မာတိကာ arrow မျက်မှောက်ရေးရာ arrow Ko Mic Ke Sein - The Questions that raise arguments but not answers
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Who's Online
We have 114 guests online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Ko Mic Ke Sein - The Questions that raise arguments but not answers Print E-mail
User Rating: / 1
PoorBest 
မျက်မှောက်ရေးရာ - ခွဲခြမ်းစိတ်ဖြာ
Saturday, 06 February 2010
ပြဿနာရှာတဲ့ မေးခွန်းနဲ့ မဖြေနိုင်သေးတဲ့ အဖြေများ
ကိုမိုက်ခဲစိန်
ဖေဖော်ဝါရီ ၇၊ ၂၀၁၀
ကိုမိုက်ခဲစိန် ဆိုတာက နံမည်ပြောင်ပါ။ မိုက်တလုံးပေးလိုက်ရင် အပြတ်ခဲပြီး ဟဲတော့တာပဲ လို့ ဆိုတာပါ။ ပြည်ပရေဒီယိုတွေမှာ လေလှိုင်းကနေ ပြောကြ ဆိုကြတာဆိုတော့ အသံလွှင့်ခန်းထဲမှာ ဆိုရင် မိုက်ခဲတွေပေါ့လေ။ အဝေးကနေ လှမ်းပြီး ဗျူးကြ၊ ဗြဲကြတာ ဆိုရင်တော့ မိုက်ခဲမဟုတ်နိုင်၊ ဖုံးခဲတွေ လို့ ခေါ်မလား၊ ဘလူးတုသ် ခေါ် သွားပြာကြီး ခဲသူတွေလို့ ဆိုလေမလား မသိ။ သို့သော် မိုးမခမှာ ယူမိတဲ့ ကဏ္ဍမှာ ယူမိတဲ့နံမည်က မိုက်ခဲစိန် ဆိုတော့လည်း ပြောင်းမနေတော့ပါဘူး။

          ယခင်က ရေးခဲ့တာက ဉာဏ်စမ်းမေးခွန်းတွေပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ဆိုင်တဲ့ ဖြစ်ရပ်တွေ၊ မှတ်တမ်းတွေကို အခြေခံပြီး ထုတ်ထားတဲ့ ဉာဏ်စမ်းမေးခွန်းတွေ ဖြစ်ပါတယ်။ အခုတလော ၂၀၁၀ ရဲ့ မျှော်တော်ယောင် ရွေးကောက်ပွဲကာလကြီးမှာ အင်တာဗျူးဆရာများ၊ ပရိသတ်များ၊ လဘက်ရည်ဝိုင်း၊ သေရည်ဝိုင်းနဲ့ စာပွဲဝိုင်းတို့မှာ ပြဿနာရှာပြီး မေးချင်၊ ဖြေချင်စရာ မေးခွန်းတွေကို ရွေးချယ် ကောက်နုတ်ပေးလိုက်ပါတယ်။
          ဒီမေးခွန်းတွေက ဟိုတခါက မောင်ရစ်ကာတွန်းကို ညွှန်းပြီး ပြောရရင် ၀ိုင်းတိုင်းမှာ ဘယ်တော့မှ မရိုးနိုင်တဲ့ “အမြီး” တွေပေါ့လေ။ ပြုတ် ဖုတ် ကျော် လှော် နည်းမျိုးစုံနဲ့သာ မြီးကြပါ။ ဘယ်တော့မှ မရိုးနိုင်သေး၊ မေးလို့ မဆုံး၊ ဖြေလို့ မဆုံးနိုင်သေးတဲ့ ပြဿနာမေးခွန်း ဟင်းလျာများ ဖြစ်တယ်လို့ ထင်ပါတယ်။ အဖြေသာ တွေ့လို့ကတော့ … အင်း ။
          လာပြီ။
 စစ်အစိုးရနဲ့ ဆိုင်တဲ့ မေးခွန်းများ
(၁) အာဏာသိမ်းထားတဲ့ တပ်မတော်က အများပြည်သူကို တကယ် အာဏာပြန်လွှဲပေးမှာလား။
 (၂) တပ်မတော်က ပြည်သူ့ဖက်ကို လာရပ်တည်တဲ့အထိ “ကွဲ”မှာလား။
 (၃) ရွေးကောက်ပွဲတွေလုပ်တာ အာဏာလွှဲပေးဖို့လား။
 (၄) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့ ငြိမ်းချမ်းရေးရချင်သလား။
 (၅) ဗိုလ်တင်ဦး၊ ဗိုလ်ခင်ညွန့်နဲ့တကွ တပ်တွင်းရှင်းလင်းရေးတွေမှာ ဘယ်သူတွေက နောက်ကကြိုးကိုင်နေတာလဲ။
 (၆) စစ်အစိုးရကို စီးပွားရေး နိုင်ငံရေး ပိတ်ဆို့ အရေးယူထားတာ သာမန်ပြည်သူတွေနဲ့ ဆိုင်သလား။
 (၇) ခုချိန်ထိ စစ်အစိုးရက အာဏာကို ဆုပ်ကိုင်ထားနိုင်တာ သူတို့တော်လို့လား၊ အတိုက်အခံတွေ ညံ့လို့လား။
 (၈) တပ်မတော်ကြီး ပြိုကွဲသွားရင် တိုင်းပြည်လည်း ပြိုကွဲမယ်ဆိုတာ တကယ်လား။ သူတို့တွေနဲ့ အာဏာခွဲဝေပြီး အတူတူ သွားရမှာလား။
 (၉) ပြည်တွင်းက ဘယ်လိုပုဂ္ဂိုလ်ကြီးတွေ၊ အဖွဲ့ကြီးတွေက တပ်မတော်နဲ့ ဘယ်လို ရေရှည်သဘောထားပြီး ဘယ်လို ပူးပေါင်း ဆောင်ရွက်နေကြပြီလဲ။
 (၁၀) စစ်အစိုးရက အငြှိုးကြီးတယ်ဆိုတာ အဟုတ်ပဲလား။
 ပြည်တွင်းအတိုက်အခံများအတွက်
 (၁) နိုင်ငံရေးပါတီတွေ ထောင်ထားတာက ဘာလုပ်ဖို့လဲ။
 (၂) ဒီမိုကရေစီရေး အောင်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲဆိုတာတွေ လိုအပ်သလား။
 (၃) နိုင်ငံရေးပါတီမထောင်ထားဘဲနဲ့ အတိုက်အခံလုပ်ငန်းတွေ လုပ်နေကြသလား။
 (၄) ခေါင်းဆောင်တွေ နောက်လိုက်တွေ ဘယ်လိုမျိုး လိုအပ်တယ် ထင်ပါသလဲ။
 (၅) ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုမျိုး ရပ်တည် ဆောင်ရွက်ပေးနေရမှာလဲ။
 (၆) အမေရိကန်နဲ့ အနောက်အုပ်စုက စစ်တပ်ကြီးတွေနဲ့ ၀င်လာမယ်ဆိုတာ တကယ်ပဲလား။ ဖြစ်နိုင်သလား။
 (၇) ပြည်တွင်းက အတိုက်အခံတွေက မညီညွတ်တာလား၊ အပိတ်ဆို့ခံထားရတာလား။ အင်အားနည်းနေသေးတာလား။
 (၈) နောက်မျိုးဆက်သစ် အတိုက်အခံတွေ ပေါ်ထွန်းလာနေပြီလား။ ဘယ်လိုမျိုး အားပေးစောင့်ရှောက် ကူညီနေကြပြီလဲ။
 (၉) ပြည်တွင်း ပြည်ပကို ဘယ်လိုအကူအညီတွေ တောင်းလေ့ရှိကြသလဲ။
 (၁၀) စစ်အစိုးရများ ပြုတ်ကျသွားရင် ဘယ်လိုမျိုး အတိုက်အခံက ၀င်ရောက်ဆောင်ရွက်မှာလဲ။
 (၁၁) တွေ့ဆုံဆွေးနွေး အဖြေရှာရေးမှာ အားလုံး အိုကေမှာလား။ မအိုကေရင်ကော ဘယ်လိုလဲ။
 ပြည်ပအတိုက်အခံများနဲ့ ဆိုင်တဲ့ မေးခွန်းများ
 (၁) နယ်စပ်လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက တိုင်းရင်းသားအရေးတွေကို ဘယ်လို ဖြေရှင်းပေးနေတာလဲ။
 (၂) ပြည်ပရောက် အတိုက်အခံအင်အားစုတွေက အချင်းချင်း မညီညွတ်ကြဖူးလား၊ သို့မဟုတ် အကောင်းမပြောကြတာလား။
 (၃) ပြည်ပရောက် အတိုက်အခံအဖွဲ့အချို့က အလွဲသုံးစားတွေ လုပ်ကြတယ်ဆိုတာ တကယ်လား။
 (၄) နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ၊ ကင်ပိန်းတွေ၊ လော်ဘီတွေ၊ ရန်ပုံငွေပွဲတွေနဲ့ ဆောင်ရွက်နေကြတာ ထိရောက်မှု ရှိသလား။
 (၅) မြန်မာပြည်သူတွေက ဘာတွေလဲ။ သနားစရာ သားကောင်တွေလား၊ ရဲရဲတောက် သခင်တွေလား။ ဘယ်လိုမျိုး သင်တို့ တင်ပြဆွေးနွေးလေ့ ရှိသလဲ။
 (၆) တပ်ပေါင်းစု ဘယ်နှခု ဖွဲ့ပြီးပြီလဲ။ တပ်ပေါင်းစုတွေက အမြဲတမ်း ပူးပေါင်းပြီး လုပ်ကိုင်ကြသလား။
 (၇) လက်နက်ကိုင်တော်လှန်ရေး မလိုအပ်တော့ပြီလား။
 (၈) အားလုံးက ခင်ခင်မင်မင်ပဲလား။ မခေါ်မပြောနိုင်တွေလား။
 ပရိသတ်ပြည်သူတွေနဲ့ ဆိုင်တဲ့ မေးစရာလေးတွေ
 (၁) ကွန်မြူနစ်တို့ လက်ဝဲသမားတို့ကို ကြောက်စရာကြီးတွေလို့ သိမ်းကြုံးမြင်လေ့ရှိသလား။
 (၂) တိုင်းရင်းသားလက်နက်ကိုင်တွေက အတော် ဆိုးသလား။ ဒုက္ခသည်စခန်းတွေမှာ ဘယ်လိုလူတွေ သွားနေကြရတာလဲ။
 (၃) မွတ်ဆလင်တို့၊ ရိုဟင်ဂျာတို့၊ ခရစ်ယာန်တို့၊ တရုတ်တို့၊ ကုလားတို့ လို့ ပြောသံ၊ ဆိုသံတွေ ကြားလိုက်ရင် စိတ်ထဲ ဘယ်လိုဖြစ်သလဲ။ အနှောက်အယှက်လား၊ မတူတဲ့သူတွေ၊ အယူအဆတွေလား။
 (၄) ဖက်ဒရယ်မူဆိုတာနဲ့ ပြည်ထောင်စုကြီး ပျက်စီးရေးလို့ ထင်မြင်မိပါသလား။
 (၅) စစ်အစိုးရကို ကြောက်သလား။ အတိုက်အခံတွေနဲ့ ပတ်သက်ရမှာကော ကြောက်သလား။ ဘယ်လိုမျိုး စခန်းသွားမှာလဲ။ လောလောဆယ် အဆင်ပြေအောင် “ကြည့်” နေရမှာလား။
 (၆) အတိုက်အခံတွေ နိုင်ငံရေးသမားတွေ ညံ့လို့ဆိုပြီး အပြစ်တင်နေတာလား။ တခြားကော ဘာတွေ လုပ်ဖြစ်သေးသလဲ။
 (၇) အတိုက်အခံမလုပ်ဘဲနဲ့ ဒီမိုကရေစီရမယ်လို့ ထင်သလား။ ဘယ်လိုလုပ်ကြရင် ရမယ် ထင်သလဲ။
 အခြား အုပ်စုတွေအတွက် မေးခွန်းများ လာမည် ကြာမည်
           စာနယ်ဇင်းသမားများ၊ အင်န်ဂျီအိုသမားများနဲ့ လူမှုရေး၊ ပညာရေးသမားများအတွက်လည်း ပြဿနာရှာတဲ့ မေးခွန်းတွေ၊ ကလေးတွေ၊ လူငယ်တွေအတွက် မေးခွန်းတွေ ရှိပါသေးတယ်။ ၀ိုင်းပြောကြ၊ စဉ်းစားကြရင် နောက်ဆောင်းပါးတပုဒ်တော့ ဖြစ်လာဦးမယ် ထင်ပါတယ်။
           ဘယ်လိုလဲ။ လမ်းမြင်ပြီလား။ ထွက်ရပ်ပေါက်နိုင်ပါ့မလား။
          နင့်ကိုနင်ကော ဘာမေးသလဲလို့ မမေးပါနဲ့။ အဲသည်မေးခွန်းတွေပဲ မေးပါတယ်။ အဖြေကတော့ … ဟဲဟဲ ။     ။
 
(ယခင်က မိုက်ခဲစိန်၏ မေးခွန်းဆောင်းပါးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -
သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ - အပိုင်း ၁ မှ ၎
 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Welcome to Citizen of Burma Award for Year 2009
 
 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
 
Top! Top!