မာတိကာ
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 58 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Maung Yit - Leave them behind in 2010 Election Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သူတို့အာဘော်
Wednesday, 15 July 2009

ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့

မောင်ရစ်

ဇူလိုင် ၁၅၊ ၂၀၀၉

General Than Shwe casts his vote, 10 May

        ရွေးကောက်ပွဲဟာ ကျိန်စာပဲဗျ။ ဒီအကောင်က ကျနော်တို့အတွက် ကံကောင်းခြင်းလက်ဆောင် မဟုတ်ဘူးထင်တယ်။ အီရန်မှာ ရွေးကောက်ပွဲလုပ်မိတာ သေလိုက်ကြတာ သောက်သောက်လဲပဲ။ အမေရိကန်တို့ အနောက်အုပ်စုတို့က ရွေးကောက်ပွဲစနစ်နဲ့ အောင်မြင်နေတော့ ပြောအားရှိတာပေါ့ဗျာ။ ဘွတ်ခ်ျဆိုတဲ့ သမ္မတဟောင်း ဆင်းသွားလိုက်၊ အိုဘားမားဆိုတဲ့ သမ္မတအသစ် တက်လာလိုက်နဲ့။ သူတို့အနောက်အုပ်စုတွေက ရွေးကောက်ပွဲများ လုပ်နေလိုက်တာ ဆပ်ကပ်ပြနေသလား မှတ်ရတယ်။ ကျနော်တို့ အရှေ့ဖက်ကနဲ့ တခြားဆီပဲ ထင်တယ်။

          ကြည့်ပါလေ … အီရန်က ရွေးကောက်ပွဲမှာ အာဏာရနဲ့ အတိုက်အခံတို့ခင်မျာ ရွေးကောက်ပွဲလည်း လုပ်ရသေး၊ ပြီးတော့လည်း အရှုံး အနိုင် မကျေနပ်ကြလို့ အငြင်းဆက်ပွားကြရသေး။ ထွက်ဆန္ဒပြကြတဲ့ လူငယ်တွေ ကျောင်းသားတွေမှာ အသက်နဲ့ ရင်းပြီး သေကြရ။ အင်တာနက်ပေါ်ကတဆင့် ကမ္ဘာကြီး မြင်ကြရတော့ အာဏာရတွေက ဒါ အမေရိကန်နဲ့ ဗြိတိန်ဒိဋ္ဌိတွေ သွေးထိုးလို့ ဖြစ်ရတာတဲ့။ အတိုက်အခံတွေကတော့ ဒါဟာ ပြည်သူတွေတောင်းဆိုတဲ့ လွတ်လပ်မှုတဲ့။ ကဲ … သေနတ်နဲ့လည်း ပစ်လိုက်ပြီ … ဒိုင်း .. ဟော ဟိုမှာ ပြည်သူတဦး ပစ်လဲသွားပြီ။ သွေးအိုင်ထဲမှာ။ ပြောစမ်းပါဦး … ရွေးကောက်ပွဲတွေဟာ အာဏာရှင်တွေ လက်ထဲမှာ ကျိန်စာလား …၊ လက်ဆောင်လား …

          ကဲ ဒီတော့ ၂၀၀၈ မှာတုံးက နာဂစ်မုန်တိုင်းကြီး ခြေနဲ့ ဖျက်တဲ့ကြားက စစ်အုပ်စုက သူတို့အခြေခံဥပဒေဆိုတာကြီးကို ပြည်သူ့သွေးနဲ့ အဓမ္မရေးခဲ့တယ်။ ပြီးတော့ ထောင်ဒဏ်တွေကို ချမှတ်လိုက်တာ အနှစ် ၅၀၊ အနှစ် ၆၀ ဆိုတော့၊ ရွေးကောက်ပွဲဆိုတာများ အနှစ် ၂၀ ကို တကြိမ် မြန်မာပြည်မှာ လုပ်ဖြစ်မယ် ဆိုရင် - သူတို့တွေ ရွေးကောက်ပွဲ ၃ ကြိမ်လောက် လက်လွှတ်သွားမယ့် ပုံရှိတယ်။

          အဲသည်တော့ အနှစ် ၂၀ ကို တကြိမ်လောက် လုပ်ဖြစ်ချင် လုပ်ဖြစ်မယ့် မြန်မာပြည်ရွေးကောက်ပွဲကြီးတွေအတွက် ကျနော်တို့ ဘာတွေများ အပင်ပန်းခံ စဉ်းစားချင်ပါလိမ့်နော်လို့ စိတ်ပေါက်နေမိပါတယ်။

          တိုင်းပြည်ရဲ့ခေါင်းဆောင်၊ အတိုက်အခံပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ပြီးတော့ နိုင်ငံတကာက မြန်မာပြည်ရဲ့ ခေါင်းဆောင်လို့ အထင်အရှား အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အကြပ်အတည်း၊ တရားစီရင်မှု အကြပ်အတည်းတွေထဲ လုပ်ကြံထားတဲ့ အချိန်မှာ၊ ၁၉၉၀ ရွေူးကောက်ပွဲလက်ကျန် အင်န်အယ်ဒီပါတီကြီးကို သမိုင်းရဲ့ ဖြစ်တည်မှု အကြပ်အတည်းထဲမှာ ညှပ်ပူးညှပ်ပိတ်ထားတဲ့အချိန်၊ အတိုက်အခံအင်အားစုတွေကို ထောင်တွေထဲမှာ၊ နယ်စပ်ဒေသမှာ၊ အိုးပစ် အိမ်ပစ် အထွေထွေအကြပ်အတည်းအောက်မှာ ဖိနှိပ်ထားတဲ့အချိန်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ကျင်းပကြမယ်ဆိုတော့ ဘယ်လိုနည်းနဲ့များ ဖောက်ထွက်တွေးရင် ကောင်းမှာလိမ့်မလဲလို့ မြန်မာပညာရှိကြီးများ၊ အီလစ်ကြီးများ၊ ပြောရေးဆိုခွင့် ရှိသူများ၊ ရေဒီယိုနဲ့ စာနယ်ဇင်းဌာနအသီးသီးက ဆရာသမားကြီးများကဲ့သို့ အတွေးခေါင်ကြည့်မိပါတယ်။

          နယ်စပ်ဒေသက အပစ်ရပ်အဖွဲ့များကို စစ်အစိုးရက သူများတွေနဲ့ မတူပဲ တော်တော်ကို ဂရုတစိုက်နဲ့ ညှိနှိုင်းနေတာကို ကျနော်တို့ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြရတာကို အထူးဂရုပြုမိပါတယ်ခင်ဗျ။ လက်နက်ချပြီးမှ ရွေးကောက်ပွဲ ၀င်ကြပါ ဆိုတာမျိုး၊ နောက်တမျိုးက လက်နက်မချချင်ရင်လည်း နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ပြင်ဆင်ကြပါ ဆိုတာမျိုး။ နောက်တမျိုးကတော့ အပစ်မရပ်တဲ့ အခြားအပြိုင်အဖွဲ့တွေနဲ့ အိုးမဲသုတ်ပြီး ခွပ်ခိုင်းတာမျိုး စသည်ဖြင့် တော်တော် ဖွယ်ဖွယ်ရာရာ စီစဉ်ပေးနေတာကို တွေ့နေရပါတယ်။

          စစ်အုပ်စုနဲ့ အဆက်အဆံမပျက်သ၍ စစ်အုပ်စုဟာ လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို တွင်တွင်ကြီး လုပ်နေတာကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစဉ်ဆိုသည်မှာ မြို့ပေါ်က လက်နက်မဲ့ အကြမ်းမဖက်ရေး လမ်းစဉ်စွဲကိုင်သူ အတိုက်အခံနိုင်ငံရေးအင်အားစုများနဲ့ ပြဒါးတလမ်း သံတလမ်းများ ဖြစ်နေလေတော့သလားလို့တောင် အတွေးပေါက်မိပါသေးဗျာ။

          ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရက နယ်စပ်ဒေသက လက်နက်ကိုင်တွေကို အလွန်ပါဝင်စေချင်တာကြောင့် အခုလို အချိန်ယူ စီစဉ်နေတဲ့ အချက်ပေါ်မှာ အခြေခံပြီးတော့ မောင်ရစ်လည်း ဖောက်ထွက်တွေးစရာ အကြံဉာဏ်ကောင်းလေးများ လင်းလက်မိတာကို တင်ပြလိုက်ချင်ပါတယ်။

          အခုလို ဈေးအကြိမ်ကြိမ် ဆစ်နေရတဲ့ အကြပ်အတည်း အခြေအနေကြီးမှာ၊ နိုင်ငံတကာက စိတ်ပျက်လက်ပျက်ကြီးနဲ့ စစ်အုပ်စုလုပ်သမျှကို လက်မှိုင်ချနေချိန်ကြီးမှာ၊ ပြီးတော့ အာဏာရှင်တွေလုပ်တဲ့ ရွေးကောက်ပွဲဟူသမျှ နောက်ဆက်တွဲ သွေးမြေကျမှုတွေ၊ အရေးအခင်းတွေ အဆင်သင့်စောင့်ကြိုလျက် ရှိနေမည်ဆိုတာ မြေကြီးလက်ခတ် မလွဲတဲ့ အလားအလာကြီးတွေ အောက်မှာ - ကျနော်တို့ရဲ့ လာလတံ့သော ၂၀၁၀ ရွေးကောက်ပွဲကြီးကို စရိတ်ကျဉ်းကျဉ်း၊ အကုန်အကျ အကျအဆုံး နည်းနည်းနဲ့ စတိအဖြစ် ကျင်းပလိုက်ကြပါစို့လား ခင်ဗျား။

          ကမ္ဘာတ၀ှမ်း စီးပွားပျက်ကပ်ကြီး ဆိုက်လို့ လူတွေ၊ လုပ်ငန်းတွေ၊ နိုင်ငံတွေ အထိအခိုက် အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေကြရတော့ မကုန်သင့်တာ မကုန်ရအောင်၊ မလိုအပ်ဘဲနဲ့ လူတွေ၊ အိုးအိမ် စည်းစိမ်တွေ၊ အနာဂတ်တွေ၊ ဘ၀တွေ လေလွင့်ဆုံးရှုံးပျက်စီးမှုတွေ မဖြစ်ကြရလေအောင် မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအစီအမံအသစ်တခုနဲ့  အကျဉ်းချုံးလိုက်ကြရင် မကောင်းပေဘူးလား ခင်ဗျား။

          လက်နက်ကိုင်များကလည်း အလုပ်ရှုပ်ခံပြီး လက်နက်ချမယ်တို့၊ ပြည်သူ့စစ် ဖွဲ့မယ်တို့၊ အိမ်ကြက်ချင်း အိုးမဲသုတ်ကြစို့တို့ လုပ်မနေပါနဲ့။ အာဏာရှင်ရဲ့ ရွေးကောက်ပွဲမှာလည်း အပိုအလုပ်တွေ အပိုဆာဒါးတွေ၊ သကာသနတွေနဲ့ ကိုယ်စားလှယ် မှတ်ပုံတင်တာတို့၊ မဲဆွယ်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့၊ မဲရေတွက်တာတို့တွေလည်း လုပ်မနေပါနဲ့။ ရွေးကောက်ပွဲကို ကိုယ်စားလှယ် ရွေးပေးလိုက်ပါ။ ပြီးတော့ အဲသည်ကိုယ်စားလှယ်ကိုပဲ ပြည်သူ့လွှတ်တော်မှာ ပြိုင်ဖက်မရှိ အရွေးခံနိုင်ဖို့ သူတို့ကို တခါတည်း ပြောလိုက်ပါ။ မဆလခေတ်ကလည်း ပြည်သူ့လွှတ်တော်မှာ နယ်မြေတိုင်းမှာ ကြိုတင်ရွေးချယ်ထားသူများသာ ပြိုင်ဖက်မရှိ အရွေးခံခဲ့ရတာဟာ အလွန် အကုန်အကျ သက်သာပြီး အချိန်ကုန်သက်သာ၊ မဲပေးမည့် ပြည်သူတွေလည်း အလုပ်ရှုပ်အလွန် သက်သာခဲ့တာကို သင်ခန်းစာ ယူသင့်လှပါတယ်။

          ၂၀၁၀ ရွေးကောက်ပွဲကြီးကို ယှဉ်ပြိုင်ကြရန် ခါးတောင်းမြောင်အောင် ကျိုက်နေကြကုန်သော ပြည်သူ့လွှတ်တော် အလောင်းအလျာတို့သည်လည်း လွန်ခဲ့တဲ့လအနည်းငယ်က သွေးမြေ ကျခဲ့ရတဲ့  အီရန်ရွေးကောက်ပွဲကို သင်ခန်းစာယူပြီးတော့ မဲဆွယ်ပွဲ၊ မဲပေးပွဲ၊ မဲရေတွက်ပွဲ အသီးသီးမှာ အပြစ်မဲ့တဲ့ ပြည်သူလူထုကြီးကို ဓားစာခံဖြစ်အောင် ဆွဲမထည့်ကြပါနဲ့တော့ ခင်ဗျား။ စစ်အစိုးရ လျာထားပြီးဖြစ်တဲ့ မဲဆန္ဒနယ်တွေထဲမှာ သူတို့ကိုယ်စားလှယ်တွေနဲ့ အတင်း ၀င်ပြိုင်နေမယ့်အစား သူတို့ အဆင်ပြေသလို စီစဉ်ပေးမယ့် နယ်မြေတွေကို သူတို့ဆီကပဲ တောင်းပြီးတော့ ပြိုင်ဖက်မရှိ ၀င်နေရာယူလိုက်ကြပါ။

          ပြည်သူလူထုကြီးကလည်း အချိန်ကုန်၊ လူပမ်း၊ ငွေကုန်ကြေးကျခံပြီး၊ အသက်တွေ၊ ဘ၀တွေ စွန့်ပြီးတော့ သည် ၂၀၁၀ ရွေးကောက်ပွဲကြီးအတွက် ခေါင်းစားမနေပါနဲ့တော့ လို့လည်း တခါတည်း ပြောလိုက်ချင်ပါတယ်။ အသည်းကြားက မဲလည်း မဟုတ်၊ သေနတ်ပြောင်းဝက မဲတပြားဖြစ်နေတာမို့ သူတို့ထိုက်နဲ့ သူတို့ကံသာ ပစ်ထားလိုက်ပါ။ ဖြစ်နိုင်လို့ရှိရင် မဲရုံတွေ၊ မဲဆွယ်ပွဲတွေ၊ ကိုယ်စားလှယ်လောင်းတွေ ရပ်ကွက်ထဲ လာခြေရှုပ်နေတာကို မလိုအပ်ပါကြောင်း၊ ရုပ်မြင်သံကြား စတူဒီယိုများ၊ ရုပ်ရှင် ဗီဒီယိုရိုက်ကူးရာ ဆက်တင်များ၊ ရေဒီယိုအသံလွှင့်ခန်းများတွင်သာ ဇာတ်ညွှန်းများ၊ စပယ်ရှယ် အက်ဖက်များ၊ စတန့်ခန်းများ၊ အထိုးအကြိတ်၊ အသတ်အပုတ်၊ ဇတ်လမ်းများ ဆင်ပြီး ရွေးကောက်ပွဲကြီးကို ကျင်းပချင်ယောင်ဆောင်၍သာ ပြင်ဆင်ထားပြီးသော ရလဒ်များကို ကြေညာလိုက်စေချင်ကြောင်း၊ စေတနာလေး နည်းနည်းရှိကြရင်ဖြင့် ရုံးပိတ်ရက်လေး နည်းနည်းပါးပါး ကြေညာပေးကြရင်ဖြင့် ပြည်သူလူထုကြီးလည်း နည်းနည်း အနားရမှာပေါ့လေ။ မီးလေး ရေလေးလည်း နည်းနည်း မှန်အောင် လွှတ်ပေးဖို့ ပြောလို့ရမယ် ထင်ရင် ပြောကြည့်ကြပါခင်ဗျား။

          ၂၁ ရာစုအ၀င်မှာ အနောက်အုပ်စုက သူတို့တိုင်းသူပြည်သားတွေ ငြိမ်းချမ်းဖို့ ဆိုပြီး အကြမ်းဖက်သမားတွေကို စစ်တပ်တွေ လွှတ်ပြီး ဖြေရှင်းခဲ့ပါတယ်။ အကြမ်းဖက်သမားတွေကလည်း သူတို့ရဲ့ လောကနိဗ္ဗာန်တည်ဆောက်ဖို့ ဗုံးတွေ သေနတ်တွေနဲ့ အနောက်အုပ်စုကို တိုက်ခိုက်ခဲ့တယ်။

          ရွေးကောက်ပွဲသည်သာ ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြစ်တယ်လို့ ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်က တွင်တွင် ဟောပြောလို့ သူတို့တိုင်းပြည်က ရွေးကောက်ပွဲတွေ စံပြုပြီး ကမ္ဘာတခြမ်းက ကံဆိုးသူတွေကို နားချတယ်။ အဲဒါကို အကောင်းမှတ်ပြီး အာဏာရှင်လက်အောက်က ကံဆိုးသူ လူထုဟာ လက်နက်ဆိုလို့ အပ်တိုတချောင်းမှ မကိုင်ဘဲ အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲ အတုအယောင်တွေအောက်ကနေ လွတ်လပ်မှု တရားမျှတမှုနဲ့ ဒီမိုကရေစီကို တောင်းဆိုကြတော့ လမ်းပေါ်မှာ သွေးတွေက ချောင်းစီးလို့ …။ အာဏာရှင်တွေကလည်း ရွေးကောက်ပွဲကို မေးခွန်းထုတ်တဲ့ ပြည်သူကို အကြမ်းဖက်သမားတွေဆိုပြီး ပစ်သတ်လို့ ကောင်းနေဆဲပဲပေါ့။

          ကဲ … ခင်ဗျားတို့ကို မေးလိုက်ပါဦးမယ်။

          အာဏာရှင်လက်အောက်က ရွေးကောက်ပွဲဆိုတာ အဖိနှိပ်ခံ၊ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေအတွက် ကျိန်စာ လား လက်ဆောင်လား။

          ကဲ … နေခဲ့တော့ ရွေးကောက်ပွဲထဲမှာ … မင်းပျော်မယ် ထင်ရင်။   

 

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
NYC Burmese Art Show
Sample Image
 
မိုးမခ ၂၀၁၀ ဂါရ၀ အမှတ်တရ
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!