မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 164 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Gaw She - The Call of the Two Spirits Print E-mail
User Rating: / 0
PoorBest 
လူမှုရှုခင်း - မိုးမခထံ ပေးစာများ
Monday, 09 November 2009
ဝိဥာဉ် ၂ ခုရဲ့ အသံ
ဂေါ်ရှယ်
နိုဝင်ဘာ ၉၊ ၂၀၀၉
ဇူလိုင်လက မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုး သည်းကြီးမည်းကြီး ရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့  နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်အရွယ် သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။ တောင်ရဲ့ တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။  အခုသွားရမှာက အဖေနဲ့ အတူတူ နဲနဲလေး ဝေးမှာမို့ ကလေးတွေက အရမ်းကို ပျော်နေကြတယ်။
ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ လိုက်သွားကြတယ်။ တောနက်လာတဲ့နောက်မှာ  ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်းပျောက်သွားတယ်။ သမီးကြီးက မောင်လေးရဲ့လက်ကို ကိုင်ထားပြီး အဖေ့ကို လိုက်ရှာလေတယ်။ အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။ 
          အဖေကိုယ်တိုင်က လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က မသိလဲ မသိဘူး၊ တွေးထင် ရလောက်အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲ ဆိုတာကိုလည်း တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့သားကို ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူက သမီးလေးနဲ့ သားကို တောနက်ထဲ သွားပစ်ထားခဲ့ရတာ။
ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆ ဇူလိုင်လ က ထိုင်း-မြန်မာ နယ်စပ်ရွာက တကယ့်အဖြစ်မှန်ပါ။
ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။
ကလေးက အားရဝမ်းသာနဲ့
"ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?"
" သမီးတို့က --- --- --- ရွာ၊ ဇုံ --- --- မှာ နေတယ်။ သမီးက  --- --- ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို ပြန်လိုက်ပို့ပေးပါနော် လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။
အဖိုးကြီးက တွေးမိတယ်။
“ဒီလို တောနက်တဲ့နေရာမှာ ဘယ်ကလေး မှ မရောက်နိုင်ဘူး။ ဒါဟာ လူ ကလေးတွေ မဟုတ်နိုင်ဘူး။ ငါ့ကို တောခြောက်နေတာ။ ဒါဟာ နာနာဘာဝ သရဲ …”  ဆိုပြီး ထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို ပြေးလိုက်တယ်။  ဒါပေမဲ့ လိုက်မမီခဲ့ဘူး။  အဖိုးကြီး ရွာပြန်ရောက်သွားတယ်။ ၁ရက်၊ ၂ရက်၊ ၃ရက်… စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ မြင်ယောင်နေတယ်လေ။ စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့   ရွာက ရွာလူကြီးတွေကို ပြောပြတယ်။ 
တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီတောထဲကို သွားပြန်ကြည့်တော့ သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက မောင်လေးကို ဖက်ထားရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို အပြစ်တင်မလား။
သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို အပြစ်ပြောမလား။
လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ အပြစ်ဖို့မလား။
ဘယ်သူက ဘာဖြစ်တယ် စသည်ဖြင့် အပြစ်ရှာနေမယ့် အစား၊ ခု ... ကလေးလေး နှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်။ တောင်းဆိုနေတယ်။
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး။ အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး။
အသိတရား … မေတ္တာတရား  အကြင်နာတရား ... အမှောင်ချခံထားနေရတဲ့ နေရာတွေမှာ … သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။

(မိုးမခမှတ်ချက် - စာဖတ်သူတွေ ရေးတဲ့စာ အဖြစ် ဖော်ပြပါတယ်။ အခုလိုပဲ စာဖတ်သူတွေက စာမူတွေ ပေးပို့လာမယ်ဆိုရင် အတတ်နိုင်စွမ်း အားပေးပြီး တည်းဖြတ်ဖော်ပြပေးပါ့မယ်။ မြန်မာမိသားစု အသိုင်းအ၀ိုင်းအားလုံးရဲ့ အသံ၊ ခံစားချက်၊ အတွေးအမြင်တွေကို မျှဝေပေးနိုင်ကြဖို့ပါ)
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Please call home from MoeMaKa to help MoeMaKa
 
 /></a> </div><div align=

မိုးမခ မှာ ဖုံးခေါ်ပါ -

ဒီနေရာကနေပြီး ဖုံးကဒ်များ ၀ယ်ယူခြင်းဖြင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ရန်ပုံငွေအလှူကို ထောက်ပံ့ အားပေးရာ ရောက်ပါသည်။ သင်နှစ်သက်ရာ ဖုံးကဒ်ဝယ်ယူရန် - အီးမေးလိပ်စာ၊ ဘဏ်ကဒ် သို့မဟုတ် ခရက်ဒစ်ကဒ် တခုသာ လိုအပ်ပါမည်။ သင့်ကိုယ်ပိုင် ဖုံးကဒ်အကောင့်တခု ဖွင့်ပြီးသည်နှင့် ထိုနေရာကတဆင့် ဖုံးကဒ်များ အလိုရှိသလို ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။

သင်ဝယ်လိုက်သည့် ဖုံးကဒ်ကတဆင့် မိုးမခစာနယ်ဇင်းအဖွဲ့တွင် အချိုးကျ ၀န်ဆောင်ခ ၁ ရာခိုင်နှုန်းက ၅ ရာခိုင်နှုန်းအထိ ကို ရရှိမည်ဖြစ်ရာ - သင် ဖုံးကဒ် ၁၀ ဒေါ်လာဖိုး ၀ယ်ယူခြင်းကြောင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ပြား ၅၀ ဖိုး အလှူရမည် ဖြစ်ပါသည်။ ထိုရန်ပုံငွေဖြင့် မိုးမခ၏ စာပေနှင့် စာနယ်ဇင်း အလှူဒါနတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

မိုးမခ စာဖတ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါသည်။ အကောင့်ဖွင့်ရန်နှင့် ငွေပေးချေရန် အခက်အခဲရှိသူများကို မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအကြံပေးကူညီရန် အဆင်သင့်ရှိပါသည်။ This e-mail address is being protected from spam bots, you need JavaScript enabled to view it ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!