မာတိကာ
Thursday, 02 September 2010
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 106 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese
အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်
အခမဲ့ အီးမေးသတင်းလွှာ
သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။
မိုးမခမှာ ဖုံးခေါ်ပါ
 /></a> </div><div align=
USDA promotion in Rangoon (follow-up news) Print E-mail
User Rating: / 0
PoorBest 
မျက်မှောက်ရေးရာ - သတင်းဖတ်စာ
Sunday, 29 November 2009
ကြံ့ခိုင်ရေးအသင်းက လူထုငွေကြေးဖြင့် နာမည်ကောင်းယူ
တောင်ဒဂုံတွင် လမ်းပြင်ရန် ငွေကောက်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉
သောကြာနေ့က ပြုလုပ်သည့် ကြံ့ခိုင်ရေးအသင်း နှစ်ပတ်လည် အစည်းအဝေး ညစာစားပွဲတွင် တွေ့ရသော အသင်းဝင်များနှင့် ဗိုလ်ချုပ်ကြီးများ
ကြံ့ခိုင်ရေးအသင်းက လမ်းပြုပြင်ရေး အတွက်ဟု ဆိုကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ်ခြောက်သောင်းစီ လိုက်လံ ကောက်ယူနေသည်ဟု သိရသည်။
          `တစ်မိုးလုံး ဗွက်တောထဲ လျှောက်ခဲ့ရတာ။ သူတို့ကပဲ စေတနာနဲ့ လမ်းကို ပြင်ပေးတော့မလိုနဲ့၊ အခုလို ပိုက်ဆံ လိုက်ကောက်တော့ မပေးနိုင်ပါဘူး။ လူထုဆီက ပိုက်ဆံနဲ့ သူတို့က နာမည်ကောင်း လာလိုချင်လို့ ဘယ်ရမလဲ´ ဟု ဒဂုံတောင် ၁၈ ရပ်ကွက်အတွင်းမှ ၀န်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။
          လမ်းပြုပြင်ရန်အတွက် ပိုက်ဆံပေးရမည့်အပြင် တစ်အိမ်လျှင် လူတစ်ဦးစီ လုပ်အားပေးရဦးမည်ဟု ဆိုသည်။
          ကုန်ခဲ့သော မိုးရာသီကတည်းက “ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းက လမ်းပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည် ဟူသော ဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲခဲ့သည်။
          ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ JICA ၏ အလှူငွေများဖြင့် ဆောက်လုပ်ပေးခဲ့သော စာသင်ကျောင်းဆောင်သစ်များတွင်လည်း ကြံ့ခိုင်ရေးအသင်းက ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း ဆိုင်းဘုတ်များ တင်ခဲ့သည်ဟု ၂၀ ရပ်ကွက်အတွင်း နေထိုင်သော အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
          ဒဂုံတောင်မြို့နယ်မှ ယခင် ကြံ့ခိုင်ရေး အတွင်းရေးမှူးဟောင်းမှာ မြွေကိုက်ခံရပြီး ယမန်နှစ်က သေဆုံးခဲ့သည်။ ၄င်းသည် ကြံ့ခိုင်ရေးအာဏာဖြင့် ဆီကိုယ်စားလှယ် လုပ်ငန်း ဆောင်ရွက်ကာ ကြီးပွားလာခဲ့သူဖြစ်သည်။
          ကြံ့ခိုင်ရေး အသင်းသည် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော အဖွဲ့အစည်းဖြစ်ပြီး လူမှုရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း ကြေညာထားသည်။ ဒေသအသီးသီးတွင် အသင်းရုံးခွဲများ ဖွင့်ပြီး ဆောင်ရွက်နေသည်။
          ရန်ကုန်မြို့အတွင်းရှိ အချို့မြို့နယ်များတွင် လမ်းများအား စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ငွေများဖြင့် ပြုပြင်ရာတွင်လည်း ကြံ့ခိုင်ရေး ဆိုင်းဘုတ်များ ချိတ်ဆွဲပြီး ပြုပြင်ခဲ့သည်။
ယနေ့ထုတ် သတင်းစာများတွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း လမ်းပြုပြင် တည်ဆာက်မှုသတင်း ဖော်ပြထားသည်။ ထိုလုပ်ငန်းများသည် စည်ပင်သာယာရေး ကော်မတီ၏ နည်းပညာ ကူညီမှု၊ လူမှုရေးအသင်းအဖွဲ့ နှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင်အထည် ဖော်ကြောင်း ရေးသားထားသည်။ မည်သည့်လူမှုရေးအသင်း ဖြစ်ကြောင်းကိုမူ အမည် ဖော်ပြထားခြင်း မရှိပေ။
          ကြံ့ခိုင်ရေး အား ပါတီပုံစံပြောင်းလဲကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် အနိုင်ယူရေးအတွက် ယခုကတည်းက လူထု စည်းရုံးရေးများ ဆောင်ရွက်ရန် အာဏာပိုင်များက အဆင့်ဆင့် ညွှန်ကြားထားသည်။
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Friends of Citizen of Burma (LA) to fund rasise with fun fair
အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်း ကျင်းပမည်
မိုးမခအထောက်တော် အယ်လ်အေ
သြဂုတ် ၂၄၊ ၂၀၁၀
စက်တင်ဘာ ၂၅ ရက်ကို ကြိုတင် စာရင်းတို့ထားပြီး အရောက်လာကြဖို့ အယ်လ်အေမြို့နယ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေတွေက နွေးထွေပျူငှာစွာ ဖိတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ် လာမယ့်နှစ် မေလ ၀န်းကျင်မှာ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်လို့ ယခုကတည်းက အမေရိကန်ပြည်က ပါဝင် အားပေးကြမယ့် မြို့နယ် ၁၅ မြို့နယ်ကျော် အထဲက မြို့နယ်အလိုက် ရန်ပုံငွေ ရှာဖွေပွဲတခုအဖြစ် အများပြည်သူတွေ ပိုပြီး သိရှိစေဖို့၊ နားလည် ရင်းနှီးစေဖို့ ဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊
ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်
စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း
မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး
၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်
ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
Top! Top!