မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 82 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Po Zaw (ZagarWah Myay) - If Joke could kill ... Print E-mail
User Rating: / 0
PoorBest 
လူမှုရှုခင်း - ဆောင်းပါးစုံ
Friday, 06 November 2009

ပါးစပ်လက်နက် တိုင်းပြည်အတွက်ပါ
ဖိုးဇော် (စကားဝါမြေ)
နိုဝင်ဘာ ၇၊ ၂၀၀၉
          ကျနော်ဟာ အနုပညာသမားတယောက်ပါ။ စာရေးဆရာတယောက် မဟုတ်ပါဘူး စာရေးဆရာမဟုတ်တဲ့အတွက် စာအရေးအသား အဆင်ပြေမည် မထင်ပါ။ သို့သော် ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်လေးကို တင်ပြချင်တဲ့ ဆန္ဒနဲ့ ရေးဖြစ်သွားတာပါ။

           ရှေးဘုရင်များလက်ထက်တုန်းက ဘုရင်နောက်တော်ပါးမှာ အမြဲမပြတ် ခစားရတဲ့ လက်စွဲတော်ဆိုတာ ရှိခဲ့ဘူးပါတယ်။ အဲဒီလက်စွဲတော်ရဲ့တာဝန်ဟာ တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးကို ဘုရင်ကြိးသိအောင် ဟာသဉာာဏ်နှောပြီး ပြောရေးဆိုခွင့် ရှိသူဖြစ်ပါတယ်။ ယနေ့ခေတ် အခေါ်အဝေါ်အရဆိုရင် လက်စွဲတော်ဆိုတာ လူရွင်တော်ပေါ့ဗျာ ။ လူရွှင်တော်လို့ ခေါ်တဲ့ လက်စွဲတော်ဟာ သေစေ၊ သတ်စေ၊ အကျဉ်းခံစေဆိုတဲ့ အမိန့်ကို ကင်းလွတ်စေတဲ့ လူတယောက်ဖြစ်ပါတယ်။
          စွယ်စုံအနုပညာရှင် ကိုဇာဂနာတယောက်ကတော့ ဘုရင်ခေတ်မှာ လက်စွဲတော်မဖြစ်ဘဲ အာဏာရှင်စနစ်မှာ လူရွှင်တော်ဖြစ်တဲ့အတွက် အကျဉ်းကျစေဆိုတဲ့ အမိန့်ကို ကင်းလွတ်ခွင့် မရခဲ့ပါဘူး။
          တိုးတက်ပြောင်းလဲလာလို့လား မသိဘူး၊ ခုတော့ဗျာ လူရွင်တော်တွေ အစိုးရကို အကြည်ညို ပျက်စေတဲ့ ပြက်လုံးထုတ်ရင် ထောင်ဒါဏ် တသက်တကျွန်းထိ ချမယ် ဆိုပြိး မှုခင်းသတင်းဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
          တိုက်ဆိုင်မှုတခုလို့ ပြောရမလား၊ မြန်မာပြည်တွင်းမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ နှင်းဆီရင်ခွင်အငြိမ့်နဲ့ မန္တလာရင်ခွင် ဆိုတဲ့ အငြိမ့်  ၂  ခွေ ထွက်လာအပြီးမှာ အဲဒီသတင်းဟာ တရားဝင် တွေ့ရတာပါဘဲ။
          ကျနော် အဲဒီ အငြိမ့် ၂ ခွေစလုံးကို ကြည့်ရပါတယ် ။ နှင်းဆီရင်ခွင်အငြိမ့်က လူရွှင်တော်မင်သားလေးတွေရဲ့ ခေတ်နဲ့အညီ ပြက်လုံး ဖန်တီးမှုလေးတွေကို နှစ်သက်မိသလို၊ မန္တလာရင်ခွင်အငြိမ့်က ကျနော်တိုရဲ့ နောင်တော်ကြီးတွေရဲ့ ပြောင်မြောက်တဲ့ ပြက်လုံး ဖန်တီးမှုတွေဟာလဲ ကျေနပ်အားရစရာပါ။ အနုပညာတာဝန် ကျေပွန်စွာနဲ့ ပြည်သူအကျိုးကို သယ်ပိုးတဲ့ သူရဲကောင်း ဟာသညီအစ်ကိုတွေကို လေးစားဂုဏ်ယူ ဂါရ၀ပြုပါတယ်။
          ကျနော် တခု စဉ်းစားမိတယ်။ တိုင်းပြည် ချစ်တဲ့စိတ် တိုင်းပြည် တိုးတက်စေချင်တဲ့ ဆန္ဒနဲ့ အမှန်အတိုင်း ဝေဖန်ပြက်လုံးထုတ်တာ အပြစ်တခုလား။ ကျနော်တို့ လူရွှင်တော်တွေလက်နက်ဟာ ပါးစပ်။ အဲဒီ ပါးစပ်လက်နက်ဟာ တိုင်းပြည်ကို အကျိုး မယုတ်စေပါဘူး။  တိုင်းပြည်ကို ကောင်းကျိုးဖြစ်စေတဲ့ အနုပညာလက်နက် တခုပါ။
          လူရွှင်တော်တွေဟာ အပြုသဘောဆောင်ပြီး အမှန်အတိုင်း ပြက်လုံးထုတ်တယ်ဗျာ။  ပြက်လုံးထုတ်တဲ့ အကြောင်းအရာဟာ ပြုပြင်သင့်တယ်ဆိုရင် ပြင်ပေါ့။ ပြက်ရင် ပြင် … ပြင်ရင် ကောင်း သွားမှာပါ။
          ဒီမိုကရေစီနိုင်ငံတိုင်းမှာ အနုပညာရှင်တွေဟာ ကိုယ့်အနပညာကို လွတ်လပ်စွာ ဖန်တီးခွင့် ရှိနေကြပါတယ်။ နှင်းဆီရင်ခွင်အငြိမ့်ထဲက ပြက်လုံးတခုလိုပေါ့ဗျာ။
          မြန်မာ့ရုပ်ရှင်လောကအတွက် အလိုအပ်ဆုံးက ( မီးစက် )
          မြန်မာပြည်သူတွေအတွက် အလိုအပ်ဆုံးက ( စစ်မှန်တဲ့ ဒီမိုကေ၇စီ )
          အနုပညာရှင်တွေအတွက် အလိုအပ်ဆုံးကတော့  ( လွတ်လပ်စွာ ဖန်တီးတင်ပြခွင့် )
          လို့ပဲ ရိုးသားစွာ ပြက်လုံးထုတ်ပါရစေ … ခင်ဗျာ။   ။
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
MoeMaKa Presents U Win Tin and his collection of articles

U Win Tin & Collection of his articles
စာအုပ်ဖြစ်မြောက်ရေးအတွက် ၂၀၀၅ ကနေ ၂၀၀၈ တိုင်အောင်အထိ ၀ိုင်းကြတဲ့ ပညာရှင်အားလုံးကို မိုးမခက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ စာအုပ်ကို ထုတ်ဝေရာမှာ ရည်ညွှန်းထားတာကတော့ - “၈၈ အရေးတော်ပုံသက်တမ်းနှင့်အမျှ မတရားဖမ်းဆီး အကျဉ်းကျခံနေရသူ ဟံသာဝတီ ဦးဝင်းတင်နဲ့တကွသော စစ်အာဏာရှင်များကို သပိတ်မှောက် အာဏာဖီဆန်သူ မြန်မာစာနယ်ဇင်းသမားများ အားလုံးသို့ အလေးပြုထုတ်ဝေတယ်” လို့ ဖော်ပြထားပါတယ်။

ဘယ်နေရာက ဖြစ်ဖြစ် အွန်လိုင်းကဖြစ်စေ၊ စာတိုက်ကဖြစ်စေ ၁၂ ဒေါ်လာနဲ့ ပေးဝယ်ပါ။ အရောက်ပို့မည် - ဒီမှာ မှာယူနိုင်ပါပြီ -

 
 
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!