မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 79 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
TheGeek - From MoeMaKa with Love Print E-mail
User Rating: / 0
PoorBest 
သောင်းပြောင်းထွေလာ - သရော်စာ
Thursday, 05 November 2009
မြို့မေတ္တာခံယူမယ့် မိုးမခငတိကလေးပေမို့
(ကိုဇာဂနာ ဖတ်ဖို့ ဟာသ)

ပျော်တော်ဆက်သာဂိ
နိုဝင်ဘာ ၆၊ ၂၀၀၉
ကိုဇာဂနာ …
ခင်ဗျားဆီကို မဖတ်ရမယ့်စာတွေ ရေးလိုက်ရပြန်ပြီ။ အားနေတော့ ပျင်းတာပေါ့ဗျာ။ အပြင်မှာ စီးပွားရေးက ကျ၊ အလုပ်တွေက ပြုတ်၊ တရုတ်ပြည်ကြီးက အပြိုင်းအရိုင်းဖြစ်လာတော့ တရုတ်ပြည်နောက်ဖေးပေါက်က ကျနော်တို့ မြန်မာပြည်ကို အမေရိကန်ကြီးက တဒေါက်ဒေါက်နဲ့ တံခါးလာခေါက်နေတာကို စိတ်ကြီးဝင်သူတွေ ၀င်၊ စိတ်အားငယ်တွေ ငယ်နဲ့ ရှုပ်ရှက်ကို ခတ်နေတာပဲဗျာ။

ခင်ဗျားတို့ မြန်မာစစ်ခေါင်းဆောင်တွေ (ကျုပ်တို့ စစ်အစိုးရလို့ ယောင်ပြီး ပြောမိလို့ ဆဲစာတွေ ပလူပျံနေတာနဲ့ ခင်ဗျားတို့ … လို့ ရေးလိုက်ပါတယ်) အမေရိကန်အင်္ဂလိပ်စကားပြောတွေ လေ့ကျင့်နေပြီ ဆိုတယ်။ ကျုပ်တို့ မိုးမခက (တွေ့လား မိုးမခကကျတော့ “ကျုပ်တို့ …” တဲ့၊ အဟိ) ပြည်ပရောက် မြန်မာရွှေဟသာင်္လေးတွေအတွက် ရောင်းနေတဲ့ အမေရိကန်အင်္ဂလိပ်စကားပြော စီဒီတွေကို ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေက လျို့ဝှက်ပြီး လှမ်းမှာ နေကြတယ် ဆိုပဲ။ အဲဒီမှာ အမေရိကန်က “ဆန်ရှင်” လုပ်ထားတော့ ကျုပ်တို့ စီဒီတွေ စစ်ဗိုလ်ချုပ်ကြီးတွေဆီ ပို့လို့ မရဘူး ဖြစ်နေတယ်။
ဆန်ရှင်ပွင့်သွားရင် မိုးမခက အမေရိကန်အင်္ဂလိပ်စကားပြော အခွေတွေ မြန်မာ့တပ်မတော်ကြီးအတွက် အရမ်း ရောင်းရမယ်လို့ ဆိုတော့ ကျနော်လည်း အဲသည်ရက်ကို လက်ချိုးရေတွက် မျှော်တော်ဆက်နေတာပေါ့ဗျာ။ အဲသည်ကျရင် ခင်ဗျားတို့ဆီကို ထောင်ဝင်စာ များများ ပို့ပေးနိုင်တော့မှာပေါ့။ အခြောက်အခြမ်းတွေတင် မကဘူးဗျာ … ဟင်းသီး ဟင်းရွက် စိုစိုစိစိလေးတွေတောင် ပို့ပေးနိုင်တော့မှာပါ။ ဆန်ရှင်ပွင့်တာနဲ့ ထောင်တံခါးတွေ ပွင့်သွားလိမ့်မယ်လို့ စံဇာဏီဘိုလည်း မဟော၊ ကမ္ဘာပျက်မယ့်သူတွေလည်း မဟောခဲ့တော့ သိပ်တော့ မမျှော်လင့်နဲ့ ပေါ့လေ။
ခင်ဗျားကို ဟိုတလောက ထောင်ထဲက ထုတ်လာပြီး လွှတ်ပေးတော့ မလိုလို လုပ်တယ် ကြားတယ်။ သူတို့က ခင်ဗျားနံမယ်ကို စွန့်လွှတ်ဖို့ ပြောတယ်လို့ အပြင်သတင်းရပ်ကွက်က တဆင့် သိရတယ်။
ဟို … အကိုကြီး မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နဲ့ ၈၈ မျိုးဆက် ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးရဲ့ နံမယ်တွေကို စစ်အစိုးရက ငွေပုံပေးပြီးတော့ ၀ယ်တယ်လို့ ဆိုတယ်။ စစ်ဘုရင်ကြီး သန်းရွှေနဲ့ အပေါင်းအပါတွေက ခင်ဗျားတို့ဆီမှာ နံမယ် လှလှလေးတွေ ရှိနေပြီး သူတို့ကျတော့ နံမယ် တုံးတုံးကြီးတွေ ဖြစ်နေတာကို သိပ်မခံမရပ်နိုင် ဖြစ်နေကြတယ် တဲ့ဗျ။ သူတို့ဖမ်းထားတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကို ကြည့်လိုက် နံမယ်တွေက အပျံစားတွေ ချည်းပဲကိုး။
ကြည့်ဗျာ … လှမျိုးနောင်၊ ပြုံးချို၊ မင်းဇေယျာ၊ မီးမီး၊ နေဘုန်းလတ်၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ အံဘွယ်ကျော်၊ စည်သူမောင်၊ ကျော်ကိုကို စတဲ့ စတဲ့ အမည်တွေ ပြီးတော့ ခင်ဗျား နံမယ်က ဇာဂနာ (ကိုသူရ)၊ စောဝေ၊ သက်ဇော် ပြီးတော့ သံဃာတော်တွေရဲ့ ဘွဲ့တော်တွေဗျာ … အရှင်ဂန္ဘီရ စသည်ဖြင့် နံမယ်တွေက မြန်မာပြည်သူတွေ အသည်းထဲမှာ စွဲပြီး အားလုံးသော ပြည်သူတွေရဲ့ မေတ္တာကို ခံယူနေကြရတော့ အဲသည်နံမယ်တွေကို သူတို့ အပိုင်စီးချင်ကြတဲ့ သဘောပေါ့ဗျာ။
ခင်ဗျားမိတ်ဆွေ ကဗျာဆရာ အောင်ဝေး ပြောသလိုပေါ့ဗျာ … ကြယ်တွေမှာ နံမယ်ရှိသလား ဖေဖေ … ဆိုတာမျိုး သူတို့ကျတော့ နံမယ်တွေမှာ ကြယ်ရှိသလား ဆိုသလို သူတို့ပုခုံးပေါ်က ကြယ်တွေ့ အပွင့်တွေက ကြီးမားနေပြီး သူတို့နံမယ်တွေက သေးငယ်ကြုံလှီလှတယ်လို့ သူတို့မှာ အညံ့စိတ် ဖြစ်နေရှာတာကိုး ကိုဇာဂနာရဲ့။ ခင်ဗျား စဉ်းစားကြည့်ဗျာ … ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆိုတာထက် ဗိုလ်ချုပ်မှူးကြီး မင်းကိုနိုင် လို့ ဆိုလိုက်ရင် ဘယ်လောက် ခန့်ငြားသွားသလဲဗျာ။ နောက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် သိန်းစိန် ဆိုလိုက်တာထက် နိုင်ငံတော်ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည် လို့ ဆိုလိုက်တာက ကျက်သရေဘယ်လောက် ရှိလိုက်သတုံး။ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း လို့ ဆိုမယ့်အစား ၀န်ကြီး ဇာဂနာ ဆိုလို့ရှိရင် လူတွေမှာ စိတ်ကို ချမ်းသာလို့ နေရှာမှာ ကိုဇာဂနာရဲ့။
ဆိုတော့ … ခင်ဗျားတို့ဆီက နံမယ်တွေကို ငွေတွေ၊ ဂက်စ်တွေ ပုံပေးပြီး ၀ယ်တယ် ဆိုတာ မထူးဆန်းလှပါဘူးဗျာ။ သို့သော် ထူးဆန်းပြီး တိုက်ဆိုင်တာက စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ နံမည်တွေဟာ တော်တော်ကို တုံးတာကတော့ အမှန်ပဲနော်။ ကျနော် အတွင်းသတင်းတခု ကြားတာကတော့ သူတို့မိဘတွေက ရှေးတုန်းက ကျေးလက်တောရွာတွေထဲက ရိုးရိုးကြီးတွေဆိုတော့ သူတို့ကြည့်ဖူး ကြားဖူးတဲ့ ဇာတ်တွေ ရုပ်ရှင်တွေ ပွဲတွေထဲက အမည်တွေကိုပဲ လွယ်လွယ် သားသမီးတွေကို ပေးခဲ့ကြတယ်လို့ ဆိုတယ်။ နောက်ပြီးတော့ အထီး အမ ခွဲလို့ ခက်တဲ့ အမည်တွေကိုလည်း ပေးလေ့ရှိတယ် ကြားဖူးတယ်။
ဥပမာ - သန်းရွှေ ဆိုတဲ့ အမည်က ဟိုအမျိုးသမီးလူရွှင်တော် မသန်းရွှေနဲ့ သွားတူနေတယ်။ ဟိုတလောက လစ်သွားတဲ့ ခင်ညွန့်ဆိုရင် ကျားလား မလား မခွဲခြားနိုင်ဘူး။ မောင်အေး ဆိုတာကတော့ အလွန်ကို သက်သာလှတဲ့ နံမယ်တခုပဲဗျာ။ ပြီးတော့ ရွှေမန်း … သူနံမည်က လူပျက်တယောက်ရဲ့ နံမယ်ဖြစ်နေတာ သိပ်သိသာနေပြီ။ သိန်းစိန်၊ မောင်ဦး၊ ခင်ရီ … ကဲ ကြည့်လိုက်စမ်းပါဦး ကိုဇာဂနာရဲ့ … အောင်သောင်း၊ မောင်သောင်း၊ သာအေး၊ တင်အေး၊ ခင်ဇော် စတဲ့ စတဲ့ နံမည်တွေဟာ ဘယ်လိုမျိုးတွေဖြစ်နေသလဲ ဆိုတာ။ မြန်မာပြည်သာမန်လူထုထဲမှာလည်း အဲသည်လို ခပ်ရိုးရိုး (ဟဲ ဟဲ … တုံးတုံးလို့ မပြောဖူးနော် …) နံမည်တွေ ရှိမှာ အမှန်ပါပဲ။ သို့သော် သူတို့စစ်အုပ်စုမှာ အကျင့်တွေ စိတ်ဓာတ်တွေ အကုသိုလ်တွေ တူကြတာအပြင် နံမယ်ပုံသဏ္ဍာန်တွေမှာလည်း တူနေကြတာကို ထောက်ပြတာပါ။
၂၀၁၀ လည်း နီးလာပြီဆိုတော့ သူတို့လည်း အပြောင်းအလဲလေးတွေ လုပ်ရမှာပေါ့ဗျာ။ အမေရိကန်အင်္ဂလိပ်စကားလည်း ကျင့်၊ နံမယ်လေးတွေလည်း အပျံစားဖြစ်အောင် ပြောင်းတန်ပြောင်း၊ မှည့်တန် မှည့်ပေါ့လေ။ ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေ အမည်ပေးသလိုမျိုး ပေးဖို့လည်း စဉ်းစားသေးတယ် ပြောတယ်။ အထောက်တော် ၁၊ ၂၊ ၃ တို့၊ မိုးမခ၊ မြေမခ၊ မြစ်ခမ၊ မိုးယံမခ တို့ မိုးစဲနေတို့ မိုးကြိုးပစ်တို့ ဘာတို့ပေါ့ဗျာ။ မိုးမခအထောက်တော် ရန်ကုန်တို့ မိုးမခအထောက်တော် အင်းစိန်ထောင်တို့ စသည်ဖြင့်ပေါ့ … သူတို့လည်း ဒေသစွဲ၊ နံပါတ်စွဲတွေ ပေးဖို့ ကြိုးစားသေးတယ်။ အစွဲအလန်းကြီးတော့ သူတို့ အမည်ဟောင်းတွေကို မစွန့်နိုင်ဘူး ဆိုပဲ။
လောလောဆယ်တော့ “နံမယ်က အရေးမကြီးပါဘူးကွာ … နေရာက အရေးကြီးတာပါ” ဆိုပြီး ဗိုလ်ချုပ်မှူးကြီးထက် ကြီးတဲ့ ရာထူးဖြစ်ဖြစ်၊ သမ္မတတို့၊ ၀န်ကြီးချုပ်တို့ထက် ကြီးတဲ့ နေရာကို အမည်တတ်နိုင်ဖို့ ကြိုးစားနေကြတယ် ပြောတာပါပဲဗျာ။ စင်္ကာပူမှာတော့ ဟို ၀န်ကြီးချုပ်တွေ ဆင်းသွားရင်း စီနီယာဝန်ကြီးပေါ့ဗျာ … အဲသလို နေရာတခု ဖန်တီးပေးထားတယ် ပြောတယ်။ ကျနော်တို့ တိုင်းပြည်မှာတော့ စီနီယာဆိုတာကို ဘိုလိုဆိုတော့ သိပ်နားမလည်တော့ သူတို့က သူတို့အတွက် သီးသန့် ရာထူးတွေအဖြစ် နိုင်ငံတော်အစိုးရဖွဲ့စည်းပုံမှာ သက်တော်ရှည် ရာသက်ပန် ဗိုလ်ချုပ်မှူးကြီး တို့၊ ရာသက်ပန် သမ္မတမှူးချုပ်ကြီးတို့၊ ထာဝရ ၀န်ကြီးချုပ်မှူးကြီးတို့ကို သတ်မှတ်ပြီး ရယူမယ်လို့ ဆိုနေကြတယ် တဲ့။
ကျနော်တို့လည်း ၂၀၁၀ မီအောင်တော့ အတတ်နိုင်ဆုံး ကျန်းမာရေး ဂရုစိုက်၊ အပျော်အပါးတွေ လျော့၊ ဘုရားတရားတွေ လုပ်ပြီးတော့ အသက်ကို ဉာဏ်စောင့်ပြီး ကြိုးစားပြီး စောင့်နေ၊ ပြင်ဆင်နေကြပါတယ် ကိုဇာဂနာရဲ့။ ထောင်ထဲမှာလိုတော့ ထမင်းချိန် ထမင်း၊ ပုံစံချိန် ပုံစံ၊ တိုက်ပိတ်ချိန် တိုက်ပိတ် ဆိုသလို ရေကန်အသင့် ကြာအသင့်တော့ ဘယ်ဖြစ်ပါ့မလဲလေ။ ရုန်းကန်ပြီး လုပ်ကိုင်စားသောက် နေရတာပေါ့ဗျာ။ အဲသလို ကျနော်တို့တတွေ ချို့ချို့ငဲ့ငဲ့နဲ့ မိုးမခအလံတော်ကြီးကို ဒီမိုကရေစီအလင်းရောင်အောက်မှာ အမြင့်မားဆုံး လွှင့်ထူနေကြတာကို ဘယ်သူမှ မေတ္တာမထားကြတာ တခုပဲ ၀မ်းနည်းမိပါတယ်လေ။
တနေ့က ရန်လိုကျွဲနဲ့ တွေ့တယ်။ သူက မိသားစုတွေ အမျိုးတွေကို ပုခုံးပေါ်မှာ၊ ထောင်ဝင်စာတွေကို ခေါင်းပေါ်မှာ အစွမ်းကုန် မတင်ပြီးနေတဲ့ကြားက အချိန်တွေက အား နေသေးတော့ အီးမေးကနေ သူများသတင်းတွေကို စုစုပြီး ဟိုလျောက်ပို့ ဒီလျောက်ပို့ အလုပ်ကိုပါ အလကားပဲတင်း လုပ်နေသေးတာကိုး။ အဲဒါကို ဘေးကစောင့်ကြည့်နေတဲ့ ကြိတ်ပြီး ကြည်ညိုနေတဲ့ အစိုးရသတင်းပေးတယောက်က လျောက်ပြောနေသတဲ့လေ။ အဲသည် ရန်လိုကျွဲဆိုတဲ့ အကောင်က အဲလို သတင်းတွေပို့ပေးတာ အင်န်ဂျီအို ဆိုလား၊ စီအိုင်အေ ဆိုလားတွေက တနေ့ကို ဒေါ်လာ ရာဂဏန်း ပေးနေတာတဲ့။ အဲတာကို အဝေးကြည့်မှန်ပြောင်းက သွေးပြောတာကို မယုံဘဲ ခွေးပြောတာ ယုံပြီးတော့ အဲသည်အလုပ် သူပဲ လုပ်ပါတော့မယ် ဆိုပြီး အတင်း လာတောင်းနေလို့ ဗျာ … မနည်း ရှင်းပြရတယ်။ အားနေလို့ လုပ်တာ … သူများတွေလို ရေကန်အသင့် ကြာအသင့် ဆိုလို့ကတော့ မလုပ်သေးဖူးလို့ … ရွေးကောက်ပွဲဝင်ပစ်လိုက်မယ် လို့ ။
ဒါပေမယ့် ခင်ဗျားတို့ ရှေ့မှာ မငြီးရဲ ပါဘူး ဆရာတို့ရယ်။ ပြီးတော့လည်း ခင်ဗျားတို့ကို စာထဲကနေ လှမ်းပြီး ရင်းနှီးရတဲ့ မောင်သာဂိကလေးပါ။ အပြင်မှာ ဘယ်တိုက်ရိုက်ရင်းနှီးရဲပါ့မလဲ။ (တော်ကြာ ထောင်ထဲ လှမ်းပို့လိုက်မှ …)။ ခင်ဗျားတို့ ချစ်ပရိသတ်ကြီးက ကျနော်တို့ကို မလေးမခန့်စကားတွေ ပြောတယ်ဆိုပြီး မျက်မာန်တော် ရှသွားမှဖြင့်ဗျာ။
ကျနော်တို့ အဖြစ်က ဆိုးပါတယ် ကိုဇာဂနာ ရယ် … ခုနင်က ဆိုသလို စစ်အစိုးရအလိုတော်ရိတွေကလည်း အထင်တွေ စွတ်ကြီးပြီးတော့ ကျနော်တို့ကို နှိပ်။ တလောက မိုးမခအထောက်တော် (ကြပ်ပြေး) ကို အလိုတော်ရိတွေက တော်တော် စစ်မေးလိုက်တာ … ငွေ ဘယ်လောက် ရသလဲ။ စကော်လားရှစ်တို့ စကော်လာကိုးတို့ ရသလား။ အိုဘားမားနဲ့ သိသလား။ မိုက်ကယ်ဂျယ်ဆင်နဲ့ သိသလား စသည်ဖြင့် အတော်ကို ကြပ်ကြပ်မတ်မတ် စစ်လိုက်တာ။ ဟိုအကောင်က အမှန်အတိုင်း ဖြေလိုက်တော့ တော်တော်ကို အထင်သေးသွားပြီး “ ပိုက်ဆံလည်း မရ၊ နံမယ်လည်း မရ၊ နံမယ်ကြီးတွေနဲ့လည်း အဆက်အသွယ်မပေါက်ဘဲနဲ့ ဒီအလုပ်ကို လုပ်နေရသေးသလား။ အံ့ဖွယ် သုတ …” ဆိုပြီး သင်္ချိုင်းကုန်းမှာ ကန်ချထားခဲ့လို့ အိမ်ကို လမ်းလျောက် ပြန်ခဲ့ရသတဲ့။
ဒီမိုကရေစီအလင်းရောင်အောက်က ချစ်စွာသော စာဖတ်ပရိသတ်ကြီးကလည်း ကျနော်တို့ကို ဆီလို အပေါက်ရှာပြီး မျက်လုံး ဒေါက်ထောက် ကြည့်နေတာဆိုတော့ အားအားရှိ သူတို့ကို ခြေသလုံးဖက် တောင်းပန်နေရတာကိုးလေ။ သတင်းတွေ နောက်ကျလို့ အပြောခံရ။ သတင်းတွေ စောလို့ အပြောခံရ။ တပ်မတော်အစိုးရလို့ သုံးစရာလား … ထက်ထက်မိုးဦးသတင်းကို ညီညီအောင်သတင်းထိပ်ကနေ တင်ပေးစရာလား … ဒေါ်အောင်ဆန်းစုကြည်ကို အဖွားကြီးလို့ ခေါ်စရာလား … အင်တာနက်နှေးတာသိရက်နဲ့ ဓာတ်ပုံတွေ စွတ်တင် နေစရာ လိုလို့လား … ဟိုးနားက သေးသေးတင်နဲ့ ဟိုးအပေါ်က အောက်ကမြင့်ကို မှားပြီး ရိုက်စရာလား စသည်ဖြင့် တော်တော် ဆူပူ ကြိမ်းမောင်း မာန်မဲကြတယ် အကိုရဲ့ … (အဟီး)
ကျနော်တို့ကလည်း ရှေ့မျက်နှာ နောက်ထားပြီး ရှင်းပြရတာပေါ့လေ။ သိလို့ တတ်လို့ လုပ်တာ မဟုတ်တဲ့ အကြောင်း၊ သင်တန်းတွေ ဘာတွေလည်း မတက်ဖူးပါကြောင်း၊ ပါရမီလည်း မရှိ၊ စခန်းတွေ၊ လမ်းကြောင်းတွေနဲ့ အဓိဋ္ဌာန်တို့ သတ်သတ်လွတ်တို့ ၀င်နေတာမျိုးလည်း မရှိပါကြောင်း၊ စားဝတ်နေရေး အလွန်ဖိစီးနေတဲ့ကြားက အချိန်တွေ အလွန်အားပြီး ပိုက်ဆံတွေ အလွန်ပေါနေလို့ အပျော်တမ်း ဒီမိုးမခအလံတော်ကြီးကို အမြင့်မားဆုံး လွှင့်ထူနေတာဖြစ်ကြောင်း သို့ဖြစ်ပါ၍ နားလည်ခွင့်လွှတ် သီးခံပေးစေလိုကြောင်း ပြောရတာပေါ့ ဆရာရယ် …
အဲသလိုဆိုတော့လည်း ချစ်ပရိသတ်ကြီးက အကြောကြီးနဲ့ ကျနော်တို့ နားရင်းကို ၂ ချက်လောက် အုပ်ပြီးတော့ … “ အေး … ငါတို့ကလည်း တခြား ကောင်းတဲ့ဟာတွေ ပေါ်မလာသေးလို့ မင်းတို့ကောင်တွေရဲ့ ခနော်နီခနော်နဲ့တွေကို အလွန်သီးခံပြီး ဖတ်ရှုနေရတာ … ၂၁၀၀ ကျော်လို့ကတော့ ဝေးသေး ဝေးသေး …” လို့ ပြောဆိုဆုံးမသွားပါကြောင်း ကိုဇာဂနာကို သတင်းကောင်းပါရင်းနဲ့ စာကို နိဂုံးချုပ်လိုက်ပါမယ်ဗျာ။
ဟဲ ဟဲ … ၂၀၁၀ မှာ လွှတ်တော်တခါးကြီးလည်း ဖွင့်၊ ထောင်တခါးတွေလည်း ဖွင့်တော့မှ ပြန်တွေ့ကြတာပေါ့လေ။ ထောင်ထဲမှာမဖြစ်ရင်တော့ လွှတ်တော်ဘေးက ဘုရားရင်ပြင်လောက်တော့ ဖြစ်ကောင်းပါရဲ့။  ။
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
MoeMaKa Interview with U Win Tin - ebook - published
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ်
၈၈ အရေးတော်ပုံ ၂၂ နှစ် အထိမ်းအမှတ်အဖြစ်
မိုးမခက ဖြန့်ချိ
မိုးမခ
သြဂုတ် ၈၊ ၂၀၁၀
စစ်အစိုးရ အလိုကျ ၂၀၁၀ ရွေးကောက်ပွဲ၊ NLD ပါတီ၏ ရပ်တည်ဖြတ်သန်းမှုနှင့် မြန်မာပြည်အရေး အင်တာဗျူးများ စုစည်းတင်ဆက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးမခက ဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းခြင်း အင်တာဗျူးဆောင်းပါးများကို တစုတစည်းတည်း အီးဘွတ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီအရေး ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ၂၂ နှစ်ပြည့်မှာ အမှတ်တရ အလေးပြုပြီး ထုတ်ဝေတာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!