မာတိကာ
Wednesday, 08 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 97 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
relocation of FDA Rangoon office Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Sunday, 08 November 2009
အဆောက်အအုံ မရှိသေးသဖြင့် နေပြည်တော်သို့ FDA ပြောင်းရွှေ့ရန် ဆိုင်းငံ့
မိုးမခ အထောက်တော်၊ ရန်ကုန် 
နိုဝင်ဘာ ၈ - ၂၀၀၉
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) အတွက် သင့်လျော်သည့် အဆောက်အအုံ နေပြည်တော်တွင် မရှိသေးသဖြင့် ရန်ကုန်မြို့မှ ပြောင်းရွှေ့ရန် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်။ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က FDA ရုံးကို နေပြည်တော်သို့ နိုဝင်ဘာ ၁၀ ရက်တွင် အပြီး ပြောင်းရွှေ့ရမည်ဟု အောက်တိုဘာလ အတွင်းက အမိန့်ပေးခဲ့သည်။
 
FDA အရာရှိများက နေပြည်တော် ရုံးနေရာသစ်အား သွားရောက် ကြည့်ရှုပြီးသောအခါ ရုံးအတွက် လုံလောက် ကောင်းမွန်သည့် အဆောက်အအုံ မရှိသေးကြောင်း တွေ့ရသဖြင့် ၀န်ကြီးထံ ပြန်လည်တင်ပြပြီး ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်ဟု FDA ဓာတ်ခွဲမှုးတစ်ဦးက ပြောသည်။
`FDA ရဲ့ လုပ်ငန်းတွေနဲ့ ထိုက်တန် ကိုက်ညီတဲ့ အဆောက်အအုံ လောက်လောက် လားလား မရှိသေးဘူး။ ဒါကြောင့် အထက်ကို ပြန်တင်ပြတော့ ဆိုင်းငံ့လို့ ပြောတယ်´ ဟု အဆိုပါ ဓာတ်ခွဲမှုးက ပြောသည်။
 
မည်သည့် အချိန်ထိ ဆိုင်းငံ့ထားမည်ကိုမူ မသိရသေးဟု ဆိုသည်။ ဤဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဝန်ကြီးသည် သူ ကိုင်တွယ် အုပ်ချုပ်ရသော ဌာနများ၏ အခြေအနေကို ကောင်းစွာ မသိရှိသည့် အချက်မှာ ထင်ရှားကြောင်း FDA ၀န်ထမ်းများက မှတ်ချက်ပြုကြသည်။
 
ရုံးပြောင်းရွှေ့ရမည့် အစီအစဉ်ကြောင့် FDA ၏ ပုံမှန် လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်ဟု သိရသည်။ FDA က တာဝန်ယူ ကြည့်ကြပ်နေရသည့် ဆေးဝါးတင်သွင်းမှုများ၊ အစားအသောက် ထုတ်လုပ်မှု အများစုမှာ ရန်ကုန်မြို့တွင် တည်ရှိနေသည်။
 
ထို့ကြောင့် ရန်ကုန်မြို့တွင် FDA အခြေစိုက်ပါက လက်တွေ့လုပ်ကိုင်ရာတွင် အဆင်ပြေမည်ကို ဌာနဆိုင်ရာ အရာရှိများနှင့် သက်ဆိုင်သည့် လုပ်ငန်းရှင်များပါ နားလည် သဘောပေါက်ကြသော်လည်း ၀န်ကြီး၏ အမိန့်ကြောင့်သာ ရွှေ့ပြောင်းရန် ပြင်ဆင်ကြရခြင်း ဖြစ်သည်။
 
ဥပမာအားဖြင့် မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ဌာနကို ဆိပ်ကမ်း မရှိသည့် နေပြည်တော်သို့ ပြောင်းရွှေ့ပြီး လုပ်ကိုင်ခိုင်းလျှင် မသင့်လျော်သည့် သဘောနှင့် သဏ္ဌာန်တူသည်ဟု ဝေဘန် ပြောဆိုကြသည်။
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Maung Swan Yi - Collection of articles from Alin Eain House
Sample Image
 
ကောက်ဖတ်ချင်စရာ
ပစ်သတ်ခံရသူ လူငယ် ၂ ဦး နာရေး မိဘများ ဖိတ်ကြား

ကြံ့ဖွံ့ဝန်ကြီး လက်ကမ်းစာစောင်ဖြန့်

အကြွေပြဿနာ

နာဂစ် ဒေသ ကူညီသူ နိုင်ငံခြားသားများ မြန်မာပြည်မှ ထွက်ရမည်

ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားကားများကို ကြည့်ပါ
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!