မာတိကာ
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 22 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
USDA promotion in Rangoon Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Tuesday, 24 November 2009
ရန်ကုန်မြို့တော် စည်ပင်က ကြံ့ဖွံ့အလံထောင်ပြီး လမ်းပြင်
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၄၊ ၂၀၀၉
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လမ်းသွယ်များ၊ ရေမြောင်းများ ပြင်ဆင်ရာတွင် “နာမည်ကျော်” ကြံ့ခိုင်ရေးအသင်း၏ ဆိုင်းဘုတ်များ၊ အလံများထောင်ပြီး ဆောင်ရွက်လျက်ရှိသည်။
 
ရန်ကုန်တွင်နေထိုင်သူများ၊ စီးပွားရေး လုပ်ငန်းများထံမှ အခွန်ငွေများ ကောက်ယူထားသဖြင့် ထိုလုပ်ငန်းများမှာ စည်ပင်သာယာရေး ကော်မတီက ပုံမှန် လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း၊ ယခုအခါ ထိုအဖွဲ့က ပြုလုပ်သယောင် ၀ါဒဖြန့်နေခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
လွန်ခဲ့သည့် နှစ်က စတင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလံ၊ ဆိုင်းဘုတ်တို့ လွှင့်ထူ လမ်းသွယ်များ၊ ရေမြောင်းများပြင်ဆင်ခြင်း၊ နောက်ဖေး လမ်းကြားများ ရှင်းလင်းခြင်း၊ မြေအောက်ရေ တူးယူပြီး ရေပေးဝေခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 
သို့သော်လည်း ကောင်းမွန်အောင် ပြင်ဆင်ခြင်း မတွေ့ရှိရပဲ အပေါ်ယံမျှသာပြင်ဆင်သည်ဟု ရန်ကုန်မြို့ခံ တဦးက ပြောဆိုသည်။
 
ရန်ကုန်မြို့ နေထိုင်သူများသည် ရေခွန်၊ အမှိုက်ခွန်ကို ပေးဆောင်ရပြီး စီးပွားရေး လုပ်ကိုင်သည့် လုပ်ငန်းကြီးငယ်မှန်သမျှသည်လည်း ဆိုင်းဘုတ်ခွန်၊ စီးပွားရေး အမှိုက်ခွန်၊ လုပ်ငန်းလိုင်စင်ခ စသဖြင့် ခေါင်းစဉ်မျိုးစုံဖြင့် အခွန်အခများစွာ ပေးဆောင်နေကြရသည်။
 
ရန်ကုန်တမြို့လုံးမှ ကောက်ခံရရှိငွေမှာ ကျပ်ငွေ ဘီလျံများ ဆယ်နှင့်ချီ ရှိသော်လည်း လမ်းနှင့် ပလက်ဖောင်းတို့အတွက် အနည်းအကျဉ်းသာ ပြန်လည် အသုံးချသည်ဟု မြို့ခံများက ဝေဖန်ပြောဆိုကြသည်။
 
အင်တာနက်ကဖေး ဆိုင်တဆိုင်သည် မြို့တော်စည်ပင်၊ မြန်မာ့ သတင်းနှင့် နည်းပညာ ဖွံ့ဖြိုးရေး ကော်မတီသို့ တနှစ်လျှင် ကျပ် ၆သိန်း ပေးဆောင်ရသည်၊ ထို့ပြင် ဆိုင်းဘုတ် အရွယ်အစားပေါ် မူတည်ပြီး ထောင်ဂဏန်း၊ သို့မဟုတ် သောင်းဂဏန်းအထိ ပေးဆောင်ရသည်ဟု အင်တာနက် ဆိုင်ပိုင်ရှင် တဦးက ပြောဆိုသည်။
 
လမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင် တဆိုင်သည် စည်ပင်ခွန် တရက် ကျပ် ၁၀၀၊ ၁၅၀ ပေးဆောင်ရသည်။
 
လုပ်ငန်းမျိုးစုံအတွက် အခွန်ငွေ များစွာ ကောက်ယူသော်လည်း လုပ်ငန်းများကို ကြံ့ခိုင်ရေးအသင်းက လုပ်ပေးဟန် ပြုနေသဖြင့် မကျေနပ်မှုများ တိုးပွားနေသည်။
 
မကြာမီသီတင်းပတ်က ရန်ကုန်မြို့အရှေ့ပိုင်း ၃မြို့နယ်တွင် စက်ရေတွင်း တူးဖေါ်ပြီး ရေပေးဝေရန် စီမံချက်ကိုလည်း ကြံ့ခိုင်ရေး ခေါင်းစဉ်အောက်တွင် လုပ်ဆောင်ခဲ့သည်။
 
လမ်းသွယ်များအား ကတ္တရာသို့မဟုတ် ကွန်ကရစ်လမ်းခင်းရန် အတွက် အဆိုပါရပ်ကွက်တွင် နေထိုင်သူများကို လက်မှတ် လိုက်လံကောက်ယူလေ့ရှိပြီး ထိုသို့ကောက်ယူသော လက်မှတ်မှာ ကြံ့ခိုင်ရေး အသင်းဝင်အဖြစ် စာရင်း ထည့်သွင်းဖွယ် ရှိသည်ဟု ရန်ကုန်မြို့ခံများက ယုံကြည်ကြသည်။
 
ထို့ကြောင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၄၅ ရပ်ကွက်တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြသည်ဟု ဒေသခံတဦးက ပြောသည်။ ထိုသို့ ငြင်းဆန်ခြင်းကြောင့် ထိုရပ်ကွက်ရှိ လမ်းပြင်ဆင်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ကြောင်းသိရသည်။
 
ကြံ့ခိုင်ရေးအသင်းသည် ဗိုလ်ချုပ်ကြီးများ၏ လူမှုရေးအသင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးတို့က နိုင်ငံရေးသမားတို့၏ လှုပ်ရှားမှုများကို ထိုအသင်းအား အသုံးပြုပြီး နှိပ်ကွပ်လေ့ရှိသည်ဟု အများက ယုံကြည်ကြသည်။
 
ဗိုလ်ချုပ်ကြီးတို့က ၁၉၉၃ တွင် စတင်ဖွဲ့စည်းခဲ့သော ကြံ့ခိုင်ရေးအသင်း၏ အဖွဲ့ခွဲများကို မြို့နယ် ရပ်ကွက် ကျေးရွာတိုင်းတွင် ဖွဲ့စည်းရန် မူဝါဒ ချမှတ်ခဲ့သည်။ အဖွဲ့ဝင် အင်အား အများအပြား ရရန် အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။ ယခုအခါ အဖွဲ့ဝင် သန်း ၂ဝ ကျော် ရှိသည်ဟု ဆိုသည်။
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Maung Swan Yi - Collection of articles from Alin Eain House
Sample Image
 
မိုးမခ ၂၀၁၀ ဂါရ၀ အမှတ်တရ
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
 
Top! Top!