
အီရန်အာဏာပိုင်တို့က ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဓမ္မသိမ်း
စီအင်န်အင်န်၊ ဂါဒီးယန်း၊ အင်တာနက်
နိုဝင်ဘာ ၂၇၊ ၂၀၀၉
အီရန်နိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ အတိုက်အခံအမျိုးသမီးတဦးဖြစ်သူ “အီဘဒီ” ၏ ၂၀၀၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု တံဆိပ်နှင့် လက်မှတ်ကို အီရန်အာဏာပိုင်တို့က ၎င်းနေအိမ်မီးခံသေတ္တာထဲမှ ထုတ်ယူသိမ်းဆည်းသွားသည်ဟု သတင်းကြားသိရသည်။ ၎င်း ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း၊ ခင်ပွန်းသည်အား လုံခြုံရေးအဖွဲ့ဝင်များက အပြင်းအထန် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က နေအိမ်တွင်း ၀င်ရောက်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်နှင့် လက်မှတ်များကို ၀င်ရောက် သိမ်းပိုက်သွားကြောင်း သတင်းများက ဆိုသည်။
































