မာတိကာ
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 20 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
80 Burmese Passport Brokers arrested in Rangoon Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Thursday, 16 July 2009

  နိုင်ငံကူးလက်မှတ် ပွဲစား ၈၀ ကျော်အဖမ်းခံရ

 မိုးမခအထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၆၊ ၂၀၀၉

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးနှင့် ၃၇၊ ၃၈ လမ်း တ၀ိုက်တွင် ကျင်လည် ကျက်စားနေသည့် ပွဲစားအယောက် ၈၀ ကျော်ကို ပြီးခဲ့သည့် သောကြာနေ့ ညနေမှ စတင်ဖမ်းဆီးခဲ့ သည်ဟု ကျောက်တံတားမြို့နယ် ၃၇လမ်းတွင် နေထိုင်သူတဦးက ပြောသည်။ အဆိုပါ ပုဂ္ဂိုလ်က

“ပြီးခဲ့တဲ့ သောကြာနေ့ ညနေက ကားထိုးရပ်ပြီး နိုင်ငံကူးလက်မှတ် ရုံးတ၀ိုက်၊ ၃၇လမ်း အလယ်နဲ့ အောက်ဘလောက်၊ ၃၈လမ်းက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ပတ်စ်ပို့တ် (နိုင်ငံကူးလက်မှတ်) ပွဲစားတွေကို အကုန်ဖမ်းခေါ်သွားတယ်။ ဘာအတွက်ဆိုတာ မပြောဘူး၊ ဖမ်းဖို့လာတဲ့သူ တွေဆီမှာ သူတို့တွေရဲ့ ဓါတ်ပုံတွေပါလာတယ်။ အဲဒါနဲ့ တိုက်ကြည့်ပြီး ဟုတ်တယ်ဆိုရင် ဖမ်းခေါ်သွားတယ်၊ နောက်ရက်မှာ ကြားရတာကတော့ (ရုရှားပြန် စစ်ဗိုလ်လူထွက် ၃ ယောက်) ကို နိုင်ငံကူးလက်မှတ် လုပ်ပေးတဲ့ဆီက ပြဿနာစတာလို့ ပြောသံကြားတယ်” 

ဟုဆိုသည်။
         ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ကိုင်သူတဦးက ပြောဆိုရာတွင်မူ

“ဟုတ်တယ်၊ အဲဒီလို  ရုရှားပြန်တွေကို စာအုပ်လုပ်ပေးတာလည်း ပါတယ်။ ဒါ့အပြင် နိုင်ငံကူးလက်မှတ် လျှောက်တဲ့အခါ သန်းကောင်စာရင်းတို့ မှတ်ပုံတင် မိတ္တူတို့မှာ စစ်ဆေးပြီးကြောင်း ရိုက်နှိပ်တဲ့ တံဆိပ်တုံး (ချက်တုံး) အတုလုပ်တဲ့ ပြဿနာလည်း ပါတယ်လို့ ကြားတယ်၊ အဲဒီ တံဆိပ်တုံးအတုနဲ့ လျှောက်လွှာတွေကို အဆင့်ဆင့်တင်ရာမှာ အပေါ်ဆင့်တွေကလည်း တော်တော်နဲ့ မသိကြဘူးလို့ဆိုတယ်၊ အဆင့်ဆင့် ရေလောင်း (ငွေပေးခြင်းကိုဆိုလိုသည်) သွားတာကြောင့်လည်း မသိကြတာထင်တယ်”

ဟုဖြစ်ပေါ်နေသည့် အခြေအနေကို ပြောပြသည်။

မြန်မာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရာ ရုံးသည် လျှောက်လွှာကြေး ၂၀၀ ကျပ်ဆိုလျင် ကျပ် ၁ထောင်၊ အချက်အလက် တိုက်ဆိုင်စစ်ဆေးရာ အဆင့်တဆင့်တွင် ကျပ် ၁ ထောင် စသဖြင့် တရားဝင်နီးပါး တောင်းခံသည့် လာဘ်လာဘ အပါအ၀င် နိုင်ငံကူးလက်မှတ် အမြန်ရလို၍ သော်လည်းကောင်း၊ ယခင်ပြည်ပတွင် အလုပ်လုပ်ကိုင်ဖူးပြီး အခွန်ကြေ မဆောင်ရသေးသဖြင့်၊ နိုင်ငံကူးလက်မှတ် မထုတ်ပေးရန် တားမြစ်ထားသည့် စာရင်းကို ကျော်ပြီး နိုင်ငံကူးလက်မှတ် ရရှိရန် သော်လည်းကောင်း သက်ဆိုင်ရာ စစ်ဆေးသူ အဆင့်ဆင့်ကို ငွေပေးပြီး လုပ်ဆောင်နေကြသည်မှာ ဆယ်စုနှစ်နှင့် ချီကြာမြင့် ခဲ့ပြီဖြစ်သည်။

ပုံမှန်အားဖြင့် နိုင်ငံကူး လက်မှတ် စတင် လျှောက်သည်မှ ထုတ်ယူရန် သီတင်းပတ် ၅ပတ်ကို မစောင့်နိုင် သဖြင့် အမြန်ကြေးဖြင့် လုပ်ဆောင်လျင် တပတ်ကျော်အတွင်းရလိုလျင် ကျပ် ၁သိန်းခွဲ ၀န်းကျင် ပေးရသည်ဟု လည်းစုံစမ်း သိရှိရသည်။

နိုင်ငံကူးလက်မှတ်ရုံး အနီးတ၀ိုက် နှင့် ၃၇၊ ၃၈ လမ်း ရှိ လက်ဘက်ရည်ဆိုင်များတွင် စတည်းချကာ ပွဲစားလုပ်ကိုင် နေကြသူများမှာ ထိုရုံးတွင်းမှ ရဲ သတင်းတပ်ဖွဲ့ဝန်ထမ်းများနှင့် ဆက်စပ်၍ သော်လည်းကောင်း၊ သတင်းတပ်ဖွဲ့ ၀န်ထမ်းဟောင်းများ သော်လည်းကောင်း ဖြစ်ကြပြီး၊ ယခုအဖမ်းခံရသည့် အထဲတွင် ထိုသို့သောသူ အများစုပါဝင်သည်ဟု သိရှိရသည်။

သောကြာနေ့ ညနေမှ စတင်ကာ ယနေ့ထိ အဖမ်းအဆီးများ ရှိနေသေးသည်ဟုလည်း သတင်းထွက်ပေါ်နေပြီး ဖမ်းဆီးခံထားရသူများ၏ စစ်ဆေးထွက်ဆိုချက်အပေါ် မူတည်ကာ ထပ်မံဖမ်းဆီး နေသည့် သဘောဖြစ်သည်ဟုလည်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်သူ ကပြောဆိုသည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ပျောက်ဆုံးလျင် ပြန်လည်လုပ်ကိုင်ရန် မလွယ်ကူခြင်း၊ နကိုထုတ်ပေးသည့် မြို့နယ် အထိပြန်လည်သွားရောက်ကာ အမှုတွဲကို တောင်းယူရခြင်း၊ စသည့်ကရိကထ များကြောင့် မှတ်ပုံတင်မရှိပဲ နိုင်ငံကူး လက်မှတ်လုပ်လိုသူများမှာ မှတ်ပုံတင် အတုလုပ်ပေးသူနှင့် နိုင်ငံကူးလက်မှတ်ရုံးတွင် လာဘ်ထိုးပြီး လုပ်ကိုင်ကြရပြီး၊ ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်လျင်လည်း သက်ဆိုင်ရာနိုင်ငံ အစိုးရကိုသာမက မြန်မာနိုင်ငံ အစိုးရကိုပါ အခွန်ပေးဆောင်ရသည့် အခွန်နှစ်ထပ်စနစ် ကြောင့် ပြန်ရောက်ပြီး အခွန်မကြေသူများ အတွက် ပွဲစားနှင့် လာဘ်ထိုးကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး နေကြရသည်ဟု ပြောဆိုသည်။  

ထိုသို့သောအခြေအနေများကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တာဝန်ကျသူများအဖို့ ၀င်ငွေကောင်းသည့် နေရာ တနေရာ အဖြင့်နားလည်လျက်ရှိကြသည်။

 (Photo - 2004, 6 storied, Passport Office run by Burmese Special Branch in PansoeDanLan, Rangoon, Burma, file photo)

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Maung Swan Yi - Collection of articles from Alin Eain House
Sample Image
 
 
Top! Top!