မာတိကာ
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 154 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Mar Mar Aye - Bamaw Nyo Nwe Print E-mail
User Rating: / 0
PoorBest 
ပင်တိုင်ကဏ္ဍ - Mar Mar Aye
Sunday, 15 November 2009

ဗန်းမော်ညိုနွဲ့ အမှတ်တရ

မာမာအေး

နိုဝင်ဘာ ၁၅၊ ၂၀၀၉

          မိုးမခ ပရိသတ်တို့ နေကောင်းကြရဲ့မဟုတ်လား …

          ဒီလိုလေး စာရေး နူတ်မဆက်ဖြစ်တာ ကြာနေပြီနော်။ ကျမ နေကောင်းပါတယ်။ ခြေထောက်တော့ မကောင်းဘူး။ တလောက ကိုယ့်အိမ်ရှေ့က လှေခါးထစ်မှာတင် ချော်ကျထားလို့ပါ။ အရိုးနဲနဲ အက်သွားသတဲ့ … ဒါလောက်ပါပဲ။

          စာမရေး ဖြစ်တာကတော့ အချိန်မရလို့ပါ။ ကိုယ့်ဘ၀ အချိန်ကလေးက နည်းလာပြီလို့ တွေးမိပြီး ကိုယ်လုပ်ခဲ့ချင်တာတွေတော့ လုပ်နေတာပါပဲရှင်။ ရေရေရာရာ ဘာတွေပြီးသလဲ မပြောနိုင်ပါဘူး။ BBC ပြောတာလေး တခုပဲ အစီအစဉ် သုံးရာကျော် စုမိသလို ဖြစ်နေတယ်။

          ဒီနေ့လဲ ကြာသပတေးနေ့တိုင်း အသံလွှင့်နေကျ “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အစီအစဉ်ကို နားထောင်ရအောင် BBC ကို ဖွင့်တာနဲ့ ရေးဖြစ်ဖို့ ကိစ္စက ကြားလိုက်ရလို့ ရေးဖြစ်တာပါ။

          ကျမအစီအစဉ် မလာခင် သတင်းဖတ်တော့“ ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့” ကို ကျမတို့ စာပေချစ်မြတ်နိုးသူတွေ လက်လွတ်ဆုံးရှုံး သွားရပြန်ပါပြီကောလို့ နှမျှောတသ အမျှပေးဝေလိုက်ရတယ်။ ကျမမျက်စေ့ထဲမှာ ပေါ်လာတဲ့ ဆရာ့စာလေးတစောင်ကိုလဲ ပလပ်စတစ်လောင်းပြီး သိမ်းထားတဲ့ ဖိုင်ထဲက ဖြုတ်ပြီး ပြန်ဖတ်ကြည့်မိပါတယ်။

          BBC ကတဆင့် ရောက်လာတဲ့ ဆရာကြီး ဗန်းမော်ညိုနွဲ့ ရဲ့စာပါ။ ကျမဆီလာတဲ့ ရေးကြတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတဲ့ ကျမဟာ ၀မ်းသာစရာပဲ ရှိပါတယ်။ ဆရာ့စာ ရိုးရိုးရှင်းရှင်းလေးကို ဖတ်ရတော့ စိတ် အတော်လှုပ်ရှားတယ်ရှင့်။

          ကျမက ကိုယ့်ဆီကို ရေးတာတွေကိုပဲ ဖတ်နေခဲ့ပါလား ဆိုတဲ့အသိက နှိပ်စက်သလိုလို

ခံစားရလို့ပါ။ ကိုယ့်လိုပဲ အနုပညာနယ်အသီးသီးမှာ ရပ်တည်နေကြတဲ့ ပညာရှင်တွေကို မဆက်သွယ်မိခဲ့ပါလား။ ၀ါသနာတူ ပညာရှင်တွေ စုပေါင်းလုပ်ဆောင် နိုင်တာတွေ ရှိနေမှာပဲ ဆိုတဲ့ အမှတ်မဲ့နေခဲ့တဲ့ ကိုယ့်အဖြစ်ကို ရှက်မိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကဗျာသော စာသော ဂီတသော လုပ်မနေဘူး၊ ဘ၀မှာ အချိန်တိုတိုပဲ ရှိနေတဲ့သူချင်း ပိုရင်းအောင် နေလာခဲ့တော့တယ်။

          ဆရာကြီး ဗန်းမော်ညိုနွဲ့ရဲ့ ကြားချင်သိချင်တဲ့ ဆန္ဒကိုလဲ BBC မှာပြောပြပေးခဲ့ပါတယ်။

ကျမခံစားရတဲ့အတိုင်း ဆရာကြီးကြားသွားမှာ ထင်ပါတယ်။ တခါတလေ ကျမပြောတာကို ဆရာ ထပ်ဖြည့်ပြောသတဲ့ရှင်။

          မနှစ်ကတော့ ဆရာ့လဲ “အထဲ” ပို့ထားတယ် ကြားလို့ “အော် … အသက် ရှစ်ဆယ်ကျော်ကြီး ဟိုအထဲမယ် ဘယ်လိုနေပါ့မလဲ လို့ တွေးပြီး စိတ်မကောင်းဖြစ်နေတာ ကောလဟာလ ဖြစ်ပါစေလို့ ဆုတောင်းနေတာပါ။ ခုတော့ ပိုဝေးသွားပြီပေါ့လေ။ ကိုယ်တွေလဲ တနေ့တော့ နှုတ်ဆက် လက်ပြ ပြန်ကြရဖို့ ရှိတဲ့အကြောင်း မမေ့ဘဲ ကောင်းတာတွေချည်း လောကအတွက် ထားခဲ့ကြစို့လား။

 

နိုဝင်ဘာ ၁၃၊ ၂၀၀၉

(ဓာတ်ပုံ - ဆရာကြီး ဗန်းမော်ညိုနွဲ့ ဒေါ်မာမာအေးသို့ ရေးသားသည့် စာမိတ္တူ)

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Friends of Citizen of Burma (LA) to fund rasise with fun fair
အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်း ကျင်းပမည်
မိုးမခအထောက်တော် အယ်လ်အေ
သြဂုတ် ၂၄၊ ၂၀၁၀
စက်တင်ဘာ ၂၅ ရက်ကို ကြိုတင် စာရင်းတို့ထားပြီး အရောက်လာကြဖို့ အယ်လ်အေမြို့နယ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေက နွေးထွေပျူငှာစွာ ဖိတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် လာမယ့်နှစ် မေလ ၀န်းကျင်မှာ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်လို့ ယခုကတည်းက အမေရိကန်ပြည်က ပါဝင် အားပေးကြမယ့် မြို့နယ် ၁၅ မြို့နယ်ကျော် အထဲက မြို့နယ်အလိုက် ရန်ပုံငွေ ရှာဖွေပွဲတခုအဖြစ် အများပြည်သူတွေ ပိုပြီး သိရှိစေဖို့၊ နားလည် ရင်းနှီးစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!