မာတိကာ arrow မျက်မှောက်ရေးရာ arrow My Academy Sein - From Naypyidaw Academy to 2010 Election
Thursday, 02 September 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Who's Online
We have 115 guests online
မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
My Academy Sein - From Naypyidaw Academy to 2010 Election Print E-mail
User Rating: / 2
PoorBest 
မျက်မှောက်ရေးရာ - သူတို့အာဘော်
Sunday, 07 February 2010
[academy-006.jpg]

 နေပြည်တော်အကယ်ဒမီပွဲကြီးမှသည် ၂၀၁၀ ရွေးကောက်ပွဲကြီးဆီသို့

မိုင်အကယ်ဒမီစိန်

ဖေဖော်ဝါရီ ၇၊ ၂၀၁၀

နေပြည်တော်မှာ လမ်းတွေများ ဖြောင့်ဖြူးနေလိုက်တာ ဆိုတဲ့ တေးသံသာကို အမြဲလိုလိုကြားနေရ၊ ဂျာနယ်တွေထဲမှာလည်း နေပြည်တော်၏လမ်းများကို မည်သို့မည်ပုံ ဆောက်လုပ်ကြပုံများ တင်ဆက်နေကြ၊ သည်တော့ စဉ်းစားမိတာကတော့ ဟိုးရှေးခေတ်က ရောမအင်ပါယာကြီးတည်ဆောက်တုန်းက ပြည်သူတွေအတွက်ဆိုပြီး လမ်းကြိုလမ်းကြားမကျန် စစ်တပ်ကလမ်းတွေရှင်း တံတားတွေဆောက် လုပ်ကြတာဟာ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ သွားရ လာရ လွယ်ကူအောင် ပြည်သူတွေရှိရာ တခုခုဆို ဖမ်းရဆီးရ လွယ်ကူအောင် လမ်းပန်းကိုတည်ဆောက်ကြတယ်လို့ ကြားဖူးခဲ့ပါရဲ့ ။ အခုလည်း သည်အတိုင်းပေါ့ဗျား။ လမ်းတွေကိုလည်း ကတ္တရာမဟုတ်တဲ့ သမံတလင်းမို့တခါသွားပြီး တာယာလဲနေရတဲ့ အခြေအနေဆိုတာလည်း သိထားရဲ့လား ဗျို့။

နေပြည်တော်ဆိုတဲ့ တိုင်းပြည်သစ်ကြီးကို ရှိရှိသမျှ ရုံးတော် လွှတ်တော်မှန်သမျှ ပေးလွှတ်နေရတာ အားမရရှာတော့ ပြည်သူချစ်တဲ့ အကယ်ဒမီပေးပွဲကိုလည်း နေပြည်တော်မှာပဲ ကျင်းပခဲ့ကြတာလည်း မဆန်းတော့ပါဘူး။ မင်းသားမင်းသမီးတွေကို ပြည်သူတွေက ချစ်ပါသော်လည်း စစ်အစိုးရ၏ ပို့သသောမေတ္တာကြောင့် မြန်မာ့ရုပ်မြင်မှာ စစ်အစိုးရအကြိုက်များကို ပြည်သူ့ကို တင်ပြခြင်း၊ ပြည်သူလူထုအတွက်ဟုဆိုကာ စစ်အစိုးရသတ်မှတ်ထားသော ဆင်ဆာနယ်အတွင်းမှာဖျော်ဖြေခြင်း၊ မင်းသား မင်းသမီးများ အဆိုတော်များကို Presenter များအဖြစ် အသွင်ပြောင်းကာ မြန်မာတီဗီပေါ် အလုပ်ပေးခြင်း၊ အဆိုတော်အသစ်များ - သရုပ်ဆောင်အသစ်များကို မြေတောင်မြှောက်ပေးခြင်းဟူသောခေါင်းစဉ်အောက်တွင် အနာဂတ်မျိုးဆက်သစ် လူငယ်များအား နိုင်ငံရေးစိတ်မ၀င်စားလာအောင် ပံ့ပိုးပေးခြင်း၊ ပညာရေးကို အားပေးပါသည် ဟူသော ခေါင်းစဉ်အောက်တွင် အစိုးရအကြိုက် မေးခွန်များကို ထည့်သွင်းဖြေခိုင်းခြင်း၊ ဟာသဟုဆိုကာ လူရွှင်တော်များနေရာတွင် မင်းသား မင်းသမီးများကိုပါ ပါဝင်လာအောင်လုပ်ကာ ပရိသတ် ဆွဲယူခြင်း -- သို့သော် ထိုဟာသများမှာ ဂလိထိုးရယ်၍ပင် မရယ်နိုင်လောက်အောင် စိတ်ညစ်ညူးဖွယ် ကောင်းလှခြင်း၊ … စသည် စသည် နည်းလမ်းပေါင်းစုံသုံးကာ ပြည်သူချစ်သော အနုပညာသည်များကို စစ်အနုပညာသည်များ ဖြစ်အောင် အကြမ်းဖက် ပြောင်းလဲလာသည်များကို မြင်ရတွေ့ရသည်မှာရင်နာဖွယ်ဖြစ်ပါသည်။

အနုပညာသည်ဟူသည် စင်ပေါ်ရောက်သွားရင်ဖြင့် တတ်သည့်ပညာ မနေသာ ဆိုသလို စိတ်ရောကိုယ်ပါ ပြည်သူထံအပ်နှံ၍ သရုပ်ဆောင်ပြကြသည်ကို ရင်နင့်စွာ နားလည် စာနာမိပါသည်။ သို့ပါသော်လည်း အတုံးလိုက် အတစ်လိုက် အနုပညာသည် ရေရှည်တွင် ပြည်သူ့ရင်မှာ တင်နေဖို့တော့ ခဲယဉ်းလှပါသည်။

သည် ၂၀၀၈ ခုနှစ် အကယ်ဒမီပေးပွဲသည် ၂၀၀၈ ခုနှစ် တစ်နှစ်လုံးပေါင်းမှ ၁၂ ကား ဖြင့် တာထွက်လာရာ ဘယ်သူဗိုလ်ဆွဲမည် ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ပါသည်။ နေပြည်တော်မှာ ကျင်းပလာတာဟာဖြင့် ၄နှစ်သို့ ရောက်လေပြီဆိုတော့ သည်နှစ် ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီစစ်အစိုးရပင် ဆက်လက်တည်နေဦးမည်ဆိုလျှင်တော့ နောက်နှစ်လည်း နေပြည်တော်မှာပဲ ဆက်လုပ်ဦးတော့မည်ဟု အရိပ်အမြွက်စကားများ ကြားလိုက်ရပါသည်။

သည်တော့ကာ စစ်အစိုးရမဟုတ်တဲ့ ပြည်သူ့အစိုးရ မှသာလျှင် ပြည်သူများလက်ခံထားပြီးသား ရန်ကုန်က အမျိုးသားကဇာတ်ရုံမှာ ပြန်လည်ကျင်းပခွင့် ရပေလိမ့်မည်ဟု တဖက်က လှည့်တွေးထားရမည် ဖြစ်လေသည်။

၂၀၁၀ အကယ်ဒမီပွဲကတော့ ရရှိသူများက တည်တည်ငြိမ်ငြိမ်ရှိလှပါသည်ဟု ဆိုရပေမည်။ ရရှိသော ကားများကလည်း ဇာတ်လမ်း ဇာတ်ကွက် ကောင်းကောင်းဖြင့် မြန်မာ့အနုပညာသည်များကို တဖန်မြင်တွေ့ခွင့် ရလိုက်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ စာရေးဆရာမင်းလူဆိုတော့ ဘာမှ ပြောစရာမလိုတော့ဘူး ပေါ့ခင်ဗျ။ စင်ပေါ်မှာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ဆီကတည်းက ထင်ပေါ်ကျော်ကြားလာခဲ့သော ရဲအောင်၊ မို့မို့မြင့်အောင်၊ ညီညီထွန်းလွင်တို့ကို ပြန်လည်မြင်တွေ့ခွင့်ရခြင်းသည်ပင် သည်နှစ်၏ ထူးခြားချက် ဖြစ်ပါသည်။ အသစ် အသစ်သော အနုပညာသည်များထဲက ခန့်စည်သူ နှင့် ခင်မို့မို့အေးတို့ကိုလည်း အကယ်ဒမီစင်မြင့်ထက်မှာ တွေ့လာရခြင်းသည်လည်း ကြိုးစားရကျိုး နပ်ခဲ့ရသောအဖြစ်တွေအဖြစ် မြင်ရပေတော့မည်။ ဓါတ်ပုံ ဦးသန်းညွန့်(ပန်းသာ)က ဓါတ်ပုံဆု (ကြိုးတန်း)၊ ရုပ်ရှင်ဆုကြီးကိုတော့ - အများနှင့်မသက်ဆိုင်သောသူ - (မင်းလူ၏ ၀တ္ထု) ပါတဲ့။ မျက်ချယ်ထုတ်လုပ်ရေးက ရပါသည်။ ဘာပဲဖြစ်ဖြစ် သည်လို ဇာတ်လမ်းကောင်းကောင်းများကို ရိုက်ကူးတင်ဆက်ကြသူ အနုပညာသည်များကို သည်လို စစ်အစိုးရလက်အောက်မှာ မြင်တွေ့ခွင့်ရတာ အားတက်ပါရဲ့။

 မြန်မာ့တီဗီထဲက ပြသနေကြသလို တခါလာလည်း စစ်အစိုးရအကြိုက်တေးသီချင်း၊ ဇာတ်လမ်း၊ ပရိုပါဂယ်နာ၊ စစ်အစိုးရကို မျက်စေ့စပါးမွှေး မစူးအောင် ရှောင်ရှားနေကြရသော အနုပညာသည်များသည် ဤသို့သော် အနုပညာများကို အနုပညာဆန်စွာ ယခုလို ပရိသတ်ကို တင်ပြတတ်သည်များကို မြင်ရတွေ့ရတာကိုတော့ ၀မ်းမြောက်မိပါသည်။

အင်း … (မတော်မတဲ့) ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ ပြည်သူတင်သောအစိုးရလက်ထက် ရောက်လာတဲ့အခါ အကယ်ဒမီကို ပြည်သူများ၊ အနုပညာသည်များ လိုလားတောင့်တကြသော အမျိုးသားကဇာတ်ရုံမှာ ပြန်လည်မြင်ခွင့်ရဖို့ မျှော်လင့်ကြရပေတော့မည်။

“ခေတ်မီစက်များ၊ ရုပ်ရှင်ရုံများ၊ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ …” လို့ (စစ်ပြန်ကြားရေးဝန်ကြီး) ဦးကျော်ဆန်းက မိန့်ခွန်းမှာ ထည့်ပြောသွားပါသည်။ နေပြည်တော်တခုတည်း ဒစ်ဂျစ်တယ်ခေတ် ရောက်နေလို့ မဖြစ်ဘူး ခင်ဗျ။ တိုင်းသူပြည်သားတွေ စိတ်ချမ်းသာဖို့လည်း ထည့်ပြောပေးပါဦး။ နေပြည်တော်တခုတည်း မီးတွေ ထိန်ထိန်လင်းနေလို့ မပြီးဘူး ခင်ဗျ။ စစ်အစိုးရ လက်ထက်မှာ မီးမရှိ ရေမရှိနဲ့ နေထိုင်နေကြရတဲ့ ပြည်သူလူထုတွေကိုလည်း ငဲ့ကြည့်လိုက်ပါဦး ခင်ဗျ။ ပြည်သူပိုင်ပစ္စည်းများကို သူတို့အပိုင်လို စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲ လက်ညှိုးထိုး ရောင်းနေတဲ့ သည်စစ်အစိုးရကို ၂၀၁၀မှာ မဲ မပေးမှ ဖြစ်မယ်လို့ ပြည်သူတွေ နားလည်နေကြပါတယ် ခင်ဗျ။

ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်တွေ ရှိတယ် ဆိုတာ စစ်အစိုးရက သိမှာပဲ။ သည်တော့ သည်လိုအခြေအနေအောက်မှာ ဥာဏ်နီ ဥာဏ်နက်များသုံး၍သာ သူတို့သက်ဆိုးရှည်မှာ အစွမ်းကုန် လုပ်ကြမှာ ဖြစ်တာကြောင့် ရင်မပြီး စောင့်ကြည့်ရဦးပေတော့မည်။

          ကဲ မတန်မရာ အကယ်ဒမီရွေးချယ်ပွဲကြီးမှာ အာဏာသားတို့ နငတ်ရေကျ ပြောပုံက - “ ၎င်းတို့၏ အကယ်ဒမီဆုကြီးတွေကို ၎င်းတို့ သတိကြီးစွာဖြင့် ရွေးချယ်မဲပေးခဲ့ကြပုံကို အတု ဥပမာ ယူကြကုန်၍ -  လာတော့မည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင်လည်း ခင်ဗျားတို့ ကျုပ်တို့တတွေသည် အသိတရားနှင့် ယှဉ်၊ သတိတရားနှင့် ပေါင်းစပ်ပြီး ရွေးချက်ပေးကြရန် လိုအပ်ကြောင်း ဟူ၍ လက်ပံပင်သား အဲလေ ကြက်ဆူပင်သား ဓားနဲ့ချိုင်ပြီး မိန့်ကြားတော်မူလိုက်သဖြင့် ကျောမွဲ ရုပ်ရှင်ကြည့် ပရိသတ်ကြီးမှာ အရွေးမမှား မဲပေးမမှားကြရန် အကယ်ဒမီဆုပေးပွဲကြီးထံမှ နိဗ္ဗာန်ရောက်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတရားတော်ကြီးကို နာကြားကုန်ကြရသည် ဖြစ်၍ ထိုဒေသနာအဆုံးမှာ သန်း ၅၀ သော မြန်မာပြည်သူလူထုကြီးမှာ မည်သို့မျှ အကျွတ်တရား မရကြကုန်လေတော့သတည်း။ သာဓု သာဓု သာဓု။    

 

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
Welcome to MOE Gift Shop

မိုး အမှတ်တရဈေးဆိုင်

အယ်လ်အေက မြန်မာများနဲ့ ဒေသခံများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ

ဈေးနှုန်းချိုသာစွာရရှိနိုင်ပါပြီ။ နွေးထွေးခင်မင်စွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်။

ရပ်နီး ရပ်ဝေးက အားပေးလိုသူများအတွက် အင်တာနက်ဈေးဆိုင် မကြာမီ လာမည်။

10933 Valley Mall # D-9 (lower level), El Monte, CA 91731

Phone – 626-373-5848, 626 – 478 - 7717

 
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊

ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်

စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း

မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်

ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
 
 
သတင်းခေါင်းစဉ်များ
 
Top! Top!