ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်တဦးက ပြောကြားလိုက်သည်။

          “မိသားစုဝင်တွေက ပြောလွန်းလို့၊ ပြည်ပမီဒီယာတွေကနေ ထုတ်ဖော်ပြောဆိုနေလို့သာ နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေကို လူတွေက သိနေရတာ။ အဲလိုမျိုး စွန့်မပြောရင် ဘယ်သူ ဘာဖြစ်လို့ ဖြစ်သွားမှန်း သိလိုက်မှာ မဟုတ်ဘူး။” ဟု ၎င်းက ပြောသည်။

          ဥပမာအားဖြင့် ကိုလှမျိုးနောင်၏ မျက်စိဝေဒနာ၊ စုစုနွေး ကျန်းမာရေး၊ အရှင်ဂမ္ဘီရ စသည်တို့အခြေအနေကို မိသားစုဝင်များက ထုတ်ဖော်ပြောဆိုမှသာ ပြည်သူတို့ သိရှိရခြင်းဖြစ်ကြောင်း၊ စစ်အစိုးရက ထောင်သွင်းအကျဉ်းချထားသူတို့၏ ကျန်းမာရေးကိစ္စအ၀၀ကို တာဝန်ယူအာမခံချက်ပေးရန် လုံးဝစိတ်ကူးမရှိကြောင်း၊ လုံခြုံရေး၊ ဥပဒေရေးနှင့် ထောင်ဝန်ထမ်းအချို့ကလည်း မိသားစုဝင်များထံက ငွေကြေးဥစ္စာများကို အကြပ်ကိုင်တောင်းဆိုပြီး မတရားပြုမူနေကြသဖြင့် လူသားချင်းစာနာမှု မရှိကြောင်း၊ ထိုအကြောင်းအရာများကို ထုတ်ဖော်ပြောဆိုပါက မိသားစုနှင့် ထောင်ဝင်စာတောင်မှ တွေ့ခွင့်မရတော့မှာ စိုးရိမ်သဖြင့် အချို့သော မိသားစုများမှာ ရေငုံနှုတ်ပိတ်နေရကြောင်း စသည်ဖြင့် မိသားစုဝင်က ဆက်လက် ပြောကြားသည်။

          ထင်ရှားသော သာဓကတခုမှာ ထောင်ဝန်ထမ်းတဦးက လာဘ်တောင်းခဲ့သည်ဟု မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းကျနေသူ လူရွှင်တော် ကိုဇာဂနာ၏ မိသားစုများက တိုင်ကြားမှုပြုလုပ်ခဲ့ပြီး ထောင်ဝင်စာတွေ့ရန် ရွှေ့ဆိုင်းခြင်း ခံခဲ့ရသည်။ သင်္ကြန်ရက်အတွင်း ကိုဇာဂနာ သွေးတိုးပြီး မူးလဲခဲ့ပြီးနောက် မိသားစုဝင်များက ဆေးကုသခွင့်ပြုရန် အကြိမ်ကြိမ် တောင်းပန်ခဲ့ရပြီး ထောင်ပြင်ပရှိ ဆေးရုံသို့ ပို့ဆောင် ဆေးစစ်မှုရယူရာတွင် စောင့်ဆိုင်းနေသော မိသားစုဝင်များကို အကြောင်းကြားခြင်း မပြုခဲ့ဟု ဆိုသည်။

          စစ်အစိုးရ၏ ဥပက္ခာပြုမှုများ၊ နှိပ်စက်ညှင်းပန်းမှုများနှင့် ကျန်းမာရေး အာမခံချက်မပေးမှုများကြောင့် ၂၀၀၆ ခုနှစ် အေအေပီပီ (မြန်မာ) ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

          “ဘာတဲ့ … သေရင် ပြီးပြီ တဲ့ ဟုတ်လား။ စာအုပ်ထဲမှာ ဂျာနယ်လစ်တယောက်က ပြောတာနဲ့ တူတယ်။ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ်မှာ စစ်အစိုးရအဖို့က အဲသည်လို သဘောထားတယ် လို့ ပြောချင်တယ်။ သေရင် … ပြီးပြီ။ အပြင်ကမိသားစုတွေအဖို့မှာ ကိုယ့်သားသမီး၊ ကိုယ့် လင်သား၊ ဇနီး မပြောကောင်း မဆိုကောင်း ထောင်ထဲမှာ သေသွားခဲ့ရင် ဘာတတ်နိုင်မှာလဲ။ ပြီးပြီပဲပေါ့။ သူတို့ အသက်ရှင်ဖို့ ကြံ့ကြံ့ခံနေနိုင်ဖို့ အခုလို မိသားစုတွေက အစွမ်းကုန်လုပ်နေရမှာပဲ။”

          ဟု သူက နောက်ဆုံး မှတ်ချက်ပေးခဲ့သည်။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Friends of Citizen of Burma (LA) to fund rasise with fun fair
အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်း ကျင်းပမည်
မိုးမခအထောက်တော် အယ်လ်အေ
သြဂုတ် ၂၄၊ ၂၀၁၀
စက်တင်ဘာ ၂၅ ရက်ကို ကြိုတင် စာရင်းတို့ထားပြီး အရောက်လာကြဖို့ အယ်လ်အေမြို့နယ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေက နွေးထွေပျူငှာစွာ ဖိတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် လာမယ့်နှစ် မေလ ၀န်းကျင်မှာ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်လို့ ယခုကတည်းက အမေရိကန်ပြည်က ပါဝင် အားပေးကြမယ့် မြို့နယ် ၁၅ မြို့နယ်ကျော် အထဲက မြို့နယ်အလိုက် ရန်ပုံငွေ ရှာဖွေပွဲတခုအဖြစ် အများပြည်သူတွေ ပိုပြီး သိရှိစေဖို့၊ နားလည် ရင်းနှီးစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!