မာတိကာ
Friday, 10 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 5 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Maung Ga Nan Sein - The Future Cannot be Tied to Burmese Regime Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သူတို့အာဘော်
Thursday, 23 July 2009

မြန်မာပြည်အနာဂတ်တွင် စစ်အာဏာရှင်တို့အတွက် နေရာမရှိ

မောင်ဂဏန်းစိန်

ဇူလိုင် ၂၃၊ ၂၀၀၉

(ဇူလိုင်လ ၁၆ ထုတ်၊ အမေရိကန်က ဟတ်ဖင်တန်ပို့ သတင်းစာမျက်နှာတွင် ဖော်ပြထားသော - ဗာဂျီးနီးယား အမ် မွန်ကရစ် ရေး - မြန်မာပြည်အနာဂတ်အတွက် ဒေါ်အောင်ဆန်းစုကြည် မလိုအပ် - ဆိုသော ဆောင်းပါးကို ပြန်လည် တုံပြန် ရေးသားခြင်းဖြစ်သည်။ )

          မြန်မာပြည်၏ စစ်အုပ်စုကို အားလုံးက အစွန်းရောက်အကြမ်းဖက်သမားများအဖြစ် မြင်ကြသည်။ နိုင်ငံတကာတွင် ၎င်းတို့ကို လူ့အခွင့်အရေးချိုးဖောက်သူတို့၏ ထိပ်ခေါင်၊ ဟစ်တလာလက်သစ်အဖြစ် သဘောထားကြသည်။ ထိုသို့သော အခြေအနေ၊ ဖြစ်ရပ်ကြောင့် မြန်မာပြည်နှင့် ပတ်သက်၍ ထိရောက်သော ဆွေးနွေးမှု ပြုလုပ်ကြရေးအတွက် မျှော်လင့်ချက်မှာ မှေးမှိန်လျက်ရှိသည်။ ထို့အပြင် သန်းရွှေဦးဆောင်သော စစ်အာဏာရှင်တို့၏ စစ်အုပ်စုများ၊ အလိုတော်ရိများကို နိုင်ငံတကာက လူကြီးလူကောင်းဆန်ဆန်ဖြင့် ဝေဖန်ပြောဆို၊ ပြစ်တင်ရှုတ်ချခြင်းတို့မှာလည်း ယခုအချိန်တွင် အာပေါက်ပြီး ကမ်းကုန်လျက် ရှိနေပြီဖြစ်သည်။  သူတို့ကိုယ် သူတို့ တိုင်းပြည်ကို ကယ်တင်စောင့်ရှောက် ကာကွယ်နေရပါသည်ဟု အသံကောင်းဟစ်နေခြင်းဖြင့် တပါးသူတို့၏ ဝေဖန်ထောက်ပြမှုတို့ကို ဥပက္ခာပြုနေသလို ဖြစ်၏။ ၎င်းသည် မြန်မာပြည်ကြီး အလုံးစုံ ပျက်သုဉ်းစေခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

            ၎င်းတို့ တပ်မတော်ကြီးက တိုင်းပြည်ကို မည်သို့မည်ပုံ ကယ်တင်စောင့်ရှောက်၊ တည်ဆောက်ပြုပြင်နေသည်ဟု ချဲ့ကား၊ လိမ်ညာပြီး မဟုတ်မဟတ်များ ပြောဆိုစေကာမူ တိုင်းပြည်၏ အနာဂတ်သည် ၎င်းတို့ကြောင့် မျှော်လင့်ချက်မရှိလောက်အောင် အမှောင်တိုက်ကျနေသည်မှာ သိသာလှသည်။ ၎င်းတို့သည် တိုင်းသူပြည်သားများနှင့် တိုင်းပြည်ကို လုပ်ကြံဖျက်ဆီးနေကြသော စစ်အာဏာရှင် ရာဇ၀တ်ကောင်များ ဖြစ်ကြပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုစစ်အာဏာရှင်များကို သပိတ်မှောက် ကန့်ကွက်မှုများ ပိတ်ဆို့မှုများ ပို၍ တိုးလုပ်ကြဖို့သာ ရှိသည်။ မြန်မာပြည်၏ သန်း ၅၀ သော ဒုက္ခသည်ပြည်သူတို့ဖက်က နိုင်ငံတကာက လူထုက ၀ိုင်းဝန်းရပ်တည်မှုများ တိုးကြရန်သာ ရှိသည်။

          အမှန်တကယ်ကတော့ စစ်အာဏာရှင်များဖက်ကို လိုက်ခြင်းသည် နည်းဗျူဟာအခြေခံမှစ၍ မှားယွင်းသော အချက်ဖြစ်သည်။ ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အထီးကျန်အောင်၊ အားနည်းအောင် လုပ်နေသည်ကို အားပေးခြင်း ဖြစ်ပါသည်။ စစ်အစိုးရအလိုကျ စီးပွားရေး အကူအညီများပေးလိုက်ခြင်းကို ထွက်ပေါက်တခုဟု စိတ်ကူးယဉ်ကြည့်နေကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်သမားများကို ပိုမိုအားပေးရာရောက်ပြီး အကာအကွယ်မဲ့နေသော ပြည်သူလူထုနှင့် အတိုက်အခံများအားလုံးကို ဒုတိယကမ္ဘာစစ်မတိုင်မီ ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်၊ သုတ်သင်ခဲ့သလိုမျိုး သေတွင်းသို့ ပို့သလို ဖြစ်လိမ့်မည်။

          စစ်အုပ်စုအတွင်းက တပ်မတော်သားများ၊ မိသားစုဝင်များကလည်း ယခုအချိန်တွင် သူတို့၏ စစ်အာဏာရှင်များ၏ အာဏာရူးသွပ်မှုများ၊ စစ်ရာဇ၀တ်မှုများကို သိရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော အမှားများကို လူသိရှင်ကြား ဝေဖန်ရန်၊ တားမြစ်ရန်ကိုမူ ၀န်လေးနေကြသည်။ စစ်အုပ်စုက ၀ါဒမှိုင်းတိုက်နေသည်မှာလည်း တပ်မတော်သည် မြန်မာနိုင်ငံအရေးတွင် သူ့နေရာကို ဘယ်သူမှ အစားထိုး ၀င်မယူနိုင်ဟူ၍ ဖြစ်လေသည်။ စစ်အာဏာရှင်များသည် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ရလဒ်များနှင့် အရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြုရုံသာမက ဖိနှိပ် နင်းခြေ ဖျောက်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ တကယ်တော့ သူတို့ အမှန်တရားနှင့် တရားမျှတမှုကို မရင်ဆိုင်ရဲ၍ ဖြစ်သည်။

         အနှစ် ၂၀ ကျော်သည့်အချိန်အထိ တိုင်းပြည်၏ အကြပ်အတည်းအားလုံးကို စာပွဲဝိုင်းတွင် စေ့စပ်ဆွေးနွေးရန် ငြင်းဆိုနေသူမှာ စစ်အာဏာရှင် အကြမ်းဖက်အုပ်စုသာ ဖြစ်သည်။ တပ်မတော်စစ်အစိုးရဟု ခံယူပြီး နိုင်ငံတကာ၏ ကမ်းလှမ်းမှုမှန်သမျှ ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများက အရပ်သားလွှတ်တော်ခေါ်ယူရန် တောင်းဆိုနေခဲ့သည်ကို လုံးဝ ငြင်းဆိုနေသည်မှာလည်း ထိုတပ်မတော်စစ်အစိုးရဖြစ်သည်။ ထိုသို့ တဖက်သတ် ငြင်းဆိုနေလျင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ပါ။

          စစ်အုပ်စု၏ အလိုတော်ရိများနှင့် ဖွဲ့စည်းထားသော တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့ မတရားကြံစည်လုပ်ကြံနေသည်မှာ ထင်ရှားလှသည်။ သန်း ၅၀ သော ပြည်သူလူထု၏ ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နှင့် ၎င်း မိသားစုများ၏ ဆန္ဒ၊ နိုင်ငံတကာက လူသားချင်းစာနာသော လူပီသသူများ၏ သဘောထားနှင့် တထပ်တည်းဖြစ်သည့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်အုပ်စုများ လက်အောက်က လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေး ဖြစ်ပါသည်။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Free Hep B check for Burmese community in the SF Bay Area
ဆန်ဖရန်ဘေးဧရိယာမြန်မာများအသည်းရောင် ‘ဘီ’ ပိုး ရှိမရှိ အခမဲ့ စစ်ဆေးပေးမည်
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၂၄၊ ၂၀၁၀
ရှေ့လာမယ့် တလကျော်၊ အောက်တိုဘာ ၉ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိကို ဒေလီစီးတီးမြို့၊ မြန်မာပွဲတော်တွေ လုပ်နေကျနေရာဖြစ်တဲ့ ဂျက်ဖာဆန်ယူနီယန် အထက်တန်းကျောင်းနေရာမှာ မြန်မာဆရာဝန်များအသင်း (မြောက်ပိုင်းကယ်လီဖိုးနီးယား) နဲ့ စတင်းဖို့တက္ကသိုလ်က Asian Liver Center
(Stanford) ပူးပေါင်းပြီး အခမဲ့ စစ်ဆေးပေးမယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။ လက်ကမ်းစာစောင်ကို အထက်ပါအတိုင်း ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
အပြည့်အစုံသို့ ...
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!