မာတိကာ
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 59 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Burmese junta's smear campaign on Burmese Monks using their own media Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Tuesday, 14 July 2009

မန္တလေးမှ လူသတ်မှု သတင်းဖြင့် သံဃာထု သိက္ခာကို ချဖို့ကြံစည်

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၅၊ ၂၀၀၉

ယမန်နေ့ထုတ် ၀ိကလီး အလဲဗင်း ဂျာနယ် အချပ်ပို စာမျက်နှာ ၁ တွင်ပါရှိသည့် မန္တလေး မြို့ဘုန်းတော်ကြီး ကျောင်း တကျောင်းမှ ၃လောင်းပြိုင်လူသတ်မှု သတင်းသည်  သံဃာထု အပေါ်လူအများ ယုံကြည်မှု ကျဆင်းစေရန် တမင်ရည်ရွယ်ပြီး နအဖ အစိုးရက ထည့်သွင်းဖေါ်ပြစေသည်ဟု မန္တလေးမြို့ခံများက နားလည် သဘောပေါက်လျက် ရှိသည်ဟု မန္တလေး မြို့ခံအချို့က ပြောဆိုသည်။

          ဇူလိုင်လ ၁၃ရက်နေ့စွဲ ဖြင့်ထုတ်ဝေသည့် ၀ိကလီး အလဲဗင်းဂျာနယ်တွင် မန္တလေး ဒေးဝန်း အနောက်ရက်ကွက် ၊ အကောက်ဝန်မင်းကြီး ကျောင်းတိုက် အရှေ့ဆောင်တွင် သီတင်းသုံးနေသည့် သံဃာနှစ်ပါးကို မာတုဂါမကိစ္စဖြင့် အငြိုးထားပြီး အရပ်သား တဦးက ညအချိန်တွင် လာရောက် သေကြောင်းကြံရာမှ အရပ်သားနှစ်ဦးနှင့် သံဃာတပါး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖေါ်ပြထားခဲ့သည်။

သာမန်အားဖြင့် ထိုသို့သော သတင်းမျိုးကို ဖေါ်ပြခွင့် ပိတ်ပင်ထားလေ့ ရှိသော်လည်း ယခုအဖြစ်အပျက်ကို စာပေစိစစ်ရေး နှင့်နီးစပ်သည်ဟု သတင်းကြီးသော ၀ိကလီး အလဲဗင်း ဂျာနယ်တွင် ဖေါ်ပြစေခြင်း သည် သဘောရိုးမဟုတ်နိုင်ဟု မီဒီယာ အသိုင်းအ၀ိုင်းမှ ပြောဆိုလျက်ရှိသည်။ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း သံဃာထုကို ပစ်မှတ်ထားလာသည့် နအဖ အစိုးရ၏ ၀ါဒဖြန့်ချိမှု တခု အနေဖြင့် ယခု သတင်းဖေါ်ပြခြင်းဖြစ်သည် ဟုလည်း ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းမှ နားလည် သဘောပေါက်လျက်ရှိသည်။

          နအဖ အစိုးရသည် ၂၀၀၇ ခုနှစ် သံဃာ့အရေး အခင်းတွင်ပါဝင်သော ရဟန်းသံဃာများကို အသရေ ပျက်စေရန်ရည်ရွယ်ပြီး ငွေကြာယံကျောင်းတိုက် တွင် ဝေယျာဝစ္စလုပ်ကိုင်ပေးသည့် ဒကာမ၊ နယ်မှ ဆေးကုရန် လာရောက်တည်းခိုနေသည့် ဒကာမ အမျိုးသမီးများ၏ အ၀တ်အစားများကို ရှာဖွေသိမ်းဆည်းပြီး မရိုးသားသည့် သဘောဖြင့် သက်သေခံ တင်ပြခြင်း၊ အတင်းအဓမ္မ ခြိမ်းခြောက်ထွက်ဆို စေခြင်းများ ပြုလုပ်ခဲ့သည်။ ငွေကြာယံကျောင်းတိုက်ကို စက်တင်ဘာ ၂၇ရက်နေ့ အာရုံတက်ချိန်တွင် စစ်တပ်ဖြင့် အကြမ်းဘက် ၀င်စီးခဲ့ပြီးနောက် သေဆုံး၊ ဒဏ်ရာရခဲ့သည့် သံဃာအများ အပြားရှိခဲ့ပြီး ငွေကြာယံ ကျောင်း ၀င်စီးပြီးနောက် မြင်ကွင်း ဓါတ်ပုံဗီဒီယိုများမှာ နိုင်ငံတကာ မီဒီယာများအထိ ပြန့်နှံ့ခဲ့သည်။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Maung Swan Yi - Collection of articles from Alin Eain House
Sample Image
 
 
Top! Top!