| Pre-Campaign Trip by Deputy Minister of Health cost a patient life |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Thursday, 05 November 2009 | |
|
ကျန်းမာရေး ဒုဝန်ကြီး ပေါင်းတည်မြို့ မဲဆွယ်ခရီးတွင် လူနာတဦးသေဆုံး ရွေးကောက်ပွဲအတွက် ကြိုတင် မဲဆွယ်နေသည်ဟု ဒေသခံများက ယူဆကြသည့် ဒေါက်တာမြဦး (ဓာတ်ပုံများ - ကြေးမုံသတင်းစာ) ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာမြဦး၏ အောက်တိုဘာ ၂၈ ရက်နေ့ ပေါင်းတည်မြို့ဆေးရုံခရီးစဉ်အတွင်း ထိုဆေးရုံသို့ ရောက်လာသည့် လူနာများကို လက်ခံခြင်း မပြုသဖြင့် လူနာတဦး သေဆုံးသွားသည်ဟု သိရသည်။ ထိုလူနာကို ပြည်မြို့သို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ပြည်မြို့မှ ဒေသခံတဦးက ပြောသည်။ "ပေါင်းတည်ဆေးရုံမှာ မျက်စိ အခမဲ့ခွဲပေးမယ် ဆိုပြီး ဆေးရုံကို ရှင်းခိုင်းထားတာ တကယ် အသဲအသန် ဖြစ်လို့ ဆေးရုံသွားတက်တဲ့ လူနာကို လက်မခံလိုက်ဘူး၊ အဲဒါနဲ့ ပြည်ဆေးရုံကို ရောက်လာတော့ အချိန်လင့်ပြီး သေသွားတယ်" ဟု ပြည်မြို့မှ ဒေသခံတဦးက ပြောသည်။
အောက်တိုဘာလကုန်ပိုင်းက ၄ ရက်ကြာ ပြုလုပ်သည့် မျက်စိ ကျန်းမာရေး အစီအစဉ်တွင် ဆရာဝန်များက မျက်စိလူနာပေါင်း ၂၀၀၀ နီးပါးကို စမ်းသပ် စစ်ဆေးပြီး အတွင်းတိမ် လူနာပေါင်း ၅၀၀ ကျော်ကို ခွဲစိတ်ကုသပေးခဲ့ကြောင်း တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာတွင် ရေးသားထားသည်။
ဒေါက်တာမြဦး၏ မိန့်ခွန်းကို နားထောင်ရန် စုရုံးရောက်ရှိနေသည့် ပဲခူးတိုင်း ဆေးရုံတခုမှ ၀န်ထမ်းများ |
|
| < Prev | Next > |
|---|




































