မာတိကာ
Thursday, 02 September 2010
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
၂၀၀၉ မိုးမခ - ဓာတ်ပုံများ
မိုးမခ ၁၀၀ - စာမူ ၁၀၀
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 127 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese
အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်
အခမဲ့ အီးမေးသတင်းလွှာ
သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။
မိုးမခမှာ ဖုံးခေါ်ပါ
 /></a> </div><div align=
Win Pe - WIn Pe Bag 14 Print E-mail
User Rating: / 2
PoorBest 
ဝင်းဖေ - သူရေးတဲ့စာ
Sunday, 07 February 2010
ဘီဘီစီ အပတ်စဉ်အစီအစဉ်
ဝင်းဖေ
ဖေဖော်ဝါရီ ၇၊ ၂၀၁၀
သောတရှင်များခင်ဗျား
ပြီးခဲ့တဲ့အပတ်က ကျနော်နဲ့ ပေါ်ဦးသက် လူထုသတင်းစာမှာ စပြီးကာတွန်းရေးကြတဲ့အကြောင်း ရေးစမှာ အထူးသဖြင့် နယ်က သတင်းစာပရိဿတ် အတော်ကြီးကို မကြိုက်ကြလို့ ပြဿနာကြီးခဲ့ရတဲ့အကြောင်း တင်ပြခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ အခက်အခဲဟာ နှစ်လလောက်ပဲ ကြာပါတယ်။ မကျေနပ်တဲ့စာတွေ အလာရပ်သွားပါတယ်။ ကျနော်တို့  နှစ်ယောက်ရဲ့ ပန်းချီခရီးနဲ့ပတ်သက်လို့ ဒါဟာ ပထမအကြိမ် မဟုတ်ပါဘူး။ ခေတ်ပြိုင်ပန်းချီတွေ အသစ် အသစ် စမ်းသပ် ပန်းချီတွေကို စတင်ရေးခဲ့တာဟာ လူထုတိုက်ကို မရောက်ခင်ကတည်းကဖြစ်ပြီး မြန်မာပန်းချီလောကမှာလည်း ကျနော်တို့ နှစ်ယောက်ကို အယူမှားနေတဲ့ ဒိဌိတွေလို အပြောအဆို အဆက်အဆံခံခဲ့ရတာတွေ ရှိပြီးသားဖြစ်ပါတယ်။ ပန်းချီ အောင်စိုးတို့ ပန်းချီနန်းဝေတို့လည်း ဒီလိုပဲ အပြောအဆိုခံခဲ့ကြရတာပါပဲ။ ခေတ်သစ်မြန်မာ့ ခေတ်စမ်း ပန်းချီလှုပ်ရှားမှုရဲ့ အစောဆုံးဆရာကြီးဖြစ်တဲ့ ဘဏ်မန်နေဂျာကြီး ဦခင်မောင် တယောက်ပဲ အပြောအဆို လွတ်ပါတယ်။ သူက ဘာ့ကြောင့် လွတ်တယ်ဆိုတာကို နောက် အလျှဉ်းသင့်တဲ့အခါ ရှင်းလင်းတင်ပြပါမယ်။
ဒီတပတ် ကျနော်တွေ့ ကြုံခဲ့ရတဲ့ လူထုဒေါ်အမာနဲ့ ဦးလေးလှတို့ အကြောင်းပဲ ဆက်လက် တင်ပြပါ့မယ်၊ ကျနော်ဟာ မန္တလေးတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ယူခဲ့ သင်ခဲ့ဖူးတာကြောင့် ဒေါ်ဒေါ်မာက ကျနော့်ကို ကာတွန်းရေးတာ၊ ပန်းချီသရုပ်ဖော်တာဝန်အပြင် လူထုသတင်းစာအတွက် အလုပ်သင် နိုင်ငံခြားရေးအယ်ဒီတာ တာဝန်ကိုပါ ပူးတွဲပေးအပ်ခဲ့ ပါတယ်။ ဒေါ်ဒေါ်က ကျနော့်အဖေတပည့်ဖြစ်ပြီး ကျနော်က သူ့ တပည့်လာဖြစ်နေလေတော့ ကျနော့်ကို ချစ်တာလည်း ပါပါတယ်။
ဒေါ်ဒေါ်နဲ့ ဦးလေးလှတို့ က ကျနော်နဲ့ ပေါ်ဦးကို သိပ် အလိုလိုက်ပါတယ်။ ကျနော်တို့နှစ်ယောက် အကြိမ်ကြိမ် နွဲ့ဆိုးဆိုးတာကို ခွင့်လွှတ်အလို လိုက်ခဲ့ကြပါတယ်။ တကယ်ကတော့ ကျနော်တို့ နှစ်ယောက်ကိုသာမကပါဘူး၊ စာပေ ကဗျာသမားတွေဖြစ်ကြတဲ့ ကိုတင်မိုးတို့၊ ကိုစွမ်းရည်တို့၊ ကိုကြည်အောင်တို့၊ အင်းဝဂုဏ်ရည်ကိုလေးတို့ စတဲ့ လူငယ်တွေ အားလုံးကိုလည်း အလိုလိုက်တာပါပဲ။
ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ လူငယ်တွေ စိတ်မငယ်အောင် သတ္တိပိုရှိပြီး ရဲရဲတင်းတင်း စမ်းသပ်ဖော်ကျူးကြစေချင်တဲ့သဘော၊ လွတ်လပ်ခွင့် များများရစေချင်တဲ့သဘောတွေပါပဲ။ ကျနော်တို့ အသက်ကြီးလာတော့ ဒီကျေးဇူးတွေကို ပိုပြီးနားလည်လာပါတယ်။ အကြောက်တရား၊ မလွတ်လပ်မှုတရား၊ သစ်တုံး ကြောက်တုံးကြီးတွေအောက်မှာ ပိပြားနေတဲ့ မျိုးစေ့ သစ်စေ့တွေဟာ အညွန့်အတက်ထွက် အပင်ပေါက်လာဖို့ မဖြစ်နိုင်ပါဘူး။
ကျနော် နွဲ့ဆိုးဆိုးခွင့်ရခဲ့ပုံကလေးတွေအနက်က နည်းနည်းလောက် နမူနာတင်ပြချင်ပါတယ်။ ၁၉၆ဝ ခုနှစ်များ စောစောပိုင်းမှာ ဒေါ်ဒေါ်မာကို ဆိုဗီယက်ယူနီယံက လာရောက်လည်ပတ်ဖို့ ဖိတ်ကြားပါတယ်။ မြန်မာသတင်းစာ ဆရာ သုံးလေးယောက်ကို ဖိတ်ကြားရာမှာ ဒေါ်ဒေါ်မာကိုတော့ အဲဒီတုန်းက ဆိုဗီယက်ခေါင်းဆောင်ကြီး နီကီတာ ခရူးရှက်ကိုယ်တိုင်က နာမည်တပ်ပြီး ဖိတ်ကြားတာဖြစ်ပါတယ်။ လူထုဒေါ်အမာရဲ့ ဆောင်ပါး နှစ်ပုဒ်ကို ဆိုဗီယက် ခေါင်းဆောင်ကြီး နီကီတာခရူးရှက်က အလွန်ကြိုက်လို့ ဟောပြောပွဲတွေမှာ ကိုးကားအသုံးပြုဖူးတယ်လို့ ဆိုပါတယ်။
ဒေါ်ဒေါ်က ခရီးထွက်ခါနီးတော့ ကျနော်တို့ကို ဘာမှာကြမလဲ၊ ဘာလိုချင်ကြသလဲလို့ မေးပါတယ်။ ကျနော်က မဆိုင်းမတွပဲ ဖြေပါတယ်။ ကျနော်တို့ ဆီဆေးရေးဆွဲရာမှာ လောလောဆယ် အဖြူရောင် သိပ်ရှားနေကြောင်း၊ ဒါ့ကြောင့် အဖြူ ရောင် ဆေးထောင့်တွေ မှာလိုက်လိုကြောင်း၊ ဒါပေမယ့် ဆိုဗီယက် ရုရှားမှာ အဖြူရောင်ရှိမှာမဟုတ်ကြောင်း ကွန်မြူနစ် အနီနိုင်ငံမို့ အနီရောင်တွေပဲရှိမှာဆိုတော့ မမှာတော့ပါဘူးလို့ ပြောလိုက်ပါတယ်။ ဒေါ်ဒေါ်က ကျနော့်ဗိုက်ခေါက်ကို ဆွဲမလိမ်ရုံတမယ်ပါပဲ။  ဒီကောင်ဟာလေဆိုပြီး ရယ်လိုက်တာ၊ ဒါနဲ့ ကျနော်က ဆက်ပြောပါတယ်။ ဒေါ်ဒေါ် ပန်းချီဆေးတွေ ဘာတွေက ဆိုဗီယက်ယူနီယံမှာ ရှားပါတယ်၊ အဲဒီမှာပေါမယ့် သိုးမွေးလက်အိတ်တစုံလောက်ပဲ ဝယ်ခဲ့ပါဆိုတော့၊ ဒေါ်ဒေါ်က အေး … ဝယ်ခဲ့မယ်တဲ့။ ဒီတော့ ကျနော်က လက်အိပ်လည်း သူတို့ ဆီမှာ ဘယ်ရော ညာရော ပြည့်ပြည့်စုံစုံ ရမယ်မထင်ဘူး၊ ဘယ်ဘက်အတွက်ပဲရှိမှာပေါ့နော်လို့ ပြောပြန်တော့၊ တော်ပြီ တော်ပြီ မင်းနောက်ထပ် ပြောကို မပြောနဲ့တော့ ငါ့ဟာငါပဲ ကြည့်ဝယ်ခဲ့တော့မယ်၊ ဘယ့်နဲ့ကွယ် ဒီကာတွန်းဆရာတွေက ငါ့တောင် ချမ်းသာမပေးပါကလားလို့ ပြောရင်း ရယ်မောနေပါတယ်။ တဆက်တည်း ဘေးကရပ်ပြီး တအားရယ်နေတဲ့ ဦးလေးလှကိုလည်း လှမ်းပြီး မျက်စောင်းထိုးလိုက်ပါသေးတယ်။
ဒေါ်ဒေါ် မော်စကိုကပြန်လာတော့ ကျနော်တို့အတွက် ဒီဇိုင်းဆွဲတဲ့ ပစ္စည်းသေတ္တာ ကလေးတွေ တခုစီ ဝယ်လာပေးပါတယ်။ တော်တော်ကောင်းပါတယ်။  ဒေါ်ဒေါ် မော်စကိုမှာရှိတုန်း တရုတ်ပြည်နဲ့ ဆိုဗီယက်ယူနီယံအကြား သဘောထားကွဲမှုတွေ ပြတ်ပြတ်သားသား အထင်အရှားဖြစ်လာပါတယ်။ ဆိုဗီယက် ခေါင်းဆောင်ကြီး နီကီတာ ခရူးရှက် ကိုယ်တိုင်က ဒေါ်ဒေါ်မာကိုခေါ်ပြီး ဂုဏ်ပြုခဲ့တာမှန်ပေမယ့် ဒေါ်ဒေါ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ ရပ်တည်ချက်ကို နှစ်သက်တဲ့အတွက် ဆိုဗီယက်ကစီစဉ်ထားတဲ့ ကျူးဗားနိုင်ငံခရီးစဉ်ကိုဖျက်ပြီး မြန်မာနိုင်ငံ ကို ချက်ချင်းပြန်လာပါတယ်။ ဆိုဗီယက်ယူနီယံက အထက်စီးယူပြီး အနိုင်ကျင့်တယ်လို့ ဒေါ်ဒေါ်က ယုံကြည်ပုံရပါတယ်။ အဲဒီအတိုင်းပဲရပ်တည်ပြီး ဆိုဗီယက်ခေါင်းဆောင် မစ္စတာ ခရူးရှက်ရဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဝေဖန်ပါတော့ တယ်။ ယုံကြည်ချက်နဲ့ ပတ်သက်လာရင် တဒင်္ဂ အပေါ်ယံတန်ဘိုးကိုကျော်ပြီး ကိုယ်ယုံကြည်သလို ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ ဒေါ်ဒေါ်ရဲ သတ္တိနဲ့ ပြတ်သားမှုကို တသက်တာအတွက် မှတ်သားအတုယူခဲ့ရပါကြောင်း တင်ပြရင်း ဒီတပတ်ဒီမျှနဲ့ ရပ်နားထားပါရစေ၊ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ဝင်းဖေပါ။
(ဘီဘီစီ မြန်မာပိုင်းအစီအစဉ် - အောက်တိုဘာ ၁၅၊ ၂၀၀၈ အစီအစဉ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
MoeMaKa Interview with U Win Tin - ebook - published
“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ်
၈၈ အရေးတော်ပုံ ၂၂ နှစ် အထိမ်းအမှတ်အဖြစ်
မိုးမခက ဖြန့်ချိ
မိုးမခ
သြဂုတ် ၈၊ ၂၀၁၀
စစ်အစိုးရ အလိုကျ ၂၀၁၀ ရွေးကောက်ပွဲ၊ NLD ပါတီ၏ ရပ်တည်ဖြတ်သန်းမှုနှင့် မြန်မာပြည်အရေး အင်တာဗျူးများ စုစည်းတင်ဆက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးမခက ဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းခြင်း အင်တာဗျူးဆောင်းပါးများကို တစုတစည်းတည်း အီးဘွတ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီအရေး ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ၂၂ နှစ်ပြည့်မှာ အမှတ်တရ အလေးပြုပြီး ထုတ်ဝေတာ ဖြစ်ပါတယ်။
အပြည့်အစုံသို့ ...
ကောက်ဖတ်ချင်စရာ
ဝေဠုကျော် ဆေးဖော်ရောင်းပြီ၊
ညီမျှခြင်း ရဲ့ အခြားတဖက်က ဘ၀စာမျက်နှာ
ဟေမန်သဇင်
စစ်ဝါဒကို မုန်းသည့် ဆရာ တင်မိုး
ထိန်လင်း
မစ်ရှီဂန်မှပေးသောစာ (၁၈)
အောင်ဝေး
၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ
ဦးဝင်းတင်
ဗိုလ်ထွန်းကြည် (မုံရွာ) ၏ အနှစ် ငါးဆယ်ကျော် ကိုယ်တွေ့များ
ခင်နှင်းလွင်
ပြန်လည်မှာယူနိုင်ပါပြီ
Order for Inside USA only
သတင်းခေါင်းစဉ်များ
မိုးမခမှာ ကြော်ငြာပါ
Advertisement
မိုးမခ မြန်မာလမ်းညွှန်
Top! Top!