| Plain Clothes Police Motor Bikers under probe in Rangoon again |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Thursday, 16 July 2009 | |
|
ရဲဖက်ထောက်လှမ်းရေးများ ဆိုင်ကယ်စီးခွင့် အပိတ်ခံထားရ ရုပ်ဆိုး ဇူလိုင် ၁၆၊ ၂၀၀၉
ရန်ကုန်မြို့တွင်း ၂၀၀၁ ကတည်းက မော်တော်ဆိုင်ကယ်စီးခွင့်ကို စစ်အုပ်စုက ပိတ်ပင်ခဲ့ပြီးတဲ့နောက်ပိုင်း အစိုးရ၀န်ထမ်းတွေသာ အထူးခွင့်ပြုချက်နဲ့ စီးနင်းခွင့် ရနေရာက ယခု မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်မှုတွေ လုပ်နေပြန်ပါတယ်။ မြန်မာစစ်နဲ့ ရဲထောက်လှမ်းရေးများက မော်တော်ဆိုင်ကယ် တ၀ီးဝီးနဲ့ အတိုက်အခံပါတီဝင်တွေနောက်၊ နိုင်ငံရေးလှုပ်ရှားသူ လူငယ်တွေ၊ မိသားစုတွေနောက်က လိုက်လံနှောက်ယှက်နေတာတွေ၊ သူတို့တွေ အုပ်စုဖွဲ့သွာလာနေတာတွေကြောင့် အနှောက်အယှက်ဖြစ်ရတာမျိုး အခုတလောမှာ လျော့ကျသွားတယ်လို့ မျက်မြင်တချို့က ပြောလာပါတယ်။ ဒီအမိန့်ကို စစ်အုပ်စု ထိပ်သီးတွေထဲက တဦးက ထုတ်ပြန်လိုက်တာဖြစ်တယ်၊ ရဲဖက်ထောက်လှမ်းရေးတွေအတွင်းမှာသာမက အခြားဝန်ထမ်းဌာနတွင်းမှာ စုံစမ်းစစ်ဆေးတာတွေ ဖြစ်နေတယ်လို့ သူက ပြောပြပါတယ်။ “ဥပမာဗျာ … အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင်နောက်ကို သူတို့က ဆိုင်ကယ်တွေနဲ့ နောက်ယောင်ခံကော၊ ဗြောင်ကော လိုက်ကြတယ်။ ဆရာက တခါတလေ လမ်း ၃၊ ၄ ဘလောက်ကို ခြေလျင် လျှောက်ချင် လျှောက်သွားတာ။ အဖော် ပါပါ မပါပါ။ အဲသည်လိုဆိုရင် အဲဒီဆိုင်ကယ်ကောင်တွေ ဒုက္ခရောက်တော့တာပဲ။ နောက်ကနေ ဆိုက်ကယ်ကြီးကို တောက်လျောက် တွန်းပြီး လိုက်နေရတာကိုး” ဟု ၎င်းက ပြောပြသွားသည်။ (၂၀၀၇ စက်တင်ဘာ သံဃာအရေးတော်ပုံ၊ ရန်ကုန်၊ ရွှေတိဂုံဘုရားအနီး ဆန္ဒပြသူတို့ မီးရှို့ထားသော ထောက်လှမ်းရေးဆိုင်ကယ်တစီးပုံ၊ ဓာတ်ပုံ - မိုးမခ) |
|
| < Prev | Next > |
|---|



































