၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဦးမည်ဟု
မြန်မာစစ်ခေါင်းဆောင်က ပြော
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၈၊ ၂၀၀၉
ယနေ့ထုတ် မြန်မာစစ်အုပ်စုသတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အထက်ပါအတိုင်း ၎င်း၏ ကြံဖွံ့အဖွဲ့ဝင်များအား သောကြာနေ့က ကျင်းပသော ညီလာခံတခုတွင် မိန့်ကြားလိုက်သည်ကို တွေ့ရသည်။ တိုင်းပြည်၏ ယခုကဲ့သို့ အရေးကြီးလှသော သမိုင်းဝင်မည့် အဖြစ်ကို အားလုံးက အပြုသဘော ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသည်ဟုလည်း အစိုးရသတင်းစာတွင် ဆိုထားသည်။ ဖျက်လိုဖျက်ဆီး မလုပ်ကြရန်လိုကြောင်း၊ ကြံ့ဖွံ့တို့က ပြည်သူနှင့်လက်တွဲပြီး စစ်အုပ်စု၏ လမ်းညွှန်မြေပုံ ၇ ရပ်ကို အကောင်အထည်ဖော်ကြဖို့ ဖြစ်ကြောင်း မိန့်ကြားသည်ဟု ဖော်ပြထားသည်။


































