မာတိကာ arrow မျက်မှောက်ရေးရာ arrow Taw BayarLay Literary Award held in Rangoon
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Who's Online
We have 116 guests online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Taw BayarLay Literary Award held in Rangoon Print E-mail
User Rating: / 1
PoorBest 
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
Saturday, 06 February 2010
စတုတ္ထအကြိမ်မြောက် တော်ဘုရားကလေး စာပေဆုပေးပွဲ ကျင်းပ
မိုးယံမခ
ဖေဖော်ဝါရီ ၆၊ ၂၀၁၀
ကုန်းဘောင်မင်းဆက်မှ သီပေါမင်းရဲ့မြေးတော်ဖြစ်သူ၊ စာရေးဆရာ၊ သမိုင်းသုတေသီ၊ တော်ဘုရားကလေးရဲ့ စတုတ္ထအကြိမ်မြောက် စာပေဆုပေးပွဲကို ရွှေတိဂုံဘုရားလမ်းရှိနေအိမ်မှာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နံနက် ၁၀ နာရီက ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။

 ပရိသတ်များ - တော်ဘုရားလေးမိသားစု၏ နေအိမ်
၂၀၀၉ ခုနှစ်က စပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ ကွပ်ကဲ ရွေးချယ်ခြင်းမရှိသောစာပေဆုများကို ဟိုတယ်၊ ပန်းခြံ၊ ခန်းမများတွင် အခမ်းအနားဖြင့် ကျင်းပခြင်းကို စစ်အာဏာပိုင်တို့က ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း တော်ဘုရားလေးရဲ့ နေအိမ်မှာ ကျပ်ကျပ်တည်းတည်း ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။ စာပေစိစစ်ရေးအဖွဲ့ရဲ့ ခွင့်ပြုပြီး ထုတ်ဝေထားတဲ့ ကဗျာ၊ ၀တ္ထုစာအုပ် လုံးချင်းများကို ဆုရွေးချယ် ချီးမြှင့်ခဲ့ပေမယ့် တရားမ၀င်အခမ်းအနားတခုလို တော်ဘုရားကလေးရဲ့ စာပေဆုပေးပွဲသတင်းကို လွန်ခဲ့တဲ့ နှစ်က မဂ္ဂဇင်း ဂျာနယ်၊ စာမျက်နှာများမှာ ဖော်ပြခွင့်လည်း မရရှိခဲ့ပါဘူး။
 
ဒဂုန်တာရာ - ဦးဆွေ (ဒသနိက)
 
အမှာစကားပြောနေသူ တော်ဘုရားလေးဇနီး ဒေါ်ခင်မေ
  “ကျမအနေနဲ့ ရှိတာလေးနဲ့ စီစဉ်ရတာပါ။ တော်တော် (တော်ဘုရားကလေး) ရဲ့ စာပေနဲ့ သမိုင်းကို ချစ်မြတ်နိုးတဲ့ စိတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စာပေဆုပေးပွဲကို ကျင်းပခဲ့တာ ၄ နှစ် ရှိပါပြီ။ ဒီနှစ်တော့ ဘယ်မှာမှ လုပ်လို့မရလို့ အိမ်မှာပဲ ဆုရတဲ့သူတွေနဲ့ သူတို့မိသားစုတွေရယ်၊ ဆုရွေးချယ်ရေးအဖွဲ့ရယ်၊ သတင်းကြားလို့ လာကြတဲ့ စာပေအသိုင်းအ၀ိုင်းက သူတွေရယ်နဲ့ လုပ်ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှလည်း ဖိတ်စာနဲ့ မဖိတ်ဖြစ်ပါဘူး။”
          ဆိုပြီး တော်ဘုရားကလေး၏ဇနီး ဒေါ်ခင်မေက ဆုပေးပွဲကျင်းပဖြစ်ခဲ့ပုံကို ပြောပြပါတယ်။
          စတုတ္ထအကြိမ်မြောက် တော်ဘုရားကလေးစာပေဆုပေးပွဲမှာ ကဗျာစာအုပ် (လုံးချင်း) ဆုနဲ့ ၀တ္ထုတိုစာအုပ် (လုံးချင်း) ဆုတို့ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ 
 ဆရာအံ့မောင် - ဆရာ ဦးဆွေ (ဒဿနိက)
          ကဗျာစာအုပ် လုံးချင်း ဆုကို “စိန်ပွင့် မြပွင့် ပတ္တမြားပွင့်” ကဗျာစာအုပ် ရေးသားခဲ့သူ စာရေးဆရာ၊ ကဗျာဆရာကြီး ဦးအံ့မောင်က ရရှိခဲ့ပြီး ၀တ္ထုတိုစာအုပ် လုံးချင်း ဆုကို “အိပ်မက်ပြဇာတ်ထဲက ဘယာနကပုစ္ဆာ ၀တ္ထုတိုများ စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ ဦးဆွေ (ဒဿနိက) က ဆွတ်ခူးသွားခဲ့ပါတယ်။
 ဆရာအံ့မောင် ကဗျာဖတ်နေစဉ် - ဆရာဒဂုန်တာရာ
          ဆုပေးပွဲအခမ်းအနားမှာ စာရေးဆရာကဗျာဆရာကြီး ဒဂုန်တာရာက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ကဗျာဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်ကို ကဗျာဆရာဇော်နောင်က ဖတ်ကြားပြီး၊ ၀တ္ထုတိုဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့ သုံးသပ်ချက်ကို စာရေးဆရာ လင်းထင်က ဖတ်ကြားခဲ့ပါတယ်။
 ဆရာ ထက်မြက်၊ ဆရာ လင်းထင်
          စာရေးဆရာထက်မြက်က ဆုရွေးချယ်ရေးအဖွဲ့ အနေနဲ့ အခုလိုကျင်းပရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကြွရောက်လာကြတဲ့သူများကို တောင်းပန်စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်မှူးအဖြစ် မောင်လွင်မွန်(ကသာ) က ဆောင်ရွက်ခဲ့ပါတယ်။
 ဆရာ မောင်လွင်မွန် (ကသာ)၊ ဆရာ ဇော်နောင်
          ကဗျာဆု ရရှိသော ဆရာဦးအံ့မောင်ကို ဆရာဒဂုန်တာရာက ဆုချီးမြှင့်ပြီး ၀တ္ထုတိုဆု ရရှိတဲ့ ဦးဆွေ (ဒဿနိက) ကို တော်ဘုရားကလေး၏ ဇနီး ဒေါ်ခင်မေက ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ဆုလက်ခံရရှိသူများက တက်ရောက်ကြသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး ဆရာဇော်နောင်က တော်ဘုရားကလေး ဂုဏ်ပြုကဗျာကို ရွတ်ဆိုခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။
 
ဆရာအံ့မောင်၏ ကဗျာလက်ရေးမူ
  
ဆရာဇော်နောင်၏ ကဗျာ
 
ဦးထွန်းလွင်
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Welcome to Citizen of Burma Award for Year 2009
 
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
 
Top! Top!