မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 134 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Sari is fading from India Life Print E-mail
User Rating: / 0
PoorBest 
လူမှုရှုခင်း - ဆောင်းပါးစုံ
Saturday, 25 July 2009

ဆာရီတော့သွားပြီ လုံချည်ရောဘယ်လိုလဲ

ကျော်ကျော်

ဇူလိုင် ၂၅၊ ၂၀၀၉

ကျမဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က လက်မှုပညာ ပစ္စည်းတွေ ရောင်းတဲ့ လူစည်ကားရာ ဒီလီဟက်(Dilli Haat) ဈေးကို လည်ပတ်ရင်း ကိုယ့်ကိုယ်ကို အပြစ်ရှိနေသလို ခံစားမိတယ်။

          အိန္ဒိယရဲ့ ပူပြင်းတဲ့ နွေရာသီညနေခင်းမှာ ကျမ၀တ်ထားတဲ့ ဂျင်းဘောင်းဘီ၊ ညှပ်ဖိနပ် နဲ့ တီရှပ်တွေဟာ လူတချို့ရဲ့ စားဝတ်နေရေးကို သွားပြီး ထိခိုက်နေတယ်။

          “နယူးဒေလီကလူတွေ ရိုးရာအ၀တ်အစားတွေကို မ၀ယ်ကြတော့ဘူး၊ ဂျင်းဘောင်းဘီကိုပဲ ၀ယ်တော့တယ်” လို့ အသက် ၂၄ နှစ်အရွယ် ဆာရီ(sari - အိန္ဒိယအမျိုးသမီး ရိုးရာဝတ်ရုံထည်) ရက်လုပ်ပြီး အသက် မွေးဝမ်းကျောင်း ပြုတဲ့ အာမက်က ပြောပါတယ်။ အာမက် ဆာရီ ရက်လုပ်တဲ့အလုပ် လုပ်ခဲ့တာ ၁၄နှစ် ရှိပါပြီ။ ဆာရီလုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။ အရင်တုန်းက အိန္ဒိယ အမျိုးသမီးတွေ နေ့စဉ်ဝတ်တဲ့ နှစ်ပေါင်းရာချီ ရိုးရာအဖြစ် အသုံး ပြုလာတဲ့ ဆာရီ ဟာ ခေတ်မမီတော့ဘူး ဖြစ်လာပါတယ်။

          “ဆာရီ? ဟုတ်လား၊ ပုံမှန်ဆို ကျမဘယ်တော့မှ မ၀တ်ဘူး၊ ရိုးရာပွဲ အခမ်းအနားမှာမှ ၀တ်ဖြစ်တယ်” ၂၂နှစ်အရွယ် အရောင်းစာရေးမလေး ရရှ်မီးက တခစ်ခစ်ရယ်ပြီး ဖြေပါတယ်။

          ဆာရီဈေးကွက်ဟာ ဆောင်းရာသီ ကာလမှာ ကောင်းလာတတ်တယ်။ အိန္ဒိယမှာ ပွဲလမ်းသဘင်တွေ မင်္ဂလာပွဲတွေ များတဲ့ အချိန်လေ။ ဒါပေမဲ့ ငယ်ရွယ် ခေတ်ဆန်တဲ့ မိန်းကလေးတွေက စက်ရက်ကန်းထုတ် ဒီဇိုင်း အဆန်းအပြားရှိတဲ့ ဆာရီကိုပဲ အ၀ယ် များပြီး လက်နဲ့ ရက်လုပ်တဲ့ ရှေးရိုးရာ ဆာရီက အရောင်း ထိုင်းလာပါတယ်။

          လက်နဲ့ ရက်လုပ်ရတဲ့ ဆာရီဟာ ဒီဇိုင်းပေါ် မူတည်ပြီး ၂ ပတ် တခါတလေ ၁လ လောက်အထိ ကြာပါတယ်၊ ဈေးလည်း ကြီးတော့ ဈေးသက်သာတဲ့ စက်ရက်ကန်းနဲ့ တရုတ်ပြည်က သွင်းလာတဲ့ အလွန် ဈေးပေါတဲ့ ဆာရီကို ဈေးကွက်မှာ မယှဉ်နိုင်ပါဘူး။

          ဆာရီ အသုံးပိုများတဲ့ အိန္ဒိယ တောင်ပိုင်းက လက် ရက်ကန်း သမားတွေလည်း အခက်အခဲနဲ့ ကြုံနေရပါတယ်။ ကန်ချီပူရမ် (Kanchipuram) ဒေသမှာ ၂၀၀၄ နှစ်က ဆာရီ ရက်ကန်းရုံ ၂၂ ခု ရှိခဲ့တာ အခု ၁၃ ခုပဲ ကျန်ပါတော့တယ် လို့ အိန္ဒိယနိုင်ငံထုတ် Business Today မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ နာမည် ကျော်ကြားတဲ့ နယ်လီ(Nalli) ကုမ္ပဏီက မြို့ကြီးတိုင်း လိုလိုမှာ ဆာရီ ရောင်းတဲ့ ဆိုင်ခွဲတွေ ဖွင့်ထားပြီး ရက်ကန်းရက်သမားတွေ များစွာကို အလုပ် ပေးထားပါတယ်။ ဒါပေမဲ့လည်း ကန်ချီပူရမ်မှာ အရင်က ရက်ကန်း အလုပ်သမားတွေ ၆ သောင်းကနေ ယနေ့ဆို ၂ သောင်းလောက်ပဲ ကျန်ပါတော့တယ်။

          ဆာရီဝတ်ရုံဟာ အိန္ဒိယအမျိုးသမီးထုရဲ့ ကိုယ်စားပြု ပုံရိပ် ဖြစ်နေဆဲပါပဲ။ အိန္ဒိယ ရုပ်ရှင် ဇာတ်လမ်းတွေမှာ ဆိုရင် မင်းသမီးတိုင်း ဆာရီကို သေချာ ကျကျနန ၀တ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။ တကယ် လက်တွေ့ ဘ၀မှာ ၆ ကိုက်လောက် ရှည်လျားတဲ့ ဆာရီဝတ်ရုံကို ၀တ်ဆင်ဖို့ ဂရုစိုက်ဖို့ သိပ် မလွယ်ကူပါဘူး။ ကိုယ်ပိုင်ကား ၀ယ်စီးပြီး ကိုယ်ဘာသာ တိုက်ခန်းငှား လွတ်လွတ်လပ်လပ် နေလာကြတဲ့ ငယ်ရွယ်သူ အမျိုးသမီးတွေဟာ ဆာရီကို စွန့်လွတ်လာပါတော့တယ်။

          “ဆာရီဝတ်ဆင်မှု ရိုးရာ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်၊ အကြောင်းရင်းတခုက အနောက်တိုင်းဝတ်စုံ ၀တ်ဆင်ထားတဲ့ အမျိုးသမီး တယောက်ဟာ ရိုးရာဝတ်စုံ ၀တ်ဆင်ထားသူထက် ပို အစွမ်းအစရှိတယ်လို့ လူတွေက ထင်နေကြတယ်” လို့ အသက် ၂၀ အရွယ် ဒေလီတက္ကသိုလ် ကျောင်းသူ ခရစ်တီးက ပြောပါတယ်။

          တကယ်တော့ အိန္ဒိယ အမျိုးသမီးတွေရဲ့ စစ်မှန်တဲ့ လွတ်လပ်မှု ဆိုတာဟာ ၀တ်ချင်တာ ၀တ်နိုင်ပြီး အခြားသူတွေ ဘယ်လို ထင်မြင်တယ် ဆိုတာကို ဂရုမစိုက် လျစ်လျူရှုနိုင်ဖို့ပဲ မဟုတ်လား။

 

(နိုင်ငံရပ်ခြားရောက် မြန်မာပြည်သားများ မြန်မာရိုးရာပွဲတွေမှာ လုံချည်၊ ပုဆိုးများ ၀တ်ဆင်လာစေလိုတဲ့ ဆန္ဒဖြင့် ဒီဘာသာပြန်ကို ရေးပို့လိုက်ပါတယ်)

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
2nd Annual Burmese Literary Talk - SIngapore
Sample Image
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!