| Burma must end arrests of activists and continue aid after Cyclone |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Monday, 23 November 2009 | |
|
နာဂစ်အရေး ကူညီသဖြင့် ဖမ်းဆီးခံရသူများအရေး လူ့အခွင့်အရေး အဖွဲ့ လှုံ့ဆော် မိုးမခအထောက်တော် အမှတ် ဝဝ၂ နိုဝင်ဘာ ၂၄၊ ၂ဝဝ၉
နာဂစ်အလွန် မြင်ကွင်းတခု (ဓာတ်ပုံ-မိုးမခ) နာဂစ်ဒုက္ခသည်တို့အား ဖမ်းဆီးနေခြင်းများကို ရပ်ဆိုင်းရေးအတွက် စစ်အစိုးရကို ဖိအားပေးသင့်ကြောင်း ဘန်ကောက်သို့ သွားရောက် စည်းဝေးတိုင်ပင်ကြမည့် နိုင်ငံတကာ အလှူရှင်ကြီးများကို လူ့အခွင့်အရေး အဖွဲ့ကြီးတခုက ယနေ့ တောင်းဆိုလိုက်သည်။ နာဂစ်ဒုက္ခသည်တို့အား ဖမ်းဆီးနေခြင်းများကို ရပ်ဆိုင်းရေးအတွက် စစ်အစိုးရကို ဖိအားပေးသင့်ကြောင်း ဘန်ကောက်သို့ သွားရောက် စည်းဝေးတိုင်ပင်ကြမည့် နိုင်ငံတကာ အလှူရှင်ကြီးများကို လူ့အခွင့်အရေး အဖွဲ့ကြီးတခုက ယနေ့ တောင်းဆိုလိုက်သည်။
နာဂစ်ဒုက္ခသည်များထံသို့ လုံလောက် ထိရောက်သည့် အကူအညီများ ရောက်ရှိရေးအတွက် ဆောင်ရွက်ရန်လည်းနိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တိုက်တွန်းလိုက်သည်။ နာဂစ်မုန်တိုင်းအလွန် ကူညီရေး လုပ်ငန်းဆိုင်ရာ ညီလာခံကို ပြုလုပ်ရန် တစ်ရက်အလိုတွင် ထိုသို့ အချိန်ကိုက် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ညီလာခံတွင် မြန်မာအာဏာပိုင်တို့က နာဂစ်ဒေသတွင် လိုအပ်သည့် အကူအညီ အထောက်အပံ့များ အတွက် ရန်ပုံငွေ ပိုမိုရရှိရေး တောင်းခံမည် ဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်းတွင် မြန်မာအာဏာပိုင်တို့က အကူအညီပေးရေး ဆောင်ရွက်သူများ၊ စာနယ်ဇင်းသမားများ အနည်းဆုံး ၁ဝ ဦးကို ဖမ်းခဲ့ကြောင်း၊ ပြည်ပမှ လှူဒါန်းမှုများကို လက်ခံခဲ့သောကြောင့် ဖမ်းသည်ဟု သိရကြောင်း လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ယနေ့ သတင်းထုတ်ပြန်ချက်က ဆိုသည်။ ထို ၁ဝ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ယုံကြည်ချက်ကြောင့်ထိန်းသိမ်းခံရသူများအဖြစ် သတ်မှတ်သည်ဟု ဆိုသည်။ “နာဂစ်ဒုက္ခသည်တွေဆီ သွားမယ့် အကူအညီတွေကို အာဏာပိုင်တွေက လက်မခံဘူး။ ဒုက္ခသည်တွေက ဒီအကူအညီတွေ ရသင့်ပါတယ်။ သူတို့ အကူအညီတွေ အရမ်း လိုနေပါတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ မြန်မာ့အရေး သုတေသီ Benjamin Zawacki က ပြောသည်။ လူတစ်သိန်းကျော် သေကြေပျောက်ဆုံးခဲ့သော နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့သည်မှာ ၁ နှစ် ကျော်ပြီ ဖြစ်သော်လည်း အကူအညီများစွာလိုသေးသည်ဟု သိရသည်။ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုအရ လူနေအိမ်၊ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ၊ ရေသန့် ရရှိရေး၊ ပညာရေး နှင့် ကျန်းမာေ၇း ဆိုင်ရာ လုပ်ငန်းများစွာ ကူညီ ဆောင်ရွက်ပေးရန် လိုအပ်နေသေးသည်ဟု သိရသည်။ အောက်တိုဘာလအတွင်း ထိန်းသိမ်းခံရသူ ၇ ဦးသည် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် လင်းလက်ကြယ် အဖွဲ့မှ ဖြစ်သည်ဟု ဆိုသည်။ |
|
| < Prev | Next > |
|---|



































