မာတိကာ
Friday, 10 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 44 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Revolution participants 05 Print E-mail
User Rating: / 0
PoorBest 
ပင်တိုင်ကဏ္ဍ - အောင်ဝေး
Sunday, 08 November 2009
အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း - ၅)
အောင်ဝေး
နိုဝင်ဘာ ၈၊ ၂ဝဝ၉
ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက အင်မတန် အလင်္ကာ ဆန်လှပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်က “မိုးကုတ်စက်ဝိုင်း မှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါပဲ” လို့  တင်စား ပြောခဲ့တဲ့ စကားပါ။ အဲဒီလို မိုးထဲလေထဲက အဖြစ်အပျက်လေး တစ်ခုကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။
(၈)ရက် (၈)လ (၈၈)နေ့ နောက်ပိုင်း ရန်ကုန်မြို့ပေါ်မှာ လူထု ဆန္ဒပြပွဲတွေ ပိုပြီး အင်အား ကြီးမားလာတဲ့ အချိန်။ တစ်နေ့မှာ ဆန္ဒပြ လူထု စစ်ကြောင်းကြီး တစ်ကြောင်းဟာ ရန်ကုန်ဆေးရုံကြီး ရှေ့ကနေ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး အတိုင်း ဆူးလေ-ပန်းဆိုးတန်း ဘက်ကို ဖြတ်သန်း ချီတက်လာကြပါတယ်။ အဲဒီ စစ်ကြောင်းကြီးထဲမှာ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင် ဂီတ အနုပညာရှင်များလည်း ပါပါတယ်။
အဲဒီနေ့က ကျွန်တော်တို့ ကဗျာဆရာတွေနဲ့ အတူ ချီတက်လိုက်ပါလာတဲ့သူတစ်ဦးက ကဗျာဆရာ ဒါရိုက်တာ ‘ပိုင်သ’ ပါပဲ။ ကျွန်တော်တို့တွေ ကြွေးကြော်သံတွေ ကြွေးကြော်လိုက်၊ လက်သီး လက်မောင်း တန်းလိုက်၊ ကိုယ့်အာရုံနဲ့ ကိုယ် မိုးထဲလေထဲမှာ ဇွဲနဲ့ ရှေ့ကို အပြင်း ချီတက်နေကြတာပဲ ဆိုပါတော့။
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်က ရုပ်ရှင်ရုံတွေ ရှေ့ကို ဖြတ်ကြတော့ ကျွန်တော်တို့ အားလုံး ရုပ်ရှင်ရုံ တစ်ရုံရဲ့ ရှေ့မျက်နှာစာပေါ်က ရုံဆင် ပိုစတာကြီး တစ်ခုကို အာရုံစိုက်မိသွားကြပါတယ်။ အဲဒီ ရုပ်ရှင် ပိုစတာက ရန်အောင်၊ နေအောင်၊ မို့မို့မြင့်အောင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ “အချစ်နားနီး အချစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြော်ငြာ ပိုစတာပါ။ အဲဒီ ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ပိုင်သ။ အခု ကျွန်တော်တို့နဲ့ အတူ ချီတက် ဆန္ဒပြနေတဲ့ ပိုင်သပါပဲ။
ပိုင်သခမျာ ခေတ်ပျက်ကြီးထဲမှာမှ ရုံတင်လာတဲ့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကား ပိုစတာကို ကြည့်ငေးရင်း ကြေကွဲနေပုံရပါတယ်။ ဒီဇာတ်ကားဟာ သူ ဒါရိုက်တာ လုပ်ပြီး ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ၁၉၈၅ က စရိုက်ခဲ့တဲ့ ဇာတ်ကား။ ပိုင်သအတွက်တော့ ဂုဏ်ယူကျေနပ် အမှတ်တရဖြစ်စရာပေါ့။ အဲဒီဇာတ်ကားမှာ ဒါရိုက်တာ ဦးဝင်းဖေတို့က သူ့ကို အများကြီး ပါဝင် ကူညီပေးထားတယ် လို့လည်း ပိုင်သက ဆိုပါတယ်။
အခုတော့ ဒါရိုက်တာဟာ သူ့ရဲ့ ပထမဦးဆုံးလက်ရာ အတွက် ဂုဏ်မယူအားသေးပါဘူး။ ဒီမိုကရေစီ ရရှိရေး - ဒို့အရေး ဆိုပြီး အများပြည်သူတွေနဲ့ အတူ ချီတက် ဆန္ဒပြနေရပါတယ်။ ဆန္ဒပြ စစ်ကြောင်းကြီးထဲက ရုပ်ရှင်ချစ်သူ ပြည်သူ လူထုတွေ ခမျာလည်း ဒါရိုက်တာ ပိုင်သရဲ့ လက်ရာဆိုတဲ့ အဲဒီ “အချစ်နားနီး အချစ်” ရုပ်ရှင် ပိုစတာကို တစ်ချက် မော့ကြည့်ရုံ ကြည့်ပြီး မဆုံးသေးတဲ့ ရှေ့ခရီးကို အပြင်း ဆက်နှင်သွားကြပါပြီ။
ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ရဲ့ ရင်ထဲမှာ သူပြောချင်တဲ့ သူပြချင်တဲ့ အနုပညာ ခံစားမှု အကြောင်းတွေ၊ သူရိုက်ချင်တဲ့ စိတ်ကူးတွေ၊ ဇာတ်လမ်းတွေ အများကြီး ရှိနိုင်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အားလုံးဟာ အသက်အရွယ်ကလည်း ငယ်ကြသေးတာကိုး။ ကျွန်တော်တို့မှာ လုပ်ချင် ကိုင်ချင်တဲ့ အနုပညာ အလုပ်တွေက ရင်နဲ့ မဆံ့အောင် ရှိနေခဲ့ကြတာပဲ မဟုတ်လား။
သို့သော် ကျွန်တော်တို့ လုပ်ချင်တဲ့ အနုပညာ အလုပ်တွေဟာ လုပ်လို့မရအောင်ကိုပဲ မဆလ စစ်အာဏာရှင် ကြီးစိုးတဲ့ ခေတ်ပျက်ထဲကြီးမှာ အနုပညာ လွတ်လပ်ခွင့်တွေ ဆိတ်သုန်းပျောက်ကွယ် ခဲ့တယ်။ အနုပညာ ဖန်တီး၊ ဖော်ထုတ်ခွင့်တွေ တားမြစ် ပိတ်ပင်ခံခဲ့ရတယ်။ ကျွန်တော်တို့ အနုပညာလောကကြီး တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့အတူ မိုးမှောင်ကျခဲ့ရတာပဲ မဟုတ်လား။
မဆလ စစ်အုပ်စုဟာ စာပေ၊ ရုပ်ရှင်၊ ဂီတ ဘယ်အနုပညာကိုပဲ ဖြစ်ဖြစ် သူတို့အာဏာ တည်မြဲရေး စစ်ဝါဒ သက်ဆိုးရှည်ရေး အတွက် အသုံးချတဲ့ ၀ါဒဖြန့် ကရိယာတွေ အနေနဲ့ပဲ ခွင့်ပြုထားတယ်။ ပြည်သူ ခံစားချက်ကို ဖော်ထုတ်ဖို့ လူထုဘ၀ကို ထင်ဟပ်ဖို့၊ ပြည်သူ လူထုရဲ့ မျှော်လင်ချက် ၊ ယုံကြည်ချက်ကို ဖော်ပြဖို့ ဆိုတဲ့ အခွင့်အရေးတွေ အားလုံးကိုတော့ မဆလ အစိုးရက ပိတ်ပင် ချုပ်ချယ်ထားခဲ့တယ်။
ဒါကြောင့်မို့လည်း ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့၊ ကန့်သတ်ပိတ်ပင် ခံနေရတဲ့၊ ဖမ်းဆီး ချုပ်နှောင် ခံနေရတဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာ သမားတွေဟာ သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ လူထုအုံကြွမှု တိုက်ပွဲထဲကို တစ်ခဲနက် ခုန်ဝင်ခဲ့ကြတာပဲ မဟုတ်လား။ လက်တွဲ ဆောင်ရွက်ခဲ့ကြတာပဲ မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး ပေါ်မှာ မိုးက တဖွဲဖွဲ ရွာနေပါတယ်။ သူငယ်ချင်း ပိုင်သက နောက်မှာ ကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကား ရုံဆင် ပိုစတာကို ခြင်္သေ့လည်ပြန် တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။ သူ့မျက်ဝန်းတွေက ဆွေးမြေ့ ရီဝေနေမယ် ဆိုတာ သေချာပါတယ်။ ပြီးတော့ ကြွေးကြော်သံတွေကို သူ အားပါးတရ ကြွေးကြော်လိုက်ပြီး သူ ရှေ့ကို ဆက်လက် ချီတက်သွားပါတော့တယ်။
အဲဒီနေ့က ကျွန်တော်တို့ဘေးမှာ ကျွန်တော်တို့နဲ့အတူ ပိုင်သရဲ့ ညီဖြစ်တဲ့ ‘ဆူး’ ကလည်း မမှိတ်မသုန် လိုက်ပါ ချီတက်နေတာပါ။ ဆူးဟာ နာမည်ကျော် တေးရေးဆရာ၊ အဆိုတော် တစ်ယောက်ပါ။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြိုခွင်းခံရပြီးတဲ့ နောက်မှာတော့ ပိုင်သတို့က ပန်းဆိုးတန်း ကိုတင်လှိုင် လက်ဖက်ရည်ဆိုင်မှာ စုမိသွားကြပါတယ်။ ဆူးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်တွေမှာ ချင်းတောင်တန်းတွေပေါ်အထိ လိုက်ပါခဲ့သူပါ။ ကျွန်တော်ကတော့ ၁၉၈၉ အာဇာနည်နေ့ အရေးအခင်းနဲ့ ပုသိမ်ထောင်ထဲ ပြန်ရောက်သွားပါတယ်။
ကျွန်တော် ထောင်က ပြန်လွတ်လာတော့ ပိုင်သကို သူတို့ရဲ့ ပန်းဆိုးတန်း ဟောလိဝုဒ် ကလေးမှာပဲ ဆရာမြတ်လေး၊ ဆရာမောင်သာရ၊ မောင်ခက်ပန် တို့နဲ့ အတူ တက်တက်ကြွကြွ ပြန်တွေ့ရပါတယ်။ ပြီးတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ မြန်မာ့ ရုပ်သံက ပညာရှင်တွေ ဖြစ်ကြတဲ့ ကိုစန်းအောင် နဲ့ ချားလ်စ် ဘရှင် တို့ကိုလည်း အဲဒီမှာ တွေ့လိုက်ရပါတယ်။ ဆူးကတော့ မကျန်းမာလို့ မန္တလေးကို ပြန်သွားခဲ့ပါပြီ။
ဘာပဲပြောပြော ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့အောက်ကပဲ အနုပညာက လုပ်နိုင်သလောက်၊ လုပ်ခွင့်ရသလောက် အလုပ်တွေကို ဒီပုဂ္ဂိုလ်တွေ တစ်နည်း ပြည်သူချစ်တဲ့ အနုပညာသည်တွေက ကြိုးစားပမ်းစား လုပ်ခဲ့တာပဲလို့ ကျွန်တော် အမြဲ ယုံကြည်နေပါတယ်။
ခေတ်အဆက်ဆက်၊ အရေးတော်ပုံ ပေါ်ရင် ရင်ခုန်ပါဝင်ရဲတဲ့ ရုပ်ရှင်သမားတွေ၊ ဂီတသမားတွေကို ပြည်သူလူထုကြီး တစ်ရပ်လုံးက လေးစားဂုဏ်ယူနေကြတာပဲ မဟုတ်လား။
အခုအချိန်မှာတော့ ဒီမိုကရေစီ မြတ်နိုးတဲ့ ပိုင်းသနဲ့ ဆူး၊ မန္တလေးသား ညီအစ်ကို နှစ်ယောက် မရှိကြတော့ပါဘူး။
မိုးကုတ်စက်ဝိုင်းမှာတော့ မုန်တိုင်း မိုးတိမ်တွေက ဆင်နေဆဲပါပဲလေ။ ။
 
[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia ]
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
2nd Annual Burmese Literary Talk - SIngapore
Sample Image
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!