မာတိကာ
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 33 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Aung San in the school books Print E-mail
User Rating: / 0
PoorBest 
သမိုင်းနှင့်အစဉ်အလာ - မှတ်စုမှတ်တမ်း
Saturday, 14 November 2009
နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၆)
ကျောင်းသုံးစာအုပ်များမှ ဗိုလ်ချုပ်အောင်ဆန်း
ထိန်လင်း
နိုဝင်ဘာ ၁၅၊ ၂ဝဝ၉
          မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေတွေဟာ မြန်မာပြည်ရဲ့ စာပေအနုပညာ နယ်ပယ်များသာမကဘဲ ပညာရေးနယ်ပယ်ကိုလည်း ရိုက်ခတ်လျက်ရှိပါတယ်။ နမူနာ ပြရမယ်ဆိုရင် မြန်မာပြည် စာသင်ကျောင်းများမှာ ပြဋ္ဌာန်းထားတဲ့ ကျောင်းသုံးစာအုပ်များကို ပြရမှာဖြစ်ပါတယ်။

ကလေးသူငယ်များရဲ့ ပညာရေးဟာ နိုင်ငံရေးသြဇာလွှမ်းမိုးမှုတွေ၊ အရောင်ဆိုးမှုတွေ မရှိရဘူးဆိုပေမယ့် မြန်မာပြည် ကျောင်းသုံးစာအုပ်များ၊ ပြဋ္ဌာန်းစာများမှာတော့ ဖြစ်ပေါ်တဲ့နိုင်ငံရေးအခြေအနေတွေ၊ ပြောင်းလဲတဲ့ ခေတ်စနစ်ပေါ်မှာ ဒါမှမဟုတ် အာဏာရှင်တွေအပေါ်မှာလိုက်ပြီး ပြောင်းလဲနေရပါတယ်။ အထင်ရှားဆုံးဥပမာ ပြရမယ်ဆိုရင် မဆလ လို့ အလွယ်တကူခေါ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် အခြေခံပညာ အထက်တန်းမှာ စီးပွားရေးဘာသာရပ် သင်ကြားတဲ့အခါ ဆိုရှယ်လစ်စီးပွားရေးကိုပဲ ဦးတည်သင်ကြားစေခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အညမညသဘောတရား အစရှိတဲ့ ဆိုရှယ်လစ်သဘောတရားတွေကို နိုင်ငံရေးသိပ္ပံ ဆိုတဲ့ ဘာသာရပ်ခေါင်းစဉ်အောက်မှာ သင်ကြားခဲ့ပါတယ်။

          ဒီ ပြဋ္ဌာန်းစာတွေမှာ သဘောတရား ရေးရာတွေကို သိအောင်၊ ယှဉ်တွဲလေ့လာနိုင်အောင် သင်ကြားခြင်း မဟုတ်ဘဲ ဒီစနစ်က ကောင်းတယ်၊ တခြားစနစ်တွေက မကောင်းဘူး လို့ တဖက်သတ်ကောက်ချက်ချပြီး ကျက်စာအဖြစ် သင်ကြားခဲ့တာကို တွေ့ရပါတယ်။ အခု လက်ရှိစစ်အစိုးရ လက်ထက်မှာလည်း ထိုင်းနိုင်ငံနဲ့ မသင့်မြတ်တဲ့အခါ ထိုင်းနိုင်ငံမကောင်းကြောင်း ရေးထားတဲ့ သမိုင်းစာအုပ်ကို ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့တာတွေ့ရပါလိမ့်မယ်။ ဒါတွေဟာ ကျောင်းသုံးစာအုပ်တွေပေါ်မှာ သက်ရောက်နေတဲ့ နိုင်ငံရေးတွေ ဖြစ်ပါတယ်။

          ဒီလိုပဲ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပြဋ္ဌာန်းစာအုပ်ထဲက ဖြုတ်ပစ်တဲ့ သင်ရိုးတွေ၊ သင်ခန်းစာတွေလည်း ရှိနေပါသေးတယ်။ ဥပမာဆိုရရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်း အခြေခံပညာ အထက်တန်း ကျောင်းသုံးစာအုပ်တွေကနေ ထုတ်ပယ်ပစ်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ကဗျာတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတို့ကို ပြောရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ကိုယ်တော်မှိုင်းတို့ဟာ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲရဲ့ သင်္ကေတတွေ၊ တော်လှန်ရေးရဲ့ ပြယုဂ်တွေ ဖြစ်နေလို့ သူတို့အမည်၊ သူတို့အကြောင်းကို အထက်တန်းကျောင်းသားတွေစိတ်ထဲ မရောက်အောင် ကာကွယ်တဲ့သဘော လုပ်လိုက်တာလို့ ယူဆမိပါတယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေမှာ အာဏာရှင်ကို တော်လှန်ချင်တဲ့ သူပုန်စိတ်တွေ မပေါ်အောင် အထက်တန်းအဆင့်မှာကတည်းက ကြိုတင်ပိတ်ဆို့တဲ့သဘောတွေလည်း ဖြစ်ပါလိမ့်မယ်။

          ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာပေတွေကို ကျောင်းသင်ခန်းစာအဖြစ် ပြဋ္ဌာန်းခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ လောက်ကတည်းက စတင်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ စာတွေထဲက ကောက်နုတ်ပြီး ဖော်ပြထားတဲ့ လောကဝိဟာ၊ ကျောင်းသားဝတ္တရား၊ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင် ဆိုတဲ့ ဆောင်းပါးတွေကို အထက်တန်းကျောင်းသုံးစာအုပ်တွေမှာ ပြဋ္ဌာန်းခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၊ အောင်ဆန်းဇာနည်ကဗျာ နဲ့ ဗိုလ်ချုပ်အောင်ဆန်းသီချင်းတို့ကိုလည်း မူလတန်း ကျောင်းသုံးစာအုပ်တို့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိမှာတော့ မူလတန်းအဆင့်မှာ ပြဋ္ဌာန်းထားတဲ့ သင်ခန်းစာတွေပဲ ကျန်တော့မယ်ထင်ပါတယ်။

          နဝမတန်း ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင် မှာ ပြဋ္ဌာန်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင် ဆိုတဲ့ ဆောင်းပါးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲက ကောက်နုတ်ဖော်ပြထားတာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပညာရေးဖြတ်သန်းမှု၊ ပညာရေးနဲ့ပတ်သက်တဲ့ အမြင်၊ သပိတ်မှောက်ကျောင်းသားဘဝ တစိတ်တဒေသကို ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးကို ပိုပြီး စိတ်သန်ခဲ့တဲ့အတွက် ကျောင်းစာထက် နိုင်ငံရေးကို ပိုပြီး အာရုံစိုက်ခဲ့တဲ့အကြောင်း၊ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက်လုပ်ကိုင်ဖို့ ကျောင်းကနေ နှစ်ဝက်မှာထွက်ပြီး သခင်ဘဝ ပြောင်းလဲခဲ့ပုံတွေကို ရေးသားပါတယ်။ ဒါ့အပြင် ပညာရဲ့သဘောနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်ကို ရှင်းလင်းရေးသားထားပါတယ်။ အဲဒီအထဲက လူအများ အနှစ်သက်ဆုံး စာပိုဒ်ကလေးကတော့ “လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။” ဆိုတဲ့ အဆိုအမိန့်ပဲ ဖြစ်ပါတယ်။ ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စာပိုဒ်ကလေးဖြစ်ပါတယ်။

          ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးဖွဲ့ထားတဲ့ ‘အောင်ဆန်းဇာနည်’ ကဗျာကို လက်ရှိ တတိယတန်း မြန်မာဖတ်စာမှာ ပြဋ္ဌာန်းထားပြီး ‘ဗိုလ်ချုပ်အောင်ဆန်း’လို့ အမည်ပေးထားတဲ့ သင်ခန်းစာကိုတော့ စတုတ္ထတန်း မြန်မာဖတ်စာမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီသင်ခန်းစာမှာ ရေနံ့သာရွာ မူလတန်းကျောင်းမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရင်း ကျောင်းအုပ်ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောပြတဲ့ပုံစံ ဖော်ပြထားတာ ဖြစ်ပါတယ်။

          အဲဒီထဲမှာ ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝ တစိတ်တဒေသနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လေးစားစရာ စိတ်ဓာတ်တွေအကြောင်း ပြောပြထားပါတယ်။ အဲဒီအထဲက တချို့ကို ဖော်ပြရရင် “ဗိုလ်ချုပ်အောင်ဆန်းဟာ သတ္တိလည်းရှိတယ်။ သဘောထားလည်း အလွန်ကြီးတယ်။ ဘယ်သူ့ကိုမှ ရန်သူလို သဘောမထားဘူး။ ရန်ငြိုးလည်း မထားဘူး။ သူလုပ်သမျှ လုပ်ငန်းတွေဟာ တိုင်းပြည်အတွက်သာ ဖြစ်တယ်။ သဘောထားကြီးတယ်။ ဘယ်သူ့ကို မဆို မေတ္တာနဲ့ ဆက်ဆံတယ်။” ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကလေးတွေကို သင်ပေးတဲ့ ကျောင်းသင်ခန်းစာထဲက လူကြီးတွေပါ သတိပြုရမယ့် အချက်တစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ သင်ခန်းစာရဲ့ နောက်ဘက်က မေးခွန်းများပဲဖြစ်ပါတယ်။

          အဲဒီသင်ခန်းစာအတွက် ဖြေရမယ့်မေးခွန်း စုစုပေါင်း ၇ ခုကို မေးထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်၊ မွေးသက္ကရာဇ်၊ ဘယ်နှစ်မှာ တက္ကသိုလ်ရောက်သလဲ၊ ကျောင်းသားဘဝမှာ ဘယ်တာဝန်တွေကို ထမ်းဆောင်သလဲ၊ ဘယ်နှစ်မှာ တို့ဗမာအစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သလဲ စတဲ့ မေးခွန်း ၆ ခုကို မေးပြီးတဲ့နောက် အရေးကြီးတဲ့ နောက်ဆုံးမေးခွန်းကို မေးထားပါတယ်။ အဲဒီမေးခွန်းကတော့ ‘ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကို မည်သို့ ဆပ်ကြရမည်နည်း’ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

အဲဒီမေးခွန်းရဲ့အဖြေကို ရှေ့က သင်ခန်းစာထဲမှာ ပြန်ကြည့်လိုက်တော့ “တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင် အသက်နဲ့လဲပြီး ဆောင်ရွက်ပေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ရင် သူ့လို အကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရမယ်”ဆိုတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ သြဝါဒကို တွေ့လိုက်ရပါတယ်။ ဒါဟာ ကလေးတွေသာမဟုတ်ဘဲ လူကြီးတွေပါ စဉ်းစားရမယ့်အချက်ဖြစ်နေပါတယ်။ လေးတန်း ကျောင်းသားတွေ သင်ယူရမယ့် ကျောင်းသင်ခန်းစာကို တိုင်းပြည်အုပ်စိုးနေသူတွေ၊ ဦးဆောင်ဦးရွက်ပြုနေသူတွေ အမှတ်ရစေဖို့ တခုခု လုပ်ရင်ကောင်းလေမလားလို့တောင် တွေးမိပါတယ်။

          ဗိုလ်ချုပ်တို့အသက်ပေးပြီး ရအောင်ယူပေးခဲ့တဲ့ လွတ်လပ်ရေးရဲ့ ဒီကနေ့အခြေအနေ၊ ဗိုလ်ချုပ်အောင်ဆန်း တို့အပေါ် အလေးထားမှုတွေ၊ ကျန်ရစ်ခဲ့တဲ့ သူတို့မိသားစုတွေအပေါ် ဆက်ဆံနေမှုတွေ ဘယ်လိုရှိနေသလဲဆိုတာကို တွေးတောရင်း နှစ်စဉ် ဂါရဝပြုကြတဲ့ အာဇာနည်နေ့ရဲ့ အဓိပ္ပာယ်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေမှာ ရေးသားထားတဲ့ စာစုတွေထဲက ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းစာသင်ခန်းရဲ့ ပြင်ပမှာ ရှိနေကြသူတွေက ဘယ်လောက်အထိ အာရုံထားသလဲဆိုတာကိုပါ ဆက်စပ်တွေးတောမိပါတယ်။

          တကယ်လို့များ တိုင်းပြည်အုပ်ချုပ်သူတွေက ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်တာမဆပ်တာ အပထား သင်ခန်းစာထဲက ကျောင်းအုပ်ဆရာကြီး ပြောသလို အကျင့်ကောင်းပြီး အရည်အချင်းရှိအောင် ကြိုးစားကြရင် ကောင်းလေစွ လို့လည်း ဆန္ဒပြုမိပါတယ်။

          မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။       

 

ထိန်လင်း (၁၅ ၊ ၇၊ ၂ဝဝ၉)

 

၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၁၇ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

 

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Please call home from MoeMaKa to help MoeMaKa
 
 /></a> </div><div align=

မိုးမခ မှာ ဖုံးခေါ်ပါ -

ဒီနေရာကနေပြီး ဖုံးကဒ်များ ၀ယ်ယူခြင်းဖြင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ရန်ပုံငွေအလှူကို ထောက်ပံ့ အားပေးရာ ရောက်ပါသည်။ သင်နှစ်သက်ရာ ဖုံးကဒ်ဝယ်ယူရန် - အီးမေးလိပ်စာ၊ ဘဏ်ကဒ် သို့မဟုတ် ခရက်ဒစ်ကဒ် တခုသာ လိုအပ်ပါမည်။ သင့်ကိုယ်ပိုင် ဖုံးကဒ်အကောင့်တခု ဖွင့်ပြီးသည်နှင့် ထိုနေရာကတဆင့် ဖုံးကဒ်များ အလိုရှိသလို ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။

သင်ဝယ်လိုက်သည့် ဖုံးကဒ်ကတဆင့် မိုးမခစာနယ်ဇင်းအဖွဲ့တွင် အချိုးကျ ၀န်ဆောင်ခ ၁ ရာခိုင်နှုန်းက ၅ ရာခိုင်နှုန်းအထိ ကို ရရှိမည်ဖြစ်ရာ - သင် ဖုံးကဒ် ၁၀ ဒေါ်လာဖိုး ၀ယ်ယူခြင်းကြောင့် မိုးမခ၏ စေတနာ့ဝန်ထမ်း စာနယ်ဇင်းလုပ်ငန်းများအတွက် ပြား ၅၀ ဖိုး အလှူရမည် ဖြစ်ပါသည်။ ထိုရန်ပုံငွေဖြင့် မိုးမခ၏ စာပေနှင့် စာနယ်ဇင်း အလှူဒါနတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

မိုးမခ စာဖတ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါသည်။ အကောင့်ဖွင့်ရန်နှင့် ငွေပေးချေရန် အခက်အခဲရှိသူများကို မိုးမခ၀ိုင်းတော်သားများက ၀ိုင်းဝန်းအကြံပေးကူညီရန် အဆင်သင့်ရှိပါသည်။ This e-mail address is being protected from spam bots, you need JavaScript enabled to view it ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 
မိုးမခ ၂၀၁၀ ဂါရ၀ အမှတ်တရ
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!