မာတိကာ arrow မျက်မှောက်ရေးရာ arrow Burmese Senir Poet & Opposition Icon, Bamaw Nyo Nwe passed away at 87
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Who's Online
We have 28 guests online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Burmese Senir Poet & Opposition Icon, Bamaw Nyo Nwe passed away at 87 Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Friday, 13 November 2009

ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ - ၈၇ နှစ် ကွယ်လွန်

မြန်မာအိုင်အက်စ်ပီနဲ့ ဒီဗီဘီကတဆင့် ကူးယူကောက်နုတ် ဖော်ပြသည်

နိုဝင်ဘာ ၁၄၊ ၂၀၀၉

          ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး လောကနဲ့ စာပေလောကမှာ ထင်ရှား ကျော်ကြားခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာ ဗန်မော်ညိုနွဲ့ ဒီနေ့ ဗန်မော်မြို့ သာစည်ရပ်ကွက်ရှိ နေအိမ်မှာ နိုဝင်ဘာ ၁၂၊ ၂၀၀၉ ခုနှစ်၊ မနက် ၁ဝ နာရီခွဲက ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ ဗန်းမော်ညိုနွဲ့ဟာ အသက် (၈၇) နှစ် ရှိပြီဖြစ်ပြီး အာရုံကြော အားနည်းတဲ့ ရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

          ဗန်မော်ညိုနွဲ့ကို ၁၉၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဦးစုနဲ့ ဒေါ်ရင် တို့က ဗန်မော်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသား ဖြစ်ပါတယ်။

          သူဟာ ၁၉၃၉ မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်း ဆရာအတတ်သင်ကို တက်ရောက်ခဲ့ပြီး ၁၉၄ဝ မှာ ဇာတိ ဗန်မော်မြို့မှာ ကျောင်းဆရာ အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ်။ မြို့ခံတွေကြားမှာ ဆရာ ဦးပုထွေးလို့ လူသိများခဲ့ပါတယ်။

          သူဟာ ၁၃ဝဝ ပြည့်၊ အရေးတော်ပုံ ကာလမှ စတင်ကာ ကဗျာနဲ့ စာပေတွေ စတင် ရေးသားခဲ့ပြီး ၁၉၆၈ မှာ အရုဏ်ဦး ကဗျာများ စာအုပ်နဲ့ အမျိုးသား စာပေဆု ရရှိခဲ့ပါတယ်။ သူ့ ကဗျာတွေကို မူလတန်း၊ အထက်တန်းနဲ့ တက္ကသိုလ် အဆင့်ဆင့်က ကျောင်းသူ ကျောင်းသားတွေ အတွက် ပြဋ္ဌာန်းခဲ့ပါတယ်။

          သူဟာ ဒုတိယကမ္ဘာစစ် မဖြစ်မီ၊ စစ်တွင်းကာလ၊ စစ်ပြီးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေး ရပြီးခေတ် စတဲ့ ခေတ်အဆက်ဆက်ကနေ နောက်ဆုံး မျက်မှောက်ခေတ် နိုင်ငံရေးတွေမှာ စာပေ သင်ကြားတဲ့ ကျောင်းဆရာ၊ ကလောင်လက်နက် ကိုင်ဆွဲတဲ့ စာရေးဆရာ၊ ကဗျာဆရာ တယောက် အနေနဲ့ ကွယ်လွန်ချိန်အထိ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

          ၁၉၈၈ ခုနှစ်၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးမှာလည်း ဦးဆောင်သူ အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဗန်မော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

          ၂ဝဝ၇ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် လှုပ်ရှားမှုမှာလည်း သူနဲ့အတူ အဖွဲ့ချုပ်ဝင်တွေက သံဃာတော်တွေကို ပူဇော် ကန်တော့ခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို အသက် (၈၅) နှစ် အရွယ်အထိ ခံခဲ့ရပါတယ်။

          ကွယ်လွန်ချိန် အထိ ဗန်းမော်ညိုနွဲ့ ကလောင်အမည်နဲ့ စာရေးသားခွင့်ကို ပိတ်ပင်ထားတာကို ခံခဲ့ရပေမယ့် ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဓာတ် နိုးကြားလာစေဖို့ ပြည်ပက မြန်မာပိုင်းအသံလွှင့် ဌာနတွေက တဆင့် ကျန်းမာရေး အခြေအနေ ဆိုးဝါးမလာခင် အချိန်အထိ ကဗျာတွေ ရွတ်ဆို ဆော်သြနေခဲ့သူ ဖြစ်ပါတယ်။

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Kaung Kin Ko - 95th Birthday of Bogyoke Aung San
Sample Image

ဗိုလ်ချုပ်အောင်ဆန်း၏ (၉၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကဗျာဆရာ ကောင်းကင်ကို၏ ကဗျာပေါင်းချုပ်စာအုပ်ကို

ထိုင်းနိုင်ငံအခြစိုက် အလင်းရောင် စာဖတ်အသင်းမှ ထုတ်ဝေမည်ဖြစ်ပါသည်။

မှာကြားလိုသောသူများ အောက်ပါဆက်သွယ်ရန် လိပ်စာများသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

ကောင်းကင်ကို (၀၈၉၀၃၄၇၁၆၇) This e-mail address is being protected from spam bots, you need JavaScript enabled to view it

စံဂျူး (၀၈၉၄၉၁၇၃၀၉) This e-mail address is being protected from spam bots, you need JavaScript enabled to view it

 
 
မိုးမခ ၂၀၁၀ ဂါရ၀ အမှတ်တရ
သတင်းခေါင်းစဉ်များ
 
Top! Top!