မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 99 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Than Soe Hlaing - Rangoon, the Beggers' City Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဆောင်းပါး
Friday, 06 November 2009

တောင်းရမ်းစားသောက်သူတို့၏ မြို့တော် ရန်ကုန်

သန်းစိုးလှိုင်

ရန်ကုန်၊ နိုဝင်ဘာ ၇


ရန်ကုန်မြို့၏ မျက်နှာဖုံး ဟုဆိုအပ်သော ဆူးလေလမ်းမကြီး၊ ယခင်က သံတမန်ကုန်တိုက် ယခုတော့ နိုင်ငံတော် သူဌေးကြီး ဦးတေဇ၏ မြန်မာရှော့ပင်းမောလ် ရှေ့မျက်နှာစာမှာ ညနေဖက်ရောက်ပြီ ဆိုလျင်လမ်းဘေး လက်ဘက်ရည်ဆိုင်များ၊ လက်ဘက်သုပ် ဆိုင်များ စီတန်းခင်းကျင်းကြပြီ။ ယခင်တုန်းက သစ်သားခွေးခြေခုံပုပုလေးများကို သုံးစွဲခဲ့ကြသော်လည်း ယခုအခါ ထိုထက်ကိုပင် သေးငယ် ပေါ့ပါးသည့် ပလပ်စတစ်ခုံငယ်များဖြင့် လက်ဘက်ရည်ဆိုင်များကို ခင်းထားကြသည်။

ဦး … မုန့်ဖိုးပေး

ဆူးလေ ဗဟိုမီးသတ် နဘေးရှိ ခုံငယ်တွင် ၀န်ထမ်းများ၊ လူငယ်များ၊ လက်ဘက်သုပ်စားရင်း စကားပြောနေကြသည်။ ထိုသို့ရန်ကုန်ညနေခင်းကို လက်ဘက်သုပ်စား ရေနွေးကြမ်းသောက်ရင်း စကားပြောနေသူများ နဘေးသို့ ညစ်ပေနေသည့် အကီ်ျ၊ ပိန်လှီလှီ မျက်နှာငယ်ဖြင့် ၅နှစ်အရွယ်ကလေးငယ်က ကပ်လာရင်း `ဦး မုန့်ဖိုးပေး´ `ဦး မုန့်ဖိုးပေး´ ဆိုကာ အနားကပ် လက်ဖြန့်တောင်းနေသည်။ ထိုင်နေသူလူငယ် နှစ်ဦးက ခေါင်းခါပြကာ မပေးလိုကြောင်း အမူအရာ ပြလိုက်သည်။ သို့သော် ကလေးငယ်က မိနစ်ဝက်လောက် ရပ်တန့်နေသေးပြီး ပေကပ်ကပ်ဖြင့် ထိုင်နေသူ၏ သနားခြင်းကို တောင်းဆိုနေသည်။ သို့သော် လူငယ်နှစ်ဦးကလည်း ငွေ ၅၀၊ ၁၀၀၊ ၂၀၀ ကျပ်ကို မပေးသည့် အဆုံးတွင်မှ နောက်တ၀ိုင်းသို့ကူးသွားပြီး တောင်းတော့သည်။

ကလေးငယ်များ၊ ကလေးကို လက်ဆွဲလျက် ကလေးအမေများ၊ရန်ကုန်မြို့၏ လူစည်ကားရာ  လမ်းဘေး လက်ဘက်ရည်ဆိုင်များ တ၀ိုက်တွင် လှည့်လည်တောင်းရမ်း လျက်ရှိသည်ကို တနေ့ထက်တနေ့ ပိုမိုမြင်တွေ့လာရသည်။ အချိန် နာရီဝက် တနာရီဝန်းကျင် လမ်းဘေးဆိုင်တွင် ထိုင်ပါက တောင်းရမ်းသူ အနည်းဆုံး လေးငါးဦးထက်မနည်း လာတောင်းသည်ကို ကြုံတွေ့ရမည် ဖြစ်သည်။

ရွှေဂုံတိုင် လမ်းဆုံမီးမီးပွိုင့်နီစဉ် ဘတ်စ်ကား၊ ကိုယ်ပိုင်ကားများ စောင့်ရာနဘေး ပလက်ဖောင်းပေါ်တွင် ၄နှစ်အရွယ် ကလေးငယ်က ဘောင်းဘီမပါ၊ စွပ်ကျယ် အကျီဝတ်ထားပြီး ၀ါးကျည်တောက်နှစ်ခုကို ပလက်ဖေါင်းပေါ် ထုပြီး ကားပေါ်မှ ခရီးသည်များကို မော်ကြည့်ကာ `အိုးလေးလှုပ်ပါဟေ့၊ အိုးလေး လှုပ်ပါဟေ့´ သီချင်းကို မပီတပီဆိုပြသည်၊ နှစ်ပိုဒ်သုံးပိုဒ်ဆိုပြီးသည်နှင့် ပေါင်မုန့်ခြောက် နှစ်ချပ်ထည့်ထားသည့် ပလပ်စတစ်ခွက်ကို မြှောက်ကာ `မုန့်ဖိုးပေး´ ဟုတောင်းခံတော့သည်။  အရွယ်နှင့်မမျှအောင် ၀ါးကျည်တောက်ဖြင့် အင်္ဂတေ ပလက်ဖောင်းကို ထုပြီး သီချင်းဆိုရှာသည့် ကလေးကို ကားပေါ်မှ ခရီးသည်များက ကရုဏာလည်းသက်၊ ခိုင်းထားသည့် မိဘဆိုသူများအပေါ်လည်း ဒေါသဖြစ်လျက်ရှိကြသည်။

ကြပ်တည်းမှု ချောင်ပိတ်မှုများမှ ထွက်ပေါက်

ယခင်ကထက်ပိုပြီး တောင်းရမ်းသူပိုများလာ၊ တောင်းရမ်းသည့် နည်းနာများလည်း ပိုမိုစုံလင်လာသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောဆိုကြသည်။ အချို့သောတောင်းသူများက လမ်းလျှောက်သွားရင်း ဆုံသူများကို ``ဆေးရုံမှ ဆင်းလာလို့ ပြန်ဖို့ခရီးစရိတ်မရှိလို့ ကူညီပါဦး´´ဟု တောင်းသည်လည်း ရှိသည်။

တောင်းရမ်းဖို့ရာ လသားနှစ်သား အရွယ် ကလေးငယ်များကို ငှားရမ်းသည်လည်း ရှိသည်ဟုဆိုကြသည်။ ကလေးငယ်များကို စေလွှတ်တောင်းရမ်းခိုင်းပြီး ခပ်ဝေးဝေးမှ စောင့်ကြည့် သည့်အဖြစ်မျိုးလည်း တွေ့ရလေ့ရှိသည်။ ၁၀နှစ်နဲ့ အထက် ကလေးငယ်များကို မိဘအရင်းကပင် တရက်ကို ကျပ် ၂ထောင် ၃ထောင်ရအောင် တောင်းရမ်းခိုင်းသည့် အဖြစ်မျိုးလည်း ရှိသည်။ ထိုကလေးငယ်တွေမှာ ရန်ကုန်မြို့၏ တောင်၊ မြောက်ဒဂုံမြို့သစ် အစွန်အဖျားတွင်နေထိုင်ကြသည်ကို လည်းတွေ့ရကြားရသည်။ မည်သည့် အရင်းမျှ မစိုက်၊ ကျွမ်းကျင်မှုလည်း မရှိပဲ တရက်ကို ကျပ်သုံးထောင် ရသည့် အလုပ်အကိုင်မျိုး ရရန် မလွယ်ကူသည်မှာလည်း မြန်မာနိုင်ငံ၏ လက်တွေ့ အခြေအနေဖြစ်သည်။

ထိုသို့သော ကျပ်တည်းမှု၊ ချောင်ပိတ်ခံရမှု အကြား တောင်းရမ်းလျင် တနေ့ကို ကျပ်၂ထောင် ၃ထောင် အနိမ့်ဆုံးရနိုင်သည့် အတွက်လည်း ထိုထွက်ပေါက်ကို ထွက်သွားကြသည့် အဖြစ်ပင်။ လူသားတဦး၏ မာန်မာနကိုတော့ ရေမျှောလိုက်ကြရသည်။ ကျပ်တည်း ခက်ခဲလွန်းသည့် ဘ၀ကိုဖြတ်သန်းရန် မည်သည့် အကူအညီမျှ ရရန်မလွယ်ကူသည့် အဆုံး လူသားမာနကို ချရောင်းခဲ့ကြသည် အဖြစ်အပျက်များ အဖြစ် မှတ်ယူကြရသည်။

ကုမ္ပဏီ တခုတွင် ၀န်ထမ်းလုပ်ကိုင်သူ မိန်းကလေး တဦးက`` ကလေးတွေကို နောက်ကွယ်က လူကြီးတွေ ခိုင်းနေတဲ့ အဖြစ်ကို အားမပေးချင်ဘူး။ ကလေးကိုတော့ သနားတယ်။ ဒါပေမယ့် သူတို့ကိုပေးနေရင် အကျင့်ပါသွားမှာစိုးတယ်။ နောက်တခုက တယောက်ကိုပေးပြီး ကျန်တဲ့သူတွေကိုမပေးရင်လည်း မကောင်းဘူး။ အားလုံးကိုလည်း မပေးနိုင်ဘူး။ အကြွေလည်းရှားလာတယ်။ ၅၀၀ကျပ်တန် တော့လည်း မတတ်နိုင်ဘူးလေ´´ ဟုဆိုသည်။

အခြားသော ကုမ္ပဏီ ၀န်ထမ်းအမျိုးသမီးက ``ကလေးတွေတောင်းတာ ကိုအားမပေးဘူး၊ သက်ကြီးရွယ်အို မလုပ်နိုင်မကိုင်နိုင်လို့ တောင်းရမ်းတဲ့သူဆို ပေးလေ့ရှိတယ်။ ကလေးတွေကတော့ တောင်းရမ်းတဲ့ ဘ၀မှာ ကြာရှည် ကျင်လည်မှာစိုးလို့ အားမပေးတာ´´ဟု ပြောသည်။

လမ်းပေါ်ကသူတောင်းစားများအတွက် အစိုးရ၏ နေရာ

ရန်ကုန်မြို့တော်၏ တောင်းရမ်းစားသောက်သူများကို တခါတရံ မြို့တော်စည်ပင် နှင့်ရဲတို့က ဖမ်းပြီး ပြန်လည်လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည့် အဖြစ်မျိုးလည်း ရှိခဲ့သည်။ ဘူးသီးတောင် မောင်တောဘက်ပို့ပြီး ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် နေရာချထားပေးသည့် အဖြစ်လည်း လွန်ခဲ့သည့် နှစ်ပိုင်းကရှိခဲ့သည်။ အချို့လည်း ပြန်ပြေးလာကြသည်။ မပြန်လာနိုင်သူတွေကတော့ ထိုဒေသမှာပဲ နေထိုင်လျက်ရှိသည် ဆိုသည့် သတင်းများလည်း ဖတ်ရှုရသည်။

ကလေးများ တောင်းရမ်းစားသောက်သည့် ပြဿနာနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဌါနက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန ဖြစ်သည်။ သို့သော် အဆိုပါဝန်ကြီးဌါန အနေဖြင့်လည်း လက်တွေ့တွင် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ၊ နည်းဗျူဟာ အသုံးစရိတ်တို့ လုံလောက်အောင် ရှိဟန်မတူ။

ပွဲဈေးတန်းများ၊ လူစည်ကားရာနေရာများ၊ လမ်းဘေး ပလက်ဖောင်းများတွင်လည်း လသားအရွယ် တနှစ်သား၊ နှစ်နှစ်သား အရွယ် ကလေးများကို ချကာနေပူမိုးရွာ မရှောင်တောင်းရမ်းနေသည့် အဖြစ်သည် ရန်ကုန်မြို့၏ အဂါင်္ရပ် တခု၊ ပုံရိပ်တခုဖြစ်လာနေသည်။

နိုင်ငံတကာတွင်လည်း တောင်းရမ်းစားသောက်သူ ပေါများသည့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့သည် ထင်ရှားသည်ဟု ဖတ်ရှုရသည်။ ရန်ကုန်မြို့သည် တစနှင့်တစ တောင်းရမ်းသူတို့၏ မြို့ဖြစ်လာသည်။ ရန်ကုန်မြို့သည် ယခုလောက် မည်သည့်ကာလကမှ တောင်းရမ်းစားသောက်သူမများခဲ့ဟု မြို့ခံများက တူညီစွာပြောဆိုကြသည်။

ယခုဖေါ်ပြခဲ့သည်မှာ လမ်းပေါ်မှ တောင်းရမ်းသူများ၏ အကြောင်းသာဖြစ်ပါသည်။ ရန်ကုန်မြို့၏ ဟိုတယ်ခန်းထဲမှာ၊ ဖိတ်ဖိတ်တောက်နေသည့် ရုံးခန်းများထဲမှာ၊ စုတ်ပြတ် ဟောင်းနွမ်းနေသည့် အစိုးရ ဌါနဆိုင်ရာရုံးခန်းများထဲမှာ ကြီးပွားရာကြီးပွားကြောင်း အတွက် အာဏာကို အသုံးပြုပြီး တောင်းရမ်းစားသောက်သည့် အဖြစ်အပျက်များကတော့ ယခုအဖြစ်များနှင့် မတူကွဲပြားသည့် အခြားသော တောင်းရမ်းမှု များသာဖြစ်ပါသည်။

(လွန်ခဲ့သည် သီတင်းပတ် မော်တင်၊ လမ်းမတော် - တန်ဆောင်တိုင်ပွဲခင်း ညဈေးတန်းတွင် တောင်းနေသူမိသားစု - ဓာတ်ပုံ မိုးမခ)

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
HTOO EAIN THIN MTV-DVD - Charity Drive
HTOO EAIN THIN MTV-DVD POSTER DESIGN
HTOO EAIN THIN MTV-DVD - Charity Drive
ဂန္ထ၀င်မြောက်အနုပညာရှင် ထူးအိမ်သင် အား ချစ်မြတ်နိုးသော တေးချစ်သူများခင်ဗျား.........
ထူးအိမ်သင်အားချစ်မြတ်နိုးသောကျွန်ုပ်တို့ညီအကိုမောင်နှမများမှ
ထူးအိမ်သင်၏နောက်ဆုံးချန်ရစ်ခဲ့သောချစ်ခြင်းအားဖြင့်(MTV/DVD) တေးအယ်(လ်)ဘန်အား
NEW VERSION DVD အဖြစ်စီစဉ်၍ပြန်လည်ဖြန့်ချီနေပြီဖြစ်ပါသည်။
တာဝန်ခံဖြန့်ချီနေသူများထံတွင်တွင်တိုက်ရိုက်သော်၎င်း၊ အင်တာနက်စာမျက်နှာ http://www.aungwin.com/htoo.html မှတဆင့် Paypal/ Credit Crad အသုံးပြု၍၄င်း မှာယူအားပေးနိုင်ပြီဖြစ်ပါသည်။
ရရှိမည့်အကျိုးအမြတ်အားလုံးအား ထူးအိမ်သင်၏တဦးတည်းသောချစ်သမီး မိကွန်းထော
အား ပေးအပ်နိုင်ရန် ရည်ရွယ်ပါသည်။
သို့ဖြစ်ပါ၍ တေးချစ်သူ ထူးအိမ်သင်ပရိသတ်များမှလည်းချစ်ခြင်းအားဖြင့်မှာယူအားပေးကြပါရန် ကျွန်ုပ်တို့
ထူးအိမ်သင်အားချစ်မြတ်နိုးသော ညီအကိုမောင်နှမများမှလေးစားစွာ ချစ်ခြင်းအားဖြင့်တိုက်တွန်းအပ်ပါသည်ခင်ဗျာ။

-ချစ်ခြင်းအားဖြင့်.....
ထူးအိမ်သင် အားချစ်မြတ်နိုးသော ညီအကိုမောင်နှမများ*

မှာယူအားပေးရန် *
~~~~~~~~~~~~~
PHILLIP AUNG WIN
Digi Product Online, Inc
101 4th Ave Suite 2R
Brooklyn, NY 11217
(718) 398-9277, This e-mail address is being protected from spam bots, you need JavaScript enabled to view it
http://www.aungwin.com/htoo.html

MA CHAW SU (718) 335-5214 ,  KO WAI LA (646) 462-9017, (718) 505-0080 , MOE CHO THIN (626) 480-8118, This e-mail address is being protected from spam bots, you need JavaScript enabled to view it , KHIN THIRI NANDAR SOE (650) 758-1290, This e-mail address is being protected from spam bots, you need JavaScript enabled to view it , CHO TOO (260) 420-1023 , KYAW THET (MON) (260) 494-0789 ,  KO MYOE (917) 832-6887, This e-mail address is being protected from spam bots, you need JavaScript enabled to view it
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!