မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 95 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
SPDC bans PMG Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Saturday, 07 November 2009
အရက်ဈေးကွက် ဝေစု ဒုတိယ အများဆုံး ရသည့် ပီအမ်ဂျီကုမ္ပဏီ ထုတ်လုပ်မှု ပိတ်ခံရ
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၈၊ ၂၀၀၉

မြန်မာနိုင်ငံ အရက်ဈေးကွက်၏ ရှယ်ယာဝေစု ဒုတိယအများဆုံး ရရှိထားသည့် ပီအမ်ဂျီ ကုမ္ပဏီ၏ အရက် ထုတ်လုပ် ရောင်းချခွင့်ကို ပြီးခဲ့သည့် သီတင်းပတ် အတွင်း အစိုးရက ပိတ်ပင်လိုက်သည်။

နအဖ အစိုးရအဖွဲ့ ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းပြီး ၂၀၀၆ ခုနှစ်ထဲတွင် အရက် ကုမ္ပဏီပိုင်ရှင်များကို ရုတ်တရက် ထိန်းသိမ်းကာ ရောင်းချခွန် ပေးဆောင်ရန် ပျက်ကွက်မှုဖြင့် ကျပ် သန်းပေါင်းများစွာ ဒဏ်ရိုက်ခဲ့သည်။ ထိုစဉ်က ပီအမ်ဂျီသည် သိန်း ၁ သောင်းခွဲကျော် ဒဏ်ရိုက်ခံရသည်ဟု ဆိုသည်။

          မတန်တဆ ဒဏ်ငွေ ဖြစ်သွားရခြင်းမှာ အရက် ရောင်းချရသည့် ငွေပမာဏကို ကုမ္ပဏီ တည်ထောင်သည့် ၁၉၉၃ ခုနှစ် အချိန်မှ စတင်ပြီး နောက်ကြောင်းပြန် တွက်ချက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

          ပီအမ်ဂျီ ကုမ္ပဏီ Peace Myanmar Group သည် မြန်မာဝီစကီ၊ မြန်မာရမ်၊ ပရီမီယား ၀ီစကီ၊ မြန်မာဒရိုင်းဂျင် နှင့် မြန်မာ အိုးလ်ဒ် ဘရန်ဒီ အမှတ်တံဆိပ် အသီးသီးအပြင် ပီအမ်ဂျီ အမှတ်တံဆိပ် သောက်ရေသန့်ကိုလည်း ထုတ်လုပ်ခဲ့သည်။ ပီအမ်ဂျီသည် အစုရှယ်ယာရှင်များ ပိုင်ဆိုင်သည့် ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်သည်။ ရှယ်ယာ အများစု ပိုင်ဆိုင်သည့် ဦးသိန်းဝင်းသည် ကုမ္ပဏီကို ဦးဆောင်သူအဖြစ် ထင်ရှားခဲ့သည်။

          အရက်ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည့် ဈေးကွက်ကို လက်လွှတ်မည်လား၊ အခွန်ငွေ သိန်းပေါင်း သောင်းနှင့်ချီ ပေးဆောင်မည်လား ဆိုသည့် ခက်ခဲသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်ခဲ့ကြရသည်။

          ထိုစဉ်က ကုမ္ပဏီ ပိုင်ရှင်များအနေဖြင့် ထိုမျှသော ငွေပမာဏကို ချက်ခြင်း ပေးဆောင်ရန် မတတ်နိုင်သဖြင့် အရစ်ကျ ပေးသွင်းရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။ ထိုသို့သော လုပ်ရပ်ကို အုပ်ချုပ်ရေး မြို့တော်ကို ရန်ကုန်မှ ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့ပြီးခါစတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လိုငွေပြနေသည့် အစိုးရ ဘတ်ဂျက်ကို ဖြည့်တင်းရန် အတွက် တနိုင်ငံလုံး ချီသည့် ဈေးကွက်ရှိပြီး အမြတ် ၀င်ငွေကောင်းသည့် လုပ်ငန်းကြီးများထံမှ အခွန် အကောက် ကောက်ခံရေး ရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးလောကသများက နားလည် သဘောပေါက် ကြသည်။

          ထိုမှ  ၃နှစ်အကြာ ကတိပေးခဲ့သည့် အခွန်ငွေ ပေးသွင်း ရန်ပျက်ကွက်မှုဖြင့် ပီအမ်ဂျီ ကုမ္ပဏီကို အရက် ထုတ်လုပ်ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံ၏ အရက်ဈေးကွက် ဝေစု အများဆုံး ရရှိထားသည့် ဂရင်းရွိုင်ရယ် ကုမ္ပဏီသည်လည်း ပြည်တွင်းအခွန် ဦးစီးဌာနက သတ်မှတ်ထားသည့် အခွန်ကြွေး ကျပ်သိန်း ပေါင်း ၃ သောင်းကျော်ကို ပေးဆောင်နေရသည်ဟု ထိုကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောဆိုသည်။

          ဂရင်းရွိုင်ရယ် အမှတ်တံဆိပ် ထုတ်လုပ်သည့် မြန်မာ ၀ိုင်နှင့် အရက် ကုမ္ပဏီ လီမိတက် (Myanmar Winery & Distillery Co Ltd) ပိုင်ရှင်သည်လည်း ထိုစဉ်က အထိန်းသိမ်းခံခဲ့ရပြီး သိန်း ၃သောင်းကျော် ဒဏ်ရိုက်ခံခဲ့ရသည်။

          ၁၉၈၈ ခုနှစ်တွင် မဆလ အစိုးရ ပြုတ်ကျပြီးနောက် န၀တ အစိုးရလက်ထက် ဈေးကွက်စီးပွားရေး သို့ ဖေါ်ဆောင်သည့် နောက်ပိုင်း အရက်ထုတ်လုပ်သည့် လုပ်ငန်းသည် ပုဂ္ဂလိက လုပ်ငန်းရှင်များ တရားဝင် လုပ်ကိုင်ခွင့် ရှိသည့် စီးပွားရေး တခု ဖြစ်လာခဲ့သည်။

          တနိုင်ငံလုံးတွင် ဈေးကွက်ရသည့် လုပ်ငန်းဖြစ်ပြီး သိန်းပေါင်း သိန်းနှင့်ချီသည့် အရင်းအနှီး နှင့်အတူ ဈေးကွက်ဝေစု ရရှိလျင် ရရှိသလောက် အကျိုးအမြတ်များသည့် လုပ်ငန်းလည်း ဖြစ်သည်။

          ယခုလို ပီအမ်ဂျီကုမ္ပဏီကို အရက် ထုတ်လုပ်ခွင့် ပိတ်ပင်လိုက်ခြင်းသည် နအဖ အစိုးရ၏ ရှေ့နောက် မညီသော စီးပွားရေး မူဝါဒနှင့် ကျင့်သုံးမှုကို ဖေါ်ပြခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်ကြီးများသည် နအဖ ခေါင်းဆောင်များနှင့် အကျိုး စီးပွား ဆက်စပ်မနေဘဲ သီးခြား ရပ်တည်ရန် မလွယ်ကူသည်ကို ပြသသည့် သာဓကတခု ဖြစ်ကြောင်း စီးပွားရေး လောကတွင် သုံးသပ် ပြောဆိုနေကြသည်။
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Friends of Citizen of Burma (LA) to fund rasise with fun fair
အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်း ကျင်းပမည်
မိုးမခအထောက်တော် အယ်လ်အေ
သြဂုတ် ၂၄၊ ၂၀၁၀
စက်တင်ဘာ ၂၅ ရက်ကို ကြိုတင် စာရင်းတို့ထားပြီး အရောက်လာကြဖို့ အယ်လ်အေမြို့နယ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေက နွေးထွေပျူငှာစွာ ဖိတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် လာမယ့်နှစ် မေလ ၀န်းကျင်မှာ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်လို့ ယခုကတည်းက အမေရိကန်ပြည်က ပါဝင် အားပေးကြမယ့် မြို့နယ် ၁၅ မြို့နယ်ကျော် အထဲက မြို့နယ်အလိုက် ရန်ပုံငွေ ရှာဖွေပွဲတခုအဖြစ် အများပြည်သူတွေ ပိုပြီး သိရှိစေဖို့၊ နားလည် ရင်းနှီးစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!