မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 79 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Nyan Oo Maung - Walking the park in the Evening Print E-mail
User Rating: / 0
PoorBest 
စာပဒေသာ - အတွေးအမြင်
Thursday, 05 November 2009

လမ်းလျှောက်ခြင်း ညနေ

ဉာဏ်ဦးမောင်

နိုဝင်ဘာ ၅၊ ၂၀၀၉

နောက်ဘဝ လူပြန်ဖြစ်ရမယ်ဆိုလျင် ရွှေဘိုနယ်မှာ ပြန်ဖြစ်ချင်တယ်။ ရွှေဘိုနယ်မှာတောင်မှပဲ သူမွေးဖွား ရာ သရိုင်ရွာလေးမှာ ပြန်ဖြစ်ချင်တယ်လို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးက မိန့်ဖူးတယ်တဲ့။ အဲဒီလိုမိန့်ခဲ့ခြင်း အတွက် ဆရာတော်ဘုရားကြီးမှာ အကြောင်းရှိမှာပါ။ သရိုင်ရွာမှာ လူသားတစ်ဦးဖြစ်ရခြင်းရဲ့ အားသာ တယ်ထင်တဲ့အချက်တွေ ရှိလို့ဖြစ်မှာပါ။ မိကောင်း ဘကောင်း၊ ဆရာသမားကောင်းတွေ၊ ဘာသာတရားကိုင်းရှိုင်းတဲ့ ပညာရှိသူတွေနဲ့ တွေ့ဆုံရခြင်းစတာတွေ လည်း ပါမလားပါပဲ။

စာပေမှာတော့ လူသားတွေအပါအဝင် သတ္တဝါတွေဆိုတာ ဘဝနိကန္တိကတဏှာ-ဘဝကို စွဲလမ်းတပ်မက်တတ် တဲ့တဏှာကြောင့် ဘဝဖြစ်ကြောင်းကံတွေလုပ်၊ ဒီကနေ ဘဝသစ်တွေရရှိကြ။ ဒီတဏှာကပဲ တတြ တတြာဘိ နန္ဒိနီ-ကိုယ်ရောက်ရှိရာ ဘဝမှာ ပျော်ရွှင်တတ်၊ ဘဝကိုလည်း ခင်မင်စွဲလမ်းတတ်မှုကို ဖြစ်စေတတ်တယ်လို့ဆို ထားပါတယ်။စွဲလမ်းတပ်မက်တတ်မှုကပဲ မစင်တွင်းထဲရောက်နေတဲ့ပိုးလောက်က သူ့ပိုးလောက်မိသားစုဘဝကို စွန့်လွှတ်ပြီး မြင့်မြတ်ကောင်းမွန်တဲ့ဘဝမှာ မပျော်နိုင်တဲ့အကြောင်း ပြောထားတာကို ဖတ်ဖူး ကြားဖူးတယ်လေ။ သတ္တဝါတွေဆိုတာ ကိုယ့်ဘဝကို ခင်မင်တွယ်တာတတ်၊ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ကို စွဲလမ်းတတ်တဲ့ အ ကြောင်းကို ပြောချင်တာပဲဖြစ်မှာပါ။ အင်းကိုယ်ကရော၊ ဘယ်နေရာကို စွဲလမ်းတွယ်တာနေပါသလဲ။

ကိုယ်ဒီမြို့လေးကိုရောက်နေတာ ဆယ်စုနှစ်တစ်ခုရှိပြီ။ ကိုယ့်မွေးရပ်ဒေသမှာ တစ်ဆယ့်လေးနှစ်ကျော်ကျော် နေထိုင်ခဲ့တာကလွဲလျင် ကိုယ့်ဘဝမှာ ဒါအကြာဆုံး နေ ထိုင်တဲ့နေရာ။ နေရာသစ်တွေကို နှစ်သက်တတ်တဲ့ကိုယ့် အဖို့ တစ်နေရာထဲမှာ ခုလောက်ကြာကြာနေဖြစ်ခဲ့တာကို ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိတယ်။

ခုနှစ်ပိုင်းတွေမှာ ကိုယ့်ဇာတိစိတ်က ပြလာတာထင်ရဲ့။ တစ်နေရာထဲမှာ နေနေရတာထက် ဟိုဟိုဒီဒီ ခရီးသွားလိုစိတ် ပိုဖြစ်လာတယ်။ တစ်နေရာထဲမှာ နေထိုင်ရခြင်းက အတွေးသစ် အမြင်သစ်ကို မရစေနိုင်ဖူးလို့လည်း ခံစားမိလာတယ်။ ဒါကြောင့်ရက်ရှည်ရှည် ခရီးဝေးဝေးသွားရမှာမျိုးကြုံလာ လျင် သွားဖို့စိတ်အားထက်သန်နေတတ်တယ်။ အဝေးတစ်နေရာသွားဖို့ အခွင့်မသာလျင်တောင်မှ အနီးအနား တစ်နေရာရာကိုတော့ သွားဖြစ်တတ်တယ်။ အခန်းတစ်ခန်းထဲမှာအောင်းပြီး နေရတာလောက် ငြီးငွေ့ဖွယ် ကောင်းတာမျိုး ရှိနိုင်မယ် မရှိဖူးလို့တောင် ထင်မိလာတယ်။ ဒီအထင်ကပင် ကိုယ့်ကိုယ် တစ်နေရာရာသွားဖို့ တွန်းပို့ဖို့အကြောင်းဖြစ်ကောင်း ဖြစ်မလားမသိ။ နှစ်ပေါင်းရှည်ကြာ အခန်းကျဉ်းကျဉ်းလေးမှာ နေထိုင်ကြရသူတို့ အတွက် နက်ရှိုင်းစွာလည်း စာနာမိပါရဲ့။

ကျန်းမာရေးကို အထူးလိုက်စားသူတစ်ဦးလို့ မဆိုနိုင်ပေမယ့် အခါအားလျော်စွာတော့ လမ်းလျှောက်တတ်ပါ တယ်။ လမ်းလျှောက်တာလည်း တစ်နေရာတည်း မဟုတ်တတ်။ နေထိုင်တဲ့နေရာကနေ အရှေ့ဖက်ထွက်တဲ့ အခါလည်းရှိ။ အနောက်၊ တောင်၊ မြောက်အရပ်တွေဖက်ဆီ ထွက်တဲ့အခါလည်းရှိ။ တခါခါမှာတော့ အဖော်နဲ့။ တခါခါကြပြန်တော့လည်း အဖော်မဲ့၊ တစ်ယောက်ထဲ။ စိတ်လိုလက်ရရှိတဲ့အခါမျိုးမှာဆိုလျင်တော့ တော်တော် ဝေးဝေး ကားမောင်းသွားပြီး တစ်နေရာရာမှာ အချိန်ကြာကြာ လမ်းလျှောက်ဖြစ်တယ်။ မြင်ကွင်းကျယ်ကျယ် မြင်ရတဲ့နေရာမျိုး။ လေကောင်းလေသန့်ရနိုင်တဲ့နေရာမျိုးကတော့ ကိုယ့်အကြိုက်ပေါ့။ ရေပြင်ကျယ်ကျယ်ကို ဖြတ်တိုက်လာတဲ့ လေကို တဝရှူရှိုက်ရင်း အဆုံးအစမဲ့ကောင်းကင်ပြင်ကြီးကို တခါတခါမော့ကြည့်လို့ လမ်း လျှောက်ရတာမျိုးဆို ကိုယ်က ပိုနှစ်သက်တယ်။

အများအားဖြင့် နံနက်ပိုင်းမှာ လမ်းလျှောက်ဖြစ်တာများတယ်။ နံနက်ခင်းမှာတွေ့ရတတ်တဲ့ မှုန်ပျပျကောင်းကင်က လွမ်းချင့်ဖွယ်ရသ ပေးတတ်သလို လန်းဆန်းတဲ့ သစ်ပင်နဲ့ မြက်ခင်းစိမ်းစိမ်းတွေက လတ်ဆတ်တဲ့စိတ်ကူးကို ပေးတတ်တယ်လို့ ယုံကြည်မိတယ်။ နံနက်ခင်းမှာ ထိတွေ့ရတဲ့ လတ်ဆတ်လေကတော့ ခွန်အားသစ်တွေဖြစ်စေတယ်လို့ ထင်မိတယ်။

ဆည်းဆာနေညိုညိုနဲ့ တိမ်ရောင်စုံအလှအောက်မှာ တွေ့ရတတ်တဲ့ အိပ်တန်းပျံငှက်တွေကိုကြည့်ပြီး ဘဝအ ကြောင်းစဉ်းစားရတာ ပိုမိုပီပြင်တယ်လို့ ထင်မိတာကြောင့် ညနေခင်းအချို့မှာလည်း လမ်းလျှောက်ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ကောင်းကင်ယံထက် တစ်ကောင်တည်းပျံနေတဲ့ ငှက်တစ်ကောင်ကောင်ကိုတွေ့ရလျင် သူ့မှာ အိပ်စက်နားခိုစရာ မရှိလို့များ ခုလို မမောနိုင် မပမ်းနိုင်စွာ ပျံသန်းနေရှာရော့လားလို့ ကြင်နာစိတ်နဲ့ စာစာနာနာ တွေးမိတတ်ခဲ့ဘူးတယ်။

အသိဉာဏ်ရှိတဲ့လူသားအချို့တွေအတွက်တောင် အိပ်စက်နားခိုရာနေရာ မဲ့တတ်တာ။ ငှက်ကလေးဆိုတာက လူသားတွေနဲ့နှိုင်းစာရင် အသိဥာဏ်အားနည်းကျတယ်လေ။ ဒီတော့ လုံခြုံတဲ့အသိုက် အမြုံတစ်ခု တည်ဆောက်နိုင်ဖို့ လူသားတွေထက် ပိုခက်တန်ကောင်း ခက်နေမှာလို့ ပိုပိုသာသာလေးလည်း တွေးမိတတ်ဘူးရဲ့။ ဒါပေမယ့်လည်း ကျယ်ပြန့်တဲ့ကောင်းကင်ပြင်ကြီးထဲမှာ အတားအဆီးအပိတ်အပင်မဲ့စွာ ပျံ သန်းခွင့်ရနေခြင်းဟာ သူ့အတွက် ဂုဏ်ယူကျေနပ်စရာ ဖြစ်ကောင်းဖြစ်နေမှာလို့ ဖြေသိမ့်တွေးနဲ့ ဝမ်းမြောက် ပေးမိတတ်တယ်။ သေချာတာကတော့ သင်ကအိမ်လွမ်းတတ်သူဆိုလျင်တော့ နေညိုညချမ်းအချိန်က သင့် အတွက် အကောင်းဆုံး လမ်းလျှောက်ချိန်ဖြစ်မှာပါ။

ခုနှစ်ပိုင်းမှာတော့ ကိုယ်ခြေစက်ကျနေတဲ့နေရာလေး တစ်နေရာရှိတယ်။ ဒီနေရာလေးက ကိုယ်ဒီမြို့ကို ရောက် စက ပီဘိတောပိုင်းလေး။ သစ်ပင်ရိုင်းတွေ၊ မြက်ရိုင်းတောတွေနဲ့ ဖုံးလွှမ်းနေတဲ့နေရာလေး။ ပတ်ဝန်းကျင်မှာ တော့ ရာသီနဲ့အညီ စိုက်ပျိုးတတ်တဲ့ စိုက်ခင်းအချို့ကို တွေ့ရတတ်တဲ့နေရာလေးပေါ့။ ကွင်းပြင်ကျယ် အစွန်းတစ် ဖက်က အိမ်အိုဟောင်းဟောင်းနံဘေးမှာတော့ လယ်ယာခွင်သုံး ကားအိုကားဟောင်းအမျိုးမျိုးနဲ့ မြင်းခြံတစ်ခုကို တွေ့ခဲ့ဘူးတယ်။ မြင်းခြံထဲမှာတော့ တခါခါမှသာ မြင်းသုံးလေးကောင်က ခုန်ပေါက်ပြေးလွှားလို့။ အိမ်က ခြံစည်း ရိုးမဲ့။ အိမ်ဘေးက ကွင်းထဲကို ဖြတ်ဖောက်ထားတဲ့ တစ်ခုတည်းသော လမ်းလေးကလဲ မြေလမ်းလေး။ နွေညနေ ချမ်း လမ်းလေးထဲ ကားဖြတ်ဝင်လာလျင် ဒီမြို့လေးမှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ ဖုံလုံးလိမ့်လိမ့်တွေ ကား နောက်က ပြေးလိုက်လာတာမျိုးကို တွေ့ရတတ်တယ်။ ကိုယ့်မွေးဖွားကြီးပြင်းခဲ့ရာ အညာဒေသက ကျေးလက် တောရွာလေးကို အမှတ်ရစရာပေါ့။ ဒါပေမယ့် ကိုယ့်ရွာလေးမှာလိုတော့ လှည်းတွေ၊ နွားအုပ်တွေ၊ ကလေးငယ် တွေ ဖြတ်သန်းသွားလို့ ဖုံလုံးကြီးတွေ တလိမ့်လိမ့် လိမ့်တက်တာမျိုး မဟုတ်ဘူးပေါ့။ အကုန် မတူခဲ့တောင် တစ်ပိုင်းမျှတူနေတာကိုကပဲ အညာပုံရိပ်ကို လွမ်းမိဖွယ်ရာပါ။

ခုတော့ ဒီကွင်းလေးလည်း ကျဉ်းကျဉ်းသာ ကျန်တော့ တယ်။ ကွင်းရဲ့ အစိတ်အပိုင်းတော်တော်များများကို ကား ရပ်ဖို့နေရာအဖြစ် ဖန်တီးလိုက်ကြတယ်။ ကိုယ်ရောက်စ က တွေ့ရတတ်ခဲ့တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေလည်း ကွင်း ထဲမှာ မရှိတော့ဘူး။ ခြုံနွယ်တွေအစား စနစ်တကျ စိုက် ပျိုးထားတဲ့ သစ်ပုလွေပင်တွေ၊ မေပယ်လ်ပင်တွေနဲ့ စည် နေခဲ့ပြီ။အချို့ နေရာများမှာတော့ ညီညာညာမြက်ခင်း စိမ်းစိမ်းတွေ။ တခါက ဖုံတထောင်းထောင်းထနေခဲ့တဲ့ လမ်းလေးလည်း ကတ္တရာလမ်းချောချော အစားထိုးလို့။ သဘာဝတွေအစား လူ့စွမ်းအားနဲ့ဖန်တီးထားတာတွေနဲ့ အစားထိုးထားခဲ့ပြီ။ အလျင်က မြက်ရိုင်းတောထဲမှာ ကားအလကားရပ်လို့ ရခဲ့ပေမယ့် ခုတော့ ကားတစ်စီး အတွက် ဂိတ်ဝင်ကြေး ငါးဒေါ်လာဖြစ်သွားပြီ။

ပန်းခြံလေးရဲ့အစွန် ရေမြောင်းပေါင်ဘေးမှာ ကားရပ်နားဖို့ ဖန်တီး ထားတဲ့ ကားအစီး ၂၀ ခန့် ရပ်နားနိုင်တဲ့နေရာလေးပဲ အခမဲ့ရပ်နားဖို့နေရာ ကျန်တော့တယ်။ ဒီနေရာလေးသာ မရှိတော့လျင် ကိုယ်လည်း ဒီပန်းခြံလေးထဲမှာ လမ်းလျှောက်ဖြစ်တော့မယ် မထင်ဘူး။ လမ်းတခါလျှောက်ဖို့ ငါးဒေါ်လာပေးရမယ်ဆိုလျင်တော့ ဒါဟာ ကိုယ့်တတ်နိုင်မှုရဲ့ ဟိုဖက်မှာရှိတဲ့အရာမျိုးလေ။ ခုတော့ ကံအား လျော်စွာ အခမဲ့ရပ်နားနိုင်တဲ့ ဒီနေရာလေးမှာပဲ ကားရပ်လို့ ပန်းခြံတွင်းမှာရှိတဲ့ ရေကန်ကြီးတွေရဲ့ ကန်ပေါင်ရိုး တစ်လျှောက်မှာ မကြာမကြာ လမ်းလျှောက်ဖြစ် နေနိုင်ခဲ့တယ်။

ရေကန်ကြီးတွေက တစ်ကန် နှစ်ကန် . . .ခြောက်ကန်။ ကန်တွေက အကျဉ်းအကျယ် မညီသလို ရေပြင်ချင်းလည်း မညီပါဘူး။ ရေမျက်နှာပြင်ကျယ် မညီပေမယ့် ကန်ရေပြင် လွှာကို ရှပ်တိုက်ပြေးလို့ ဖြတ်တိုက်လာတဲ့ လေညင်းနုနု လေးတွေကတော့ နွေညနေချမ်းမှာ ထိတွေ့ရတဲ့ ပူစပ်စပ် ရသကိုတောင်မှ တူညီစွာပဲ ပြေလျော့စေနိုင်ပါတယ်။ ကန် ပေါင်ရိုးပေါ်မှာ ရောင်စုံဖူးပွင့်တတ်တဲ့ တောရိုင်းပန်းလေး တွေကလည်း သိမ်မွေ့မွေ့လည်း သင်းပျံ့လို့။ ရေကန်များထဲမှာလည်း ဖြူနီဝါပြာ ငှက်ပေါင်းစုံတို့က ကူးခတ်လို့ လေ။ မြင်ကြားရသ၊ ခုံမင်စွဲမက်စရာ အလှ၊ စုံစုံလင်လင် ရနိုင်တဲ့ နေရာလေးပေါ့။

ဆောင်းဦးရောက်လို့ ကမ္ဘာ့မြောက်စွန်းအရပ်ဖက်ဆီမှာ အအေးလွန်တဲ့အခါ သဘာဝတောရိုင်းငှက်လေးတွေ ဟာ နွေးထွေးရာကိုရှာဖို့ တောင်ဖက်အရပ်ဆီကို ပျံသန်းတတ်ကြတယ်တဲ့။ သူတို့ခရီးက သိပ်ပြီးရှည်လျားလွန်း တယ်လေ။ ဒါကြောင့် ဆန်ဖရန်စစ္စကို ဗေးဧရိယာတစ်ဝိုက်မှာရှိတဲ့ ရေကန်ကျယ်တွေမှာ ဆောင်းခိုငှက်တွေက တစ်ထောက်နားခိုကြတယ်တဲ့။ ကိုယ်လျှောက်နေတဲ့ ပန်းခြံထဲက (Quarry Lakes) ကွာရီရေကန်တွေကလည်း ဆောင်းခိုငှက်လေးတွေရဲ့ ခေတ္တနားခိုရာထဲက တစ်ခုတဲ့။ ဆောင်းကုန်ုလို့ မြောက်ဖက်အရပ်ဆီမှာ အနွေးဓာတ် ဝင်လာပြန်တော့ ဆောင်းခိုငှက်အုပ်တွေက သူတို့ဒေသ မြောက်ဖက်အရပ်ဆီ တစ်ခါပြန်ကြပြန်တယ်တဲ့လေ။ ဒီတော့ ဒီရေကန်တွေဆီကို ငှက်လေးတွေ တစ်နှစ်နှစ်ခေါက်လောက်တော့ အလည်ရောက်တယ်ပေါ့။ ဘဝ ရှင် သန်ရပ်တည်ရေးအတွက် မိုင်ပေါင်းထောင်ချီခရီးကို ပျံသန်းရရှာတဲ့ ငှက်ငယ်လေးတွေအကြောင်း စဉ်းစားရင်း လူ့ဘဝတွေ အကြောင်းကို ပြန်စဉ်းစားမိတဲ့အခါလည်း ရှိခဲ့ဖူးရဲ့။

ဘဝရပ်တည်ရှင်သန်ရေး၊ ဘဝလုံခြုံရေးအတွက် မွေးရပ်မြေကနေ မိုင်ပေါင်းထောင်သောင်းချီဝေး ကွာတဲ့ အရပ်ဆီကို ပျံသန်းလာခဲ့တဲ့ သူတွေရဲ့ဘဝ ကရော ငှက်ကလေးတွေနဲ့ ဘာများ ကွာခြားပါသေး လဲ။ တစ်နှစ်တစ်ခါ သူတို့မွေးရပ်ဒေသကို ငှက်က လေးတွေက ပျံလာကြတယ်တဲ့။ မွေးရပ်မြေကို စွန့် ခွါခဲ့ကြရတဲ့ လူသားတွေကရော မွေးရပ်မြေဆီ တစ် နှစ်တခါ နှစ်စဉ်မှန်မှန် ပြန်နိုင်ကြပါရဲ့လား။ ငှက်ကလေးတွေဘဝကို တွေးပြီး သနားနေမိတဲ့ကိုယ့်အကြောင်းကို ငှက်ငယ်လေးတွေများ သိလျင်ဖြင့် သူတို့ကများ ကိုယ့်ကို သနားစရာလို့ ပြန်မြင်နေလေဦးမလား။

ရေကန်ပြာပြာတွေဘေးမှာ လမ်းလျှောက်ရင်း၊ တောပန်းလေးတွေရဲ့ မွှေးပျံ့ပျံ့သင်းရနံ့ကို ခံစားကာ ရေကန်ထဲ ကူးခတ်နေတဲ့ ရောင်စုံငှက်ကလေးတွေကို တဝကြည့်လိုတယ်ဆိုလျင်ဖြင့် ဖရီးမောင့်မြို့လေးရဲ့ (Quarry Lakes) ကွာရီရေကန်တွေရှိရာ ပန်းခြံလေးဆီ တစ်ခေါက်လောက်တော့ သင်အနည်းဆုံးသွားကြည့်ဖို့ လိုလိမ့်မယ်။ မိုး စက်လေးတွေ ကျပြီးစ အချိန်မျိုးမှာဆိုလျင်တော့ မြေသင်းရနံ့ သင်းပျံ့ပျံ့ကိုပင်လျင် အပိုဆုအဖြစ် သင်ရနိုင်ဦး မှာပါ။

လျှောက်နေတဲ့ ပန်းခြံထဲကနေ ဟိုအရှေ့အရပ်ဆီ မျှော်ကြည့်လိုက်လျင်တော့ တောင်တန်းကြီးကို မှိုင်းပြပြ မြင်ရ လေရဲ့။ ရထားဥသြသံကြားရင် နွေးထွေးတဲ့ အမေ့ရင်ခွင်ရှိရာ အမေ့အိမ်ကိုလွမ်းတယ်။ အိမ်ပြန်ချင်တယ်ဆိုတဲ့ ထူးအိမ်သင်ရဲ့ အမေ့အိမ် သီချင်းလေးထဲကလို ဝင်လုလု နေညို ချိန်မှာ တိမ်ရောင်စုံတွေကြောင့် လင်းတစ်ကွက် မှိန်တစ်ကွက် နေရှိန်ထင်ဟပ်နေတတ်တဲ့ တောင်တန်းကြီး နောက်ခံထားလို့ ပန်းခြံဘေးကနေ ပြေးသွားတတ်တဲ့ ရထားတွေရဲ့ ဥသြသံကို ကြားရတိုင်း အမေ့အိမ်ကို ပြန်လည်သတိရမိတယ်။

အို စာဖတ်သူ … သင့်ကို တခုတ်တရ မှာချင်တဲ့စကားတစ်ခွန်း လည်းရှိပါရဲ့။ တကယ်လို့များ အချိန်ရလို့ ညနေချမ်း တချိန်ချိန် မှာများ ကွာရီရေကန်တွေရှိရာ ပန်းခြံလေးဆီ သင်သွားများ သွားဖြစ်တယ်ဆိုလျင် အိပ်တန်းပျံ ငှက်ငယ်လေး တွေကြည့်ပြီး အိမ်တမ်းချင်းစိတ် ယိုဖိတ်နေသူတစ်ဦးကိုများ တွေ့ခဲ့လျင်ဖြင့် ပြုံးပြကာ နှုတ်ဆက်ဖို့ မမေ့ပါနဲ့နော်။ သူက ဂွတ်ဒ်အီးဗနင်း ဆိုတဲ့ နှုတ်ဆက်စကားအစား နေကောင်းလား ဆိုတဲ့ မြန်မာဆန်ဆန် နှုတ်ဆက်သံကိုသာ ခုံမင်တမ်းတစွာ ကြားချင်နေသူ တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်း အမှတ် တရ ရှိပစေဦးပေါ့။ ။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
MoeMaKa Presents U Win Tin and his collection of articles

U Win Tin & Collection of his articles
စာအုပ်ဖြစ်မြောက်ရေးအတွက် ၂၀၀၅ ကနေ ၂၀၀၈ တိုင်အောင်အထိ ၀ိုင်းကြတဲ့ ပညာရှင်အားလုံးကို မိုးမခက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ စာအုပ်ကို ထုတ်ဝေရာမှာ ရည်ညွှန်းထားတာကတော့ - “၈၈ အရေးတော်ပုံသက်တမ်းနှင့်အမျှ မတရားဖမ်းဆီး အကျဉ်းကျခံနေရသူ ဟံသာဝတီ ဦးဝင်းတင်နဲ့တကွသော စစ်အာဏာရှင်များကို သပိတ်မှောက် အာဏာဖီဆန်သူ မြန်မာစာနယ်ဇင်းသမားများ အားလုံးသို့ အလေးပြုထုတ်ဝေတယ်” လို့ ဖော်ပြထားပါတယ်။

ဘယ်နေရာက ဖြစ်ဖြစ် အွန်လိုင်းကဖြစ်စေ၊ စာတိုက်ကဖြစ်စေ ၁၂ ဒေါ်လာနဲ့ ပေးဝယ်ပါ။ အရောက်ပို့မည် - ဒီမှာ မှာယူနိုင်ပါပြီ -

 
 
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!