| Hoax News of Tsunami & Earth Quake spreading in Asia |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Tuesday, 14 July 2009 | |
|
ဇူလိုင်လ ၂၂ ဆူနာမီနဲ့ ငလျင်ဝင်တိုက်မည်ဟူသော ကောလဟာလပြန့်နေ မိုးမခ အထောက်တော် ၀၀၄ ဇူလိုင် ၁၄၊ ၂၀၀၉ နေကြပ်၊ လကြပ်မည့် ဟောကိန်းများ ဇူလိုင်လအတွင်း ထွက်ပေါ်နေရာ အာရှနိုင်ငံများတွင် ဆူနာမီနှင့် ငလျင်ဘေးတို့ ၀င်ရောက်မည်ဟူသော ကောလဟာလများ ထွက်ပေါ်နေသည်ဟု ဆိုသည်။ ယခု ဇူလိုင်လ ၂၂ တွင် ဆူနာမီ ပင်လယ်ရေလှိုင်းကြီး ဂျပန်ကို ၀င်တိုက်မည်ဟု အီးမေးများတွင် ရွှေပေလွှာများ ၀င်ရောက်လာသဖြင့် အာရှသားတို့ လှုပ်လှုပ်ရှားရှား ဖြစ်ကြသည်ဟု အာရှဘလော့ဂ်ဖိုရမ် တခုတွင် တင်ထားသည်။
မြန်မာပြည်တွင်းတွင်မူ စစ်အစိုးရ၏ မိုးလေ၀သဌာနက ထိုသတင်းကို အလွတ်သဘော ထုတ်ဖော်ပြောဆိုသည်ဟု ကောလဟာလသတင်းကို ဖြန့်ချိခဲ့ကြသည်ဟု မိုးမခပရိသတ်တဦးက ပြောပြသည်။ စင်္ကာပူက သတင်းတပုဒ်ကမူ ထိုကောလဟာလများ မမှန်ကြောင်း၊ ငလျင်သတင်းမှာ လုံးဝ မဖြစ်နိုင်ကြောင်း၊ နေကြပ်မည်မှာ မှန်ကန်ကြောင်း၊ ဆူနာမီ ဆိုသည့် ပင်လယ်ရေအောက် ငလျင်ကြောင့် ပင်လယ်ရေလှိုင်းကြီးများ ထကြွခြင်းမှာမူ မည်သူကမျှ ကြိုတင် ဟောကိန်း ထုတ်နိုင်ရန် ခဲယဉ်းကြောင်း ရေးသားထားသည်။ |
|
| < Prev | Next > |
|---|











