မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 94 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Yangon Mang - Engaging Dr Zarni Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သူတို့အာဘော်
Sunday, 06 September 2009

ဗျူဟာကျကြဖို့ တိုက်တွန်းထားတဲ့ ဝေဖန်ရေးအကြောင်း
ရန်ကုန်မောင်
စက်တင်ဘာ ၆၊ ၂၀၀၉
ဒေါက်တာ ဇာနည်

“အနီးကပ် ဆက်ဆံမှု” ဝါဒအကြောင်း ဝေဖန်ရေး ဆောင်းပါးတပုဒ်ကို ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်း မြန်မာပိုင်းတွင် ယမန်နေ့က တွေ့ရသည်။ ဒေါက်တာ ဇာနည် ရေးသားခြင်း ဖြစ်သည်။ ဖတ်လို့ အင်မတန် ကောင်းပါသည်။ “အနီးကပ် ဆက်ဆံမှု” ဟူသော စကားလုံးကို ဆောင်းပါးထဲတွင် ထပ်ခါ တလဲလဲ တွေ့ရသည်။ Engagement ကို ဘာသာပြန်ထားခြင်းဖြစ်သည်။
ဒေါက်တာ ဇာနည်က “ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ်လိုက်တဲ့ စစ်ခေါင်းဆောင်များနဲ့ပါ” တွေ့ဆုံဖူးသည်ဟု ဆိုသည်။ ထိုသူတို့နှင့် နားလည်မှု တည်ဆောက်ရေး ကိစ္စများ ၊ အနှစ်သာရပါသည့် လုပ်ငန်းများကို လုပ်ကိုင်ရန် ဆယ်စုနှစ်တခုနီးနီး ကြိုးစားခဲ့သူ ဖြစ်သည်ဟု သူ့ကိုယ်သူ မိတ်ဆက်ထားသည်။


ဝေဖန်ရေး ဆောင်းပါး ဖြစ်သည့်အတိုင်း ပြစ်ပြစ်နှစ်နှစ် ဝေဖန်ထားလေသည်။ ဆောင်းပါးထဲတွင် စစ်အစိုးရကို နှိပ်ကွပ်ပါသည်၊ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဟန်ဆောင် ကူညီနေသည်ဟု ဆိုသော အနောက်နိုင်ငံများကိုလည်း ဆော်ထားပါသည်။

တနေရာတွင်တော့ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံနေသည့် ပြည်ပ ကုမ္ပဏီကြီးများကိုပါ ဝေဖန်ထားသည်။ “စွမ်းအင် အကျိုး အမြတ်ကို ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစား မျှစား လုပ် - - - နယ်ခံ ပြည်သူများကိုတော့ အရိုး အရင်းလောက်ပဲ ပစ်ပေးတာပေါ့” ဟု ဆိုသည်။

“ဘဏ်တိုက်ဖောက်လာပြီး လမ်းမှာ တွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲ စွန့်ကြဲတဲ့ စေတနာမျိုးပေါ့” ဟု ကုမ္ပဏီကြီးများ၏ စေတနာကို အမွမ်း တင်ထားလေသည်။ (ဒေါက်တာဇာနည် ကိုယ်တိုင်က မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်ရန် အကြီးအကျယ် လှုံ့ဆော်ခဲ့သူဖြစ်သည်။ ယခု ထိုနည်းလမ်း အလုပ်မဖြစ်ပါဟု သူက လက်ခံထားသည်။ ထိုသို့ အယူအဆ ပြောင်းလဲသွားသော်လည်း မြန်မာပြည်အရေးအတွက် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ပေါ်လွင်စေရန် ကုမ္ပဏီကြီးများကို ထည့်သွင်း ဝေဖန်ခြင်းလည်း ဖြစ်နိုင်သည်။)

ပွင့်လင်းသည့်၊ ရှင်းသည့် ဟောဟောဒိုင်းဒိုင်း ဝေဖန်ချက်များကြောင့် သူ၏ ဆောင်းပါးရှည်ကြီးက ဖတ်လို့ ကောင်းနေသည်။

စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက် ဆိုသည်ကိုလည်း ရှင်းပြထားသည်။

၁။ မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်လို့ မထင်ကြနဲ့။
၂။ စစ်ဝါဒီလွှမ်းမိုးတဲ့ လက်နက် နိုင်ငံကြီး တည်ထောင်နေတယ်။
၃။ လူထု နဲ့ စစ်အစိုးရ ဆက်ဆံရေးဟာ ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး ဖြစ်နေတယ်။
၎။ စစ်အရာရှိများဟာ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်ရှိတယ်။
၅။ စစ်တပ်အရာရှိတွေ အနောက်နိုင်ငံတွေနဲ့ များများ တွေ့ထိ ဆက်ဆံရမယ်၊ ဒါမှ စစ်အစိုးရ ပြောင်းလာမယ်လို့ ယူဆနေသလား၊ ဒါဆိုရင် ခင်ဗျားဟာ အတိတ်မေ့နေတာပဲ။ အရင်ကလည်း သူတို့ဟာ အနောက်နိုင်ငံတွေနဲ့ တွေ့ထိ ဆက်ဆံဖူးတာပဲ။
၆။ မြန်မာပြည်သားတွေဟာ “အတွေးအခေါ် လွတ်လပ်မှု ကို သည်းမခံဘူး။ တန်ဖိုးမထားဘူး - - လူမျိုးရေး အစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော် များများ လူတွေမှာ တွေ့ရတယ် - - ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့ လိုပါတယ်”

အင်မတန် ပွင့်ပွင့်လင်းလင်း ရေးလိုက်သည့် အချက်များ ဖြစ်သည်။ အငြင်းအခုန်ဖြစ်ဖွယ် အချက်များလည်း ပါဝင်နေသည် အထူးသဖြင့် နံပတ် ၆ အချက် ဖြစ်သည်။ လွတ်လပ် ပွင့်လင်းသည့် ဒေသတွင် အနေကြာသည့်အတွက် ထိုသို့ သုံးသပ်နိုင်ခြင်း ဖြစ်မည်ဟု ယူဆရသည်။ ထိုအချက်ကို အကျယ်တ၀င့် ရေးသားပါက စိတ်ဝင်စားစရာလည်း ကောင်းမည့်အပြင် အပြင်းအထန် ငြင်းခုံမှုများနှင့် ကြုံရနိုင်သည်။

ဆောင်းပါး တနေရာတွင် ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒကိုပဲ စက်ဆုပ်တယ်၊ စစ်သားစစ်ဗိုလ်တွေကို မမုန်းပါ ဟု ဆိုသည်။ “ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်းကျော်မြင့် တို့လို မျိုးချစ် စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ” ဟု သူက ရေးလိုက်သည်။

ဗိုလ်ချုပ်ခင်ညွန့်ကို မျိုးချစ် စစ်သား စာရင်းထဲ မည်သည့်အတွက်ကြောင့် ထည့်လိုက်ရခြင်း ဖြစ်ကြောင်း တချိန်ချိန်တွင် ရေးသားမည် ဆိုပါက ဖတ်လို့ ကောင်းသည့် အကြောင်းအရာတခု ဖြစ်ပေမည်။

ယခု ဆောင်းပါးသည် အင်္ဂလိပ်ဘာသာဖြင့် လွန်ခဲ့သည့် ၂ ပတ်က ပေါ်လာခြင်း ဖြစ်သည်။ The Virtues of Careful Engagement ခေါင်းစဉ်ဖြင့် ဖြစ်သည်။ မန်မာပြည်မှာ ဖြစ်နေတာတွေကိုတော့ ကျုပ်က ဒီလိုဒီလို သုံးသပ်ပါတယ် ဟု နိုင်ငံခြားသားများကို ပြောလို၍ ဖြစ်မည်။ မြန်မာဘာသာဖြင့်မူ မနေ့ကမှ ပေါ်လာသည်။ ထို့ကြောင့် မြန်မာလိုသာ ဖတ်သည့် ပရိသတ်အတွက် အင်မတန် အဆင်ပြေသွားသည်။

“တရုတ်ရဲ့ သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အထောက်အမ ဖြစ်ဖို့ အလားအလာ မရှိပါဘူး” ဟု သူက ဆိုသည်။ မန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းမည်ဟု ကြေညာထားသော အမေရိကန်အစိုးရကို ရည်ရွယ်ပုံ ရသည်။

ဒေါက်တာဇာနည်က စစ်အစိုးရသည် “ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ် စားနိုင်တဲ့ ငါးလည်တကောင်နဲ့ တူလာတယ်”ဟု သုံးသပ်ထားသလို “ဘယ်အတိုက်အခံ နိုင်ငံရေးအင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှု လုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူး”ဟုလည်း ဆိုပါသည်။ စစ်အစိုးရကို ၁ဝ နှစ်ခန့် “အနီးကပ် ဆက်ဆံမှု” လုပ်ခဲ့သည့် ဒေါက်တာဇာနည်၏ မှတ်ချက်က ရှင်းသည်၊ မြန်မာ့တပ်မတော် ခေါင်းဆောင်နေရာတွင် ယူထားသူများအကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ ထိုသူများနှင့် ပတ်သက်သက် သူ၏ အမြင်ကို အငြင်းပွားမည့်သူ နည်းပေလိမ့်မည်။

စစ်အစိုးရက သို့ကလို တင်းမာလွန်းသည်ဟု သူက မှတ်ချက်ပြုထားသော်လည်း ဗျူဟာ ကျကျ လုပ်ကြလျှင် “အနီးကပ် ဆက်ဆံမှု” လမ်းစဉ်က အလုပ်ဖြစ်မည်ဟု ဆိုပါသည်။ “စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ် ဆိုရင် နိုင်ငံရေး ဗျူဟာတခု အနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်” ဟု သူက ဆိုသည်။

ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင် ဆောင်သင့်တယ်။ ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ဘူး ဟု နိဒါန်းတွင် ရေးထားလေသည်။

 

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
MoeMaKa Presents U Win Tin and his collection of articles

U Win Tin & Collection of his articles
စာအုပ်ဖြစ်မြောက်ရေးအတွက် ၂၀၀၅ ကနေ ၂၀၀၈ တိုင်အောင်အထိ ၀ိုင်းကြတဲ့ ပညာရှင်အားလုံးကို မိုးမခက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ စာအုပ်ကို ထုတ်ဝေရာမှာ ရည်ညွှန်းထားတာကတော့ - “၈၈ အရေးတော်ပုံသက်တမ်းနှင့်အမျှ မတရားဖမ်းဆီး အကျဉ်းကျခံနေရသူ ဟံသာဝတီ ဦးဝင်းတင်နဲ့တကွသော စစ်အာဏာရှင်များကို သပိတ်မှောက် အာဏာဖီဆန်သူ မြန်မာစာနယ်ဇင်းသမားများ အားလုံးသို့ အလေးပြုထုတ်ဝေတယ်” လို့ ဖော်ပြထားပါတယ်။

ဘယ်နေရာက ဖြစ်ဖြစ် အွန်လိုင်းကဖြစ်စေ၊ စာတိုက်ကဖြစ်စေ ၁၂ ဒေါ်လာနဲ့ ပေးဝယ်ပါ။ အရောက်ပို့မည် - ဒီမှာ မှာယူနိုင်ပါပြီ -

 
 
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!